ေမွာ္ဆရာAugust 31, 20111min1724
တချိန်တုန်းကပေါ့….တက္ကသိုလ်ကျောင်းသားဘဝ …. ဝါသနာပါရာ ဂစ်တာတစ်လုံးနဲ့ ညအချိန်တွေမှာ ပျော်မြုးခဲ့တဲ့ အချိန်တွေ တုန်းကပေါ့.. ကျွန်တော်တို့တက္ကသိုလ်မှာ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခု ရှိတယ်.. ညပိုင်းအချိန်တွေဆို ကျောင်းတော်သားတွေက ဂစ်တာကို်ယ်စီနဲ့ အဆောင်သူ ညီမ အမ များကို ချစ်ချစ်ခင်ခင် ဖျော်ဖြေတတ်ကြသလို အဆောင်သူတွေကလဲ လေးလေးစားစား အားပေးတတ်ကြတဲ့ အကျင့်လေးပါ..နောက်တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အလှည့်ပေးပြိး စနစ်တကျ ဖျော်ဖြေတတ်ကြတယ်.ဂစ်တာဝိုင်းက ရန်ပွဲဆိုတာ မရှိသလောက်ရှားခဲ့တယ်..နှစ်ဖွဲ့ပေါင်းပြီး တီးခတ်ကြတာတောင် ရှိခဲ့တယ်…(အခုတော့ အဲဒီ့အကျင့်လေးတွေ ပျက်နေပြီလား မသိ..) ကျွန်တော်တို့အဖွဲ့ကတော့ ညပိုင်း ၁၁ နာရီကျော်ခါမှ ထွက်တီးနေကြပါ… ညဦးပိုင်း စာကျက်လို့ အပျင်းပြေ ဝရန်တာ ထွက်လာတဲ့ ကျောင်းတော်သူတွေနဲ့ တရေးနိုးလာတဲ့ အဆောင်သူတွေကိုပဲ သိးသန့် တီးခတ်ပြတဲ့ အဖွဲ့ပေ့ါ။နောက်ကျတော့ ကျွန်တော်တို့အဖွဲ့ကိုပဲ သိးသန့်စောင့်နားထောင်ရင်တတ်တဲ့ သူတို့တွေနဲ့ […]


Moe ZAugust 30, 20111min49032
“အကို အခန်းပြောင်းလို့ရပြီခင်ဗျ’’ “အေးကွာကျေးဇူးပဲညီလေး” စည်သူ့လက်ထဲ တစ်ထောင်တန်အချို့ ထည့်ပေးပြီးထွက်သွားသော ဧည့်သည် အားကြည့်ပြီး Norah နှင့် ကျွန်မပြိုင်တူမဲ့လိုက်မိပါသည်။ ပြီးမှသွားပြီ security camera ကိုမေ့သွားတယ်ဟု ညည်းမိတော့သည်။ ကျွန်မရဲ့အလုပ်က ဟိုတယ်တစ်ခုမှာ Receptionist ပါ။ နံနက် ၆ နာရီမှ နေ့လည် ၁ နာရီအထိ ကျွန်မနှင့် အတူ Norah နှင့် စည်သူက တာဝန်ကျပါသည်။ ကျွန်မတို့ဟိုတယ်က သန့်ရှင်းရေးကို အထူးဂရုစိုက်ပါသည်။ ယခုလိုပြောရခြင်းမှာ ကျွန်မတည်းဖူးသော ဟိုတယ်တစ်ချို့မှာ service ကောင်းသော်လည်း သန့်ရှင်းရေးကို သိပ်ဂရုမစိုက်ကြပါ။ ဥပမာ- စောင်တွေ ခေါင်းအုံးတွေမှာ အနံ့အသက်ရှိနေတာမျိုး။ ထို့ကြောင့် ကျွန်မတို့ဟိုတယ်တွင် တည်းဖူးသောဧည့်သည်များမှာ နောက်ထပ်ပြန်လာသူများပါသည်။ ကျွန်မတို့ ဟိုတယ်တွင် အခန်းပေါင်း ၅ဝ ကျော်ရှိပါသည်။ […]


