ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ […]