Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


မောင် ပေOctober 6, 20111min2155
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။ စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။ ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။ လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။ စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။ အရေးထဲ တွဲနေတဲ့ […]


maung hninkharrOctober 6, 20111min1940
အပိုင်း (၆) အခုဆို မေသနာ္တသည် အသက် ၆ဝနားကပ်နေပြီ။ သို့သော်ကျန်းမာနေသေးသည်။ သူခြံထဲမှာနေရတာ မပျော်။ သားတွေကို ပြောပြီး သူ့တိုက်ခန်းလေးမှာပြန်နေချင်သည်။ ဘာဖြစ်မှန်းမသိ။ အခုလပိုင်း အတွင်းမှာ သူ့တိုက်ခန်းလေးကို လွမ်းဆွတ်သတိရနေသည်။ နောက် . . . နှစ်များစွာက မမက်ဖြစ်တော့သည့် အိပ်မက်ကို ပြန်မက်သည်။ သုံးလေးခါရှီပြီ။ တစ်ချီန်တုန်းက မမက်ဖြစ်မှာကြောက်နေသည့် အိပ်မက်လေးတစ်ခု ။ အခုတော့ ဒီပြင်စိတ်တွေ မရှီပေမယ့် အပြင်လောကမှာ တစ်ကယ်ရှီတယ်ဆိုလျှင်တော့ မသေခင်မြင်ဖူးချင် သေးသည်။ တစ်ခါက စိတ်အာရုံများစွာကို စိုးမိုးခဲ့ဖူးတဲ့ လူတစ်ယောက်ကိုပေါ့။ တိုက်ခန်းလေးကိုရောက်တော့ စိတ်ထဲမှာ ငြီမ်းအေးသလိုခံစားလိုက်ရသည်။ အီမ်ဖော်တွေကို ထားစရာရှီတာထားခိုင်းပြီး ဝရန်တာလေးသို့ ထွက်လာ သည်။ အရင်ကထက်တော့ လမ်းလေးက ပြောင်းလဲသွားသည်။ အပိုင်း (၇) မင်းလတ်သည် […]


maung hninkharrOctober 6, 20111min3031
“အိပ်မက်” အပိုင်း (၁) မင်းလတ်သည် အိပ်ယာမှ နိုးလာသည်။ သူ့ခေါင်းထဲမှာ ထိုကောင်မလေး၏ ပုံရိပ်ပဲ စွဲထင်နေသည်။ သည်အိပ်မက်ကို မက်တာ ၆လကျော်နေပြီ။ ပထမတော့ ၃ပတ်မှ တစ်ခါ နှစ်ခါ ၊ အခုတစ်လော ပိုစိပ်လာသည်။ ၃ရက်ကို တစ်ခါလောက် အိပ်မက်မက်လာသည်။ သူ . . . အိပ်မက်ကနိုးတိုင်း စိတ်ထဲမှာ လွမ်းဆွတ်နေမိသည်။ ဘာကို လွမ်းလို့ လွမ်းမှန်းမသိ။ ထိုကောင်မလေးကိုလည်း ဖြစ်နိုင်သည်။ ဒီနေ့ မက်တာက သူနဲ့ကောင်မလေးနှင့် ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားနေသည်။ ကောင်မလေးက သူ့ကို စကားပြောနေသည်။ သူ့စကားပြောဟန်လေးက ချစ်စရာလေးဟု မင်းလတ်တွေးမိသည်။ ကောင်မလေးက သူ့ကိုယ်သူ ‘မေ’ ဟုသုံးနှုန်းပြီး မင်းလတ်ကို ‘ကိုမင်း’ ဟု ခေါ်သည်။ […]


etoneOctober 5, 20111min65524
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


alinsettOctober 5, 20111min2032
** အလင်းတွေ အကြောင်း..ရေးထားတဲ ့… စာတစ်ရွက်…ကျ ပျောက်သွား….. ** တစ်ချိန်တုန်းကတော့… အိပ်မက်ကို သေအောင် သတ်ပြခဲ ့သူမို ့ လမင်း ကို ပန်ဆင်ခဲ ့ဖူးတယ်။ ** အမှန်တရား အကြောင်း…နည်းနည်းသိချင်လာလို ့ လှေကါး ယောင်ဆောင်ပြီး… အနင်း…ခံခဲ ့ပါရဲ ့။ ** ကွယ်…….အခုတော့… … … … စာမျက်နှာတွေ များလာတာက လွဲရင်… ကျပျောက်တဲ ့ အလင်းတွေ များလာတာက လွဲရင်… အ်ိပ်မက်တွေ သေဆုံးမှု များလာတာက လွဲရင်… လမင်းကို မပန်ဆင်ရတော့တာက လွဲရင်… .. အနင်းခံရတာတွေ များလာတာက လွဲရင်….. ပြီးတော့..လွဲရင်….လွဲရင်….. ** မနေ ့က အပြာရောင် […]


