ဂဇက် ဖတ်စရာ (အောက်တိုဘာ လက်ကျန်)

black chawNovember 6, 20112min16414

ဒီရက်ပိုင်း ကျွန်တော့် အသက် ၈ဝ ကျော် အဖေရော အမေပါ နေမကောင်းဖြစ်ကြသဖြင့် ဆရာဝန် အိမ်ပင့်ရပါသည်။ ယောက်ခထီး ကြီးကလည်း သွေးအားတွေကျ ပြီး ခေါင်းမူးနေသဖြင့် ကျွန်တော်ကပဲ ဆရာဝန်ပင့်ရပြန်ပါသည်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နှင့် မိဘရေးရာဝန်ကြီး ဘလက်ချောတစ်ယောက် ဗျာများနေရသော အချိန်ဖြစ်ပါသည်။ ပြေးရင်းလွှားရင်း ရွာထဲသို့ ကြုံသည့်နေရာမှာ ဆက်သွယ်ရပြန်ပါသည်။ ညဘက် သူများအိပ်သည့်အချိန်တွင် ဂဇက်တံခါးကို အပြေးအလွှားစောင့်ရပါသည်။ ဒီတစ်ခါတော့ ကျွန်တော် အောက်တိုဘာ လက်ကျန် အကုန်ဖြတ်လိုက်ပါသည်။ ပရိုစာရေးဆရာတစ်ယောက်မဟုတ်ပါသဖြင့် လိုအပ်သည်များကို ခွင့်လွှတ်ကြစေချင်ပါသည်။ မနေ့က နေ့ခင်းက စာရေးနေတုန်း ကိုဖက်တီး၏ သံလျင်သတင်းတက်လာပါသည်။ တော်တော် စောသည့် သတင်းဖြစ်သဖြင့် ကိုဖက်တီးကို ကျေးဇူးတင်ကြောင်းလေး မှတ်မှတ်ရရပြောခွင့်ပြုပါခင်ဗျာ။ ပြီးတော့ ကျွန်တော့်ပို့စ်လေးကို သေသေချာချာ ဖတ်ကြည့်လျှင် ဆွေးနွေးစရာလေးများ ရှိလိမ့်မည်ဟု ထင်ပါသည်။ စီနီယာများအနေဖြင့် သေသေချာချာလေးဆွေးနွေးပေးကြဘို့ တောင်းဆိုပါရစေ ခင်ဗျာ။ ပို့စ်က နည်းနည်းရှည်သွားတဲ့ အတွက်လည်း စိတ်ရှည်ရှည်ဖတ်ပေးကြပါဗျာ။

 

ဆရာ မှော်ဆရာ၏ ဘုရား ဒါယကာ မှော်ဆရာ ရွာဦးစေတီ တည်ထားကိုးကွယ်ခြင်း ဆိုသည့်ပို့စ်လေးကတော့ ၂၀၀၈ ခုနှစ်က မှော်ဆရာရိုက်ကူးခဲ့ သည့် စေတီတော်အား မန်းဂဇက်ရွာ၏ ရွာဦးစေတီအဖြစ်မှော်ဆရာမှ ပင့်ဆောင်ပူဇော်ခြင်း ဟုဆိုကာဆုကြီးပန်စေတီတော်မြတ် ပုံတော်ကို ဖေါ်ပြ ထားခြင်းဖြစ်ပါ၏။ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရချင်ပါသော မှော်ဆရာ၏ ဆုတောင်းကို ဖေါ်ပြလိုက်ပါသည်။

“ဤသို့ပြုရသော ကုသိုလ်ကံကြောင့် ပုံကောင်း ပုံသန့်များစွာကို ဖန်တီးရိုက်ကူးနှိုင်စွမ်းရှိသော ဓါတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်ရပါလို၏”

အမျှတောင် ဝေလိုက်ပါသေးသည်။ သာဓု၊ သာဓု၊ သာဓု ပါဗျာ။ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။

 

ဆရာ ကိုရင်မောင် ၏ ကိုရင်မောင် နဲ့ သူရဲ (ပထမပိုင်း) ကို ဖတ်ဖြစ်ပါသည်။ ၁၉၈ဝ လောက် ဟင်္သာတမြို့ ရွှေဟင်္သာ ဆီစက် ဝန်ထမ်းဘဝက ကြုံခဲ့ရသော အတွေ့အကြုံလေးကို ရေးထားခြင်းဖြစ်ပါသည်။ စက်ရုံမှာ ညတာဝန်ထမ်းဆောင်ရင်း အပမှီသလိုဖြစ်သွားလို့ အစ်ကိုဖြစ်သူက ဆိုက်ကားနဲ့ အိမ်ကို ပြန်ခေါ်သွားပြီး နောက်တစ်နေ့ ဘုန်းကြီးကျောင်းကိုခေါ်သွားပြီး ဆေးကုတဲ့ အချိန်မှာပဲ မမယ်မနဲ့ ကလေးတွေအတွက် ဟင်းချက်လိုက်ဦးမယ် ရွာသားတို့ရေ ဆိုပြီး တန်းလန်းကြီး ရပ်ထားခဲ့တဲ့ ပို့စ်လေးပါ။ ဖတ်လို့ကောင်းပါတယ် ဖတ်ကြည့်ကြပါခင်ဗျာ။

