အန်အယ်ဒီ အနေနဲ့ မှတ်ပုံတင် မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆုံးဖြတ်ရပါတော့မယ်။ မှတ်ပုံတင်ဖို့ သဘောတူကြပေမဲ့ ရွေးကောက်ပွဲကိစ္စ ကိုတော့ ဗဟိုကောက်မတီအဆင့် အကြေအလယ်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၄ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးမယ် ပြောထားပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (ကာ၊လုံ) က အနားကပ်ပြီးမှ လွှတ်မိန့်ကို ရပ်ဆိုင်းထားလိုက်ကြောင်း အာရ်အက်ဖ်အေ သတင်းမှာ ဖတ်လိုက်ရပါတယ်။ စစ်အုပ်စု အနေအထားက ရှင်းပါတယ်၊ အတိုက်အခံများ ပေးသမျှယူ ကျွေးသမျှစား အထွန့်မတက်နဲ့။ အခြေခံဥပဒေကို လေးစားလိုက်နာ ရမယ်၊ ရွေးကောက်ပွဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရမယ်။ နိုင်ငံရေးလှုပ်ရှားမှုများကို ပေးထားတဲ့ ဘောင်အတွင်း လုပ်ရမယ်။ အပြန်အလှန်အားဖြင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမယ်။ ကြားထဲမှာ အငြိမ်မနေ ဟိုတောင်းဆို […]


black chawNovember 15, 20111min55232
“ရွာသူားတွေ သူတို့ရဲ့ တံခါးစောင့်ကြီးကို မျှော်နေကြတယ်နော် အချိန် ရရင် ကို်ယ်ထင်ပြဦး”ရယ်လို့ ကိုရင် နိုဇိုမိက သတိပေးလာတဲ့ အတွက် သွားရင်းလာရင်း ရေးထားသမျှလေးတွေကို ချက်ခြင်းပဲ (ကိုရင် နိုဇိုမိရေ အမိန့် နာခံပါတယ်နော) ကိုယ်ထင်ပြလိုက်ပါတယ်ဗျာ။ အပျော်တမ်း အတွေးအရေးများလို့ သဘောထားပြီး အပြောအဆိုများ မှားယွင်းတာလေးတွေ ပါခဲ့ ရင် ခွင့်လွှတ်ကြပါလို့။ ဆရာ comegyi ၏ လေတိုက်ရာ အရပ်သို့ မျက်နှာမူကာ (၂) ဆိုတဲ့ ပို့စ်လေးကတော့ မော်ဒန်ကဗျာလေးတစ်ပုဒ်ပါ။ ကိုရှုံး က အားနာစွာနဲ့ ကွန်းမန့် လေးပေးထားပါတယ်။ ကိုသစ်မင်းကလည်း ကဗျာလေးတစ်ပုဒ်နဲ့ ကွန်းမန့်ပေးထားပါတယ်။ ကိုရှုံး ရဲ့ ကွန်းမန့်လေးကို အမှတ်တရ ဖေါ်ပြလိုက်ပါတယ်။ မြန်မာတော့ မြန်မာပဲ အက္ခရာတွေ စီကာတော့ စဉ်ထားတာပဲ […]


black chawNovember 8, 20111min67623
ဒီရက်ပိုင်း တက်လာသော ပို့စ်လေးများကို ဖတ်ပြီး ကျွန်တော် ကွန်းမန့် ဝင်ပေးနိုင်ခြင်း မရှိခဲ့ပါ။ ကြောင်ကြီး၊ ကိုသစ်မင်း၊ အဘ FR နှင့် သူကြီး kai တို့၏ ဆွေးနွေးချက်များကိုသာ ဖတ်ပြီး ငိုင်တွေငေးမော နေရသော အဆင့်ဖြင့် လေ့လာမှု နယ်ပယ် မကျယ်ပျံ့ပါသော ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်မိပါသည်။ သို့သော် လေ့လာရန်လိုအပ်သည်ဆိုတာကို ရိုးရိုးသားသား လက်ခံလိုက်ကာ အိမ်နားတွင်ရှိသော စာပေလောကသို့ ချီတက် ခဲ့ဖြစ်ပါသည်။ ဆိုင်မှ အရောင်းစာရေးမလေးထံမှ စာအုပ် နှစ်အုပ် ဝယ်ပြီး ညနေဘက် ထမင်းစားပြီးချိန်မှ စဖတ်ဖြစ်ပါသည်။ အရင်ဆုံးစကိုင်ဖြစ်သည့် စာအုပ်မှာပင် ရွာထဲမှ ကျွန်တော့်လို စာဖတ်ဘို့ အချိန်မရ သူများကို ဝေငှပေးချင်စိတ်ပေါက်လာခဲ့ပါသည်။ အပေါ်က ပုဂ္ဂိုလ်ကြီးများကြားတွင် ကျွန်တော်တို့လည်း လူရာဝင်အောင် […]