သူရႆဝါAugust 30, 20117min2033
“ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့လမင်း” (၁) အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တစ်နေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တစ်နေ့တာလုံး၏ အလှဆုံးအချိန် ဟုပင် ပြော၍ ရလောက်အောင် အားပျော့ နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက်နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက်အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တစ်နေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေဆည်းဆာကို ခံစားကြသူ များနှင့် ခါတိုင်း လိုပင် စည်ကား နေ၏။ ထိုအချိန်မှာပင် ကလေးများ ထံမှ “ဟေး”ခနဲ အော်လိုက်သံကို […]


etoneAugust 30, 20111min37713
မိဘအိမ်မှာ နေစဉ် အသက်မွေးဝမ်းကြောင်းအတွက် မယ်မယ်ရရ အလုပ်မလုပ်ခဲ့ဖူးသောကြောင့် ပိုက်ဆံရှာရန် ဈေးရောင်းခြင်း တမျိုးသာ လုပ်တတ်သည် ။ ဈေးသည် မျိုးရိုး မရှိသူမို့ ဈေးရောင်းရမှာ မဝံ့မရဲဖြစ်နေခဲ့သည် … သို့သော် …ငါ့ဝမ်းပူဆာ မနေသာ မို့လား ၊ ကလေးတွေမျက်နှာငယ်ရမည့် အဖြစ်မို့ သမ္မအာဇီဝ အလုပ်ဟုသာ စိတ်ပိုင်းဖြတ်ပြီး ဈေးရောင်းခဲ့သည် ။ တတ်လို့ ရောင်းသည် မဟုတ်ပဲ ငတ်လို့ ရောင်းရသည့်အဖြစ်ကြောင့် ဈေးရောင်းကောင်းသော်လည်း အမြတ်စွန်း သိပ်မကျန်ခဲ့ပေ ။ တရိတ်ရိတ်တိုးတတ်လာသည့် အသုံးစရိတ်ကြောင့် ဝင်ငွေ နှင့် ထွက်ငွေ မမျှ ဖြစ်ကာ နွမ်းပါးသည်ထက် ပို နွမ်းပါးလာခဲ့သည် ။ ဒီအတိုင်း ဆက်သွားလျှင် ရှေ့လျှောက် ကျမတို့ မိသားစု ငတ်ပြတ်ကာ တောင်းစားရမယ့်ဘဝ […]


မနေ့ညက လူတစ်ယောက် ဝင်လာပြီးပြောတယ်။ သူပြောတာတွေကို နားထောင်ပြီးတော့ မသောက်ပဲ မူးရပြန်ရော။ သူနဲ့လည်း ကျနော်က ဝေဖန်ဆွေးနွေးမှုတွေကို ကြာရှည်မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က ညံ့တာကိုး။ သူကပြောတယ်။ တစ်ချို့ဆိုရိုးစကားပဲဖြစ်ဖြစ်၊ ပုံပြင်ပဲဖြစ်ဖြစ် အဆင်အလာအတိုင်းလက်မခံပါနဲ့တဲ့။ ဒီလိုဆိုတော့ ကျနော်ကလည်း ပြန်ပြောတယ် ရှေးထုံးလည်းမပယ်သလို ဈေးသုံးလည်း မလွယ်ပါဘူးလို့။ အဲဒီလ ိုပြောတော့ သူကပြောတယ် ကိုယ်တိုင် သုံးသပ်ပြီး သေချာပြီဆိုမှ တစ်ချို့ကို ယုံတဲ့။ တစ်ချို့ပုံပြင်တွေဆိုရင် ပေးချင်တဲ့ message ကို ပေါ်လွင်အောင်ပေးတတ်ပေမယ့် တစ်ဖက်လှည့်နဲ့ပြန်တွေးကြည့်ရင် အဲဒီ message ကမလှတော့ဘူးလို့ သူကပြောတယ်။ ဘာနဲ့ ဥပမာပြသလဲဆိုရင် ယုန်နဲ့လိပ် ဥပမာကို ထုတ်ပြီးပြောပြတယ်။ ခုကလေးတွေကိုမေးကြည့်တဲ့။ ယုန်နဲ့လ ိပ်အပြေးပြိုင်တာ ဘယ်သူနိုင်သလဲဆိုရင် ကလေးတွေက လွယ်လွယ်ကူကူနဲ့ လိပ်နိုင်တာပေါ့လို့ဖြေလိမ့်မယ်တဲ့။ ဘာကြောင့်လဲဆိုရင် […]