 

ဆရာကိုဖက်တီး၏ ဦးဖက်တီးနှင့် ဗေဒင် (ငွေအချောင်ရမည့်ကိန်း) ကို ဆက်ဖတ်ပါသည်။ ဒီပို့စ်မှာတော့ ကိုဖက်တီးကို ဗေဒင်ဆရာက အစိုးရကချီးမြှင့်တဲ့ငွေ တော်တော်များများ ဝင်လိမ့်မယ်လို့ ဟောပါသတဲ့။ ကိုဖက်တီးကလည်း အစိုးရဝန်ထမ်းမဟုတ်တော့တဲ့အတွက် မယုံပါဘူး တဲ့။ ဒါပေမယ့် ဗေဒင်ဆရာဟောတဲ့အတိုင်း GSM နှစ်လုံး ကို လင်မယားနှစ်ယောက် တပြိုင်တည်းပေါက်ပါတယ်တဲ့။ ရောင်းစားတော့ ၂၅ တောင် ရပါတယ် ဆိုတဲ့ ကိုဖက်တီးရဲ့ နောက်ကြောင်းပြန်လေးကို ဖတ်ကြည့်ကြဘို့ ညွှန်းပါရစေ။

 

ဆရာမ Etone ရဲ့ မမှီလျှင် မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် (နောက်ဆုံးပိုင်း) ကို ဆက်ဖတ်ပါသည်။ ဝန်ထမ်းလေးတွေ ၏ စုတတ်ဆောင်းတတ်ငွေရှာတတ်ကြပုံကို သူမ  အဖတ်မတင်ပုံနှင့် နှိုင်းယှဉ်ရေးသားထားပါသည်။ ဝန်ထမ်းများအတွက် ကျန်းမာရေးကိစ္စ စီစဉ်ထားပေးပုံ၊ နပ်စ်မမဟုတ်ပဲ နပ်စ်မ ခန့်ထားပြီး အဲဒီနပ်စ်မက ပုံစံမကျပုံတွေအပြင် အထည်ချုပ်စက်ရုံဝန်ထမ်းတွေနဲ့ တခြား လုပ်ငန်းခွင် တွေက ဝန်ထမ်းများနဲ့လည်း နှိုင်းယှဉ်ပြသွားပါသေးတယ်။

သူများတွေ ဟိုတယ်မှာ ကြွကြွရွရွလေး အလုပ်လုပ်နေရတယ် … လစာမေးကြည့်တော့ .. တလ ဒေါ်လာ 65တဲ့ ….. ။ အလုပ်ခွင်ပဲကွာတာ … ရတဲ့ လစာတော့ကွာတယ်လေ … ဒါပြင် …စူပါမားကတ်မှာ ကြွကြွရွရွလေး အလုပ်ဆင်းရတဲ့ … အရောင်းစာရေးမလေးတွေ ၊ အလှကုန်ရောင်းသူလေးတွေ … ပြင်ပြင်ဆင်ဆင်သာနေရတာ … တစ်နေ့လုံး ခုံမရှိဘူး … မတ်တပ်ချည်းပဲ … ။ နောက်တချို့ ရုံးမှာ ဘာပို ဇက်ရှင် ညာပိုဇက်ရှင်နဲ့ .. လစာလေးက တသိန်းတောင် မပြည့် … ပြောရလျှင်တော့ … စုံပလုံစိနေမှာပဲ … ။ ဒါတောင် အလုပ်မြဲဖို့ ကမလွယ် .. အလုပ်ခုန်တော့ ဆားဗစ်မရှိလို့ … အလုပ်ထပ်ရှာရခက်ပြန် …အသက်သာကြီးလာတယ် … အတည်တကျနေရာမရတွေဖြစ် … အင်း …. တွေးရင်း စိတ်မောတယ် … ။

သူမတတ်ထားတဲ့ ခေါင်းစဉ်ကိုတော့ အောက်မှာ ဖေါ်ပြထားတဲ့ အတိုင်း အဓိပ္ပါယ် ဖွင့်ဆိုပေးသွားပါတယ်။

သိတတ်တဲ့ သားသမီးကတော့… ကိုယ်တိုင်က ပညာရေးမှာ အရမ်းမထူးချွန်ပါပဲ … သူများတွေမြင်နေ ၊တက်နေလို့ သင်ချင်နေတဲ့ သင်တန်းတွေ ဒီပလိုမာသင်တန်းတွေ လျှောက်တတ်မယ့်အစား…. အလုပ် ခွင်တစ်ခုမှာ လက်ငင်းငွေရမယ့် ယုတိ္တရှိရှိအလုပ်တစ်ခုဝင်လုပ်သင့်တာပါ … ဒါက ကျွန်မပြောချင်တဲ့ အကြောင်းရာပါ … ။ မမှီနိုင်တာကို သိပါလျှက် ထင်ပေါ်ချင်လို့ဖြစ်ဖြစ် ၊သူများယောင်လို့ဖြစ်ဖြစ်လိုက်လုပ်နေတာမျိုးက …. ကိုယ့်ကိုယ်ကိုယ်ငြင်းဆဲသလိုပါပဲ … ။ ဝမရှိပဲ ဝိလုပ်တယ်လို့တော့ကျွန်မကတော့ မြင်မိတယ်လေ … ။