၅။ ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုအပ်ခြင်း။   (ပုံစံအားဖြင့် အရက်သေစာ မသောက်ရခြင်း) လူကိုယစ်မူးစေသည့် အရက်သေစာကို သတိမေ့လျော့စေတဲ့အထိ သောက် သုံးနေကြမယ်ဆိုရင် အလုပ်အကိုင်တွေပျက်၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် တွေပါ မှားယွင်းလာပြီး နောက်ဆုံး ကျန်းမာရေးတွေကို ထိခိုက်ကာ မငြိမ်းချမ်းသော အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူ့ငြိမ်းချမ်းမှုကို ထိခိုက်စေတဲ့ အရက်သေစာသောက်သုံးခြင်းကို ဆင်ခြင်သင့်ပေသည်။ ဥပမာပုံစံအားဖြင့် အရက်သေစာသောက်သုံးတာ တစ်ခုတည်းကို ပြောရ ပေမယ့် လူကိုယစ်မူးစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုတွေကအစ ပုံစံဖြည့် လိုက်နာကျင့် သုံးပေးဖို့ လိုပါတယ်။ ထပ်ပြီးပုံစံဖြည့် နားလည်ကြည့်ကြရမည်ဆိုလျင် ခေတ်မီကွန်ပျူတာ ဖျော်ဖြေ ရေး ကစားစရာတစ်ခုဖြစ်သည့် Gaims ဆော့ကစားမှုဟာလည်း လူကို ယစ်မူးစေပါ တယ်။ ထိုယစ်မူးသာယာစေတဲ့ Gaims ဆော့ကစားမှုကို […]


maungmoenyoNovember 7, 20111min1823
လွှတ်တော်(၂)ရပ်လုံး(သို့) တခုခုမှအတည်ပြုပေးလိုက်သော ဥပဒေကြမ်းတရပ်အပေါ် နိုင်ငံတော်သမ္မတထံ တင်သွင်းလက်မှတ်မထိုးခင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတင်ဘို့ အမျိုးသားလွှတ်တော်ကြီး ကအခုလက်ရှိဒုတိကအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ လွှတ်တော်(၂)ရပ်ပေါင်းက ဆုံးဖြတ်တာလို့ဆိုပါတယ်။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဌာန်းချက်များနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ပြည်သူ့လွှတ်တော် အခွင့်အရေးများဆိုင်ရာကော်မီတီရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာစိုးရင် (ယခင်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်လဲဖြစ်၊ ဥပဒေပါမောက္ခလဲဖြစ်သူ ကြံဖွံ့အမတ်) က ဥိးဆောင်တင်သွင်းကန့်ကွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဖြစ်ရတာက ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော် နဲ့ ဗိုလ်ချုပ်ရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် (၂) ခုတို့ရဲ့ အားပြိုင်မှုပါဘဲ။ မြန်မာနိုင်ငံအကြောင်းနားမလည်သူတွေ က ဒါဟာ ကောင်းမွန်တဲ့အားပြိုင်မှုလို့ရုတ်ချည်မှတ်ချက်ပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာဒီမိုကရေစီနည်းကျတဲ့ အပြန်အလှန်ဆွေးနွေး debate ပြုမှုလို့မြင်နိုင်ပါတယ်။ အတွင်းကျကျလေ့လာရင်ဒါဟာ အုပ်စုအားပြိုင်မှုတခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်ကသဘောတူညီထားပြီးကိစ္စတခုကို အဲ့ဒီလွှတ်တော်ကြီးထဲမှာပါတဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်တာကအတည်ဖြစ်သွားပုံရပါတယ်။ အံ့ဩစရာပါဘဲ အုပ်စုအားပြိုင်မှုဆိုတာမကောင်းပေမဲ့ အပြန်အလှန်ငြ်းခုန်မှုတွေဟာ ကောင်းတဲ့ စရိုက်လက္ခွှာတွေပေါ့။ […]


