Myanmar Web DesignerMarch 27, 20131min2222
ကျွန်တော်တို့ www.mmwebsharing.blogspot.com ကို http://www.myanmarwebdesigner.com/blog သို့ ပြောင်းရွှေ့လိုက်ပါပြီ။ တစ်ချို့ mmwebsharing blog မှာ အဆင်ပြေပြီးသားဟာတွေတော့ အဆင်ပြေဦးမှာမဟုတ်ပါဘူး၊ ဥပမာ post တင်ပြီးတိုင်း email ထဲ ပို့ပေးတာတို့ ဘာတို့ပေါ့။ အဲဒါတွေကိုတော့ နောက်မှ ပြန်လုပ်ပေးပါ့မယ်။ blogspot နဲ့ကျတော့ သိပ်ပြီး အဆင်မပြေတဲ့ အပိုင်းလေးတွေလည်းရှိသလို ပိုကောင်းတာတွေလည်းရှိပါတယ်။ ဒါပေမယ့် အဓိကကတော့ ပိုပြီးတော့ pro ဆန်သွားအောင် http://www.myanmarwebdesigner.com ရဲ့ အောက်မှာပဲ wordpress install လုပ်ပြီးတော့ ရေးတော့မယ်လို့ စိတ်ကူးမိပြီးတော့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော်တို့ blog မှာ အိုင်တီနည်းပညာနဲ့ ပတ်သတ်ပြီးတော့ ဗဟုသုတတွေ အပါအဝင်၊ တစ်ကယ်အသုံးဝင်တဲ့ သင်ခန်းစာတွေကိုလည်း share ပေးနေတာဖြစ်ပါတယ်။ နောက်လည်း share […]


Mobile HouseMarch 24, 20137min2253
မြန်မာ နိုင်ငံ မှ  Android user  များ  play store တွင် ဝင် ရောက် ဒေါင်း လို့ ရပြီ ။   ဖုန်း ထဲ ရှိ Play store မှာ တိုက် ရိုက် ဒေါင်း နိုင်သလို ကွန်ပြူ တာ မှ လဲ ဖုန်း ထဲ သို့ တိုက် ရိုက် ဒေါင်း ထည့် ပေးနိုင်သည် ။ ကွန်ပြူတာ မှ လည်း ဒီ https://play.google.com/store  လင့် မှ နေ ပြီး မိမိ နှစ်သက် ရာ Application နှင့် Game များကို […]


ဒီနေ့ ဘာဖွရင် ကောင်းမလဲ စဉ်းစားတော့ တနေ့က ဒေါ်ခင်မမမျိုးရဲ့ ရင်ကိုထိမှန်စေခဲ့သော မြှားချက်များ ပို့စ်မှာ ကြံ့ဖွတ်စည်းရုံးရေးမှူးဟောင်း အင်ဖော်မာ ကပေရဲ့မှတ်ချက်“ စစ်ကိုင်းတိုင်း ရဲမှူးဂျီးက ဒေါ်စု သာ တစ်ခုခုဖြစ်ကြည့် အထက်အမိန် ့မပေးထားပေမယ့်လဲ အကုန်ပစ်သတ်မယ်လို ့ကြိမ်းတယ်” ကိုဖတ်ရတော့ ဒီမိုး ဒီရေနဲ့ ဒီလေအောက် ဘုန်းဂျီးရူးနဲ့ လှေလူး တွေ့နေဂျပီလို့ တွေးမိတယ်။ သူလုပ်တာနဲ့ ဆန္ဒပြသူတွေက သေဒဏ်ပေးဖို့သင့်တဲ့ လူဆိုးတွေဖြစ်လို့…. အခြားသူတွေလည်း ဘာထူးလဲ … ဆန္ဒပြသူတွေကို ငတုံးငအ အရိုင်းအစိုင်းတဲ့။ ထောက်လှမ်းရေးလည်း မျက်နှာဖုံးစွပ် ရေးလို့ဖြစ်တာမို့ မထူးဆန်းပေမဲ့ ကိုယ်သိနေတဲ့ ရွာသားအချို့ပါ ပြောကြတာမို့ စိတ်ဘဝင်မကျ ဖြစ်မိတယ်…..။ သူတို့လည်း ကျနော့်ကို စနိုးစနောင့် ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အပြန်အလှန်ပေါ့။ သက်ရောက်မှုတိုင်းမှာ […]


