ဖွတ် မိကျောင်းဖြစ်… မြစ် မချမ်းသာ

ဦးေက်ာက္ခဲAugust 6, 20151min107331

သိသလောက် တတ်သလောက်လေး ခါတော်မီ ပွါးပါရစေဗျာ…
ဒီလိုပါခင်ဗျ… ဆည်ဆောက်တယ်ဆိုတာ ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်…
. လျှပ်စစ်ဓာတ်အားထုတ်ဖို့
. စိုက်ပျိုးရေးမှာ အသုံးချဖို့ ၊ သောက်သုံးရေ ဖြန့်ဝေဖို့
. ရုတ်တရက် ရေမကြီးအောင်တားဆီးဖို့
. နုံးနဲ့ ရေညာက အမှိုက်တွေကို ဆယ်ထုတ်ဖို့
. …. အစုံပေါ့ဗျာ…

 

အဲသည့်ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး Hydro-power Dam, Irrigation Dam, Embankment Dams, Flood Protection Dam, Cofferdam, etc. ပေါ့ခင်ဗျာ ။ ဆည်ဆောက်တာ အပြစ်မဟုတ်ပေမည့် ဆည်ကို ဘယ်နေရာမှာဆောက်မယ် ၊ (Crest Height) အမြင့် ဘယ်လောက်ထားမယ် ၊ ဘယ်လိုဒီဇိုင်းဆောက်မယ်ဆိုတာက အရေးပါပါတယ် ။ အဓိက အကျဆုံးကတော့ ဆည်ထဲက ရေတွေကို ထိန်းဖို့ သန့်စင်စေဖို့နဲ့ ဆည်ရေဝပ်ဧရိယာက မြေသားနံရံတွေ တောင်တွေ ပြိုမကျအောင် ထိန်းဖို့ ရေဝေရေလဲ သစ်တော (Reservoir Forest) ပါပဲ ။ ဆည်ဆောက်ပြီး ရေဝေရေလဲ သစ်တောမရှိလို့ကတော့ မနှေးအမြန် နုံးတွေ ပို့ချခံရလို့ အဟောသိကံဖြစ်မှာပါ ။

 

ဆည်ဆောက်တာ ကောင်းတယ် မကောင်းဘူးလို့ အဆိုတွေ ငြင်းချက်တွေ မထုတ်ချင်ပါဘူး ။ သက်ရှိလူသားတွေက မိမိတို့ အကျိုးစီးပွါးအတွက် သဘာဝကို ပြုပြင်ယူတာမို့ အနည်းနဲ့အများ ပေးဆပ်ရတာတော့ ရှိမှာပါ ။ ဟိုးအရင်ခေတ်က ဆည်တွေတည်ပြီး စိုက်ပျိုးရေးနဲ့ နိုင်ငံစီးပွါးရေးဖွံ့ဖြိုးခဲ့ဖူးတဲ့ ပါကစ္စတန်လည်း အခုတော့ တိမ်ကောလာတဲ့ အဲသည့်ဆည်တွေကြောင့် ခေါင်းခဲနေရတာလည်း ဖတ်ရသလို ၊ ဆည်မြောင်းပညာနဲ့ပတ်သက်လာရင် ပညာရှင်တွေကတောင် လေးစားတိုင်ပင်ရတဲ့ ထိုင်းနိုင်ငံဘုရင်ကြီးကလည်း မတတ်သာတဲ့ အဆုံးမှ ဆည်ဆောက်ကြဖို့ အကြံပေးပါသတဲ့ ။ ထားပါတော့လေ ဆည်ဆောက်သင့်တယ် မဆောက်သင့်ဘူးဆိုတာမှာ အမြင်အမျိုးမျိုး ရှိကြမှာပါ ။

 

အခု မြန်မာနိုင်ငံမှာ ဖြစ်သွားတာက မိုးအရမ်းကြီးချိန် ရေဝေရေလဲ သစ်တောမရှိလို့ ရေတွေ တဟုန်ထိုး ဆည်ထဲကိုဝင် ၊ တာဝန်ရှိ ဆည်မြောင်းဝန်ထမ်းတွေက ရပ်ရွာကိုသတိမပေးပဲ ဆည်ကျိုးမှာစိုးလို့ အောင်းရေကို ရေပိုလွှဲ Spillway) ကနေ ဖောက်ထုတ်ပစ်လို့ ရေလွှမ်းရတာပါ ။ ဆည်မြောင်းလက်စွဲ ပရိုစီဂျာအတိုင်း လုပ်သွားတယ်ဆိုပေမည့် တကယ်တမ်းဖြစ်လာတော့ အပျက်အစီး အထိအခိုက်နဲအောင် ရှောင်လွှဲဖို့ ခက်ပါတယ် ။ မိုး/ဇလနဲ့ အချိတ်အဆက်မမိတာ ၊ သတင်းထုတ်ပြန်မှုအားနည်းတာ (ဒါတောင် ဖွဘုတ်နဲ့ မိုဘိုင်းလ်ဖုန်းရှိလို့ တော်သေး) တွေကို ရိုးမယ်ဖွဲ့မယ်ဆို ဖွဲ့လို့ ရပေမည့် အဓိက ဖြစ်သွားတာက ဆည်ဒီဇိုင်းတွေကြောင့်လို့ မြင်ပါတယ် ။

 

ဆည်မြောင်းက အရပ်သားဝန်ထမ်းများ ဆည်ဆောက်ရင် ဘုံးတာ ဘတ်တာ ငြင်းမရပါဘူး ၊ ရယ်စရာပြောရရင် “ဆည်တော်ကြီး” ဆောက်တော့ ဆည်အောက်ခြေက မြေသားခိုင်ခန့်အောင် ဘိလပ်မြေနဲ့ သရွတ်မှုတ်တာ (Grouting) မန္တ​လေးမှာ ဘိလပ်မြေတွေ ပြန်ထွက်သတဲ့ ။ အဟဲ … မြေကြီးထဲ ကျောက်လွှာတွေကြားထဲကို သရွတ်မှုတ်တာမို့ ဘယ်သူမှ ဘယ်လောက်ကုန်မယ်မှန်း မတွက်နိုင်လို့ စာရင်းပိုပြပြီး ခိုးကြတာလေ ။ ဒါပေမည့် သူတို့ခိုးတယ်ဆိုတာ အထက်က မိုးကျရွှေကိုယ် အစိမ်းချွတ်တွေရဲ့ အစွန်းထွက်ကို မမီပါဘူး ။ နောက်ပြီး ဘတ်ဂျက်သာပိုတင်ရင်တင်မယ် ဆည်ကြံ့ခိုင်မှုနဲ့ပက်သက်ရင် သူတို့ ဘယ်တော့မှ မခိုတာ ၊ Professional Ethic ရှိတာ ငြင်းမရပါဘူး ။ ဆိုတော့ … အရင်းအမြစ်ကို ဆန်းစစ်ကြည့်ကြပါစို့…

 

နဝတ ခေတ်ဦးမှာ တန်ခိုးထွားလှတဲ့ ဧရာဝတီတိုင်း တိုင်းမှူး ၊ နောက်ပိုင်း Viagra တွေ နင်းကန်ချလို့ နှလုံးရပ်ပြီး သေသွားတဲ့ ဒုတိယ ဗိုလ်စုတ်ကြီး လယ်/ဆည်ဝံဂျီးဖြစ်လာတဲ့ အချိန်ကပေါ့ ။ ” ဖွတ် မိကျောင်းဖြစ်တော့ မြစ် မချမ်းသာ ” ဆိုသလိုပါပဲ ၊ ဆည်မြောင်းက အင်/ယာချုပ် ၊ ဘူမိအရာရှိချုပ် ၊ အင်/ယာတွေ ၊ ဘူမိဝန်ထမ်းတွေကိုခေါ်ပြီး ဩဝါဒပေးပါတယ် ။ ဒီနိုင်ငံမှာ သူ့လောက်သိတာ တတ်တာမရှိ လျှပ်စစ်တွေပိုလို့ ရောင်းစားရပါတယ်ဆိုတဲ့ ဝံဂျီးရဲ့ ဆရာလို့ မပြောရဘူး … “ဆည်မြောင်းပညာလက်စွဲ” ဆိုတဲ့ အောက်ခြေဝန်ထမ်းတွေ အလုပ်အကြောင်း သဘောလောက်သိအောင် ထုတ်ထားတဲ့ စာအုပ်ကိုကိုင်ပြီး ဓားကြိမ်း ကြိမ်းပါတော့တယ် …။
” ငါxမသားတွေ… မင်းတို့ကို လေး ငါး ခြောက်နှစ် နိုင်ငံခြားကို ပို့ပြီး ပညာသင်ခိုင်းခဲ့တာ အလကားပဲ ၊ … လူလိမ် သူခိုးတွေ ။ ကျုပ် အခု ဒီစာအုပ်ဖတ်ပြီး အကုန်နားလည်သွားပြီ ။ မင်းတို့ ငါ့ကိုလိမ်ဖို့ မကြိုးစားနဲ့ ၊ ငါမှာတဲ့အတိုင်းလုပ်ကြ “… တဲ့

 