                        ဆရာမ Etone ရဲ့ ဆိုလိုချင်တာကို ကျွန်တော် နားလည်ပါသော်လည်း တချို့ အကြောင်းအရာတွေ အနေနဲ့ကျတော့ ဆရာမ၏ အမြင်ကို နည်းနည်း အံ့ဩမိပါသည်။ ခေတ်ကိုက သင်ကြားမှုရပ်တန့်နေလို့ မရတော့သော ခေတ်ဖြစ်နေပါပြီ။ ဒီကနေ့သိထားသမျှသည် နောက်တစ်နေ့မှာ အသုံးချလို့ မရတော့သော ခေတ်ဖြစ်နေပါပြီ။ သူတို့လေးတွေမှာ သင်ယူချင်စိတ် မကုန်သေးတာကိုက စိတ်ချမ်းသာဘို့ ကောင်း နေပါပြီ။ ဝမရှိ ရင် ဝရှိအောင် အရင်လုပ်မှ ဝိကို လှမ်းလို့ရပါသည်။ ဝ မရှိ ၍ ဝိမရှိ ရပါဆိုလျှင်……………………။

ဆရာမ Etone ၏ အခန်းဆက် ပို့စ် သုံးခုလုံးကိုဖတ်ဖြစ်အောင် ဖတ်ကြဘို့ တိုက်တွန်းပါသည်။  ရွာထဲမှ စီနီယာ များ၏ အမြင်ကိုလည်း သိချင်ပါသည်။

 

ဆရာ Windtalker ခေါ် ကိုပေ ၏ မင်္ဂလာလေးရယ်တဲ့ ဆောင်သောအခါ ဒုတိယပိုင်းကို ဖတ်ဖြစ်ပါသည်။ ဒီအပိုင်းမှာတော့ နိုင်ငံခြားပြန်မိတ်ကပ် မာမီပုတို့ ဓါတ်ပုံ “ စိန်၊မဲ၊ဇာ” တို့၊ ရပ်ကွက်လူကြီး ဦးခိုင်၊ ဦးအောင်ကြူတို့ ပါလာသဖြင့် နောက်အပိုင်းဘာဆက်ဖြစ်မည်ကို ရွာသားများကိုယ်တိုင်ဖတ် ကြည့်ပြီး စောင့်မျှော်ကြပါကုန်။

 

ဆရာ KMN ရဲ့ ရထားခများ မီတာခများ တိုးကောက်တော့မည် ပို့စ်ကတော့ အောက်ပါ စာကြောင်းလေးတစ်ကြောင်းသာပါရှိပါတယ်။

“DVB သတင်းစာမျက်နှာမှ ရထားခနှင့် မီးတာခများ တိုးမြှင့်ကောက်တော့မယ်တဲ့ဗျို့” ။

 

ဆရာ မှော်ဆရာ ရဲ့ မှော်ဆရာနဲ့ဆက်စီဓါတ်ပုံ ပို့စ်ကို ဆက်ဖတ်ပါသည်။ ဘီယာဆိုင်က ဖေါ်ချွတ်ပုံတွေ ယူယူလာပြီး အိပ်ခန်းထဲမှာ ချိတ်ထားတတ်တဲ့ ယောင်္ကျားအတွက် မိန်းမလုပ်တဲ့သူ ကိုယ်တိုင်က ဆက်စီပုံတွေကို မှော်ဆရာဆီမှာ လာရိုက်ပြီး သူ့ယောင်္ကျား ချိတ်တဲ့ ပုံတွေနေရာ မှာ ချိတ်တဲ့ အကြောင်းလေးပါ။ ဇာတ်သိမ်းခန်းမပါ ဘာမပါနဲ့ တော်တော် ဆိုးတဲ့ မှော်ဆရာ။ ဓါတ်ပုံသက်တမ်း ၁ဝ နှစ် ရှိပြီ ဖြစ်သော ဆရာမှော်ဆရာအား မေးလိုပါသည်။ အဲဒီ အမျိုးသမီးက ဆက်စီ ဖြစ်လားဗျ။ ဟားဟား။

 

မ/ဒဂုံ ၄၉ ရပ်ကွက်တွင်ကလေးသူခိုး ဖမ်းဆီးရမိခြင်း ဆိုတဲ့ ဆရာ ဘီလူးကြီး၏ ပို့စ်လေးကတော့ ခေါင်းစဉ်အတိုင်း ကလေးသူခိုး ဖမ်းတဲ့ သတင်းလေးတစ်ပုဒ်ပါ။ ရပ်ကွက်လူထုက ဝိုင်း ရိုက်တာနဲ့ ပတ်သက်ပြီး ကွန်းမန့်လေးများနဲ့ ဖတ်ကြည့်ရမယ့် သတင်းလေးတစ်ပုဒ်ပါဗျာ။

 

ဆရာ ဘကြီး ရဲ့ ကြံ့ဖွံ့ကိုကြောက်လို့ပါ ဆိုတဲ့ ပို့စ် လေးကို ဖတ်ဖြစ်ပါတယ်။ ပူပူနွေးနွေး ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူး  အဖေရဲ့ သေသွားရင် သူ့အုတ်ဂူမှာ ကြံ့ဖွံ့နာမည်တတ်မှာ ကြောက်တယ် ဆိုတဲ့ အပျော်ပို့စ်လေးလို့ထင်ပါတယ်။ ဘကြီးရေ။ တကယ့် အဖြစ်အပျက်လား၊ ဟာသလား ဗျ။ ဖတ်ပြီး ပြုံးချင်သူများ ဖတ်ကြည ့်ကြပါ။

