Mg OggaDecember 11, 20111min50615
အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလို်တယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ […]


(စကားချပ်။ ။ ဤ ဆောင်းပါးလေးသည် ကျန်းမာရေးဆောင်းပါးချည်း အလျဉ်းမဟုတ်ပါ။ အဆုံးထိ ဖတ်ရှုပြီးမှ ဆုံးဖြတ်ဝေဖန်ပေးကြပါ။ ရည်ရွယ်သည်မှာ ခေါင်းဆောင်ကောင်းတစ် ဦး ၏ အရည်အသွေး နှင့် အရည်အချင်းကို ဖော်ကျူးခြင်းဖြစ်သည်။ ) ‘ ဘာ… သူကြီးက အဲ့လိုပြောလား… မဖြစ်ဘူး… လုံးဝ သဘောမတူဘူးကွ.. ဒီလိုကိစ္စက ငါတို့ ဘိုးဘွားဘီဘင်ကတည်းက ကျင့်သုံးလာ တာ… သူ ပြောမှ …. အို…. မဖြစ်ဘူးကွာ…လုံးလုံးကြီးကို သဘောမတူတာ…’ ချက်ကြီး ၏ စကားကို အားလုံးနားထောင်ရင်း မှင်သက်နေသည်။ သတင်းပို့သူ ခွေးပုက တော့ သူ့နံဘေးမှာ ဇက်ကလေးပုလို့ မျက်လုံးကလေး ကလယ်ကလယ်နှင့်။ ‘ဟုတ်တယ်…. ငါလည်း ထောက်ခံတယ်… ဒါမျိုးက သူတစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတာမှမဟုတ်တာ.. ငါတို့ […]


Moe ZDecember 9, 20111min51824
ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတွေက ၆ နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရတော့ပါ။ ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အအိပ်မက်တဲ့မိန်းမက သူ့အတွက်ထမင်းချိုင့်ပြင်စရာမလိုတာကြောင့် နံဘေးမှာ တုတ်တုတ်တောင်မလှုပ်။ သူကသာ ဆက်အိပ်လို့လည်းမရတော့ အိပ်ယာမှထကာ မနက်စာပြင်ဖို့လုပ်ရပါသည်။ မိန်းမကိုစောင့်ရင်တော့ မနက်စာနဲ့နေ့လည်စာ ပေါင်းစားရမှာက သေချာပါသည်။ သူအိမ်ထောင်ပြုတော့ အသက် ၂ရနှစ် မိန်းမကသူ့ထက် ၁နှစ်ကြီးပါသည်။ အိမ်မှာအငယ်ဆုံးသမီးဖြစ်သည့်အပြင် အစွမ်းကုန်အလိုလိုက်ခံရပြီး ကြီးပြင်းခဲ့ရသောကြောင့် အိမ်မှာတော့ တော်တော်လေးဆိုးပါသည်။ သူ့ကိုတော့ သိပ်ချစ်ရှာပါသည်။ ချစ်သူသက်တမ်း ၂နှစ်အတွင်းမှာ သူဘာလုပ်လုပ် သူ့ဘက်ကအမြဲထောက်ခံအားပေးခဲ့သည်။ အလုပ်မှာ အဆင်မပြေသမျှ သူမရှေ့မှာ ဖွင့်ဟတိုင်ပင်ရင်း သူမရဲ့နှစ်သိမ့်မှုတွေခံယူရင်း ကျေနပ်ခဲ့ရပါသည်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ဦးကာလများသည် ပျော်စရာအတိ၊ ထမင်း ဟင်းမချက်တတ်သည့် မိန်းမကိုချက်ကျွေးရင်း ချက်နည်းပြုတ်နည်းသင်တန်းပေးသည်။ လအနည်းငယ်ကြာတော့ သူ့ဟာသူကြိုးစားချက်ရင်း နည်းနည်းတော့ အဆင်ပြေလာသည်  (သူကြိုက်တဲ့ အမဲကလီစာဟင်းချက်ကျွေးမယ်ဆိုပြီး မျက်နှာသုတ်ပုဝါလိုဖြစ်နေတဲ့ အမဲရောင်အူကြမ်းကို […]