etoneAugust 29, 20111min27811
(၁) ကျမတို့ရွာမှာ ဒီနှစ်မိုးခေါင်လွန်းလို့ ဘာပင်မှကို စိုက်ပျိုးလို့မရခဲ့ပါဘူး …. ခြံစည်းရိုး သီးပင်စားပင် အနည်းငယ်လောက်သာ ဖြစ်ထွန်းတာမို့ စားသောက်ရရုံလေးအဆင်ပြေပြီး ရောင်းကုန်လုပ်လို့မရတာကြောင့် မနှစ်ကတည်းက တင်ထားတဲ့ အကြွေးတွေ ဒီနှစ်လည်း ဆပ်နိုင်မယ်မထင်ဘူး … ။ ယောကျာ်းဖြစ် သူ မြို့ တက် အလုပ်လုပ်ရာက ရွာကို ခြောက်လ တစ်ခါလောက်ပြန်လာတတ်ပေမဲ့ စုမိဆောင်းမိ ဘာမှ မရှိဘူး … ။ သူ့ကိုယ်သူတောင် စားလောက်ယုံဆိုတော့ ကျွန်မကလည်း တဖက်တလှမ်းကနေ လယ်လုပ်ရင်း … ၊ ရာသီပေါ် သီးနှံလေး ရောင်းရင်း ကလေးတွေ စရိတ် ရသမျှ ရှာရတာပေါ့ … ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ … ခြစ်ကုတ်ပြီး စုတာတောင် ကလေးတွေကို ကျောင်းဆက်ထားနိုင်အောင် မနည်း […]


Shwe Myine TharAugust 29, 20111min35215
ဥပုဒ်စောင့်သောကျား တစ်ခါကတောအုပ်တစ်ခုတွင် ရေတွေကြီးပြီး မိုးသက်မုန်တိုင်းကျ ၍တောရိုင်း တိရိစာ္ဆန်တွေအားလုံးဟာလေပြင်းနဲ့အတူရေထဲမျောပါသွားသတဲ့ကွယ်………. အဲဒီထဲမှာအသားစားကျူးတဲ့ကျားတစ်ကောင်လဲပါသွားတယ်……………. ဒါပေမဲ့ကံကောင်းတဲ့ကိုရွှေကျားကမျောပါရင်းနဲ့ ကျောက်ဆောင်တစ်ခုပေါ်ကိုရောက်သွားသတဲ့ကွယ်………….. သေမဲ့ဘေးကလွတ်ခဲ့တဲ့ကျားကကျောက်ဆောင်ကြီးပေါ်မှာ တစ်ကောင်တည်းဘာစားစရာမှမရှိ ဘေးပတ်ဝန်းကျင်မှာကလည်းရေတွေကမကျသေး ဒီလိုနဲ့လေးငါးရက်လောက်ကြာလာတော့ကိုရွှေ ကျားကြီးကအစာအဟာရပြတ်ပြီးပိန်လာတာပေါ့၊………… အဲဒီမှာကိုရွှေကျားကြီးကစဉ်းစားမိတယ် ငါဒီပုံစံအတိုင်းဆိုသေမှာပဲ မသေခင်ဘာမှလဲမစားရတော့မဲ့အတူတူအကျိုးရှိအောင် ဥပုဒ်စောင့်ရင်ကောင်းမယ်ပေါ့။ ဒါနဲ့ကျားကြီးကဥပုဒ်စောင့်ရင်းအိပ်နေသတဲ့ကွယ်……. အဲဒီလိုနေရင်းနဲ့တစ်ရက်တောင်ဆိတ်တစ်ကောင်ဟာလဲရေထဲကမျောပါလာရင်းနဲ့ ကိုရွှေကျားကြီးရှိတဲ့ကျောက်ဆောင်ပေါ်ကိုရောက်လာသတဲ့ အဲဒီမှာပထမရောက်နေတဲ့ကိုရွှေကျားနဲ့တိုးတာပေါ့ ကိုရွှေကျားကလည်းငါကဥပုဒ်နဲ့ပဲမစားတော့ပါဘူးဆိုပြီးဆက်အိပ်နေတာပေါ့ ဒါပေမဲ့တောင်ဆိတ်ရဲ့အနံ့ကကိုရွှေကျားရဲ့နှာခေါင်းထဲကိုလေလေးသင့်တိုင်းရောက်ရောက်လာတယ်……. ဥပုဒ်စောင့်နေတဲ့ကိုရွှေကျားကလဲငါမစားလဲဒီဆိတ်ကသေမှာပဲ ငါစားလိုက်ရင်ဥပုဒ်ဆက်စောင့်နိုင်မယ်လို့တွေးမိတယ်… မစားရ ရင်မနေနိုင်တော့တဲ့စိတ်ဖြစ်ကာ အဲဒီမှာပဲတောင်ဆိတ်ကိုကိုရွှေကျားကစားလိုက်ပါတော့တယ်…. ဒီပုံပြင်လိုပဲ ကိုရွှေကျားကဥပုဒ်ကခဏခဏထွက်ပြီးအသားဆက်စားမလား။ ကိုရွှေကျားကဥပုဒ်ပဲဆက်စောင့်မလား။ ကျွန်တော်ကတော့ကိုရွှေကျားကိုဥပုဒ်ပဲဆက်စောင့်စေချင်တယ်……. ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးအသားစားပြီးပြီပဲတော်ရောပေါ့………….မဟုတ်ဘူးလား….. ကောင်းတာကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ………………… ရွာထဲကလူတွေရောဘယ်လိုမြင်ပါသလဲ ?????????????