အဲသည့်မှာ ပျက်စီးချင်း ၅-ပါး စ တော့တာပါပဲ ။ မခံနိုင်တဲ့ ဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထွက် (ထွက်တဲ့သူတွေကို ကာလ အတန်ကြာ Passport ပိတ်ထားတယ်) ၊ လွတ်အောင်မပြေးနိုင်တဲ့ ဝန်ထမ်းတွေလည်း လူစင်စစ်ကနေ ပုတ်သင်ညိုဘဝကို ပြောင်းကုန်ပါလေရောဗျာ ။ ဆည် မဆောက်သင့်တဲ့နေရာတွေမှာ ဆည်ဆောက် ၊ ဆည်အမြင့်ကို သူ့ပါးစပ်ထဲရှိတဲ့ နဝင်းကြေနံပါတ်တွေနဲ့ “တစ်ပေတိုးလိုက် နှစ်ပေတိုးလိုက်” ဆိုပြီး စိတ်ထင်တိုင်းကြဲလာတာ အခုစာဖတ်နေပါတယ်ဆိုတဲ့ ဘဘဂျီး တစ်ခေတ်လုံးရော ၊ အခု တစ်နပ်စားဝံဂျီးရဲ့ခေတ်အထိပါပဲ ။ အောက်ခြေက တင်ပြတာတွေကို လက်မခံ ၊ ငါတကော ကောပြီး ဆည်တွေကို စိတ်ထင်တိုင်းဆောက် ၊ ကမောက်ကမ ဇာတ်လမ်းရဲ့ အကျိုးဆက်တွေကို ပြည်သူတွေ အခုခံစားနေရတာပါ ။

 

ဆည်အမြင့် (Dam Crest) ကို ရှိသင့်တာထက် ပိုမြှင့်လိုက်ရင် ဘာတွေဖြစ်မယ်ဆိုတာ ရှင်းပါအံ့ … ။
တစ်ပေ နှစ်ပေတိုးတယ်ဆိုပေမယ့် ဆည်ရေဝပ်ဧရိယာ ကျယ်ရင် ကျယ်သလောက် ထုထည်ပမာဏနဲ့ ရေရဲ့ အလေးချိန် သက်ရောက်အားက အောက်ခံမြေလွှာပေါ်ကို တိုးသွားပါတယ် ။ နောက်ပြီး အမြင့်ကို မြှင့်လိုက်တာနဲ့ ဆည်ရေဝပ်ဧရိယာ (Catchment Area) ကလည်း ပိုပြီးကျယ်သွားသလို ၊ ရေလျှံပေါက် (ဘဲနှုတ်သီးလို့ ဆည်မြောင်းဝန်ထမ်းတွေက မြန်မာမှုပြုထား၏) ရဲ့ အမြင့်ကိုလည်း လိုက်မြှင့်ရပါတယ် ။ အဲသည့်မှာတင် ရေပြည့်လာတော့ ဆည်အောက်ခြေကနေ ရေစိမ့်ထွက် (Seepage) ပြီး မြေသားက ရေဝနေလို့ (Saturated Ground) ဒုက္ခနဲ့လှလှ တွေ့ကြတော့တာပါပဲ ခင်ဗျာ… ။ အပေါ်ရေပိုလွှဲက ဖောက်ချတဲ့ရေရယ် ၊ အောက်က စိမ့်ထွက်လာတဲ့ရေရယ် ဆုံမိကြတော့ ဆည်အောက်ကရွာတွေ ရေကြီးတာ မိုးနတ်မင်းကြီးနဲ့ မဆိုင်တော့ပါဘူး …

 

အခုရေလွှမ်းနေတဲ့ နေရာတွေကို ဒီလိုဖြစ်မယ်ဆိုတာမသိဘူးလားလို့ မေးရင် ဆည်မြောင်းဝန်ထမ်းတွေ သိပ်သိတာပေါ့ဗျာ ။ ၁၀-နှစ် ၊ နှစ်-၂ဝ ကောက်ထားတဲ့ မိုးရေချိန်ရယ် ၊ အန္တရာယ်မိုး (Torrential Rain) ရွာရင် ထည့်တွက်ရမည့် Safety Factor တွေရယ် ထည့်ပြီး GIS Model မှာ Simulate လုပ်လိုက်ရင် (မိုးလေဝသ အချက်အလက်တွေကို ကွန်ပြူတာပရိုဂရမ်နဲ့တွက်ရင်) တည်သင့်တဲ့ ဆည်အမြင့်နဲ့ ရေလွှမ်းခံရဖို့ အန္တရာယ်ရှိတဲ့ ရေဘေးသင့် ဒေသတွေကို မဆောက်ခင်ထဲက သိတာပေါ့ ။ သိလို့ ကန့်ကွက်တဲ့ ပညာရှင်ဝန်ထမ်းတွေကို ချောင်ထိုးပစ်တယ်လေ ။ ကျန်ခဲ့တဲ့ဝန်ထမ်းတွေလည်း မိသားစုထမင်းအိုးလေးကွဲမှာစိုးတော့ စောဒက မတက်ရဲ … ခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့ဗျာ ။

 

ဒါပေမည့် ဘာများတတ်နိုင်မှာလဲ…ဗျ…
“ဘူးတောင်း ရေနစ်။ မပေါ်ဖြစ်” တဲ့ခေတ်မှာ နီးရာဓား (သေနတ်) လည်းကြောက်ရ ၊ နယ်လှည့်ပါးရိုက် ဝံဂျီး ဝံကလေး ဘောင်းဘီချွတ်တွေကိုလည်းကြောက်ရတာမို့…
နွားနို့သောက်ခိုင်းတဲ့ နှလုံးသားမရှိသူ ထိပ်ပြောင် သန်းမဒဂျီးပြောသလို…
…………. “မိဘ ပြည်သူများ… ခံ… ဗျား”

 

31 comments

  • aye.kk

    August 6, 2015 at 1:59 pm

    ရေးပြတတ်ပါ့
    တူတော်မောင်ကျောက်စ်ရယ်
    တော်ပါပေ၏။။။

    • ဦးကျောက်ခဲ

      August 6, 2015 at 4:36 pm

      ဆည်မြောင်းက ဆရာတွေ သူငယ်ချင်းတွေ ပြောပြတာကို…
      ပြန်လည်ဝေမျှတာပါ အန်တီအေးရယ်… 🙂

  • ဇီဇီခင်ဇော်

    August 6, 2015 at 2:48 pm

    အေးဆို။
    အဘတို့ကို ကာကွယ်နေတဲ့ အေအီးလေးက သများ ရဲ့ စီနီယာ ဘာညာဘာညာမို့
    ဟိုဘက် အကောင့်မှာ မပြောရဲသမျှ ရွာထဲလာ အဘတွေ လာဆဲ နေရတာပါညော်။
    သူလေးကိုတော့ မဆဲရက်ဘု။

    :mrgreenn:

  • ဇီဇီခင်ဇော်

    August 6, 2015 at 2:52 pm

    ပြောပြလိုက်ပါ။
    ဒီ အခြေအနေတွေ မသိပဲ ဆည်
    အတင်းရော
    ဇွတ်ရော
    အားဒမ ရော ဆောက်တာ ကောင်းပါတယ် ဆိုတဲ့
    တဂျီး ကို ပြောပြလိုက်ပါ။

    :kwi:

    • ဦးကျောက်ခဲ

      August 6, 2015 at 2:59 pm

      သဂျီးလား … နေပါ့စီ…
      ရွတ်ဖတ်ရင်းမတ်တပ် လျှာကျွတ်ပြီးသာ ပျံတော်မူမယ်…
      သူ့ပယောဂက တုတ်တုတ်တောင် လှုပ်မှာမီဟုတ်…
      အမဲသားစားထားတော့ အကောင်ကြီးတာဂိုး… ဟီ ဟိ :k:

      • kai

        August 6, 2015 at 6:11 pm

        ဒီပို့စ်ကို.. FB မှာ Boost လိုက်ရင်.. ဒေါ်လှ၂ဝကုန်မယ်တဲ့ဗျ..။
        ယူအက်စ်စာဖတ်ပရိသတ်အတွက်.. ၁ဝဖိုးလုပ်လိုက်ကြောင်း… :k:

        • ဦးကျောက်ခဲ

          August 7, 2015 at 1:17 pm

          ကပ်စေးနဲသဂျီး…
          သင့်လျော်သလိုသာ အသုံးချပါဗျား… :k:

    • ဦးကျောက်ခဲ

      August 6, 2015 at 4:33 pm

      ရှယ်လိုက ရှယ်စေဗျား…
      အဓိက အမှားက ဆည်ဘောင်တွေကို ဒီဇိုင်းထက်ပိုပြီး မြှင့်လိုက်တော့…
      ရေတွေပိုအောင်းပြီး Spillway ကနေ မထိန်းနိုင်မသိမ်းနိုင် ထွက်ကုန်တာ…
      :k:

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 4:42 pm

    .ရေကို စောစော လွွှတ်မချတာလို့ ဦးထွန်းလွင်မှာ ဖတ်လိုက်တာပဲ။ သိပ်တော့ နားမလည်ဘု။ ခုတော့လည်း ဆရာကြယ်နီ ရဲ့ စာသားတွေလို – ကြည့်လေရာရာ ရေနှင့်ရေချည်းသာ။

    • ဦးကျောက်ခဲ

      August 6, 2015 at 5:41 pm

      မိုး/ဇလနဲ့ ဆည်မြောင်း အချိတ်အဆက်မမိဘူးဆိုတာ အဲတာပါပဲ…
      Catchment Area မှာ မိုးရေချိန် ဘယ်လောက်ရွာမယ်လို့ မိုး/ဇလ က ခန့်မှန်းထားတာ (ခန့်မှန်းနော်… ခန့်မှန်း ၊ သူတို့လည်း နတ်မျက်စေ့ရှိတာမဟုတ်) အပေါ်မူတည်ပြီး … ဆည်ရဲ့ ဝန်ဆောင်နိုင်မှုကိုတွက် ၊ ပိုနေရင် ကြိုပြီး ဖောက်ချထားရမှာပါ … ။ ရေထုထည်အရမ်းကြီးလာရင် ဆည်အောက်မြေလွှာတွေကလည်း စိမ့်ထွက်ပါတယ် (Seepage) ။ အခုကြည့်ရတာ အဲသည့်လို ကြိုတင်ခန့်မှန်းတွက်ချက်ထားပုံမရ ။
      အပြစ်တင်တာထက် သင်ခန်းစာယူကြဖို့ပါပဲ ခင်ဗျာ… 🙂

  • kai

    August 6, 2015 at 5:34 pm

    ဟင်း..ဟင်း..
    သူငယ်ချင်းတွေထဲတောင်ရှိပါ့ဗျာ…
    ဆည်တခုဆောက်.. အိမ်၂လုံးပိုင်..

