YE YINT THUAugust 22, 20121min632
လက်ရှိအငြင်းပွားနေတဲ့ လွှတ်တော်နဲ ့ဖွဲ ့စည်းပုံအခြေခံဥပဒေခုံရုံး ကိစ္စမှာ ဘယ်ဖက်က မှန်တယ်လို ့ယတိပြတ် မဝေဖန်လိုပေမယ့် ပြည်ပရောက် ရှေ ့နေ ဦးအောင်ထူးနဲ ့DVB တို ့ရဲ ့အမေးအဖြေကဏ္ဍမှာ ပါတဲ့ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက်ကလေးက တော်တော် လေးစိတ်ဝင်စားဖို ့ကောင်းတဲ့ အတွက် ရွာသား အပေါင်းကို ဗဟုသုတအဖြစ် မျှဝေပေးတာပါ။ မေး။ လက်ရှိဖြစ်နေတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ ့ဆုံးဖြတ်ချက်တွေကို ပြည်သူ ့လွှတ်တော်ကလည်းမကျေနပ်ဘူးလို ့ပြောနေတယ်။ အဲဒါကိုရောဘယ်လိုသုံးသပ်လို ့ရလဲ။ ဥပဒေဆိုင်ရာပေါ့နော်။ ဖြေ။ “ နှစ်ပိုင်းရှိတယ်။ တပိုင်းကပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့က ကော်မတီနဲ ့ကော်မရှင်တွေကို ဘယ်လိုဖွဲ ့စည်းလဲဆိုတာနဲ ့ဆိုင်ပါတယ်။ ပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့ကဖွဲ […]


ကို သာAugust 21, 20121min843
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ်လ ၂ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းခဲ့သည်။ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အတူ […]


YE YINT THUAugust 21, 20121min24117
KEY NET လို ့ပြောရမလား၊ ရွှေသံလွင်လို ့ဘဲဆိုရမလား??? အခုတစ်လောလူပြောများနေတဲ ့ကိစ္စကတော့ သူ ့ရဲ  ့ဂြိုလ်တုပြောင်းလဲမှာဖြစ်တဲ့အတွက် လစဉ်ကြေးပေးပြီး sky net ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ စလောင်းထိပ်ဖူးပြောင်းလဲ တပ်ဆင်ရမှာမို ့ကျပ် ၈၀၀ဝ ပေးပြီးထိပ်ဖူးပြောင်းရဦးမယ်တဲ့ဗျ။ လူးပါးဝတယ်လို ့ဘဲပြောရမလား? ခြံစည်းရိုးထင်းခွေတယ်လို ့ဘဲဆိုရမလား? သူ ့ဂြိုလ်တုပြောင်းလဲဖို ့အတွက် လစဉ်ကြေးပေးပြီးကြည့်နေတဲ့သူတွေက စရိတ်ခံပေးရမယ့် သဘောပေါ့ဗျာ။ တစ်လုံးကို ၈၀၀ဝ ကျပ်ဆိုရင် အလုံးရေ တစ်သိန်းဆို သိန်းပေါင်း ၈၀၀ဝ ထပ်ရှာတဲ့သဘောပေါ့။ အဲဒီလိုသာ သိန်း ၈၀၀ဝ ထပ်ရှာတာ ၊ ဘောလုံးပွဲတွေကျတော့ အခုထိ အင်္ဂလန် premier league ပွဲတွေကို MRTV4 တို ့chanel 7 တို […]