သူသည် ရေးလက်စများကို ပြစ်ထားရင်း အိပ်ငိုက်နေမိသည်။ သလောက ကြုံးဝါးထားသော စကားလုံးများသည် လေဟာနယ်ထဲတွင် လွင့်မြောပျောက်ကွယ်လျှက်ရှိသည်။ စာရေးဆရာဖြစ်ရေး ဦးတည်ချက်ဖြစ် ဘာစာပဲလာလာ ဘာလာလာ သူကတော့ တွေ့သမျှကြုံးဖတ်လေ့ရှိခဲ့သည်။ ခုများ ထို စာအုပ်များကို လုံးဝ ကောက်မကိုင်နိုင်သည့်အပြင် ယားလို့မှ မကုတ်အားတဲ့အဖြစ်သို့ရောက်နေ၏။ မန်းလေးဂေဇက်မှ ရေးသူများ၏ စာများကိုဖတ်ပြီး သကာလ အားများပြန်တက်လာကာ ရေးဦးမှဟု တွေးမိသည်နှင့်တပြိုင်နက် သူဦးနှောက်က ကဘောက်သိ ကဘောက်ချာ စတင်တွေးတော အလုပ်လုပ်တော့သည်။ ကုန်ကြမ်းဟူသည် စာရေးသူအတွက် မရှားလင့်ကစား ရေးတတ် တွေးတတ်ရန်မှာ ပါရမီပါမှလည်းဖြစ်မည်ဖြစ်ရာ သူကတော့ ဇွဲကိုအခြေပြု၍ လုံ့လကိုစိုက်ထုတ်ကာ ပါရမီကို အားစိုက်ထုတ်သူဖြစ်နေလေသည်။ သူတကာရေးသောစာများဆီမှ ယူသင့်သော ပညာများကိုယူကာ( အတုခိုးသည်ဆိုချင်ဆို သင်ဆရာ မြင်ဆရာဟု သတ်မှတ်ကာ) သူ၏အတွေးများကို ရှင်သန်ထမြောက်စေခဲ့သည်။ သူ […]


သူရႆဝါAugust 27, 20116min39116
အခုတလော ဘာစာမှလည်း အသစ်မရေးဖြစ် ခဲ့တာကြောင့် ကျွန်တော့် Blog ကို ပြန်မွှေလိုက်တော့ ထွက်လာတဲ့ တင်ပြီးသား ဟာသ ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “၂၁ ရာစု ဒဿဂီရိ” ပါတဲ့။ တကယ်တော့ ဒီဝတ္ထုတို လေးဟာ ကျွန်တော့် စာပေဘဝရဲ့ အမှတ်တရပါ၊ မှတ်တိုင် တစ်ခုပါ။ ဘာလို့လည်း ဆိုတော့ ၂၀၀ရ ခုနှစ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှာ ဟာသဝတ္ထုတို ပြိုင်ပွဲ လုပ်တော့ ကျွန်တော် ဒီဝတ္ထုတိုလေးနဲ့ ဆုရပြီး စာပေလောကထဲ စရောက် ခဲ့ပါတယ်။ ပထမဆုံး ရေးဖြစ်တဲ့ ဟာသဝတ္ထုက ဆုရတာ တစ်ကြောင်း၊ စာပေလောကထဲ ပထမဆုံး ရောက်စေခဲ့တဲ့၊ ပထမဆုံး လောက်လောက် လားလား ပုံနှိပ်ဖော်ပြ ခံခဲ့ရတဲ့ […]