    ထားပါလေ..
    ကျုပ်ကနိုင်ငံရေးအမြင်အရ..ပြောရမှာပဲ.. မြန်မာတွေကို.. အမဲသားစားစေသလိုပ..
    မြန်မာပြည်ရဲ့ မုတ်သုန်နဲ့.. မြစ်နဲ့.. တိုင်းပြည်အကျယ်နဲ့.. လူဦးရေနဲ့ချိန်ဆရင်..
    မြန်မာပြည်မယ်.. အခုရှိပြီးသားဆည်အရေအတွက်ထက်.. ၁ဝဆ(၁ဝဆ) အနည်းဆုံးထပ်ဆောက်သင့်တယ်..။
    မြန်မာပြည်အိမ်နီးချင်း.. ထိုင်းမှာ ဆည်အရေအတွက် ၂၁၈ခုအချိန်မယ်.. မြန်မာပြည်မှကျ.. ၂၉ခုတဲ့..။
    အိနိ္ဒယမှာ ၅၁၀၂ခု.. ။ ဂျပန်မှာ ၃၁၁၆ခု…။
    ဒါက၁ချက်..။
    အချက်၂ ကတော.. ဘုရားဘုရားပဲ..
    မြစ်ဆုံဆည်စီမံကိန်းပြီးမှ ဒီလိုထဖြစ်လို့ကတော့…
    ပြောခံလိုက်ကြရမယ်ဖြစ်ခြင်း..။ ပညာရှင်တွေ မလုပ်မရှုပ်မပြုတ်.. အကြောက်ပိုတာမို့.. သဘာဝပေမယ့်.. တိုင်းပြည်အကျိုးစီးပွားအတွက်.. တချို့စတေးသင့်စတေးရမှာပဲလေ…။

    ဆိုတော့…
    ဒီအတိုင်း.. ငြိမ်ငြိမ်လေးနေကြ..
    … နောက်နှစ်တွေမယ်.. ထပ်ခံကြဗျား..။ :k:
    ===
    http://www.icold-cigb.org/gb/world_register/general_synthesis.asp?IDA=206
    Number of Dams by Country
    Country Nb
    China 23 842
    United States of America 9 265
    India 5 102
    Japan 3 116
    Brazil 1 392
    Korea (Rep. of) 1 305
    Canada 1 166
    South Africa 1 114
    Spain 1 082
    Turkey 976
    Iran 800
    France 713
    United Kingdom 607
    Mexico 572
    Italy 542
    Australia 507
    Norway 335
    Albania 308
    Germany 308
    Zimbabwe 254
    Romania 246
    Thailand 218
    Portugal 217

    • ဦးကျောက်ခဲ

      August 6, 2015 at 6:02 pm

      ပေါက်ဖော်ကြီးတွေပြောသလို ပြောရရင်…
      ” ဝ တိလယ်… ဝ တိလယ်… ဝ ဒီလိုရေးရင် လု့ ဒီလိုမန့်မယ်ဆိုတာ ”
      သဂျီးနဲ့ မန့်တိုမန့်ရှည်ရေးပြီး ငြင်းမည့်အစား နဲနဲပိုအားစိုက်လိုက်ရင် …
      ဆည်နဲ့ပတ်သက်ပြီး စာတမ်းတင် M.Phil ဘွဲ့ ယူလို့ရပြီ…
      ဧရာဝတီကို ဆည်ပိတ်ပြီး ရေမနိုင်လို့ အခုလိုဖောက်ချရင် သဂျီးမန့်ထားတဲ့ …
      ရေတိုက်ကီမှောက်တာထက် အဆတစ်သန်း လောက် ပိုဆိုးမယ် …
      ဟီ ဟိ… သမ္မာကျမ်းစာထဲက နောဧ ကို မြင်ဖူးချင်လို့လား … မလုပ်ပါနဲ့ဗျာ
      အထက်အရပ်ကလူတွေ ဘင်္ဂလားပင်လယ်အော်မှာ ရေမြောကမ်းတင်ဖြစ်ကုန်ပါဦးမယ်…
      :k:

      • kai

        August 7, 2015 at 2:48 am

        အင်း.. ဖြစ်ခါမှဖြစ်ရော..။
        နှစ်တိုင်းတော့ ရေလွှမ်းလိုက်၊ ရေပြတ်လိုက်.. တလှည့်စီအဖြစ်မခံနိုင်..။
        နောက်..
        ကိုရင်ကျောက်စ်ကတော့.. ဒီချုပ်ပရောဂျက်ကို ကန့်လန့်တိုက်နေပြီ..။
        ဟိုက.. နိုင်ငံတကာပညာရှင်တွေခေါ်ပြီး..စစ်ဆေးတွက်ချက်.. နောင်၅နှစ်ထဲလုပ်ကိုလုပ်ရမယ့်အလုပ်တခု…
        ဒန်တန့်တန့်.. :k:

        • ဦးကျောက်ခဲ

          August 7, 2015 at 1:28 pm

          ဆည်ပိတ်ဖို့ သင့်လျော်တဲ့နေရာ ပိတ်ပါဗျား …
          ကြိုတင်ကာကွယ် ပြင်ဆင်မှူတွေပါရင် မကန့်ကွက်ပါဘူး…
          ဧရာဝတီ မြစ်ဆုံဆည်က …
          ဘူမိအနေအထားရလည်း မဖြစ်သင့်တဲ့နေရာ…
          ငလျင်ကြောမလွတ်လို့ အကျိုးအမြတ်ထက် ဆိုးကျိုးပိုနေမှာမို့ပါ…
          နောက်ပြီး မြန်တျန့်အတွက်မဟုတ်… ယူနန်ပြည်နယ်အတွက်…
          :k:

  • surmi

    August 6, 2015 at 11:31 pm

    ဖွဘုတ်မှာတော့ ဖွခဲ့ဘီဗျာ ။
    ဂရု ၅ ခု ၊ ပေ့ချ် တစ်ခု နဲ့ အခုချိန်ထိ လူ ၄ ယောက်ရှယ်ပြီးသွားပါကြောင်းးး :mrgreen:

    • ဦးကျောက်ခဲ

      August 7, 2015 at 1:51 pm

      ကြိုက်သလိုသာရှယ်ပါဗျား…
      ဖွဘုတ်မှာ ပြန်ကူးပြီးရှယ်ရင်လည်းရပါတယ်…
      မေးလာတာတွေရှိရင်လည်း ဝင်ဖြေပေးပါ့မယ်… :k:

  • Mike

    August 7, 2015 at 9:28 am

    .စုံနေပြီမို့ထပ်မပြောချင်ဘု
    .ကြိုဖောက်ချသင့်ရင်နဲနဲချင်းဖေါက်ချသင့်တယ်ဆိုတာကိုလက်ခံတယ်

    • ဦးကျောက်ခဲ

      August 7, 2015 at 2:43 pm

      မိုး/ဇလက ခန့်မှန်းထားတဲ့အချက်တွေနဲ့ညှိပြီး ရေကို ကြိုဖောက်ထားသင့်တာ…

  • ဦးကြောင်ကြီး

    August 7, 2015 at 11:22 am

    ဓိကပြပ်သဏှာဂ မြွေတွတ်..

  • Mike

    August 7, 2015 at 1:07 pm

    .ကျုပ်တော့သိပ်မသိ..စဉ်းစားနိုင်အောင်ပါ

    ပညာရှင်များ မှန်သောစကားပြောစေလိုပါသည်။

    ဆည်တမံတွေဆောက်လို့ ရေကြီးတာသက်သာတာ… ဆည်တွေသာမရှိခဲ့ရင် ဒီထက်ပိုဆိုးမယ်….
    လို့ပြောဆိုတဲ့ …
    ပညာရှိကြီး (လူကြီးမင်း)ရဲ့စကားအတွက် နည်းနည်းလောက် ပြန်ပြောချင်ပါသည်။