sai saimgAugust 19, 20121min1986
တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုအားယနေထိအရေးမယူခဲ့ပါ၊ဘဲစုံစမ်းရေး ကော်မရှင်ဖွဲကာ ဆောင်ရွက်ခဲ့သော်လည်းယနေထိမည်သို့မှအရေးယူခြင်းမရှိသဖြင့်စိတ်ပျက် နေကြကြောင်းသံတမန်ရေးရာနှင့် နိုင်ငံတကာလေ့လာသူများမှပြောဆိုနေကြပါသည်။တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ဘက်လိုက်မှုရှိခြင်း၊ဘာသာရေးဖိနှိပ်မှုရှိခြင်းကိုထင်ဟတ်ဖေါ်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ တောင်ကုတ်လူသတ်အကြမ်းဖက်မှုကို စူံစမ်းရေးကော်မရှင်ဖွင့်လှစ်ကာဆောင်ရွက်ခဲ့သော် လည်း ယနေထိအရေးယူခြင်းမရှိခဲ့ ပါ၊ ယခုတဖန် နိုင်ငံတော်သမ္မတကြီးမှရခိုင်အရေးအခင်း စူံစမ်းရေး ကော်မရှင် ခန့်ထားစုံစမ်းခိုင်ပြန်ပြီဟုသိရှ်ိရပါသည်။ သို့သော်စုံစမ်းရေးကော်မရှင် တွင် ရခိုင်အရေးအခင်း ဖန်တီးသူဟု နိုင်ငံတဝန်းလုံးက ယူဆ နေသောပါတီဖြစ်သည့် RNDP ပါတီမှ အေးမောင် တို့အား ခန့်ထားလိုက်ခြင်းဖြင့် သူခိုးခေါင်းဆောင်တင်ကာ စူံစမ်းခိုင်းထားသလို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုများစွာစိတ် ပျက်မိကြောင်း ဝါရင်နိုင်ငံရေးသမားများကပြောဆိုနေကြပါသည်။ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာလေးကို ဖတ်ရုံမျှဖြင့် မြန်မာနိုင်ငံတရားဥပဒေစိုးမိုး ရေုးဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်းတင်ပြလိုက်ရပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူ ပဋ္ဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ၂၀၁၂ ခုနှစ် ဩဂတ်စ်လ ၁ရ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ပြီ […]


၂၀၁၂  ခု၊ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များတွင်  နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရုံးမှာ “နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်း အစည်းအဝေးမှ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် (Center of Excellent ဟူ၍) ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်..။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး […]


DaveAugust 13, 20121min981
မန ္တလေး ကိုင်းတန်းညဈေးကို မူလတည်နေရာ ၂၉လမ်းနှင့်လမ်း၃ဝကြား၊ ၈၄လမ်းနှင့် ၈၅လမ်းကြားမှ ၄၁လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ မန ္တလေးစည်ပင်သာယာရေးကော်မတီက အသစ်စီစဉ်ပေးသော တည်နေရာအသစ်သို့ အတေင်းအကြပ်ပြောင်းရွှေ့စေရာမှ မပြောင်းရွှေ့လိုသူများစုစည်းကာ ဇူလိုင်(၃၀)၊ ဩဂုတ်(၁)နှင့် ဩဂုတ်(၂)ရက်နေ့တို့တွင် မူလဈေးနေရာ၌ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ ဩဂုတ်(၈)ရက် ညပိုင်းတွင် ထိုနေရာ၌ပင် စုဝေးပြီး လူအင်အား(၃၀၀)ကျော်ခန့်ဖြင့် မြို့တော်ဝန်ရုံးစိုက်ရာ ၂၆လမ်းနှင့် လမ်း၇ဝ ထောင့်ရှိ မန ္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးအထိ စည်တန်းလှည့်လည်ကာ ထိုရုံး၏ အဝင်ပေါက်ရှေ့၌ ဆက်လက်ဆန္ဒပြကြသည်။ မြို့တော်ဝန်က ဖမ်းခိုင်းတာလား ထိုသို့ဆန္ဒပြနေသောလူအုပ်ကြီးကိုဦးဆောင်သည့် ခေါင်းဆောင်များကို မန ္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လုံခြုံရေးအတွက် ရဲများခြံရံလျက် လက်ခံ တွေ့ဆုံသည်။ ဆွေးနွေးဖြေရှင်းပေး ခြင်းမဟုတ်သော ယင်းတွေ့ဆုံမှုအပြီး မိနစ် (၃၀) ခန့်အကြာတွင် ဆန္ဒပြမှုဦးဆောင်ခဲ့သူများထဲမှ သုံးဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ […]