koyin sithuOctober 4, 20111min43315
လွန်ခဲ့သော ကာလများစွာက ကျွန်တော်သည် အမှန် နှင့် အမှား ဝင်ရိုးတန်းတစ်ခုပေါ်မှနေပြီး လူတို့ရဲ့ ရိုးသားမှုကို တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ဖူးပါတယ်။ သေးငယ်သော အစိတ်အပိုင်းတို့၏ ခါးသီးသော အဖြစ်အပျက်အချို့ကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ရံ တရားမရှိတဲ့သူတစ်ယောက်လို ပရမ်းပတာဖြစ်ခဲ့ရတယ်။   အဲ့ဒီအခါ ကျွန်တော်ဟာ မာကျောရိုင်းစိုင်းမိတယ်။ ယဉ်းကျေးသိမ်မွေ့မိမယ်။ အရာရာကို ဥပေက္ခာပြုထားမယ်။  အကြောက်အလန့်ကင်းချင်ယောင် ဟန်ဆောင်ထားမယ်…။   ကျွန်တော့်ကို လက်ညိုးထိုး ဟားတိုက်ရယ်မောတဲ့အခါ ဂုဏ်ယူလိုက်ပါရဲ့။… နောက်တော့ ကျွန်တော်ဟာ ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွေးသွမ်းပစ်လိုက်တယ်…။   ထို့ကြောင့် ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ သေချာတိကျစွာ ပြောရလျှင် ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်တစ်ကောင်ဖြစ်ပါသည်။ လက်ရှိခေတ် ကမာ္ဘပေါ်တွင် လူ့အခွင့်အရေးဟု တကြော်ကြော်ဖြင့် အော်ဟစ်တောင်းဆိုနေကြသောအခါ ကျွန်တော်သည်လည်း ကျွန်တော်ကဲ့သို့ ကြောင်လောကကြီး […]


alinsettOctober 2, 20111min1973
အခန်း ( ၁ ) ငါ ဘာမှ မသိဘူး ဆိုတဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်နိုင်ဖို ့ သိထားတာတွေ အားလုံးကို စွှန့်လွတ်လိုက်ရမှာလား…. ဒါမှမဟုတ် သိတာ ထက် ပိုသိအောင် လုပ်ယူနေရမှာလား……။ ရှည်လျားနေတဲ ့ညတွေကို တစ်ပိုင်းစီ ပိုင်းချလိုက်ပြီး.. ဒိုင်ယာရီ ထဲ မှာ ခေါက်သိမ်းထားလိုက်ချင်ရဲ ့။ ဘာမှ မဟုတ်ခဲ ့ သလို ဖြစ်ရပ်တွေ အတွက် ဘဝကို လှလှပပ ချ အနင်းခံလိုက်ရတာ…..၊ တောက်…. မတရားလိုက်တာကွယ်…………။ *************************************** အခန်း (၂ ) မီးခိုးတလူလူ…. ညှော်နံ့တွေ တထောင်းထောင်း ..ထ နေတဲ ့ ဘယ်ဘက် ရင်အုံထဲမှာ…..ကိုယ် ့နှလုံးသားက သူ ့ကိုယ်သူ […]


ကြောင်လေးOctober 2, 20111min2646
“မမ နင်မုန့်ဈေးတန်းသွားဦးမှာလား” “အေးသွားမယ်၊ ဘာဖြစ်လို့လဲ” “ဒါဆိုငါ့အတွက်မုန့်စိမ်းပေါင်း တစ်ရာဖိုးဝယ်ခဲ့ပါဟယ်” “နင်စောင့်နိုင်ပါ့မလား ငါကကြာဥိီးမှာ တုုံတုံရဲ့” “ဘယ်လောက်တောင်ကြာမှာမို့လဲ” “ငါ ဝိတ်လျှော့ဦးမှာ၊  သိတယ်မလား ကျောင်းလွှတ်ချိန်ဆိုရင် တန်းစီစောင့်ရတာ” “အေးပါ ရပါတယ်  ငါထမင်းအရင်စားဦးမှာပဲ” “ဟဲ့မဝေ နင်ဘာဟင်းထဲ့လာသလဲ” “ဘဲကောင်လုံးပေါင်းလေ ..အဟီး…..နင်ကောဘာဟင်းလဲဟဲ့ သီတာ” “ငါက ဆိတ်သားကြော် ဟဲဟဲ” “ဟဲ့ နွယ်နွယ် နဲ့  မနော လာလေ ငါတို့တူတူဝိုင်းစားကြမယ်” အဋ္ဌမတန်းအခန်းတစ်ခုထဲက ချစ်စရာကျောင်းသူလေးတွေရဲ့အသံတွေဟာတစာစာထွက်ပေါ်လာပါတယ်။ နောက်ဖက်တန်းက မောင်မင်းကြီးသား ငပွေငရှုပ်တွေရဲ့အသံ တွေကလည်း ဆူဆူညံညံနဲ့ပေါ့။ “ဟေ့ကောင် ငသစ် ငါအပြင်သွားတုန်း  မင်း ငါ့ထမင်းဗူးထဲက ဟင်းနှိုက်စားထားတယ်မလား” “ဘာလဲ ဟေ့ကောင်စည်သူ  ငါစားတာမဟုတ်ဘူး ၊မင်း  ကြောင်ကြီးကိုမေးကြည့်ပါလား” “ဟာ  ဟေ့ကောင်တွေ ငါ့ဖိနပ်တစ်ဖက် ဘယ်ရောက်သွားသလဲ၊ ဘယ်ကောင်ဖွက်ထားသလဲကွ […]