    ကျွန်တော် စေတုတ္တရာသား တစ်ယောက်ပါ။
    သမိုင်း အထောက်အထားတွေအရ – စေတုတ္တရာဟာ ပုဂံခေတ်ကတည်းက တည်ခဲ့တဲ့ မြို့ ဖြစ်ပါတယ်။ ကျန်စစ်မင်းရဲ့သားတော် ရာဇကုမာရ် မင်းသားက မြန်မာသက္ကရာဇ် ၄၆ဝ ခုနှစ်မှာ စေတုတ္တရာမြို့ကို မြို့အင်္ဂါ (၅)ရပ်နဲ့ အညီ တည်ဆောက်ခဲ့ပါတယ်။ ယခုအချိန်မှာ ပုဂံ ပျက်သွားပြီ ဖြစ်သော်လည်း ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇ရ ခုနှစ် အထိ နှစ်ပေါင်း (၉၀၀)ကျော် ကြာမြင့်တဲ့အထိ တည်တံ့နေသေးတဲ့ ရှေးဟောင်းသမိုင်းဝင် မြို့ ဖြစ်ပါတယ်။
    ဗမာနဲ့ချင်းလူမျိုး ရောနှောနေထိုင်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရဲ့ အမှတ်သင်္ကေတလည်း ဖြစ်ပါတယ်။
    မြေအနေအထးအရ – ချင်းတောင်မှာ မြစ်ဖျားခံတဲ့ မုန်းချောင်း(မုန်းမြစ်) နဲ့ ရခိုင်ရိုးမမှာ ချောင်းအဖျားစတဲ့ ဆီမီးချောင်း တို့ ပေါင်းဆုံရာ အတွင်းမှာ တည်ရှိပါတယ်။ မြို့ဟာ အိမ်ခြေ (၉၀၀)ခန့် လူဦးရေ (၄၅၀၀)ခန့်သာရှိတဲ့ တောင်ကြားမြို့ကလေး ဖြစ်ပါတယ်။ အနီးပါတ်ဝန်းကျင် ရွာတွေနဲ့ ပေါင်းမှ လူဦးရေ တစ်သောင်းခန့်သာရှိပါတယ်။ ခေတ်အဆက်ဆက် တည်တံ့လာခဲ့တဲ့ ဘုရားပုထိုးများနဲ့ မြို့ရိုးအပျက်များကို လေ့လာတွေ့ရှိနိုင်ပါတယ်။ မြို့ကလူတွေအများစုက တောင်သူလယ်သမားတွေဖြစ်ကြပြီး ပြည်မက မြို့ကြီးတွေနဲ့ အလှမ်းမဝေးပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့လို့ မဖွံ့ဖြိုးတဲ့ ရှေးဟောင်းမြို့ ဖြစ်ပါတယ်။
    ဆည်တမံပညာရှိကြီးလိုမျိုး ပညာတတ်တွေလည်း လက်ချိုးရေလိုရလောက်အောင် လူဦးရေအချိုးအဆအရ – အလွန်ပင် နည်းပါးပြီး ယေဘုယျအားဖြင့် အသိအမြင်ဗဟုသုတ နိမ့်ကျသောမြို့ ဖြစ်ပါတယ်။
    ဒါပေမယ့် မြို့ခံလူထုဟာ ရိုးသားမှုကို ဂုဏ်ရည်တစ်ရပ်လို အထူး တန်ဖိုးထားကြပါတယ်။ အချင်းချင်းလည်း စည်းလုံးညီညွတ်ကြပါတယ်။ ညီညွတ်မှုအင်အားကြောင့်သာ ရန်သူမျိုး (၅)ပါးဘေးတွေကို ခုခံကကွယ်တွန်းလှံ ကြံ့ကြံ့ခံပြီး အခုလို နှစ်ပေါင်း (၉၀၀)ကျော် ကြမြင့်တဲ့တိုင်အောင် တည်တံ့နေခြင်းလည်း ဖြစ်ပါတယ်။
    ရန်သူမျိုး(၅)ပါးအနက် –
    (၁) မီးဘေးဆိုရင် မီးစတင်လောင်ပြီဆိုတာကို သိတာနဲ့ တစ်ပြိုင်နက်-အဝေးကလူတွေပါ ရေပုံးတွေဆွဲပြီး ချက်ချင်းဝိုင်းဝန်းငြိမ်းသတ်နိုင်လို့ ဂျပန်ခေတ်က ဗုံးမီးကလွဲပြီး တစ်မြို့လုံး မီးလောင်သည်ဟု မရှိခဲ့ပါ။ လေတိုက်ခတ်မှု အလွန်ပင် ကြမ်းသော်လည်း ၃-၄ အိမ်ထက်ပိုပြီး မီးလောင်လေ့မရှိပါ။ (ယခင်နှစ်ကတော့ အိမ်ခြေ ၁၀ဝ နီးပါးမီးလောင်ခဲ့ပါတယ်။) စည်းလုံးညီညွတ်မှုရဲ့ ရလဒ်ကို အားလုံး သိရှိခံစားကြပါတယ်။
    (၂) မင်းဘေးလို့ ပြောလို့ရမယ့် သူပုန်ဘေးအနေနဲ့ ကွန်မြူနစ် အလံနီ အလံဖြူတွေရဲ့ ရန်ကို အကြိမ်ပေါင်းများစွာကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့ပါတယ်။
    (၃) ခိုးသူဘေးနဲ့ မချစ်နှစ်သောသူဘေးတို့ကတော့ သိပ်မရှိလို့ ထူးမပြောလိုတော့ပါ။
    (၄) အကျယ်ပြောလိုသည်မှာ ရေဘေးကိစဖြစ်ပါတယ်။ ချောင်းနှစ်ခုဆုံရာ ခွကြားအနီးမှာ တည်ရှိပေမယ့်လည်း မြို့တည်ခဲ့တဲ့ မင်းသားကြီးရဲ့ ဉာဏ်အမြော်အမြင် ကြီးမားမှုကြောင့် အလွန်ရေကြီးတဲ့ နှစ်များကြမှသာ ကမ်းနားနီးတဲ့ အိမ်အနည်းငယ် ရေဝင်ရုံမျှ ဖြစ်ဖူးပါတယ်။ အိမ်အများစုဟာ မြေမျက်နှာပြင် အမြင့်ပိုင်းမှာသာ တည်ရှိကြပါတယ်။ ယခုလို တစ်မြို့လုံး ရေထုဖုံးလွှမ်းသွားတာမျိုး မပြောနဲ့ ၊ ကမ်းနားဘက်ရေလျှံတာမျိုးတောင် မဖြစ်ဖူးပါဘူး။ လူကြီးသူမတွေ ပြောတာလည်း မကြားခဲ့ဖူးပါဘူး။ သမိုင်းအထောက်အထးတွေအရ- စေတုတ္တရာမှာရေကြီးတယ်ဆိုတာ လုံးဝ မရှိခဲ့ဖူးပါဘူး။ အိမ်တွေရဲ့ တည်နေရာဟာအမြင့်ပိုင်းတွေသာ ဖြစ်ပါတယ်။ ယခုခေတ်- မုန်းဆည်ကြီးဆောက်ပြီးနောက်ပိုင်း-ဆည်အောက်မှာ ရောက်နေပြီ ဖြစ်တဲ့ စေတုတ္တရာမြို့အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အဲဒီနောက် ကြီးအုံကြီးဝဆည် ကို ထပ်ပြီး တည်ဆောက်တဲ့အခါမှာတော့ မြို့ကို ရေစတင်လွှမ်းပါတော့တယ်။ စေတုတ္တရာမြို့ဟာ ကြီးအုံကြီးဝဆည် ရဲ့ ရေဝပ်ဧရိယာထဲ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သမိုင်း အဆက်ဆက် ရေဘေးမရှိခဲ့တဲ့ မြို့ဟာ ဆည်တမံ နှစ်ခုကြားညပ်ပြီး ရေဘေးကို စတင် ခံစားလာရပြီ ဖြစ်ပါတယ်။ ယခုရေကြီးမှုဟာဆိုရင် မကြုံစဖူး မြေအနိမ့်ပိုင်းတွေက အိမ်တွေ စုံးစုံးမြုပ်ပြီး မြေမြင့်ပိုင်းကအိမ်တွေတောင် ခါး၊ ရင်ဘတ်အထိ ရေမြုပ်ခဲ့ပါပြီ။

    အထက်က ဆည်တမံပညာရှိလူကြီးမင်း ပြောဆိုခဲ့တဲ့ —
    ဆည်တမံတွေဆောက်လို့ ရေကြီးတာသက်သာတာ… ဆည်တွေသာမရှိခဲ့ရင် ဒီထက်ပိုဆိုးမယ်….

    ဆိုတဲ့စကားဟာ ကျွန်တော်တို့ စေတုတ္တရာမြို့အတွက်တော့ လုံးဝကို မှန်ကန်မှု မရှိပဲ မှားယွင်းနေပါတယ်။ စေတုတ္တရာသားတွေရဲ့ အသည်းနှလုံးကို ဓါးနဲ့ ထိုးခံလိုက်ရသလို ခံစားရပါတယ်။ စေတုတ္တရာသားတွေဟာ ပညာရှိကြီးလို အတတ်ပညာတွေ သိပ်မတတ်ကြပေမယ့် ရိုးသားကြပါတယ်။ သည်းခံကြပါတယ်။ ခွင့်လွှတ်တတ်ကြပါတယ်။ ပညာရှိကြီးတို့တွေ ဆည်မဆောက်ခင် EIA/SIA စနစ်တကျ မလုပ်ခဲ့တဲ့ (သို့မဟုတ်) လိမ်ညာအတုအယောင် လုပ်ခဲ့တဲ့ ပညာရှိကြီးတို့ရဲ့ အားနည်းချက်တွေ အမှားတွေကို ရိုးသားပြီး ပညာနည်းကြတဲ့ စေတုတ္တရာသားတွေက ခါးစည်းပြီးခံကြရပေမယ့် ဗွေယူမှာမဟုတ်ပါဘူး။ နားလည်ခွင့်လွှတ်ပေးပြီးသားပါ။

    ဒါပေမယ့် – တစ်ခုလောက်တော့ ပြောချင်ပါတယ် ပညာရှိကြီးခင်ဗျာ-။
    ကိုယ့်အမှားကိုယ် ဝန်မခံချင်လည်းနေပါ။ ရပါတယ်။ ငါ့ဘက်က မှန်တယ်လို့တော့ မျက်စိစုံမှိတ်ပြီး မငြင်းပါနဲ့လား ပညာရှိကြီးရယ်။ စေတုတ္တရာသားတွေ အသည်းနာလွန်းလို့ပါ။စေတုတ္တရာသားတွေ ကို မကူညီချင်နေပါ။ စေတုတ္တရာသားတွေဟာ ခေတ်အဆက်ဆက် ကိုယ့်အားကိုယ်ကိုး ရုန်းကန်ပြီး တည်တံ့နေခဲ့တာပါ။ ဒါပေမယ့် စေတုတ္တရာသားတွေကို မုသားစကားတွေသုံးပြီး ထပ်မစော်ကားပါနဲ့တော့။ စေတုတ္တရာသမိုင်းမှာ ပညာရှိကြီးကတော့ ကျူးကျော်စော်ကားသူ အရိုင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ကိုယ့်အမှားကိုယ်သိပြီး စိတ်ထားကောင်းလေးဝင်လာရင် စေတုတ္တရာကို ဘယ်လိုပြန်လျော်ပေးမှာလဲ။ ဘာပဲဖြစ်ဖြစ် စေတုတ္တရာကတော့ အသင် ပညာရှိလူကြီးမင်းကို မေတ္တာ ပျက်မယ်မဟုတ်ပါ။ စေတုတ္တရာသားတွေရဲ့ လက်ကိုင်ထားကြတဲ့ မေတ္တာ၊ ခန္တီ နဲ့ ရိုးသားမှုတွေကြောင့် စေတုတ္တရာမြို့ အခုလို အသက်ရှည်နေတာ ဖြစ်ပါတယ်။
    အခုဆိုရင် စေတုတ္တရာသားတွေမှာ နေစရာလည်း ရေမြုပ်၊ စားစရာလည်း ရေမျော၊ လယ်လုပ်ဖို့လည်း လယ်တွေနုံးဖို့ပျက်စီး။ ဘာတစ်ခုမှ မကျန်တော့ပါဘူး။ ရာဇကုမာရ် မင်းသားကြီး တည်ထောင်ခဲ့တဲ့ စေတုတ္တရာမြို့ကို အသင်တို့ ပညာရှိ လူကြီးမင်းများက အားပါးတရ ဖျက်ဆီးလိုက်ကြလေပြီ။ ထိုသို့ ဖျက်ဆီးခြင်းကိုလည်း အလွန်မှန်ကန်သော လုပ်ရပ်အဖြစ် အမှန်တရားကို မျက်ကွယ်ပြုကာပြောဆိုခဲ့ကြလေပြီ။