Moe ZAugust 23, 20111min2088
သဂျီးနဲ့ MG ရွာသူရွာသားအပေါင်း မင်္ဂလာပါ။ Post တစ်ခါမှမရေးဘူးလို့ ဖတ်ရတာအဆင်မပြေရင်လဲ သည်းခံပြီးဖတ်ပေးကြပါ။ မိုးစက်ဆိုတဲ့နာမည်ကို စတန့်ထွင်ပြီး Moe Z လို့ ငပိသံနဲ့ရေးတာကို သဂျီးက ဘိုသံနဲ့ မိုးဇီးလို့ခေါ်လိုက်တော့ ငိုအားထက်ရယ်အားသန်ပါပဲ၊ ပြီးတော့ ကိုရင်တဲ့ ဟီး..ဟီး .. မိုးစက်တို့ အင်္ဂလန် သွားစရာမလိုပဲ ဘဝပြောင်းသွားပြီ။ မိုးစက်တို့ငယ်ငယ်တုန်းက အခုလို ipod, ipad, computer ဆိုတဲ့ဟာတွေမရှိတော့ အခုခေတ် ကလေးတွေလို အလုပ်မရှုပ်ဘူး၊ ကျူရှင်ဆိုတာလည်းကြားတောင်မကြားဘူးတာနော်။ ကျောင်းကပြန်ရောက်ရင် အိမ်စာလုပ်၊ ပြီးရင်ကျောင်းနဲ့ပတ်သတ်တဲ့အလုပ်ကပြီးပြီ။ Entertainment ဆိုလို့ တစ်ချိန်လုံးတရှဲရှဲမြည်နေတဲ့ ရေဒီယိုလေးတစ်လုံးရယ် black & white တီဗီလေးတစ်လုံးရယ်ဒါပဲရှိတာ။ စနေနဲ့ တနင်္ဂနွေဆိုရင်တော့ ရွာရိုးကိုးပေါက်လျှောက်ကစားတာ ထမင်းမေ့ဟင်းမေ့ပဲ။  စာဖတ်တာလည်း တော်တော်ဝါသနာကြီးတယ်။ ရွှေသွေး နဲ့ […]


နည်ရဲဇော်August 21, 20111min28312
31 March 2011 14:35:24 ချယ်ရီပင်ကိုင်းကျိုး “ကျောင်းဆင်းပြီးလည်းကျွန်တော်ဆက်နေလို့ရပါတယ်“ဆရာဟားဘတ်ကိုကျွန်တော်ပြောလိုက်တယ်။ “ဒါပေမယ့် ကျွန်တော့်ကိုကြိမ်နဲ့ရိုက်ပြီးကျောင်းစောစောဆင်းပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အဖေကကျောင်းကအပြန်နှစ်နာရီနောက်ကျလို့ ကျွန်တော့်ကိုကြိမ်နဲ့စော်မှာပဲ။ “မင်းကကြိမ်နဲ့ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး´´ဆရာဟားဘတ်ကပြန်ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကိုအဲဒီချယ်ရီပင်ကို သွားတက်တဲ့အတွက် ဒဏ်တော့ပေးမှရမယ်။ မင်းတို့ကောင်လေးတွေပိုသိပါတယ်။ တခြားငါးယောက်ကတော့ တစ်ယောက်တစ်ဒေါ်လာပေးပြီးပြီ။ မင်းတစ်ယောက်ပဲ အဲဒီအပင်ဖိုးလျော်ဖို့ကျန်တော့တယ်။ မင်းကွာ တစ်ဒေါ်လာလေးတောင် ချေးလို့မရဘူးလား။“ “ဟင့်အင်း“ကျွန်တော်ဖြေလိုက်သည်။ “ကျွန်တော်ပြစ်ဒဏ်ပဲခံမယ်။ ခပ်မြန်မြန်ပြစ်ဒဏ်မျိုးဖြစ်ရင်ကောင်းမယ်။ ကျွန်တော်မကြောက်ပါဘူး“  ဆရာဟားဘတ်ကကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဆရာကလူကောင်ကြီးသူဖြစ်သည်။ မီးခိုးရောင်ဝတ်စုံဝတ်ထားသည်။ သူ့ဝတ်စုံက သူ့ဆံပင်ဖြူတွေနှင့်လိုက်ဖက်လှသည်။ “ဆရာကျွန်တော့်အဖေအကြောင်းမသိပါဘူး။ သူကရှေးဆန်တယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အသက်နှစ်ဆယ့်တစ်နှစ်အထိ သူစကားလိုက်နာရတုန်းပဲ။ သူက ကလေးကိုအလိုလိုက်ရင်ပျက်စီးတတ်တယ်ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံးတဲ့သူပဲ။ သူ့ကို ချယ်ရီပင်ကိစ္စနားလည်အောင်ဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့အမျိုးထဲမှာ တစ်ဦးတည်းသောပထမဆုံးအထက်တန်းကျောင်းတက်နိုင်တဲ့သူလေ။ ဆရာက“ကဲ ဒါဆိုရင်တော့ မင်းပြစ်ဒဏ်ခံမှဖြစ်မယ်။ မင်းဒီနေ့ကျောင်းဆင်းပြီးနှစ်နာရီ၊ မနက်ဖြန်နှစ်နာရီနေရမယ်။ မင်းကို တစ်နာရီကိုနှစ်ဆယ့်ငါးပြားပေးမယ်။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ဒီပိုက်ဆံဟာတော်တော်များတဲ့ငွေပဲ။ မင်း […]