မောင် ပေOctober 1, 20111min2955
ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခိုက်.. သူကြီး ၏ မိန် ့ကြားချက် အရ ဒေါ်မြ မှ စပြောလာသည် ။ “ ဒီလိုပါ တော် .. ” ဒေါ်မြ သည် ရွာသာယာ ရှိ တစ်ခုထဲသော တည်းခိုခန်း ပိုင်ရှင် ။ အသက် ၄ဝ ကျော် အပျိုကြီး ။ တည်းခိုခန်း ဆိုလို ့၊ အကြီးအကျယ် အခမ်းအနားကြီး မဟုတ် ။ ရွာမှာ ဆိုတော့က.. သူမ ၏ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး  အောက်ထပ် တွင် အခန်းများ ဖွဲ  ့ကာ ၊ ဖွင့်ထားခြင်း ဖြစ်သည် ။ […]


alinsettSeptember 30, 20111min2622
ကောင်းကင်ပြင်တစ်ခွင်မှာ..ကြယ်တွေ အဆုပ်လိုက်..ဖွေး…ခနဲ..ကြွေ ကျသွားသည်။ ကျွန်တော် ့ရင်ခွင်သည် ဗလာကျင်း…လျက်…….။ မှတ်မိနေသော အလွမ်း ကဗျာရှည်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုနေမိ၏ .။ ကျွန်တော် ချစ်သော ကဗျာများသည် ကာရန်မဲ ့လျက်ရှိသည်။ ကျွန်တော့်ဘဝသည်လည်း..ထို ့အတူ..မညီမညာ ကာရန် ခပ်တုုံးတုံး..။ နွေည သည် ကျွန်တော့်ကို ထပ်ခါ ထပ်ခါ လောင်ကျွမ်းစေခဲ ့ပြီ။ ဘယ်တော့မှ ကျက်မသွားတော့မည် ့ ဒဏ်ရာတစ်ခုကို ဘယ်ဘက်ရင် အုံအနားမှာ..ဖိ ကပ်ရင်း….. စိုင်းထီးဆိုင်၏ မေမြို ့မိုး ဆိုသော သီချင်းကလေးကိုလည်း ဆိုညည်း ချင်ပါသည်။။ *** ဒီလို အချိန်မှာ……လူမြင်မခံ..တဲ ့ မျက်ရည်တွေ…… တိတ်တခ်ိုးလေး..ကျနေ..။ရင်နာတာကို…မနာသလိုနေပြ…..တဲ ့ ကြားက.. ဘာမှ……မတတ်နိုင်..ဘူး …။ ယောကျာ်းလည်း အသည်းနဲ ့.. ယောကျာ်း..လည်း […]


ကြောင်လေးSeptember 30, 20114min2363
9.25.2011 ဒီညနေ ရေမိုးချိုး၊ထမင်းစားပြီးထမင်းလုံးစီရင်း တီဗွီကြည့်ဖို့ ပက်လက်ကုုလားထိုင်ပေါ်ထိုင်လိုက်ပါတယ်။ UBC စလောင်းထဲက လိုင်ေးတွ လိုက်ကြည့်တော့  AXN  လိုင်းမှာလာနေတဲ့ဇာတ်လမ်းက တဝက်တပျက်ဖြစ်နေတော့ MAX လိုင်းကိုပြောင်းလိုက်တယ်၊ သွေးသံရဲရဲနဲ့သရဲကား ဖြစ်နေပြန်ရော၊ Discovery  နဲ့  Animal planet လိုင်ေးတွကလည်းစိတ်ဝင်စားစရာမရှိ။ အရေးထဲသားတော်မောင်ဘေဘီကြောင်လေးက  Carton network  လိုင်းမှာ Ben ten ကားလာနေတော့ ကြည့်မယ်လုပ်လို့ မနဲချော့လွှတ်လိုက်ရတယ်။ ဒါနဲ့ ပဲ  DVB  လိုင်းဖက်ပြောင်းလိုက်ပါတယ်။နောက်ဖေးက စလောင်းမောင်းတံရဲ့  အသံဟာ  ဆီငတ်နေတဲ့လှည်းပတောင်းက ထွက်တဲ့အသံလို တကွီကွီ မြည်နေပါတော့တယ်။ကျွန်တော့အိမ်မှာ  UBC   စက်   Model T-999   ကို ှsplitter  ခံပြီး  ရှစ်ပေစလောင်းပါတတ်ထားတာပါ။ သတင်းလေးတပုဒ် နှစ်ပုဒ်လောက်ပဲ ကြည့်ရသေးတယ်  မဒမ်ကြောင်လေးရဲ့အသံက ရွဲ့တဲ့တဲ့  ထွက်လာပါတယ်။ […]