    ပညာရှိလူကြီးမင်းများခင်ဗျား။
    ဆည်တွေတည်ဆောက်လို့ ရလာတဲ့ အကျိုးအမြတ်နဲ့ အခုလို ဆုံးရှုံးလိုက်ရတတွေကို နှိုင်းယှဉ်ပြီး လက်တွေ့ကျတဲ့ Statistical Analysis လုပ်စေချင်ပါတယ်။ EIA / SIA ရဲ့ အရေးပါမှုကို ပညာရှိကြီးတို့ မျက်ကွယ်မပြုသင့်ပါဘူး။ နေက်နောင်ကို အခုလို အမှားမျိုး ထပ်မလုပ်မိအောင် မိမိတတ်ထားတဲ့ပညာကို ကိုယ်ကျိုးအတွက် အသုံးမချပဲ။ အများအကျိုးအတွက် အသုံးချပေးမယ်ဆိုမှ နောင်တစ်ချိန် ဆည်တမံ တည်ဆောက်တဲ့အခါ အခုလို အမှားတွေ ထပ်မဖြစ်မှာပါ။ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ။ စေတုတ္တရာသမိုင်းကို မိမိလုပ်ရပ်နဲ့ ရိုင်းစိုင်းစော်ကားရုံနဲ့တင် အားမရသေးပဲ နုတ်ထွက်စကားနဲ့ပါ စော်ကားလိုက်တဲ့ ပညာရှိကြီးကို စေတုတ္တရာသားတွေက ခွင့်လွှတ်နေမှာပါ။
    အခုဆိုရင် ကျွန်တော်တို့တွေ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ နဲ့ အတော့ကို မအားမလပ် ဖြစ်နေလို့မို့ကြောင့် ဒီလောက်ပဲ ပြန်လည်ရှင်းလင်းချက်ကို နိဂုံးရပ်လိုက်ပါတယ်။

    ပညာရှင်များ မှန်သောစကားပြောကြားနိုင်ကြပါစေ။
    လူသားအားလုံး ရေဘေးအပါအဝင် ဘေးရန်အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။

    စာရေးသူ

    ဒေါက်တာအောင်ကျော်စိုး (Ph.D (Control Engineering))
    ကထိက၊ ရေကြောင်းပညာတက္ကသိုလ်။
    ရေဘေးဒဏ်ခံ စေတုတ္တရာသားတစ်ဦး။

    • kai

      August 7, 2015 at 2:37 pm

      ကမ္ဘာကြီးက.. မနေ့တနေ့ကနဲ့မတူတော့တာတော့အမှန်ပဲ..
      ရှေးအင်္ဂလိပ်ကိုလိုနီခေတ်ကများ.. ရန်ကုန်သားတွေ ဓာတ်ပုံရိုက်..ဓာတ်ရှင်တွေထဲပါရင်.. သိုးမွှေးဦးထုတ်နဲ့.. လည်ပါတ်နဲ့.. သက္ကလပ်အကျီ င်္ကြီးနဲ့..

      မြန်မာပြည်ထဲ.. နာဂစ်လိုဟာကြီးဝင်တာလည်း.. သမိုင်းထဲမကြားဖူး..
      အခုလို တနိုင်ငံလုံးရေလျှ့ဖြစ်တာလည်း.. သမိုင်းထဲမပါဖူး..

      မြန်မာတပြည်ထဲမဟုတ်..။
      ကယ်လီဖိုးနီးယားလည်း.. ကျုပ်ယူအက်စ်ရောက်စနဲ့အခုတောင်မတူ…
      မိုးမရွာ ခြောက်လိုက်သမှ.. သမိုင်းမှတ်တမ်းဝင်နေပြီ..။
      ဒီကြားထဲ.. မကြားစဖူးတောမီးတွေ.. ဧကသိန်းချီတွေလောင်..

      ယူအက်စ်အရှေ့ပိုင်းပြည်နယ်တွေကျ.. ဆောင်းဝင်ရင် အေးလိုက်သမျှ.. အကုန်ခဲကုန်..။
      သမိုင်းဝင် ၁ဝပေနှင်းတွေကျ…။ မုန်တိုင်းကြီးတွေဝင်လာရင်..ကက်တဂရီ ဟိုက်တွေချည်း..။

      ဆိုတော့..
      အောက်မှာ.. ကမ္ဘာ့ခေါင်းဆောင်တွေရဲ့.. ဂလိုဗယ်ကလိုင်းမိတ်ချိန်း အပေါ်တုံ့ပြန်လုပ်နေမှုတွေ..
      မြန်မာပြည်.. သေသေချာချာမလုပ်ကြရင်.. နောင် အနှစ်၁၀ဝ ဆို.. ဧရာဝတီမြစ်ဝကျွန်းပေါ်မရှိ..။ ရန်ကုန်မရှိ.. ဖြစ်မှာပါ့..။

      =======
      Global Warming and Extreme Weather

      Global warming is making hot days hotter, rainfall and flooding heavier, hurricanes stronger and droughts more severe. This intensification of weather and climate extremes will be the most visible impact of global warming in our everyday lives. It is also causing dangerous changes to the landscape of our world, adding stress to wildlife species and their habitat.
      How is Climate Change Impacting Weather-Related Events?

      Hurricanes
      Heat Wave
      Drought
      Wildfires
      Floods
      Winter Weather
      ================
      President Obama’s Plan to Fight Climate Change | The …
      https://www.whitehouse.gov/climate-change
      White House
      The United States is leading global efforts to address the threat of climate change. President Obama is taking the biggest step yet to combat climate change by …
      ‎Impacts – ‎Carbon Pollution – ‎Cutting Carbon Pollution – ‎Preparing for the Impacts
      ==============
      Pope Francis blames ‘human selfishness’ for global …
      http://www.bbc.com/…/world-europe-331820...
      British Broadcasting Corporation
      Jun 18, 2015 – Pope Francis has blamed human selfishness for global warming in his long-awaited encyclical calling for action on climate change. In the letter …
      ==============
      UN Climate Summit – the United Nations
      http://www.un.org/climatechange/summit/
      United Nations
      Dec 22, 2014 – UN Secretary-General Ban Ki-moon has invited world leaders, from … gas industry launches ‘immediate-impact’ plan to slash global warming …
      ‎Chair’s Summary – ‎Action Areas – ‎About – ‎UN Climate Summit Programme
      ==============
      G7 Leaders Agree On Action To Limit Global Warming To 2 …
      thinkprogress.org/climate/…/g7-prioritizes-climate-change/
      ThinkProgress
      Jun 8, 2015 – Group of Seven (G7) leaders agreed to limit global warming to 2°C at a … the declaration from the G7, a group of major world economies, said.

      • ဦးကျောက်ခဲ

        August 7, 2015 at 3:25 pm

        မှတ်ပလားသဂျီး …
        Global Climate Change နဲ့ Global Warming က လူ့ပယောဂကြောင့်ဖြစ်တာ 90% လို့ ပညာရှင်တွေက ကောက်ချက်ချတယ်…
        မဆင်မခြင် သစ်ခုတ် ၊ သတ္တုတူး ၊ ဆည်တည် ၊ စက်ရုံတွေဆောက်ပြီး… Greenhouse gas တွေလွှတ် ကမ႓ာကြီးကို ပူနွေးအောင်လုပ်လို့ ရတဲ့ရလဒ်ပေါ့…
        Greenhouse gases….
        . Water vapor (H2O)
        . Carbon dioxide (CO2)
        . Methane (CH4)
        . Nitrous oxide (N2O)
        . Ozone (O3)
        . Chlorofluorocarbons (CFCs)

        • kai

          August 8, 2015 at 9:31 am

          အမ်..
          လူ့ကြောင့်ဖြစ်တာပါလို့.. ကျုပ်လည်းတောက်လျှောက်ပြောခဲ့တယ်လေ..။
          ဆိုတော့..
          ဘုရားသခင်တန်ခိုးနဲ့.. မူလအတိုင်းပြန်ဖြစ်စေလုပ်လို့မရသလို.. အဲဒီလူ့ပယောဂကြောင့်ထဲ.. မြန်မာတွေက နောက်ဆုံးကပါသဗျ..။
          အဓိကတရားခံက.. အခုဖွံ့ဖြိုးတိုးတက်နေတဲ့.. သူဠေးနိုင်ငံတွေလေ..။