ဒီနေ့တော့ ရုံးမှာအလုပ်တွေလဲရှုပ် ခနော်နီခနော်နဲ့ မီးကြိုးမောင်းပျက်ကော်နတ်ချင်နဲ့ ပုံတွေကလဲ တင်လို့မရ အဲဒါ..အဲဒါတွေစိတ်ကုန်နေတုန်း…ဗြုန်းဆို Sexy ကျကျကောင်မလေးတစ်ယောက်နဲ့ Skyline တစ်စီးကိုတွေ့ လိုက်ရတော့… ကျွန်တော့စိတ်တွေ ဟိုးအတိတ်တစ်နေရာဆီကိုလွင့်မြောသွားပါတော့တယ်………….. အဲဒီအချိန်တုန်းက အသက်ကငယ်ငယ် Fast & Furious ကထွက်ခါစ… Need for Speed Hot Pursuit လေး မောင်းနေတဲ့အချိန်.. ရှင်းရှင်းပြောရရင် စိတ်တွေက ခပ်ကြွကြွပေါ့…ငယ်သွေးကြွတယ်လို့ ဆိုနိုင်မလားပဲ… ကားဆိုရင် မြန်မြန်မောင်းချင်တယ် Alarm မြည်အောင်မောင်းနိုင်တာကို ဂုဏ်ယူချင်တဲ့ မနူးမနပ်ရူးမိုက်မိုက် အရွယ်ပေါ့။ မတင့်လိုသီချင်းဆိုမယ်ဆိုရင်တောင် ဒီအရွယ် ဝတုတ်တို့အရွယ်…လှပတဲ့အရွယ်ပေါ့… အဲဒီအချိန်တုန်းက သိမ်ဖြူလမ်းမှာအလုပ်လုပ်နေတဲ့အချိန်..ရုံးက ငှားပေးထားတဲ့ Publica လေးကို ကျကျနန မောင်းပြီး ၄၆လမ်းထိပ်က စတိုးဆိုင်လေးမှာ ယမကာလေးမှီဝဲမယ်ဆိုတဲ့အတွေးနဲ့ ပုလင်းလေးလာဝယ်… အရပ် ၆ပေနီးနီးရှိတဲ့ ဝဝတုတ်တုတ်ကြောင်တစ်ကောင် […]


alinsettDecember 8, 20111min37427
( ၁ ) လွန်ခဲ့သော 2011 / နိုဝင်ဘာလ သည်ကျွန်တော့်ထံသို ့ နှင်းစက်များနှင့်အတူ ထူးဆန်းသော စာအုပ်တစ်အုပ်ကိုပါ သယ်ဆောင်လာခဲ့သည်။ ထူးဆန်းသော (နိုဝင်ဘာလ ထုတ်) စာအုပ်သစ်တစ်အုပ်ကြောင့် ကျွန်တော် ဖြတ်သန်းခဲ့ရသော.2011/.နိုဝင်ဘာ သည် အမှတ်တရ နိုဝင်ဘာ..ဖြစ်သွားပါသည်။ ထိုစာအုပ်ကို တွေ့ရသော နေ ့က ကျွန်တော်….စာအုပ် အရောင်းဆိုင်ကြီးတစ်ဆိုင်ထဲမှာ.. အချိန်အတော်ကြာကြာ…ငြိမ်သက်/ ငေးမော…ပြီး..အံ့ဩတကြီး…တိတ်ဆိတ်သွားခဲ့သည်။ စာအုပ်သည်… မြန်မာ ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ်ပြီး..ကျွန်တော်..ကြိုက်သော..14 × 21 စင်တီမီတာဆိုဒ် ဖြစ်နေသည်။ စာမျက်နှာ 340 ကျော်ကျော် မို ့ ကျေနပ်ရသလို….စာရွက်သားက လည်း..ဖြူဆွတ်လှပ နေပါသည်။ ရောင်းဈေးမှာ 2500 ကျပ်ဖြစ်ပါသည်။ အမေရိကန်စာရေးဆရာမ CHRISTINA SCHWARZ ၏ DROWNING RUTH […]