manawphyulaySeptember 29, 20111min52114
ခေါင်းစဉ်က မြန်မာပြည်ကို ချစ်သည်ဆိုတော့ ဘာပါလိမ့်ပေါ့။ တကယ်ပါ ကျွန်မ မြန်မာပြည်မှာ နေရတာ အလွန်ပျော်ပါတယ်။ ကိုယ့်မြေမို့ ကိုယ်ပြောတာမဟုတ်ပါဘူး။ တကယ့် ချစ်စရာ မြန်မာ ဖြစ်တာ အမှန်ပါရှင်။ ကျွန်မ ဘာကြောင့် မြန်မာပြည်ကို ချစ်တာလဲဆိုတာ ပြောပြပါမယ်။ ကျွန်မတို့မြန်မာပြည်ရဲ့ ဆောင်ပုဒ်က ဘာတဲ့ ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့တဲ့။ ဒီတိုင်းပဲ နည်းပညာတိုးတက်ခေတ်မီနေတဲ့အတိုင်းပါပဲ။ ကျွန်မတို့အတွက် လိုင်းကားတွေကို အဆင်ပြေအောင် စီးနိုင်ရန် ချထားပေးတဲ့အတွက် ၂၀ဝ ကျပ် အထူးကားဆိုတာတွေကိုလည်း စီးခွင့်ရပါတယ်။ နောက်တစ်ချက်က ခရီးသည်များအဆင်ပြေအာင် ခုံပြည့်ဆိုပေမယ့် ခြေနင်းခုံထိ တင်ဆောင်ပေးခြင်းကလည်း တကယ့်ကို မြန်မာအချင်းချင်း ကူညီရိုင်းပင်းတယ်လို့ မြင်မိတယ်။ နောက်တစ်ချက်က ကားပေါ်မှာ မတ်တတ်ရပ်တဲ့အခါလည်း ကိုင်နေရမှာစိုးရိမ်တဲ့အတွက် လူများကို ကြပ်ပိတ်သိပ်အောင် တင်ပေးထားတာကလည်း တကယ့်ကို ကျေးဇူးတင်စရာကောင်းလှပါတယ်။ […]


နွယ်ပင်September 28, 20111min37910
လင်းနေ ကြယ်ဖြူနဲ့ တွေ့တဲ့အချိန်မှာတော့ သူထင်ထားသလို ကြယ်ဖြူက မှားမှန်းသိလို့ နောင်တရမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက် အကြောင်းကို အဆုံးသတ်ဖို့ ချိန်းတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်းနေအတွက် လုံးဝမမျှော်လင့်တဲ့ စကားတစ်ခွန်းကို ကြယ်ဖြူကပြောလိုက်တာပဲလေ ။ ဒီစကားဆိုတာ သူတို့နှစ်ယောက်အတွက်တော့ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးလို့ လင်းနေက ယူဆတယ် ။ဒါကြောင့် အရင်ကလို ကြယ်ဖြူက သူ့ကိုစိတ်ကောက်လို ပြောတာပဲလို့ တွေးပြီး ကြယ်ဖြူပြောတာကို မကြားသလိုလုပ်လို့ ကြယ်ဖြူကို ချော့ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် ကြယ်ဖြူမျက်နှာကတော့ အေးစက်လို့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ ဒီအချိန်မှာပဲ လင်းနေတစ်ယောက် ကြယ်ဖြူ တစ်ကယ်ပြောနေတယ်ဆိုတာကို သိလိုက်ရတယ် လင်းနေအတွက် ဘယ်လိုမှ မဖြစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကြယ်ဖြူကို ဖျောင်းဖျလို့ မဖြစ်နိုင်ဘူးဆိုတာကိုပဲ အတွင်တွင်ပြောနေမိတယ် […]