တရုတ်ဝမ်ပေါင် အကျိူးတော်ဆောင်ကုမ္မဏီ … ဆောရီး :kwi: ကြေးနီတောင် ကော်မရှင် ကျပ်သန်းငါးထောင် လျော်ကြေး ထပ်ပေးတော့မယ် ဆိုပဲဗျ…၊ တပတ်အတွင်းမှာ လုပ်ငန်းစမယ်တဲ့။ ကော်မရှင် အကြံပြုချက်ကို ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္မဏီတို့ကလည်း သဘောတူတယ် ကြေငြာတယ်။ မဟုတ်မှလွဲရော ဘွားဒေါ်ဂျီးကော်မရှင် လပေါင်းများစွာ အချိန်ယူနေတာ အချက်အလက် စုံစမ်းနေတာ မဟုတ်ဘူး၊ တရုတ်ကုမ္မဏီ၊ စစ်တပ်ဦးပိုင်တို့နဲ့ ကြိတ်ဆွေးနွေးနေတာဗျို့။ ကြားလူခုံသမာဓိ နေရာယူပြီး အဲလိုတော့ လုပ်ဖို့မသင့်ဘူးနဲ့တူတယ်။ လုပ်လည်း ပွင့်ပွင့်လင်းလင်း နှစ်ဖက်ကို ချပြပေါ့။ အခုတော့ တဖက်သတ်ကြီး.. စဉ်းစားကြည့်လေ ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံရမည့်သူတွေက လွယ်လင့်တကူ ခေါင်းငြိမ့်ပြတာ၊ ဘွားဒေါ်ဂျီးကို ယုံကြည် လေးစားလွန်းတာ တခုထဲနဲ့ ဟုတ်ပါ့မလား။ တရုတ်တွေ ယုံပေမဲ့ ပြည်တွင်းမှာ ယုံကြည်မှု နည်းလာနေတယ်။ […]


ဝမ်ပေါင်စီမံကိန်း ဆက်လုပ်မယ်လို့ ဘွားဒေါ်ဂျီး ပြောလိုက်ပါပြီ။ ဘာဆက်လုပ်မလဲ ငုံ့ခံမလား တုံ့ပြန်မလား။  တကယ်တော့ ဝမ်ပေါင်အရေးအခင်း စုံစမ်းရေးကော်မရှင်ဆိုတာ အချိန်ဆွဲမှု သက်သက်တခုထက် ပိုပုံမရဘူး၊ အင်္ဂလိပ်လို time buying ခေါ်တာပေါ့နော်။ ခုထွက်လာတဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ဖတ်ကြည့်ပါ၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘဲ ဘက်နှစ်ဘက် ကြားချထားတဲ့ အပြောတွေသာ ဖြစ်နေတယ်။ ဒီလောက်တော့ ကြောင်တဂေါင်ထဲ အမြီးနှံ့ လုပ်တတ်တယ်။ လူတွေတလှေဂျီးနဲ့ လေးငါးလလောက် အချိန်ဖို့ မလို…..မလို။ ကြားထဲ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ဆွဲထည့်လိုက်သေးတယ်။ ဟိုကအချိန်မှီရှောင်နိုင်လို့ပေါ့ နို့မို့ရင် ငပိကြား ဆားအသိပ် ခံရအုံးမယ်။ ဘွားဒေါ် ၂၀၁ဝခုနှစ် ရွှေဂုံတိုင်မူဖျက်ပြီး ရွေးကောက်ပွဲ ဝင်ထဲက ဘယ်ခြေလှမ်း လှမ်းနေလဲ တွေ့နေရတာပဲ။ အခုဆို နိုင်ငံရေး […]


NovyMarch 12, 20132min70827
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူကို  ၁၀.၃.၂၀၁၃ နေ့မှာ အောင်မြင်စွာနဲ့ သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်၊ ရွာသူားအပေါင်းလည်း သာဓုခေါ်ကုသိုယ်ယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်၊ သာကေတမြို့နယ် ၊ (၁၀) မြောက်ရပ်ကွက်ထဲက ၊ ငှက်ပျောကျွန်း သီလရှင် ပရိယတ္တိစာသင်တိုက်နှင့်နယ်စပ်ဒေသတိုင်းရင်းသူလေးများစောက်ရှောက်ရေးနှင့် ပညာသင်ကြားရေးကျောင်းဖြစ်ပါတယ် ကျောင်းရဲ့မျက်နှာစာ – photo from အိတုံး ကျမတို့ ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ ဆရာလေးဒေါ် ဥတ္တရဉာဏီ နဲ့ ကလေးအချိုသာတွေ့ခဲ့ရပါတယ်ကျန်တဲ့သူတွေကတော့ဘုရားဖူးသွားကျတယ်လို့ ပြောပါတယ် ဆရာလေးကိုပဲသိချင်တာလေးတွေမေးပြီး စာရေးကိရိယာပစ္စည်းတွေနဲ့ လှူငွေနဲ့ ကိုပေရဲ့ဒါန SEIKO နာရီ ကို လှူဒန်းခဲ့ပါတယ် ကိုပေရဲ့ဒါန- photo from အိတုံး စာရေးကိရိယာပစ္စည်းတွေ အပြုံးကိုယ်စီ   ဆရာလေးဒေါ် ဥတ္တရဉာဏိရဲ့ပြောပြချက်အရသိခဲ့တာတော့ ဒီကျောင်းလေးကို (၁၉၉၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ […]