black chawNovember 6, 20112min29914
ဒီရက်ပိုင်း ကျွန်တော့် အသက် ၈ဝ ကျော် အဖေရော အမေပါ နေမကောင်းဖြစ်ကြသဖြင့် ဆရာဝန် အိမ်ပင့်ရပါသည်။ ယောက်ခထီး ကြီးကလည်း သွေးအားတွေကျ ပြီး ခေါင်းမူးနေသဖြင့် ကျွန်တော်ကပဲ ဆရာဝန်ပင့်ရပြန်ပါသည်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နှင့် မိဘရေးရာဝန်ကြီး ဘလက်ချောတစ်ယောက် ဗျာများနေရသော အချိန်ဖြစ်ပါသည်။ ပြေးရင်းလွှားရင်း ရွာထဲသို့ ကြုံသည့်နေရာမှာ ဆက်သွယ်ရပြန်ပါသည်။ ညဘက် သူများအိပ်သည့်အချိန်တွင် ဂဇက်တံခါးကို အပြေးအလွှားစောင့်ရပါသည်။ ဒီတစ်ခါတော့ ကျွန်တော် အောက်တိုဘာ လက်ကျန် အကုန်ဖြတ်လိုက်ပါသည်။ ပရိုစာရေးဆရာတစ်ယောက်မဟုတ်ပါသဖြင့် လိုအပ်သည်များကို ခွင့်လွှတ်ကြစေချင်ပါသည်။ မနေ့က နေ့ခင်းက စာရေးနေတုန်း ကိုဖက်တီး၏ သံလျင်သတင်းတက်လာပါသည်။ တော်တော် စောသည့် သတင်းဖြစ်သဖြင့် ကိုဖက်တီးကို ကျေးဇူးတင်ကြောင်းလေး မှတ်မှတ်ရရပြောခွင့်ပြုပါခင်ဗျာ။ ပြီးတော့ ကျွန်တော့်ပို့စ်လေးကို သေသေချာချာ ဖတ်ကြည့်လျှင် ဆွေးနွေးစရာလေးများ […]


black chawNovember 3, 20111min2498
ကျွန်တော် မနေ့က တင်တဲ့ ပို့စ်ထဲမှာ ဂဇက် တံခါးစောင့်ကြီး ပို့စ် ကို ဆက်ရေးသင့်သလားဆိုတာ ဆန္ဒ တောင်းခံ ကြည့်ပါတယ်။ ဘာလို့ဆို သူများရေးထားတာကို ကျွန်တော်က ပိုင်စိုးပိုင်နင်း ဆရာကြီးလိုလိုဘာလိုလိုနဲ့ သုံးသပ်ရလောက်အောင် မင်းကဘာကောင်လဲ လို့ မေးလာရင် အခက်သားလား။ ဟိုတစ်နေ့က မိုးစက်က သူ့ကို ဆရာမ မိုးစက်လို့ သုံးနှုန်းထားသဖြင့် မိုးစက်က ဆရာမမဟုတ်ဘူးနော် လို့ ကွန်းမန့်မှ ပြောပါသည်။ မနေ့က ဆူးကလည်း ဆရာမ လို့ မခံယူဝံ့သေးပါ ဟု ပြောပြန်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော် တို့အားလုံး စာရေးသူများဖြစ်နေကြပါပြီ။ အခကြေးငွေ ရယူသော စာရေးဆရာမဟုတ်တောင် ကိုယ့်အမြင်ကိုယ့်အတွေးကို ဝေမျှနေကြသော စာရေးသူတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ယောင်္ကျားဆိုရင် ဆရာ တတ်ခေါ်ပါသည်။ […]