koyin sithuDecember 7, 20111min2559
တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန့်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်ချမ်းအေးသော တောင်ကုန်းမြို့ကလေး တစ်မြို့သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏။ သူ၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရမ ပါရှိပေ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီး တစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးတစ်ချောင်းသာ ပါလေ၏။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏။ ထို့အပြင် လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏။ တိုက်ပုံအင်္ကျီနှင့် တူသော အင်္ကျီပွကြီး၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း သိသာနိုင်၏။ ကျွန်ု်ပ်သည် ထိုင်ခုံ၌ ထိုင်မိသည်နှင့် တစ်ပြိုက်နက် လွယ်အိတ်တွင်းမှ တရားထိုင်နည်း စာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏။ မုတ်ဆိတ်ဖြူအဘိုးကြီးမှာမူ ကျွန်ုပ်၏နံဘေး၌ လာ၍ထိုင်နေသည့် အချိန်မှစ၍ အိတ်တွင်းမှ […]


koyin sithuDecember 7, 20111min41715
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ […]


koyin sithuDecember 7, 20111min2279
တစ်ခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တစ်ဘက်က ပရိယာယ် လမ်းကြောင်း အတိုင်း လုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွား အောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။ အဲဒီအဆင့်ကတော့ မြှူဆွယ်တဲ့ အဆင့်ရောက်သွားပြီ။ ဒါပေမယ့် အားလုံးဟာ လိမ်တာချည်းပဲ မဟုတ်လားဗျာ။ စကားပြောတဲ့အခါမှာ ဖြောင့်ဖြောင့်မပြောဘဲ ဟိုလိမ်ဒီကောင် ပြောရတဲ့အခါတွေရှိတယ် မဟုတ်လား၊ အဲဒီအခါကျတော့ စကား ပရိယာယ် ကြွယ်တယ်လို့ ကျုပ်တို့ ပြောကြတယ်မဟုတ်လား၊ ဘယ်လိုလဲ ပြီးထင်တယ်၊ အလိမ်ခံရပြီဆိုတာကို သိတာနဲ့ ချက်ချင်း အလိမ်ခံထားရ မိတ်ဆွေကြီး ကြည့်ရတာ တခုခုအလိမ် ခံစားရတာကို ပြောအောင် မလုပ်လိုက်နဲ့ […]


weiweiDecember 6, 20111min47824
၁၉၈ဝ ကျော် ကာလတွေတုန်းက …… ထမင်းစားပွဲဝိုင်းတစ်ခုမှာ အသက် ၈ဝ အရွယ်အဖိုးတစ်ယောက်နဲ့ ၁ဝ နှစ်ကျော်အရွယ် မြေးမလေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ထမင်းစားနေကြတယ်။ သွားမရှိတော့တဲ့ အဖိုးအတွက် ဟင်းတွေက ပျော့ပျော့ကြော်ထားတဲ့ ငါးကို အသားနွှင်ထားတာတစ်ခွက်၊ နူးအောင်ကြော်ထားတဲ့အသီးအရွက်တစ်ခွက်၊ ထမင်းရည်တစ်ခွက်နဲ့ ရိတ်ရိတ်လှီးထားတဲ့ မြင်းခွာရွက်တစ်ပန်းကန်၊ ထမင်းစားပြီးစားဖို့ သစ်သီးတစ်ပန်းကန်ဖြစ်ပါတယ်။ ထမင်းစားတုန်း စကားပြောတာမကြိုက်တဲ့ စည်းကမ်းကြီးတဲ့ ဖိုးဖိုးကြောင့် ထမင်းဝိုင်းက တိတ်နေတယ်။ မြေးမလေးဘေးက ထိုင်ခုံမှာ ကြောင်လေးတစ်ကောင်ကထိုင်ပြီး ထမင်းစားတာကိုကြည့်နေတယ်။ ခြေထောက်အောက်မှာ အမွှေးစုတ်ဖွားနဲ့ခွေးလေးက ပွတ်သပ်ပြီး အတင်းကပ်ထိုင်နေတယ်။ ဇွန်းခရင်းသံကလွဲပြီး ဘာသံမှမကြားရတဲ့ ထမင်းစားဝိုင်းမှာ တခြားအိမ်သားတွေ ဝင်စားလေ့မရှိပါဘူး။ သူတို့တွေက တခြားထမင်းဝိုင်း၊ တခြားဟင်းတွေနဲ့ အသံဗလံ ဆူဆူညံညံ စားသောက်တတ်ကြတယ်။ ကျောင်းပိတ်ရက်တိုင်း မြေးမလေးနဲ့ထမင်းအတူတူစားပြီးရင် ပုံပြင်ပြောပြလေ့ရှိပါတယ်။ နှစ် ၇ဝ […]