 

နောက်တစ်ပုဒ်ကတော့ ဆရာ Windtalker စနေည ဘောလုံးပွဲခန့်မှန်းစီးရီးပါဗျာ။

 

နောက်တစ်ပုဒ်က ဆရာ ကိုရင်မောင် ရဲ့ ကိုရင်မောင် နဲ့ သရဲ (ဇာတ်သိမ်းပိုင်း) ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ဘုန်းကြီးက အရင်ကုပါတယ်။ ရွှေရင်ကျော် ဆရာက ထပ်ကုပါတယ်။ နောက်ဆုံးကျတော့ ကိုရင်မောင်က သရဲအစစ် မဟုတ်ပဲ ဆေးခြောက်ခတ်ထားတဲ့ ရေနွေးကြမ်း သောက်မိ သွားလို့ ဆေးခြောက်ကြောင် ကြောင်နေတာပါတဲ့။ ပျော်စရာပို့စ်လေးကို ကိုယ်တိုင်ဖတ်ပြီး ပြုံးတော်မူကြပါကုန်။ တော်တော်နောက်တဲ့ ကိုရင်မောင်။

 

ဆရာ ကိုရင် ရဲ့ သောနုတ္ထိုရ် လို လူစား ကတော့ ကဗျာကြိုက်သူတွေနဲ့ အဆင်ပြေမယ့် ပို့စ်လေးပါ။ ဆရာမကြီး TTNU နဲ့ ရွာသူားတွေရဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ကြရမယ့် ကဗျာလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ကြပါလို့။

 

နောက်တစ်ပုဒ်က ဆရာ comegyi ရဲ့ ကျွန်ုပ်တို့၏ ချစ်လှစွာသော အထူးဘတ်စ် ပို့စ် လေးဖြစ်ပါတယ်။ ဘတ်စကားပေါ်တွင်ကြုံရသော ဒရိုင်ဘာ၊ စပယ်ရာ နှစ်ယောက်နှင့် အဒေါ်ကြီး တစ်ယောက်တို့ စကားများကြပုံကို သရော်စာတစ်ပုဒ်လို ရေးထားခြင်းဖြစ်ပါသည်။ ဆရာ comegyi ၏ ကဗျာမဟုတ်သော စာရေးဟန်ကို လေ့လာလိုသူများ ဖတ်ရှုကြပါကုန်။

 

ဆရာကိုဖက်တီး ၏ မိန်းမမကောင်းကြောင်း သောင်းပြောင်းထွေလာ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ ကိုဖက်တီး ကတော်ရဲ့ ဆပ်ပရိုက်ချက်ကလေးတွေကို နောက်မျိုးဆက်သစ်လေးတွေ အတွက် သင်ခန်းစာပေး ရေးထားတာပါ။ စာမြည်းလေးဖတ်ပြီး ချက်ခြင်းပြုံးနိုင်ဘို့ နည်းနည်းဖေါ်ပြခွင့်ပြုပါ။

ငါ့ညီတို့ ငါ့တူတို့စဉ်းစားကြနော ….။
မနေနိုင်လို့ ယူကြမယ်ဆိုရင်လဲ အိမ်ထောင်ပြုတယ်ဆိုတာ
ကိုယ်ကြိုက်တာကိုယ်ရွေးယူသွားလို့ရတာမဟုတ်ဘူးတဲ့နော် ..။
ဒီရုပ်ကြီးကြိုက်လို့ယူရင် ဒီစိတ်ကြီးကပါလာမှာဘဲ ….
ဒါက ဝိပသနာ အမြင်နဲ့ပြောတာပါ …။
မြင်အောင်ရှု နာနာရှု …..

ဟားဟား ကိုဖက်တီးရေ မိန်းမဆိုတာ အပုတ်ကောင် ရုပ်ဆောင်နေတာလို့ မပြောတာ တော်သေးတယ်နော။ ကိုဖက်တီးက အကောင်းဆုံးကွန်းမန့် ပေးနိုင်သူကို ဆုပေးဦးမှာတဲ့ ဗျာ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြစေလိုပါသည်ခင်ဗျား။

 

နောက်တစ်ပုဒ်ကတော့ ဆရာ htoosan ၏ ဉာဏ်ရည်နိမ့်သူ နောက်တစ်ဦး ဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။ မြန်မာတိုင်းဂျာနယ်ပါ အဆင့်မြင့်နည်းပညာသုံး အဝတ်လျှော်စက်များ ဆိုတဲ့ ဆောင်းပါးလေးဖတ်ပြီး စာဖတ်သူတွေ အမှတ်မှားမှာ စိုးတာလေးကို သတိထားဘို့ သတင်းသမားတွေကို သတိပေးတဲ့ ပို့စ်လေးပါခင်ဗျာ။ ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမယ့် ပို့စ်လေးပါ။ ဖတ်ကြည့်ကြပါ။

 