black chawNovember 1, 20112min41719
ဒီရက်ပိုင်း ကော်နက်ရှင်က ပိုပိုဆိုးလာနေပါသည်။ ပို့စ် တင်သူတွေလည်း တစ်ဝက်ပဲပါလိုပါ၊ နှစ်ခုဖြစ်လိုဖြစ်နှင့် ရွာကို နာဂစ် ဝင်မွှေထားသကဲ့သို့ ဖြစ်နေပါ၏။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂဇက်တံခါးစောင့် ကြီးတွင် သုံးရက်စာ ရေးလိုက်နိုင်သော်လည်း ဒီတစ်ခေါက်တော့ အောက်တိုဘာ ၂ရ ရက် နေ့စွဲ ဖြင့် တက်လာသော ပို့စ် များကိုသာ ဖတ်ပြီး ပြန်ရေးဖြစ်ပါသည်။ ကျွန်တော်ရေးထားသည်များကို သည်းခံခွင့်လွှတ် ဖတ်ရှု ပေးပါသော ရွာသူရွာသားများကိုလည်း ကျေးဇူးတင်ပါသည်။ Parlayar46 ၏ သုံးကိုယ်ဘယ်နှယ့်ခွဲပါ့မယ် ပို့စ် က စဖတ်ဖြစ်ပါသည်။ “တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများ လို့(အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။” ဒီတစ်ကိုယ်က တာဝန်မဲ့တဲ့ ဆေးရုံဆေးခန်းတွေရဲ့ ဒဏ်ကို […]


black chawNovember 1, 20111min130
ဆရာမ မိုးစက် ရဲ့ ယုံချင်ယုံမယုံချင်နေ ဆိုတဲ့ ပို့စ်လေးတင်လာပါသည်။ ငယ်စဉ် ၁၁ နှစ်သမီးအရွယ် ၆ တန်းကျောင်းသူလေး မိုးစက် ဆေးရုံတစ်ခုတွင် မြင်ခဲ့ရသော မိန်းခလေးပုံရိပ်လေးတစ်ခု အကြောင်း ကို ပြန်ပြောပြထားခြင်းဖြစ်ပါသည်။ ဆေးရုံမှာ ဒါမျိုးဇာတ်လမ်းတွေ ကြားဘူး ပါသည်။ ယုံတယ်မယုံဘူးဆိုတာထက် ဖြစ်နိုင်ပါတယ်လို့ မှတ်ချက်ပေးပါရစေဗျာ။ ကြောင်ကြီးမန်းထားတာလေးဖတ်ပြီး ပြုံးမိပါသည်။ ဖတ်ကြည့်ကြပါ။ တော်တော်ရိုးတဲ့ကြောင်၊ ပုံထဲကလိုပဲ ပုံ့ပုံ့ ကြီး ထိုင်ပေးနေပါမယ်တဲ့။ အခုမှ သူ့ပုံကိုပြန်ကြည့်မိတယ်။ ဟုတ်တယ်ဗျ၊ ပုံ့ပုံ့ကြီး။ “မိုးစက်လေး ကြောက်ရင် ဦးကြောင်ကို ဖက်ထားလိုက်၊ ဦးကြောင် ဘာမှမလုပ်တတ်ဘူး၊ ပုံထဲကလို ပုံ့ပုံ့ကြီး ထိုင်ပေးနေမယ်။  ဒါ………………………..မင်းကိုချစ်လို့……………………………………….” Water-melon ၏ ရှူးတိုးတိုး ပို့စ်ကို ဆက်ဖတ်ဖြစ်ပါသည်။ ရွာမှာ ရေဒီယိုဖြင့် ဖုန်းခိုးနားထောင်ကြ၍ […]