ကြာပါပြီ.. ဘာမှလဲ မထုူးသေးပါဘူး ဂျာနယ်မှာ လဲ ဖတ်ရပါတယ်.. ဖေ့ဘွက်မှာလဲ တွေ့ပါတယ်.. မပြောင်းလဲပါဘူး ရေးထားပြီးသားလဲ ဖြစ်မယ်ထင်ပါတယ်. ဒါကတော့ ကျုုပ်ရဲ့ကိုယ်တွေ့လေးပါ ဆူးလေက စောရဆိုတာတွေကတော့ ဆူးလေ မြို့တော်ခန်းမရှေ့၊ လွတ်လပ်ရေးပန်းဲခြံဘေး၊ ၃၅ လမ်း နားမှာ တွေ့တွေ့နေရတဲ့ လက်လှည့်ဝိဇ္ဖာ  စောရများဖြစ်ပါတယ်.. အဲဒီနားက ဖြတ်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်တာနဲ့  လဲမလားအကို အစိမ်းလား ဈေးကောင်းတယ် နော် ဆိုပြီး လက်ထဲမှာ ပိုက်ဆံ ထပ်ကိုင်ပြီး မျက်လှည့် ပြစား နေတဲ့ သူတွေကို တွေ့ရမှာ ဖြစ်ပါတယ်.. အရင်တခေါက်ကလဲ ဆူးလေမှတ်တိုင်မှာ နိုင်ငံခြားသားတွေနဲ့  စကားများနေတာ တွေ့ခဲ့ရပါသေးတယ်.. မနေ့ကလဲ facebook မှာ နိုင်ငံခြားသားတွေကို လုပ်စားနေတာကို ဖတ်လိုက်ရပါသေးတယ်.. ကျုပ်လဲ မြို့ထဲ သွားရင်း အဲဒီကောင်တွေ လိမ်နေတာတွေကို မြင်ရတာ ၃ ခါလောက်ရှိပါပြီ.. ကျုပ်ကိုယ်တိုင် ကြုံတာကတော့ ၂ ခါ.. ဒါပေမယ့် ကျုပ်က လူလည်ကိုးဗျ.. သကောင့်သားတွေဘယ်ရသွားမလဲ ဟဲဟဲ ပထမတခါက မြို့တော်ခန်းမဘေးမှာ ရောင်းမယ်ဆိုတော့ […]


အရင်က မရခဲ့တာအခုရနေတာအမှန်ပါဘဲ     ဟိုအရင်ကျနော်တို့ခပ်ငယ်ငယ် မဟေသီ မဂ္ဂဇင်း မှာထင်ပါတယ် မြန်မာရုပ်ရှင်လောက က အနုပညာကဝေလို့တင်စားခံရတဲ့ မို့မို့မြင့်အောင်ပုံ ပါတဲ့ လ အပိတ်ခံလိုက်ရတယ်။ ထွက်ပြီးမှ ပြန်လိုက်သိမ်းတာပါ။ မှတ်မှတ်ရရ ဖိနပ်ငုံ့ပြီးချွတ်နေတဲ့ပုံလေးလား မသိ။ အမျုးိသားယဉ်ကျေးမူ့နဲ့မကိုက်ညီလို့တဲ့။ နောက် ဂျာနယ်တွေစာစောင်တွေ မဂ္ဂဇင်းမှာလဲ ငွေမှင်နဲ့ပိတ်လိုပိတ်။ အမဲရောင်နဲ့ပိတ်လို့ပိတ်။ အမျုးိသားယဉ်ကျေးမူ့နဲ့ဆန့်ကျင့်လိုပါတဲ့။                 အခုတော့ ညို့မဂ္ဂဇင်းထဲကပုံတွေတို့ ဂျာနယ်ထဲကပုံတွေ ကားကြော်ငြာတဲ့ပုံတွေ အားကစားစာစောင်တွေမှာလဲ ပါတဲ့နိုင်ငံခြားက နဲ့မြန်မာပြည်က မော်ဒယ်ပုံလေးတွေမြင်ရတော့ အင်းအရင်က မရခဲ့တာတွေ့ အခု ရနေပြိဆိုတာ သိလိုက်ရပါတယ်။ ဟိုအရင်က မြန်မာပြည်မှာဆိုရင် ပုံနှိပ်လောကရော တီဗွီမှာပါ ဆေးလိပ်အရက်ဘီယာ ကြော်ငြာလို့မရပါဘူး။ အဲဒါတွေကြော်ငြာချင်ရင် […]