          ဆိုချင်တဲ့သဘောက..
          တရားခံတွေက.. သူတို့လုပ်တုံးကလုပ်ပြီး.. အခုမှ.. မြန်မာပြည်လာ.. ဟိုဟာမလုပ်ရ.. ဒီဂက်စ်ကပြဿနာ လာလုပ်ရင်.. လက်မခံဖို့ပဲ..
          ကိုယ့်တိုင်းပြည်အကျိုးစီးပွားနဲ့ချမ်းသာရေး..
          တပြိုင်ထဲ.. ကိုယ့်ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်ရေး..၊ လုပ်ချင်တာ.. လုပ်သင့်တာ.. လုပ်ကြရမယ်..။
          သယံဇာတတွေ.. သတ္တုတူးရရောင်းရမယ်..။ဆည်တွေ သူတို့ရဲ့အပုံ၁၀ဝပုံ၁ပုံလောက်တော့တည်ရမယ်.၊ စက်ရုံတွေဆောက်ပြီးစက်မှုနိုင်ငံဖြစ်အောင်လုပ်ရမယ်..။
          ဒီလိုနဲ့ချမ်းသာအောင်လုပ်ကြရလိမ့်မယ်..။ လုပ်လို့.. ဂရင်းဟောက်စ်မကလို့.. နယူးယောက်မြို့ရေနစ်နစ်..။
          ဂရုစိုက်စရာအချိန်မသင့်သေး..။

          လောလောဆယ်မှာကို.. သူဌေးနိုင်ငံတွေက.. ဆင်းရဲ့သားငမွဲနိုင်ငံတွေကိုလှည့်ပတ်ပြီး ပြဿနာရှာနေတာ..။
          သူတို့ကိုယ်တိုင်ကျ.. တပြားသားမှမလျှော့ရေးချမလျှော့..။

          သစ်တော့လုံးဝခုတ်မရောင်းသင့်..။ အဲဒီသစ်တွေ ဘယ်နိုင်ငံတွေဝယ်နေသလဲ.. ဝယ်ခဲ့သလဲကြည့်ရင်.. အဖြေပေါ်…။
          အဲဒါ…။

    • ဦးကျောက်ခဲ

      August 7, 2015 at 3:11 pm

      အဲဒါပါပဲ ဆြာမိုက်ရယ် …
      ဆည်ဆောက်သင့်သလား ၊ ဆောက်သင့်ရင် နေရာရွေးမှန်ရဲ့လား ဆိုတာပါ…
      အခုဖြစ်နေပုံက ဘောင်းဘီချွတ် Bonehead တွေ လယ်/ဆည်ဝံဂျီးဖြစ်လာရင်…
      တွေ့သမျှ ချောင်းတွေမြောင်းတွေပိတ် ၊ ငါ့လက်ထက်မှာ ဆောက်တဲ့ဆည် ဆိုပြီး…
      နိုင်ငံ့ဘဏ္ဍာလည်း ခိုး ၊ ဆည်ဖွင့်ပွဲလုပ် ဗိုလ်ရှုခံလည်း ဝင်ချင်ကြသေးတယ် …
      အသက်အိုးအိမ် မရှိမဲ့ရှိမဲ့စည်းစိမ်နဲ့ ရင်းပြီးခံရတာက ပြည်သူတွေ … 🙁

  • ဦးကျောက်ခဲ

    August 9, 2015 at 11:29 pm

    ရေးလက်စနဲ့ မထူးပါဘူး ဆက်ရေးလိုက်ပါဦးမယ် ၊ နောက်ဆက်တွဲပေါ့…

    သဂျီးကတော့ သူမပြောလားဆိုပြီး အတော် သဘော မနောတွေခွေ့မှာပါ…
    ဒီလိုခင်ဗျ… အနှီ အစိမ်းဝတ်တွေရဲ့ အိုင်ဒီရော်လော်ဂျီထဲမှာ အဝါသဘောတရားတွေ ပါနေတယ်ဗျ ။ သွားလေသူ မဆလ ငှက်ကထဂျီး ဘိုနေဝင်းကတော့ ကြက်မောက်တောင်ဆည်အပြီးမှာ ဆည်ပိတ်ပြီး ရေမနေလို့ (စိမ့်ထွက်ကုန်တာ) ဆည်အကြောင်း တီးမိခေါက်မိရှိသွားတာမို့ ဆည်တည်ဖို့ဆိုရင် ချင့်ချင့်ချိန်ချိန်လုပ်ပါသတဲ့ ။ နောက်ရောက်တဲ့ “မောင်ပုလဲ” တွေကတော့ သူတို့ ဘယ်လိုပဲ မကောင်းတာလုပ်ခဲ့ လုပ်ခဲ့ သီရိဓမ္မာသောကမင်းကြီးလို ရေတွင်း ရေကန် (ဆည်) တွေဆောက် ၊ လမ်းဖောက် ၊ ဘုရားတည် ၊ တံတားထိုးရင် ကုသိုလ်ရမယ်လို့ မှတ်နေကြပုံရတယ် ။ ကုသိုလ်လည်းရ ဝမ်းလည်းဝ (ခိုး လို့ရတယ်လေ) ၊ သူတို့လက်ထက်မှာတည်တာဆိုပြီး ကမ္မည်းထိုး အလွန်လည်း ဂုဏ်ယူပုံရတယ် ခင်ဗျ ။ ဆည်နဲ့ တံတားတွေကို နိုင်ငံတော်စီမံကိန်းဆိုပြီး စာဖတ်နေသော ဘဘဂျိုကုပ်ဒူးကြီးကိုယ်တိုင် ဩဝါဒပေးပါသတဲ့ ။ ဟိုးအရင် ဘိုခင်ညွန့် တွင်း-၁ ဘဝ ၊ ဒေါ်စုနဲ့ ဆွေးနွေးနေကြစဉ်အချိန် ၊ ဂျိုကုပ်ဒူးကြီးက ဒေါ်စုကို သူတို့လက်ထက်မှာ တိုးတက်လာတဲ့ ဆည်တွေ တံတားတွေကို လေ့လာခိုင်းပါသတဲ့ ။ ဒေါ်စုက သွားရောက်လေ့လာအပြီးမှာ “ပြည်သူလူထုအတွက် အသုံးရောဝင်ရဲ့လား” လို့ ပြန်ထောက်ပါသတဲ့ ။ အဲသည့်မှာ ဘောင်းဘီဝတ်တွေက သူတို့ကို အကောင်းမမြင် အသိအမှတ် မပြုလေချင်းဆိုပြီး အတော်ဒေါဖောင်းသွားရာကနေ ဆွေးနွေးတာတွေကိုရပ် ဒီပဲယင်းကိစ္စအထိဖြစ်သွားတယ်လို့ ဆိုပါတယ် ။

    သူတို့ ထင်နေတာက ဆည်ဆောက်လိုက်ရင် လယ်သမားတွေ ရေရလို့ စိုက်ပျိုးရေးအတွက် အဆင်ပြေပြီလို့ တွက်ထားကြတာ ၊ ဆည်ဆောက်လိုက်တော့မှ လယ်သမားတွေ ဒုက္ခရောက်တော့တာပဲ ။ အရင် ချောင်းဘေး မြစ်ဘေးမှာ စိုက်နေတဲ့ လယ်တွေ ကိုင်းတွေအကုန်လုံး ဆည်ရေဝပ်နေရာတွေဖြစ်ကုန်လို့ မြေမြင့်ရာ အရပ်ကိုရွှေ့ရ ၊ မြေဆီဩဇာမရှိလို့ ဓာတ်မြေဩဇာဝယ်ထည့်ရ ၊ အဆိုးဆုံးက အဲသည့်ဆည်ထဲကရေကို ရေတင်စခန်းတွေဆောက်ပြီး အမြင့်ရောက်အောင် အင်ဂျင်ပန့်တွေနဲ့ တင်ရတော့တာပါပဲ ။ အဲသည့်တော့ လယ်သမားခမျာ နေရင်းထင်ရင်း လယ်သိမ်းခံရ ၊ စားရိတ်အပို ကုန်ရပေါ့ဗျာ ။ ဆည်အောက်က လယ်တွေလည်း သက်သာသလားဆိုတော့ မသက်သာပါဘူး ၊ ကျီးလန့်စာစား ဘဝပါပဲ ။ ဆည်ရေကို လိုတာထက်ပိုဖောက်ရင် စိုက်ထားတာလေးတွေ ရေမျောကုန်တဲ့အပြင် မြေဆီဩဇာပါ အဆစ်ပါသွားတတ်တာကိုး ။ ဘဏ္ဍာနဲ့ နည်းပညာရှိရင် ဆည်တည်လို့ရပေမယ့် တည်အပ်သောနေရာဆိုတာ ပွဲပေး နတ်မေးလို့မရဘူးဆိုတာ ဘောင်းဘီဝတ်/ချွတ်တွေကို ဒေါ်စိန်အေးကျောင်းတော်က သင်ပေးဖို့ ကောင်းပါရဲ့ဗျား… :k:

  • black chaw

    August 11, 2015 at 8:31 am

    စစ်အစိုးရလက်ထက်က
    ဆည်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ဆောက်ခဲ့တာလို့ မှတ်မိနေပါတယ် ကိုကျောက်ရေ…။
    ဆည်တစ်ခု ဆောက်ပြီးတိုင်း
    စစ်အစိုးရလက်စွဲ တေးရေးဆြာအကျော်အမော်ကြီးတွေရဲ့
    စာသားသာပြောင်း သံစဉ်မပြောင်းလဲ တဲ့ သီချင်း တစ်ပုဒ်စီ ပေါ်ထွက်လာခဲ့ဖူးပါတယ်…။
    အမျိုးသမီး အဆိုတော် တချို့ဆို အဲ့ဒီလို ဆည် သီချင်းတွေ ပင်တိုင်ဆိုခဲ့ကြဖူးပါတယ်…။
    ပေါ်လစီ ကိစ္စပေမို့ အရုပ်အသံ ကောင်းကောင်းနဲ့ ဆည်ရှိရာဒေသမှာ
    တေးသံရှင် အမျိုးသမီးကိုယ်တိုင် လိုက်ပါ သရုပ်ဆောင်ပေးခဲ့တာ မှတ်မိနေပါတယ်…။
    အဲဒီအချိန်က မြဝတီ၊ မြန်မာ့အသံ တီဗီချယ်နယ် ၂ ခုပဲ ရှိတာမို့
    ရှစ်နာရီ သတင်း အပြီး ဇာတ်လမ်းတွဲမလာခင် မကြည့်ချင်လည်း မရလောက်အောင်
    ဖလန်းဖလန်း လွှင့်ထုတ်ခဲ့ဖူးတာပေါ့ဗျာ…။
    သူတို့ သူတို့ ကို မေးလိုက်ချင်တာကတော့…
    ကဲ…အခုတော့ ဂုဏ်ယူ နိုင်ကြသေးရဲ့လား ???