ba gyiNovember 1, 20111min39721
(ဒုတိယပိုင်း)-အဆက် ထိုမြေအောက်ခန်းသည်ကားအလွန်အသံလုံပေစွ၊သူတို့ပြောသောစကားသံက ဟိန်းထွက်နေ၏၊ အနံ့တစ်ခုရပါ၏၊ အောက်သိုးသိုးအင်္ဂတေနံ့နှင့်ရောစွက်နေသည့်အစိုပြန်သောအနံ့၊ ထိုနေ့က ကျွန်တော် စွပ်ကျယ်အကျင်္ ီလက်ပြတ်၊ ချည်သားရှပ်အကျင်္ ီကလေးနှင့် အပေါ်ဆုးံမှစစ်ရောင်အရပ်ဝတ် ဂျာကင် တစ်ပတ်နွမ်းကလေးဝတ်ထားပါသည်၊ ဗိုလ်ရူးရူးပြီး၊(ဒီအက်စ်အေဖြေတုန်းကဝယ်ထားတာ၊ )တိုက်ဆိုင်လိုက်တာဗျာ။ မြေအောက်ခန်းမတစ်ခုထဲရောက်ပြီထင်၏၊ နှစ်ဘက်ညှပ်ခေါ်လာသူနှစ်ဦးမှတုံ့ကနဲရပ်သွားသည်၊ တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်နေသည်၊ တစ်ဝူးဝူး မြည်သံစကြားရပြီ၊ ကျွန်တော့်ဆံပင်၊ပုဆိုး၊အကျင်္ီ တို့လေထဲလွင့်ကာတစ်ဖျတ်ဖျတ်၊ အလွန်ကြီးမားပြီးမြင်းကောင်ရေအားကောင်းသောပန်ကာကြီးဘယ်နှစ်လုံးနှင့် ကျွန်တော့်ထံစုုပြုံ ထိုးထားသည်မသိပါ။ ချမ်းစိမ့်ကာ၊နှာတောင်မွှန်လာပြီ။ စာရွက်လှန်လှော သံတွေစကြားရသည်၊ ဇတ်လမ်းစပြီပေါ့–။ (ချောင်းဟန့်သံ — မင်းနာမည်ပြော ဟုမေးသဖြင့် ကို——– ဟုဖြေလိုက်သည်၊) ဘယ်ဘက်ပါးတစ်ခြမ်းလုံးဖျမ်းကနဲ ပူထူသွားကာ၊မည်သို့မျှထင်မှတ်မထားသောတုံ့ပြန်မှုကြောင့် အမှန်ပြောရ လျှင် လန့်ဖျတ်ကာ အောင်မယ်လေးဟုပင်အော်လိုက်မိပါသည်။ နာမည်မေးရင်မောင်တပ်ပြောဟု ထိုလူမှဆက်ပြောသည်ကို နားထဲမှ အမှတ်ပြုရင်း၊ ကိုယ့်ကိုယ်ကို (မကြောက်နဲ့ မကြောက်နဲ့– ကြောက်ရင်နှစ်ခါသေရတတ်တယ်– ခံရဲတာ မှ သတ္တိကွ )ဟုစိတ်ထဲအပြန်ပြန်ရေရွတ်ရင်းမာန်တင်းနေခိုက်၊ သူဘာမေးလိုက်သည်မသိ […]