ဘဲရႈပ္February 25, 20131min2717
သံတွဲမြို့နယ် ဂွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးရွာနေ ဒေါ်ပိန်ပိန် (ဦးပုတို အသက် ၅၀) နှစ် ၊ ရခိုင်/ ဗုဒ္ဓဘာသာ ကျဘမ်းအလုပ်လုပ်သူ နှင့် သမီးဖြစ်သူ မဝင်းခင် (အိမ်ထောင်မရှိ/ အပျို) အသက် ၃၄ နှစ် သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ဘုန်းကြီးကျောင်း ဝင်းအတွင်းရှိ ကာရာအိုကေ သီချင်းဆိုပွဲသို့ သွားရောက်ကြည့်ရှူ ခဲ့ကြပါသည် ။ ထိုသို့ ကြည့်နေစဉ်အတွင်း မဝင်းခင်မှာ ညနေ ရနာရီအချိန်ခန့်တွင် ပွဲခင်းအပြင်ဘက် မုန့်ဝယ်စားရန် ထွက်သွားခဲ့ရာ နာရီဝက်ကျော်သည် အထ်ိ ပြန်ရောက်လာခြင်းမရှိ၍ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန် နှင့် အတူပွဲကြည့်နေသူ တရွာတည်းနေ မခင်သန်းမေ တို့မှ လိုက်လံရှာဖွေခဲ့ရာ မဝင်းခင်မှာ ဘုန်းကြီးကျောင်းအရှေ့ဖက် […]


မောင်ဆန်းFebruary 21, 20131min78933
လမ်းမှာ တွေ့ခဲ့တာလေး သာမန် အခြေအနေ တစ်ခုလို့ မယူဆ လို့ ရွာသူားတွေကို ပြောပြချင်ပါတယ် အဲ နဲနဲ ဖွ ချင်ပါတယ် ဖွ ခွင့်ပြုပါနော… ဒီရက်ထဲ ရန်ကုန်မြို့က ပြည်လမ်းမကြီးဘေး ဆက်သွယ်ရေးက ကြိုးလိုင်းတွေ မြုပ်ဘို့ မြောင်းတွေ တူးနေတာ တွေ့တယ် ၊ တူးတာက ယောကျာင်္၊မိန်းမတွေ အပြင် ၈/၉ နှစ်အရွယ် ကလေး ငယ်တွေပါ ပါနေလို့ စိတ်မကောင်းဖြစ်မိသေး ဒီအချိန် ဒီအရွယ်ကလေးငယ် တွေ စာသင်ကျောင်းတွေမှာ စာမေးပွဲ ဖြေနေရမဲ့ အချိန် မသင်မနေရ မူလတန်းပညာရေးဆိုတာ သူတို့နဲ့ မဆိုင်လို့လား ကလေးအလုပ်သမား မခိုင်းရဘူးဆိုတာ ဘယ်သူတွေကိုလဲ ငေးမိ တွေးမိ ပေမဲ့ တခြားလူတွေ သွားပြောမိရင် ငါတို့ ဆီ […]


ေမာင္ရိုးFebruary 19, 20131min51427
လွန်ခဲ ့တဲ ့ရက်ပိုင်းက ဖတ်ခဲ့ရတဲ ့အမြန်လမ်းက သတင်းကိုအကြောင်းပြုရင်း ဒီပို ့စ်ကိုရေးမိတာပါ ။ မူရင်းသတင်းကိုလည်း ခွင် ့တောင်းပြီး အောက်မှာကူးတင်ပေးထားပါတယ် ။ အမြန်လမ်း ကသိတဲ့အတိုင်းပဲ ပဲခူးရိုးမတောင်ခြေနားက ကပ်ပြီး ဖေါက်ထားတာဖြစ်တဲ ့အတွက် ပုံမှန်အားဖြင် ့ လူနေမြို ့ရွာများနဲ ့ ဝေးပါတယ် ။ ဒါကြောင် ့ တစ်ခုခုဖြစ်ရင် အကူအညီ မလွယ်သလို လုံခြုံရေးလည်း မကောင်းလှပါဘူး။ သိပ်မကြာခင်က ကြားမိသေးတယ် ….. ညဖက် အမြန်လမ်းပေါ်မှာ တုံး တစ်ချို ့တားပြီးလက်ဆော ့ထားတာ ။ ဒါနဲ ့ တွေ ့ကာစက ဓားပြ တိုက်တာလားလို ့ လန် သွားပေမဲ ့ ကိုယ်တိုင် […]