alinsettAugust 19, 20111min32511
အမေဇုန်ဒဏ္ဍာရီတစ်ပုဒ် ဖတ်ဖူးပါတယ် ။ ဘုန်းကြီးတစ်ပါးက ဘုရားကို ငရဲ နဲ ့ နိဗ ာန် အကြောင်း သိချင်ပါတယ် လို ့ ပြောသတဲ ့။ ဘုရားက ငရဲ ကို ပြမယ် ဆိုပြီး အခန်းတစ်ခု ထဲ ကို ခေါ်သွားတယ်။ အဲဒီ အခန်းထဲမှာ စားပွဲကြီး တစ်လုံး ၊ အလယ် မှာတော့ အလွန် အနံ ့အရသာ ရှိပုံရတဲ ့ အသားဟင်းတစ်ခွက်…ရှိတယ် ။ စားပွဲရဲ ့ ပတ်လည်မှာတော့ လူတွေထိုင်နေကြတယ် ။ ခက်တာက အဲဒီလူတွေကို ထိုင်ခုံတွေမှာ ကြိုးနဲ့ ့ပူးချည်ထားတာပဲ…။ အဲဒီလူတွေကလည်း အပြင်းအထန် ဆာလောင် ငတ်မွတ်နေကြတယ် ။ သူတို […]


ဆူးAugust 16, 20111min53733
မနက် ၆နာရီ ထိုးပြီ။ အိပ်ယာက ရုတ်တရက်ထပြီး နာရီကြည့်လိုက်မိတဲ့အခါ ၆နာရီ ထိုးနေတာ မြင်တဲ့ အတွက် ကဗျာကယာ အိပ်ယာထပြီး မျက်နှာ မသစ်ခင်မှာပင် ထမင်းအိုးတည်ရန်ပြင်ဆင်ရသည်။ ထမင်းအိုးတည်ပြီးသော် မျက်နှာသစ်ပြီး အိမ်သားအားလုံး နိုးရပါတော့သည်။ သားရေ.. သမီးရေ.. အဖေကြီး.. ထတော့.. အလုပ်နောက်ကျမယ်။ အော်ဟစ်ဆူပူပြီး အားလုံး ဆက်မအိပ်နိုင်သော အခါ မျက်စိပွတ်ပြီး အလျှိုလျှို အိမ်နောက်ဖေးခန်းသို့ ဝင်ကာ မျက်နှာသစ်သူနှင့် အိမ်သာဝင်သူ ကလည်း အိမ်သာဝင် အလုအယှက် လုပ်ပြီး ပြင်ဆင်ထားတဲ့ ထမင်းချိုင့်ကို ဆွဲပြီး အလုပ်ကိုယ်စီ ကျောင်းကိုယ်စီ သွားပါတော့တယ်။ အိမ်သားများ အားလုံး လူစုခွဲပြီး လိုရာ ခရီးသွားပြီးနောက်မှာတော့ အိပ်ယာထဲမှ စိုစိုရွဲနေတဲ့ ကလေးငယ်က ထပြီး အော်ဟစ်တာကို ဖြေရှင်းပေးရပါတော့တယ်။ […]