ဆရာ whowho ၏ လိမ်းဆေးနဲ့ သောက်ဆေး မှားခဲ့ပုံလေး-ဆေးညွှန်း (၁) ကို ဆက်ဖတ်ဖြစ်ပါတယ်။ စာမြည်းလေးပဲပေးပါရစေ။

ဒီဗောဇ္ဈင်္ဂသုတ်မှာ ဗောဇ္ဈင်(၇)ပါးကို အကြောင်းနဲ့ အကျိုးခွဲပြီး ဟောပြထားတာပါ။
အကြောင်း(၄)ပါးကြောင့် အကျိုး(၃)ပါး ရနိုင်တယ် ဆိုတာ ရှင်းပြထားတာပါ။
အဲဒီ အကြောင်း(၄)ပါးက
(၁) သတိ သမ္ဗောဇ္ဈင်
(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်
(၃) ဝီရိယ သမ္ဗောဇ္ဈင်
(၄) သမာဓိ သမ္ဗောဇ္ဈင် တို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်း(၄)ပါး ပြုလုပ်ခဲ့ရင် အကျိုး(၃)ပါးဖြစ်တဲ့ –
(၁) ပီတိ သမ္ဗောဇ္ဈင်
(၂) ပဿဒ္ဓိ သမ္ဗောဇ္ဈင်
(၃)ဥပေက္ခာသမ္ဗောဇ္ဈင်တို့ရရှိမှာဖြစ်ပါတယ်။
ဒါဆို ပေါင်းလိုက်ရင် စုစုပေါင်းဗောဇ္ဈင်(၇)ပါးပြည့်ပြီနော်။
ကဲ.. အကြောင်း(၄)ပါးက စပြီး ကိုယ်နားလည်ထားသလို ဉာဏ်မှီသလောက် အသေးစိတ်ရှင်းပြပါ့မယ်။

ကျွန်တော် ဝင်ပွားရမယ့် ပို့စ်မျိုးမဟုတ်ပေမယ့် မဖတ်မဖြစ်ဖတ်ကြဘို့ ညွှန်းရကောင်းမှန်းသိပါတယ်လို့ ဆိုချင်ပါတယ်ဗျာ။ ဖတ်ကြည့်ကြပါ။

 

ဆရာ ထက်ဝေ ရဲ့ လယ်ယာမြေအကျိုးပျက်စီးမူ အမိန့်ချ ဆိုတဲ့ ပို့စ်လေးကတော့ အိမ်မဲမြို့နယ်တရားရုံး (၂၆.၁၀.၂၀၁၁)ရက်စွဲဖြင့်တရားလို ဦးတင်ဦး(ဘ)ဦးစံမြားမှတ်ပုံတင်အမှတ်၁၄/အမန(နိုင်)၀၈၄၉၃ရ၏ပုဒ်မ၄၂ရတိုင်းကြားချက်အပေါ်စီရင်ချက်ဖြစ်ပါသည်။ ဖတ်ကြည့်သင့်သည့် သတင်းလေးတစ်ပုဒ်ဖြစ်ပါသည်။

 

ဆရာမ ဆူး ၏ အသေကောင်ပေါ်က အရှင်ကောင် မြင်ဘူးချင်လား ဆိုသည့် ပို့စ်ကိုဆက်ဖတ်ပါသည်။ ဟိုတစ်နေ့က ရွာသူားတွေကို ဆူရှီ ကျွေးခဲ့ သော ဆူး တစ်ယောက် ဒီပို့စ်မှာ တော့ အစားအသောက်ပျက်အောင်လုပ်သွားပါသည်။ သို့သော် ဘယ်သူပဲသေသေ ဒါမျိုးတွေ ဖြစ်မှာကိုတော့ သိထားအောင် ကြည့်ထားသင့်ပါသည်။ အားလုံးကသေမျိုးတွေပဲ မဟုတ်ပါလား။ တရားသံဝေဂရအောင် ကြည့်ကြပါလို့။

 

 

 

နောက်ပို့စ်လေးကတော့ ဆရာကိုပေါက် ၏ ကိုပေါက် လမ်းသလားနေသည် အပိုင်း (၂၂) ဘီလူးချောင်းရင်ခွင်သို့ အရောက် ပို့စ်လေးဖြစ်ပါသည်။ လွယ်ကော်အသွား ကားပေါ်ကနေ လမ်းတစ်လျှောက်ရိုက်ထားတဲ့ ဓါတ်ပုံ လေးများစွာနဲ့ ခရီးသွားဖိုတို အက်ဆေးလေးပါ။ ကားပေါ်ကနေ ခက်ခက်ခဲခဲ ရိုက်လာရတဲ့ ကိုပေါက်ရဲ့ စေတနာကို မြင်ရတဲ့ ပို့စ်လေးပါ။ စေတနာ အလှနဲ့ ပေါင်းထားတဲ့ ဖိုတိုအက်ဆေးလေးကို မဖြစ်မနေကြည့်ပြီး ကွန်းမန့်လေးများ ချီးမြှင့်ကြပါလို့ တိုက်တွန်းပါရစေ။ ကိုပေါက်ရဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ဘို့ ဖေါ်ပြပါရစေ။