    • ဦးကျောက်ခဲ

      August 11, 2015 at 2:58 pm

      ဆြာဘလက်ရေ… အခု ဂုဏ်ယူ နိုင်ကြသေးရဲ့လားတော့ မသိပေမယ့်…
      အဲသည့်ခေတ်ကတော့ သူတို့လည်း ထောဖူးတာပေါ့…
      အဲဂလို ပေါ်လစီ ဖော်လန်ဖားသီချင်းတွေ ရေးရင် ဆိုရင်…
      ပါမစ်တွေ လုပ်ပိုင်ခွင့်တွေ ချီးမြှောက်တယ်ဆိုပဲ…
      အခုတော့ လျှာအရိုးမရှိသူတွေမို့ မေမေတွေ မမတွေ လျှာဖျားရောက်ကုန်ပြီ…
      :k:

  • kai

    August 16, 2015 at 2:23 pm

    သတင်းဆောင်းပါး-ခင်ရတနာ
    ဓာတ်ပုံ-မေဦးမိုး

    ကလေး ဩဂုတ် ၁၅

    ရေစီးသံများအကြား ဝါးလုံးလျှို၍ လူလေးဦးထမ်းပိုးထားသည့် ဆိုင်ကယ်ကို ပိုင်ရှင်က မသက်သာစွာကြည့်နေသည်။ သူက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် အဆင့်တာဝန်ရှိ သူမို့ ကွင်းဆင်းဆောင်ရွက်ရန် တမူးမြို့သို့ မဖြစ်မနေထွက်ခွာရမည်။ ယခင်က မရှိခဲ့သလို အမည်လည်း မတွင်သေးသည့် ၁၅ ရက်သား ချောင်းအသစ် ကလေးက သူ့သွား လမ်းမှာ ကန့်လန့်ခံနေပြီဖြစ်ရာ အထမ်းသမားများ၏ အကူအညီကို ရယူနေရသည်။ သူ့တွင်သာမက မည်သူမဆို ကလေးမှ တမူးသို့သွားပါက မကြာမီကမှ ပေါ်လာသော ချောင်းအသစ်များနှင့် ရင်ဆိုင်တိုးကြရပါလိမ့်မည်။

    ရေစီးသန်သည့် ရေစီးချောင်းအသစ်များသည် ဒေသခံများအတွက် လတ်တလောကြုံတွေ့နေရသည့် အရေးပေါ်ဝင်ငွေရရှိမှုကို ဖန်တီးပေး သဖြင့် ဒေသခံရေဘေးသင့်ပြည်သူတို့ ငွေရွှင်ရသော်လည်း ရေရှည်တွင် ထိုသူတို့ အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲသည် လူနေမှုကို ထိခိုက်လာမည် ဆိုသည့်အချက်ကိုတော့ သိမြင်သေးပုံမရကြောင်း တာဝန်ရှိသူက သူ့အမြင်ကို ခပ်တိုးတိုးပြောပြသည်။

    ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် တစ်သောင်းမှ သုံးသောင်းအထိ၊ ဆန် တစ်အိတ်လျှင် ငွေကျပ် နှစ်ထောင်၊ လူတစ်ထမ်းစာအထုပ်ကြီးတစ်ထုပ်လျှင် ငွေကျပ် တစ်ထောင်ကို ရေစီးအနေအထားအရ သယ်ယူခပေးအပ်ရသော် လည်း လူကူးသည့်အခါ စေတနာအပြည့်ဖြင့် လိုက်ပါပို့ဆောင်ပေးတတ်ကြသည့် ဒေသခံများ၏ ခင်မင်ဖွယ်အလေ့အထကို ကွင်းဆင်းသတင်းယူရာမှတစ်ဆင့် ကြုံတွ့ရသည်။

    ရေကြီးရေလျှံမှုများသည် တစ်နိုင်ငံလုံးနီးပါးဖြစ်ပွားခဲ့ရာ ယင်းသို့ ဖြစ်ပါ် ရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ အမျိုးမျိုးသောမှတ်ချက်များက ပြည်သူ တို့၏ စိတ်ဝယ်ကျန်ရှိနေခဲ့သည်။ ဆည်ကြောင့်၊ မုန်တိုင်းကြောင့်၊ သစ်တော ပြုန်းတီးမှုကြောင့်၊ မိုးများခြင်းကြောင့် စသည့်အတွေးအမြင်မျိုးစုံတို့ ဖြစ်ပေါ် လာသည်။
    ”ဆည်ကြောင့်လို့ ပြောကြတယ်။ ဒါဆိုရင်ဘာကြောင့် တမူးမြို့နယ် မှာရော ရေကြီးပါသလဲ။ မှန်ကန်စွာဆင်ခြင်တတ်ဖို့တော့ လိုအပ်ပါတယ်။ တစ်ဖက်မှာသစ်တောတွေ အရင်လောက်မထူထပ်တော့သလို အမြဲတမ်း နှင်းဖုံးနေတဲ့ရေခဲတောင်တွေ အရည်ပျော်ကြလာရာကအစ လူတို့ရဲ့လိုအပ်ချက် တွေကြောင့် သစ်တောတွေ ပြုန်းတီးနေခြင်းတို့ဟာ ရာသီဥတုဖောက်ပြန်ဖို့ တွန်းအားတွေဖြစ်ပါတယ်”ဟု ကလေးမြို့ မဟာသန္တာရုံကျောင်းတိုက်မှ ဦးစီး ပဓာနဆရာတော် ဘဒ္ဒန္တပုညသေဋ္ဌက မိန့်ကြားသည်။

    ကလေး၊ တမူး၊ ဟားခါးနှင့် ဖလမ်းတို့တွင် ရေကြီးရေလျှံမှုများသည် အခြား မြန်မာနိုင်ငံအောက်ပိုင်းဒေသများထက် ပိုမိုခံစားရသယောင်ရှိခြင်း မှာ မူလကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ကူညီကယ် ဆယ်ရေးများ ခက်ခဲခဲ့သဖြင့် အတိဒုက္ခပိုမိုများပြားရခြင်းဖြစ်ကြောင်း ချင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ပြောကြားသည်။

    မြေပြိုမှု၊ ရေများပြားသဖြင့် ရေစီးကြောင်းများပြောင်းလဲမှုနှင့် ရေလျှံခြင်း ၏ အဓိကပြဿနာမှာ မြစ်တိမ်ကောလာခြင်းကြောင့် ဖြစ်ရကြောင်း မြစ်ချောင်း စီမံခန့်ခွဲမှုအရာရှိ ဦးမြင့်သိန်းကပြောကြားပြီး ”ချင်းတွင်းမြစ် တိမ်ကောလာ နေပါတယ်။ ပြီးခဲ့တဲ့လကုန်မှာ ချင်းတွင်းမြစ်ရေဟာ စံချိန်တင်ပြီး စိုးရိမ်ရေမှတ် ရဲ့ အမြင့်ဆုံး ၁၁၄၂ စင်တီမီတာအထိ တက်ခဲ့တယ်။ မူလမြစ်ရေလမ်းကြောင်း တွေတင်မကဘဲ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် တိုက်စားလာတဲ့ မြေဆီလွှာ တွေဟာ နုန်းမြေတွေအဖြစ် မျောပါလာခဲ့တဲ့အတွက် မြစ်ရေဟာအလွန် နောက်ကျိနေပါတယ်။

    ဒါ့အပြင် မြစ်ရေကျသွားတဲ့အချိန်မှာ ရေလျှံခဲ့တဲ့နေရာ အများအပြားမှာ နုန်းမြေအဖြစ် ကျန်ရှိခဲ့ရတယ်။ စိုးရိမ်ရတဲ့ပြဿနာကတော့ သာမန်စိုးရိမ်ရေမှတ်ရောက်ရုံနဲ့ မြစ်ရေကြီးလာမှာဖြစ်ပြီး မြစ်ရေကြီးလာတာ နဲ့တစ်ပြိုင်နက် ရေကြီးရေလျှံမှုကို နေရာဒေသမရွေးကြုံရမယ်ဆိုတာ ကလေး၊ တမူးဒေသတွေက သာဓကပေးခဲ့ပြီ”ဟု ကြုံတွေ့နိုင်သည့် အခက်အခဲကို ရှင်းပြသည်။

    ပြင်းထန်သည့်ရေစီးအားနှင့် ရေလုံးရေရင်းများသည် မြစ်သာမြစ်နှင့် နေရဉ္ဇရာမြစ်တို့ဆုံရာမှတစ်ဆင့် ချင်းတွင်းမြစ်စီးဝင် သည့် နေရာတစ်လျှောက် မြစ်ကြောင်း အလွန်အမင်းကျဉ်းမြောင်းခြင်းသည် မြစ်ငယ်များနှင့် ချောင်းများ သို့ ရေပြောင်းပြန်ဆန်တက်စေရန် တွန်းအားဖြစ်လာသည့်အခါ ရေလမ်း ကြောင်းများသည် ကျေးရွာအချို့နှင့် ကတ္တရာခင်းထားသည့် မြို့ချင်းဆက် လမ်းမကြီးကိုပင် ခွဲထွက်ကာအရှိန်ပြင်းသည့် ချောင်းလက်တက်များ ဖြစ်ပေါ် လာရခြင်းဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောကြားသည်။