ဆူးDecember 5, 20111min50644
ဟေ့ကောင်ရ အဲဒီ အိုးတွေ သွားမထိနဲ့ကွ.. ဆိုတဲ့ အသံကြားတော့ ခေါင်းတချက် မော့ ကြည့်လိုက်တော့ ဓါးကိုင်ထားတဲ့ လူတစ်ယောက်က လှမ်းအော်နေတာပါ။ ကျုပ်ကတော့ ဒီနေရာကို ပထမဆုံး ရောက်လာတဲ့ လူသစ်တယောက်ပေါ့။ ဓါးကိုင်ထားတဲ့ လူက အဆင့်မြင့် ဓါးကိုင် မဟုတ်ဘူး ဟင်းရွက်သင်တဲ့ လူပါ။ သူက ကျုပ်ထက် အရင် ဒီနေရာကို ရောက်နေပြီးသား စားဖိုမှုး အထာသိတဲ့ လူပီပီ အသားငါး အသီးအရွက်တွေကို စားဖိုမှုး စိတ်တိုင်းကျ လှီးဖြတ်ပေးရတယ်။ ကျုပ် က အခုတော့ အသင်လေးပေါ့ဗျာ… သူအော်တာ ဘာလို့ အော်တာလဲ ဆိုတာ သိချင်စိတ်နဲ့ မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်လိုက်တော့.. သူ က လှမ်းပြောပါတယ်။ ဒီမှာ ဆရာ သုံးတဲ့ […]


koyin sithuDecember 4, 20111min38214
ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့ နာမည်မေးပြီး ဖိတ်စာ ပေါ်မှာ ရေးပြီး […]


မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့………………….. မနက်မိုးလင်းတော့ မုန့်စားမယ့်ကောင်မလေးနှစ်ယောက် အရင်ဆုံးရောက်လာပြီးမုန့်မှာစားတယ်။  တစ်ယောက် ကသုံးဇွန်းလောက်စားပြီး ဆက်မစားတော့ ဘူး၊ တစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့်နဲ့ ဖြစ်ညှစ်စားပါတယ်။  နောက် သားအမိသုံးယောက်ရောက် ရောက်လာပြီး ကောင်မလေးက အသုတ်တစ်ပွဲနဲ့ အမေနဲ့ သားက ညှပ်ခေါက်ဆွဲ မှာစားပါတယ်၊ အမေ ကစားရင်းနဲ့ ဆက်မစားပဲ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေပေမဲ့ အားမနာတတ်တဲ့ သားလေးက လှမ်းပြောပါတယ်။ “အဒေါ်ခေါက်ဆွဲ ကလည်းခါးလိုက်တာ၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး” “ဟုတ်လားသား၊ဘာဖြစ်လို့ လဲ အဒေါ်ကိုပြပါအုန်း” ဆိုင်ရှင် က မုန့်ပန်းကန်ကို ယူပြီး မြည်းကြည့်လိုက်တော့ခါးသက်သက်ဖြစ်နေပါတယ်။ “အို အားနာလိုက်တာအမရယ်၊ အသုတ်ကလေးပဲစားလိုက်ပါနော်၊ ကျမပြန်လုပ်ပေးပါ့မယ်။ အဲဒီမုန့်မစားပါနဲ့တော့၊  ဟဲ့ သမီးရေးခဏလာပါအုန်း၊  ဒီကို” သမီးကိုလှမ်းခေါ်ပြီး အသုတ်နှစ်ပန်းကန် သုတ်ပေးရင်း ရောက်လာတဲ့ […]