မန်းသား
လမ်းသလား
အရမ်းသွား။

ရှမ်းပအိုဝ့်အစုံစုံ
သွားရင်းနဲ့တွေ့ခဲ့ပုံ
ကြည့်မဝရူ့ခင်းစုံ
မြင်ရတော့ ရန်ခုန်။

လက်ဆော့မိဓါတ်ပုံ
ပြန်မျှချင်တော့
ပုံတင်။
ပုံတင်တော့
ပိုက်ဆံကုန်။
ကော်နက်ရှင်စုတ်စုတ်
ဒုတ်နဲ့နှက်လိုက်ရုံ။

ဆရာ ဘီလူးကြီး ၏ ကျွန်တော့် ကျေးဇူးရှင် (၃) ကို ဖတ်ဖြစ်ပါသည်။ ဒီအပိုင်းမှာတော့ ဘီလူးကြီး က ရေမွှေးသည် အဒေါ်ကြီး တို့ ကုမ္ပဏီမှာ အင်တာဗျူးပြီး အလုပ်ရသွားပါတယ်။ အလုပ်စတက်တဲ့နေ့မှာပဲ အဒေါ်ကြီးနဲ့ စာရေးမတစ်ယောက်ရန်ဖြစ်တဲ့ အခန်းမှာ ဆက်ရန်ပေါ့ခင်ဗျာ။ အခန်းဆက်ဖတ်နေကြသောသူများ ဖတ်ကြည့်ဘို့ လက်တို့ပါရစေဗျာ။

ဆရာ GreeNsheeP ရဲ့ ရွာသားများနဲ့ ရွာသူများအတွက်ကြည့်စရာများကတော့ မြန်မာ အနုပညာမလေးများရဲ့ မပေါ့်တပေါ် ဓါတ်ပုံလေးများပါခင်ဗျာ။ မြင်ဘူးပြီးသားလို့ ထင်ရတာပါပဲ GreeNsheeP ခင်ဗျား။

 

ဆရာ မောင်သန်းထွဋ် ဦး ရဲ့ လှပေါင်းဝေစီ ဒွာရာဝတီ ဆိုတဲ့ ပို့စ်လေးကတော့ ကော်နက်ရှင် နှိတ်စက်လို့ ပုံလေးနှစ်ပုံပဲ ပါတဲ့ ပို့စ်လေးပါ။ နေဝင်ချိန်လေးကိုရိုက်ထားတဲ့ ဓါတ်ပုံလေးကလှပါတယ်။ ကြည့်ကြည့်ကြဘို့ပါ။

 

ဆရာမကြီး TTNU ၏ Best Teacher (19) ထမင်းဆက်စားမှာလား၊ ထပြန်တာလား? ပို့စ်လေးကို ဖတ်ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ ဒိုင်ယာရီကို ပြန်ရေးပြထားတာ ဖြစ်ပါတယ်။ ၁၂.၄.၁၉၇၀   မှ   ၂၁.၄. ၁၉၇၀   အထိ ဆရာမကြီး ဖြတ်သန်းခဲ့တဲ့ အကြောင်းအရာလေးတွေကို ရေးထားတဲ့ ပို့စ်လေးပါ။ လက်မှာ နှင်းခူလို အချပ်လိုက် အနာကြီးနဲ့ အဒေါ်ကြီးက ဟင်းတွေလာထည့်ပေးလို့ စိတ်ညစ်သွားရတာလေးကို ရေးထားတာပါ။ အဒေါ်ကြီးကလည်း ရိပ်မိပေမယ့် ဘာမှမပြောတာလေးကို ရေးထားတာပါ။ ဆရာမကြီးရဲ့ မူရင်းစာသားအချို့ကို ဖေါ်ပြပါရစေ။

တစ်ခါတစ်လေကျမတို့သူငယ်ချင်းတွေပညာတတ်သူနဲ့ပညာမတတ်သူဆိုပြီးလူတွေရဲ့စရိုက်ကိုဝေဖန်လေ့ရှိကြ တယ်။ ကျမရဲ ့ ကိုယ်ပိုင်အမြင်ကတော့လေ  တစ်ချို ့ဟာ ပညာမတတ်ပေမဲ့  အသိစိတ် ရှိကြတယ်။                ဒီ Common Sense  ဆိုတဲ့ လူတိုင်းသိထိုက်တဲ့အသိစိတ် ( ကျမ ကလေးတွေ ကို ပြောလေ့ ရှိတဲ့ စကားလေး… သောက်ရေအိုးထဲကို တံတွေး မထွေးရဘူး ဆိုတာ လူတိုင်းသိတယ်။ ဘယ်သူမှ သင်ပေးစရာမလိုဘူး။ဒါ Common Sense ပဲ။) ဒီအသိစိတ် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဟာ စာမတတ်သော်လည်း လောကကြီးထဲက တစ်နေရာရာလေးမှာ နေပျော်တတ်ကြပါတယ်ရှင်။

တွေးစရာလေးတွေပေးထားပါတဲ့ ဆရာမ TTNU ရဲ့ ပို့စ်လေးကို ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့ ညွှန်းပါရစေဗျာ။