win win 11 win win 11August 13, 20121min459918
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ 3.5.2012 နေ့ကညဖစ်ပွားခဲ့တဲ့အရေးအခင်းမှာ သံတွဲမှ သတင်းပေးသူကတော့ ကျော်ကျော်(ခ) ထွန်းသန့်ကျော်(ခ)ပွကြီး(ခ)ပါလေရာ(ခ) ကပ်ဖား(ရဲအောင်လံဂိတ်မှူးပါ) ဒီလူက ဘယ်ကားမှာ ကုလားဘယ်နှစ်ယောက်ပါသွားတယ်ဆိုတာကို တောင်ကုတ်ကိုသတင်း ပို့သူပါ 29.4.2012 နေ့ကစပြီးတောင်ကုတ်မြို့ပေါ်မှာ သဟာရအသင်းမှစာတွေဝေ ဓါပုံတွေဖြန့် လုပ်နေတာကို ဒေသအာဏာပိုင်တွေက ဟန့်တားခြင်းမပြုပဲ အခင်းဖြစ်လာသည်ထိကြည့်နေ ကြပါတယ် ပြီးတော့ သက်သေမရှိဟုဆိုကာ ရေငုံနုပ်ပိတ်နေကြပါတယ် ပြောပြပါ့မယ် ပထမတရားခံက ကျောက်နီမော်က မော်တော်ပိုင်ရှင်တစ်ယောက်ပါ (နာမည်ရရင်တင်ပေးပါမယ်) ဆိုသူက ဒီခလေးမဓါတ်ပုံကိုအတင်းရိုက် ပြီးတော့ဆေးရုံမှာ ခွဲစိတ်ရန်ဝတ်လစ်စလစ်နဲ့ ဖြစ်နေတဲ့ပုံကိုတပည့်တစ်ယောက်အတင်းသွားရိုက်ခိုင်းပါတယ် ပြီးတော့ ဒီလူကရန်ကုန်ကိုတက်သွားပါတယ် ရန်ကုန်မှာကွန်ပျူတာနဲ့ ပြင်ပါတယ် ပြီးတော့ဂျာနယ်မှာဖွပါတယ် သတင်းမီဒီယာတွေဆီပို့ပါတယ် ပြောချင်တာက အဖြစ်ကျူးလွန်တဲ့တရားခံကိုတော့ အဲ့ဒီနေရာတင်သတ်ပစ်ရမှာပါ တော်တော်လူမဆန်တဲ့ကိစ္စပါ ကျွန်တော်တို့လဲ ရင်နာမိပါတယ် ပြီးတော့အဲ့ဒီ ကျောက်နီမော်က မော်တော်ပိုင်ရှင်က တောင်ကုတ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ရောင်း နေတဲ့ ကျောက်နီမော်ရွာသားဆိုသူဆီကိုဒီပုံတွေ […]


ခင္ခAugust 13, 20121min1285
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ရတနာဂီရိဂူကြီးတိုက်နှင့် မျက်နာခြင်းဆိုင်တွင်ရှိသည့် ပလပ်စတစ်၊ စက္ကူ၊ ပုလင်း အဝယ်လုပ်ငန်းတစ်ခုတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုုပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း CJMyanmar မှ သတင်းရရှိသည်/ Facebook မှာဝင်လာတဲ့ Mandalay Voice ကသတင်းမို့ ပြန်လည်ကူးယူဖော်ပြပေးလိုက်တာပါ။


ကို သာAugust 13, 20121min1566
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀ဝ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမဝါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀ဝ […]


ကို သာAugust 12, 20121min1351
နိုင်ငံတော်အစိုးရက ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။ အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။ ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက […]


“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ” မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။ “အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ” “ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ” အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။ ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။ နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။ တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။ နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။ ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။ ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။ ကျနော်ခပ်ငယ်ငယ်ကပေါ့။ မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။ အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။ အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။ ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို […]


ကို သာAugust 11, 20121min1217
စပ်မျိုးစပါးသည် စပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်သော်လည်း စနစ်တကျ စမ်းသပ်မှု မလုပ်ဘဲ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးလည်းဖြစ်သူ အ မျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးကပြောသည်။ စပ်မျိုးစပါးတွင် မျိုးစေ့အ ရည်အသွေး၊ ဒေသအလိုက်ရော ဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းမှု၊ ရေ မြေနှင့် ရာသီဥတု၊ တည်ငြိမ်သည့် အထွက်နှုန်း၊ တောင်သူတွက်ခြေကိုက်မှု၊ ပြည်တွင်းပြည်ပ ဈေး ကွက် ရောင်းတန်းဝင်မှု စသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ မရှိ စနစ်တကျ စမ်းသပ်မှုများ ဆောင်ရွက်သင့်ကြောင်း နေပြည် တော် ခရိုင်စိုက်ပျိုးရေးမန်နေဂျာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည့် ၎င်းက အမျိုးသားလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။ ”စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုး မှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် […]