    ”အဆိုးဆုံးက ဇင်းကလင်းချောင်းဖြစ်ပြီး အစိတ်စိတ်အမြွှာမြွှာကွဲထွက် သွားပါတယ်။ လမ်းမကြီးကိုဖောက်ပြီး ရေတွေစီးတဲ့အခါ ချောင်းရေအားက အတော်ပြင်းပါတယ်။ လမ်းဆိုတာ ပျောက်သွားသလို ကိုယ်ထူကိုယ်ထ တံတားလေးတွေ ထိုးဖို့အတွက်တောင် အခက်အခဲဖြစ်ရတယ်။ ကျွန်တော်တို့ ရွာကို ရေတွေကဝိုင်းသွားတယ်။ ထွက်ပေါက်မရှိတော့ဘူး။ ဂန့်ဂေါကို ဆက် သွားချင်လည်းမရတော့သလို ကလေးကိုလည်း သွားမရတော့ သွားလာရေးကို ဒေသခံတွေစုပေါင်းပြီး ဖြေရှင်းကြရတော့တာပေါ့။ ဇင်းကလင်းတံတားက မပျက်စီးသွားပေမယ့် ကမ္ဘားနီတံတားကတော့ အလယ်ချိုင့်ဝင်သွားလောက် အောင်ဖြစ်တယ်။ ကိုယ်ထူကိုယ်ထ တံတားလေးတွေထိုးကြပေမယ့် ကားတွေ ဖြတ်ဖို့လောက်အထိကျတော့ အခက်အခဲဖြစ်ရပြန်တယ်”ဟု ဇင်းကလင်းရွာသား ကိုသော်လင်းထွန်းက ဆိုသည်။

    ဂန့်ဂေါဘက်သို့ ကယ်ဆယ်ရေးကုန်စည်များဖြင့် သွားရောက်လိုပါက ကလေးမြို့မှတစ်ဆင့် ဇင်းကလင်းရွာအထိတစ်ဖြတ် ခရီးကိုကားဖြင့် သွား ရောက်နိုင်သည်။ ကမ္ဘားနီရွာအထိ ကျန်တစ်ဖြတ်ကို လူအားဖြင့် ပစ္စည်းများ သယ်ယူကြရသည်။ ထိုမှတစ်ဖန် ကျန်တစ်ဖက်သို့ ဂန့်ဂေါမှကားများကို ငှားကြ ရသည်မှာ အခက်အခဲ အများအပြား ရှိနေသေးသည်ကို မြင်တွေ့နေရသည်။ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သွားလာ ရေးအခက်အခဲများ အမြန်ဆုံးကျော်လွှားနိုင်ရန် ယန္တရားများအသုံးပြုကာ ရသမျှ လုပ်ဆောင်ပေးနေသဖြင့်သာ ယခုလောက်အထိ အချိန်တိုအတွင်း လွယ်ကူလာရကြောင်း ကလေးလွင်ပြင်ပရဟိတအဖွဲ့မှ ကိုအောင်သူရှိန်က ပြောကြားသည်။
    ”ကျွန်တော်တို့ ရွာမှာ အောက်ခံမြေကြီးကိုရောက်ဖို့ နွံထုငါးပေဝန်းကျင် ရှိတယ်။

    မိုးကမကြာခဏ ပြန်ရွာနေတော့ နွံကမခြောက်ဘူး။ ခြောက်ပြန် ရင်လည်း ဒါတွေကိုဘယ်လိုနည်းနဲ့ ဖယ်ရှားမလဲဆိုတာ ပြဿနာတစ်ရပ် ပေါ့။ ဒီထက်ဆိုးတာက မိုးကျလို့ ရေကျတာနဲ့ ရေကြီးတာက နဂိုထက်ပိုမြန်တာ ကို တွေ့ရတယ်။ ရေတွေက ဆင်းစရာလမ်းကြောင်းတွေမှာ နွံခြောက်ကပိတ် နေရင် တော်တော်နဲ့မကျတော့ဘူး။ ချောင်းတွေမှာလည်း ဒီအတိုင်းပဲမိုးရွာတာ နဲ့ ရေစီးကတအားသန်လာတယ်။ ရေကြီးမှုကအချိန်မရွေး ပြန်ဖြစ်လာနိုင်တာ မို့ ဒေသခံတွေ စိုးရိမ်နေကြတယ်”ဟု ရွာထူထောင်ရေးအတွက် အချိန်ပေး လုပ်ဆောင်နေသူ ပေါက်ခုံရွာသား ကိုစည်သူအောင်က ပြောကြားသည်။
    တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၏ စာရင်းထုတ်ပြန်ချက်အရ ကလေးမြို့နယ်အတွင်း သဖန်း အိုင်၊ အောင်မြင်သာ၊ မော်လိုက်(တောင်)၊ မော်လိုက်(မြောက်)၊ ပြင်သာ၊
    တောင်ဦး၊ ရေလဲဦး၊ မြို့သာ၊ ပေါက်ခုံ၊ ဥယျာဉ်၊ ကင်ပွန်းခြုံ၊ ပေါက်တော (အနောက်)၊ ထိုမာနှင့် နတ်နန်း၊ ကျီကုန်း၊ ကျောက္ကာနှင့် တမူးမြို့နယ် မင်းသမီး ကျေးရွာတို့သည် အပျက်အစီးအများဆုံး ကျေးရွာများဖြစ်ကြောင်း သိရ သည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ကြောင့် ရေဘေးသင့် လူဦးရေ တစ်သိန်းကိုးထောင်ကျော်ရှိခဲ့ပြီး လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ရ သည့်အတွက် ရုတ်တရက်ကျရောက်တတ်သည့် ရေဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်ကြရမည်ဖြစ်ကြောင်း ရေကြောင်းစီမံခန့်ခွဲမှုပညာရှင် ဦးမြင့်သိန်းက မှတ်ချက်ပြုသည်။

    ”လူသားတို့ကြောင့် သစ်တောတွေပြုန်းတီးလာတယ်။ သစ်ပင်တွေနည်းပါးတော့တောင်ကျရေကို စုပ်ယူသုံးစွဲမှု နည်းလာတယ်။ တောင်ကတုံးတွေ ပေါ်ကမြေဆီလွှာတွေ၊ မြေနုတွေအားလုံးရေနဲ့အတူ အောက်ကိုဆင်းတယ်။ ကြိုတင်ပြင်ဆင်မှုမရှိရင် ကလေးဒေသရေဘေးဖြစ်သလို နေရာတိုင်း ရေဘေး ကြုံရမှာအသေအချာပဲ။ ရာသီဥတုပြောင်းလဲတာကို တားဆီးဖို့ အချိန်တစ်နှစ် နှစ်နှစ်ပေးပြီး လုပ်မရပါဘူး။ နှစ်ပေါင်းများစွာ သစ်တောတွေကို နှိပ်စက်လာခဲ့ သလို နှစ်ပေါင်းများစွာ ပြန်လည်ကုစားပေးဖို့လည်း လိုအပ်ပါတယ်။ သာမန် စိုးရိမ်ရေမှတ်တစ်ခုကို မြစ်ရေရောက်လာပြီဆိုတာနဲ့ ရေကြီးဖို့ကအခွင့်အလမ်း အများကြီးဖြစ်နေတော့ ကြိုတင်ပြင်ဆင်ဖို့နဲ့ သဘာဝဘေးအသိကို ပြည်သူ လူထုသဘောပေါက်အောင်လုပ်ဖို့ အများကြီးလိုအပ်တယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

    မြေသားတာပေါင်များအား မြှင့်တင်ခြင်းသည် ရေဘေးကြုံလာသည့်အခါ အများဆုံးအထောက်အပံ့ဖြစ်စေပြီး တစ်နိုင်ငံလုံးရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့် ရာဒေသများတွင် ရေရှည်စီမံကိန်းများဖြင့် အလေးထားဆောင်ရွက်စေ လိုကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

    မြစ်ကမ်းနံဘေးများကို တာဖို့ခြင်းလုပ်ငန်းများအား နိုင်ငံတော်က အလေး ထားဆောင်ရွက်လျက်ရှိသော်လည်း တာပေါင်များ၏အရည်အသွေးနှင့် စံချိန် စံညွှန်းများကို အလေးထားရန်နှင့် လက်ရှိရေလွှမ်းမိုးဒေသများ တွင် နေထိုင်ရေး၊ စိုက်ပျိုးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဘေး သင့်ပြည်သူများ ပြန်လည် ထူထောင်ရေးကို ဆောင်ရွက်လျက်ရှိသော တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

  • Ma Ma

    August 16, 2015 at 2:46 pm

    ဆည်ဆောက်တာ ကောင်းတယ် မကောင်းဘူးဆိုတာကို ပြောနေကြတဲ့ နှစ်ဖက်စလုံးမှာ အကြောင်းပြချက်ကိုယ်စီနဲ့။ :k:
    နောက်ဆုံးခြုံသိလိုက်တာက……..
    “မိဘ ပြည်သူများ… ခံ… ဗျား” ဆိုတာပဲ။ :k:

  • Alinsett @ Maung Thura

    August 29, 2015 at 1:53 pm

    အားလပ်ချိန်လေးမို့… ရွာထဲ ဝင်ပြီး မဖတ်ဖြစ်လိုက်တဲ့ ပိုစ့်တွေ ပြန်ဖတ်မိရာကနေ…
    အကျိုးများစေတဲ့ ဒီပိုစ့်လေး… ပြန် ဖတ်မိသွားပါတယ်… ။

Leave a Reply