ဆရာ ကြောင်ကြီးရဲ့ သဂျီးရေသောက်သောက်…….DaJyee Get Drinking ဆိုတဲ့ ပို့စ်လေးကို ဖတ်ဖြစ်ပါတယ်။ နယူးယောက်မြို့နဲ့ Long Island ဒေသတဝိုက် ပြေးဆွဲတဲ့ ဒေသဆိုင်ရာ အစိုးရတပိုင်း LIRR ရထား ကုမ္မဏီ အငြိမ်းစားရံပုံငွေ ဒေါ်လာသန်းတထောင်ကျော် အလွဲသုံးစားမှုကြီးကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ စုံစမ်းစစ်ဆေး နေတဲ့ အကြောင်းနဲ့ အစိုးရကောင်းရင် အုပ်ချုပ်မှု စံနစ်မှန်ရင် တိုင်းပြည်တိုးတက်တဲ့ အကြောင်း၊ မူထက်လူက အရေးကြီးကြောင်း သဂျီးကိုတိုင်တည်ပြီး ဘာသာပြန်သတင်းလေးကို ကိုးကားပြီး ပေါ့ပေါ့ပါးပါးရေးထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ။ သူကြီး ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ မဖတ်မဖြစ် ဖတ်ဖြစ်အောင် ဖတ်ကြဘို့ တိုက်တွန်းချင်တဲ့ ပို့စ်လေး ဖြစ်ပါတယ်။

တစ်ဆက်တည်းဖတ်ဖြစ်တာက ဆရာ kai ရဲ့ သတ်သေနေကြလေသတည်း ဆိုတဲ့ ပို့စ်လေးပါခင်ဗျာ။ အိန္ဒိယ နိုင်ငံမှာ တစ်နာရီ ၁၅ ယောက်နှုန်းနဲ့ လူတွေ ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်ဆိုတာလေးနဲ့ အစပြုတားပါတယ်။ အစိုးရက ထရပ်ကားဝယ်ဘို့ ထုတ်ချေးတဲ့ ဒေါ်လာ ၅၀၀ဝ လောက်ကို မဆပ်နိုင်လို့ အရှက်ရပါတယ် ဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေပါသတဲ့။ ဆရာ kai က Brainstorming လုပ်ကြည့်မယ်ဆိုပြီး ပို့စ်ကို ဒီလို အဆုံးသတ်ထားပါတယ်။

မြန်မာအစိုးရကဆင်းရဲမှုပပျောက်ရေးဆိုပြီး..ဆင်းရဲသားတွေကိုငွေထုတ်ချေးနေရင်..ဘာတွေဖြစ်လာနိုင်မလည်း.. ချိန်ထိုးတွေးနိုင်ကြဖို့ပါပဲ..။အကြွေးရဆင်ဝယ်စီးမယ် ဆိုတဲံ အတွေးအခေါ်လွှမ်းမိုးတဲ့ ခေတ်ချိန်ခါ..။ဒီဘဝမဆပ်ရှင်နောင်ဘဝဆပ်မယ်..။ နောင်ဘဝကအကြွေးရှိလို့.. ဒီဘဝဆပ်ရတယ်ဆိုပြီး.. တာဝန်မယူ.. ဟိုဖက်ဘဝ..ဒီဖက်ဘဝ..လွှဲပြောင်းတာဝန်ပုံချတတ်တဲ့..  ၃ကိုယ်ခွဲများရဲ့ တိုင်းပြည်…။လုပ်အားထည့်အလုပ်လုပ်ရင်း ရတဲ့ငွေထက်.. ပွဲစားလုပ်.. ပွိုင့်ရိုက်.. ဆရာလုပ်.. တပည့်ခံ.. လာဘ်ပေး.. လာဘ်ယူ..။ လောင်းကစား.. ချဲ..၂ခုံး..၃လုံးတွေ ချစ်ကြ..ကြိုက်ကြသူများတဲ့.. တိုင်းပြည်…။ဒီအကြောင်းလေ… အခြေထားပြီး..Brainstorming လုပ်ကြည့်မလား…. လို့..။

ကျွန်တော်ကတော့ ဉာဏ်မမီလို့ (တကယ်ပြောတာပါ) ကွန်းမန့် ဝင်မရေးဖြစ်ပါ။ တွေးစရာလေးတွေပေးထားပါတဲ့ ဆရာ kai ရဲ့ ပို့စ်လေးကတော့ မဖြစ်မနေ ဖတ်ကိုဖတ်ရမယ့် ပို့စ်လေးပါလို့ ညွှန်းချင်ပါတယ်ဗျာ။

ဆရာ ရှုံးနိမ့်မှုများနဲ့ လူ ၏ ပညာရှာမှာလား၊ ငွေရှာမှာလား ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်။ ဒေါ်အီးတုန်း ပို့စ်မှ စိတ်ကူးရလို့ရေးလိုက်ပါကြောင်း လို့ စဖွင့်ထားပါတယ်။ အစာမကြေရင် ဂျဲလ်မက် သောက်ဆိုသကဲ့သို Etone ၏ ပို့စ်လေးတွေကို ဖတ်ပြီး စိတ်ထဲ အစာမကြေဖြစ်နေသော ကျွန်တော် ဂျဲလ်မက် ကိုရှုံး၏ ပို့စ်လေးက အစာကြေ ရင်ချောင်သွားစေခဲ့ကြောင်း ဝန်ခံပါတယ်ဗျာ။ Etone အနေနဲ့ ဒီလိုအကြောင်းအရာလေးတွေ ရေးပြတာ ကျေးဇူးတင်ပါတယ်။ သူရေးလို့လည်း ကိုရှုံး ရဲ့ ဒီပို့စ်လေး ဖြစ်လာတာ မဟုတ်လား။ မပြောတော့ပါ ဆိုသော်လည်း ရွာထဲမှ စီနီယာ များ ဘယ်သူမှ မပြောသဖြင့် ငြိမ်နေခဲ့ရပါသည်။ ဒါတောင် ကိုအောင်ပု နှင့် ကိုကြောင်ကြီးတို့၏ ကွန်းမန့်လေးများကိုတော့ နည်းနည်း ကျေနပ်မိပါသည်။ အခု ကိုရှုံး ရဲ့ ပို့စ်လေးက ကျွန်တော်နှင့် တစ်ထပ်တည်း တစ်သဘောတည်းဖြစ်ပါ သဖြင့် ကိုရှုံးကို ကျေးဇူးတင်ပါကြောင်း။ ကိုရှုံးက သူ့ပို့စ်ကို ဒီလို အဆုံးသတ်ထားပါတယ်။