black chawOctober 31, 20111min64322
သူကြီး ၏ “သတ်သေနေကြလေသတည်း”  ပို့စ်ကို ဖတ်ပြီး တွေးမိပါတယ်။ သတ်သေဘို့ ကြံစည်ကြိုးပမ်း ခဲ့ပေမယ့် အကြံမအောင်တဲ့လူတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲဆိုပြီး ဂွကျကျ တွေးမိပါတယ်။ ဟုတ်ပါတယ် မိမိကိုယ်ကို သတ်သေတိုင်း အကြံအောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ အဲဒီလို အကြံမအောင်ခဲ့ရင် ထောင်ချမယ့် ဥပဒေကြီးကလည်း ရှိနေတော့ သေရင်သေ မသေရင်ထောင်ပဲဆိုတာ သေချာနေပါတော့တယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် အမြင်လေးကို သတိရမိပါသည်။ ပြီးခဲ့တဲ့ တစ်လလောက်က “အရက်သောက်ခြင်းသည် ဒုစရိုက်မဟုတ်” နာမည်ဖြင့် ပိုစ်တစ်ခုကို ဆရာကြီးရွှေဥဒေါင်း ၏ အတွေးဒေါင့်လေး အဖြစ် ကျွန်တော်တင်ပြခဲ့ဘူးပါသည်။ ထိုပို့စ်တွင် ကြောင်ကြီး က ဆရာကြီး၏ ဓမ္မဆောင်းပါးများကို မနောတံခါးလေးဖွင့်ပြီး ဖတ်စေလိုပါတယ် ဟု မန်းခဲ့ဘူးပါသည်။ ယခု ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် […]


black chawOctober 28, 20111min68135
ဒီရက်ပိုင်း ဂဇက်တံခါးပေါက်မှ ဝင်ရောက်လာကြကုန်သော ပို့စ် အရေအတွက် လျော့ကျသွားသည် ဟု ထင်မိပါ သည်။ ရေအောက်က ကော်နက်ရှင် က ပို့စ် တင်သူတွေကို စိတ်ပျက်စေသည်ဟုထင်မိပါသည်။ တံခါးစောင့်ကြီး ဘလက် တစ်ယောက် တတ်နိုင်သလောက် ဖတ်ပြီး ပြန်ရေးပေးဖြစ်ပါသည်။ ၂၄ ရက် အောက်တိုဘာမှ ၂၆ ရက် အောက်တိုဘာအတွင်း တက်သော ပို့စ်များကို ဖတ်ပြီး ရေးထားခြင်းဖြစ်ပါသည်။ Etone ၏ အမျိုးသမီးထုကြားမှ hang tag ဖက်ရှင်လား ဆိုသည့်ပို့စ်လေးက စဖတ်ဖြစ်ပါသည်။ အိတ် သုံးစွဲသူ အမျိုးသမီးများ hang tag လို့ ခေါ်သော ကတ်ပြားလေးတွေကို ဖြုတ်မပစ်ပါပဲ သုံးစွဲလာကြတာကို စာရေးသူက hang tag ဆိုတာ အလှဆင် ပစ္စည်း […]


black chawOctober 25, 20111min34513
ရွာထဲမှာ ဒီတစ်ပတ် နွေးနွေးထွေးထွေး နှင့် ရွာအလှ အတွက် အားလုံး တက်ညီလက်ညီ ကြိုးစားနေခဲ့ကြတာ အားရစရာ ကောင်းလှပါသည်။ ဓါတ်ပုံတွေ၊ ကဗျာတွေ၊ စကားပြေတွေ၊ သတင်းတွေ၊ စသည်ဖြင့် စုံလှသော်လည်း ရွာမှာ ဝတ္ထုတိုရေးသူများနှင့် ကာတွန်းရေးသူများ လိုအပ်နေသည်  ဟု ထင်မြင်မိပါသည်။ အချိန်ရသလောက်လေးကြိုးစားဖတ်ကြည့်ရပါသဖြင့် လိုအပ်ချက်များရှိပါက ကျွန်တော့်အား ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေခင်ဗျာ။ ဒီတပတ် ဖတ်ဖြစ်သည်များကို တင်ပြလိုပါသည်။ မနောဖြူလေး ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ရင်ခုန်သံ” ကို ဖတ်ဖြစ်သည်။ ဆရာကြီး၏ ကဗျာ နှစ်ပုဒ်ကို ဖေါ်ပြ၍ သူမ၏ ကဗျာအပေါ်အမြင်များကိုရေးသားထားခြင်း ဖြစ်ပါသည်။ Windtalker ၏  ThomasEdisonVsNikolaTesla ကိုဖတ်ရပါသည်။ ဆားဘီးယားလူမျိုးသိပ္ပံပညာရှင် Nicola Tesla နှင့် သောမတ်စ်အက်ဒီဆင် […]