မြန်မာပြည်မှ မိဘများ၊ မိဘဖြစ်လာမည့်သူများ ဒီစာကို ဖတ်ရှုနိုင်ပါစေကြောင်းနှင့် ရေတိုကို ကြည့်ကြမည့်အစား ရေရှည်ကိုကြည့်ပြီး သားသမီးများ ပညာတတ်ကြီးများဖြစ်လာစေရေး ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးစေလိုကြောင်း                                                                                        ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

နောက်ပို့စ်လေးက ဆရာ ကိုသစ်မင်းရဲ့ ပို့စ်ကောင်းလေးတစ်ခု ဖြစ်တဲ့ ဗီလိန် ဆိုတဲ့ ပို့စ်လေးပါ။ တွေးဆဆင်ခြင်စရာလေးတွေအမြဲတမ်းပေးတတ်တဲ့ ကိုသစ်မင်းက ဒီပို့စ်မှာလည်း ကျွန်တော်တို့ ဆင်ခြင်တွေးတော စရာတွေ ပေးသွားခဲ့ပါတယ်။ စာမြည်းအချို့ကို ဖေါ်ပြပါရစေ။

ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊
ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊
ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။
ကိုသစ်မင်းက သူ့ ပို့စ်လေးကို ဒီလို အဆုံးသတ်ထားပါတယ်။                                                              ကဲ လိုရင်းပြောပြီနော်………..
ငါ ကော ဖန်တီးနေသူလား၊။
တမင်ဖန်တီးနေသူလား။
မသိဘဲနဲ့ဖန်တီးမိနေသူလား။
ငါသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ငါအတွက်နဲ့လူဘယ်နှစ်ယောက်လောက်များ စိတ်ညစ်ရမလဲ။
ငါကိုလုပ်ရင်ငါမသဘောမကျပေမဲ့ ၊ငါမုန်းပေမဲ့
ငါကရောငါကရော၊ငါကိုယ်တိုင်ကရော အဲဒီငါမုန်းတဲ့လူမျိုး ဖြစ်နေလား?                                         မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊
ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။
သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။
ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့
မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။
အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။
ကျနော်တော့……………
“ဗီလိန်” မဖြစ်ချင်ဘူးဗျို့။

မင်းသား မင်းသမီး မဟုတ်တောင် ဗီလိန် မဖြစ်ကြဘို့ ဆိုတာလေးကို တွေးဆဆင်ခြင်စရာလေးပေးထားတဲ့ ကိုသစ်မင်းရဲ့ ဗီလိန်ကို မဖတ်မဖြစ် ဖတ်ကြရမယ့် ပို့စ်လေးအဖြစ် လက်တို့ပါရစေ ခင်ဗျာ။

ဆရာ ကိုပေါက် ရဲ့ ကိုပေါက်လမ်းသလားနေသည် ၂၃ (ဘီလူးချောင်းရင်ခွင်မှ အပြန် ) ပို့စ်လေးကတော့ အောင်ပန်းအပြန်လမ်းတစ်လျှောက် ကားပေါ်က တောက်လျှောက် ရိုက်ထားတဲ့ ကိုပေါက်ရဲ့ အားထုတ်မှုလေး ပါ။ အရသာတစ်မျိုးကို ရပါတယ်ကိုပေါက်ရေ။ ကျွန်တော်ဆိုရင်တော့ ငိုက်ကောင်းလိုက်မယ့် အမျိုး။ သူများတွေ ငိုက်နေကြတဲ့ အချိန်မှာ ဓါတ်ပုံရိုက်လာပေးတဲ့ ကိုပေါက်ကို ကျေးဇူးတင်ပါတယ်။ ကိုပေါက်ရဲ့ ခရီးသွား ဖိုတိုအက်ဆေးလေးကို ကြည့်ဖြစ်အောင်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျား။

ဆရာ မှော်ဆရာ ရဲ့ ပက်ပက်စက်စက် ကြည့်ချင်သူများ ပက်ပက်စက်စက်ပြနေပြီ ကတော့ လင့်လေးတစ်ခုပေးထားတာပါ။ နည်းအမျိုးမျိုးနဲ့ သေဆုံးနေတဲ့ အလောင်းပုံများလို့ ပြောပါတယ်။ ကျွန်တော်တော့ ကြောက်တတ်လို့ မကြည့်ဖြစ်ပါ။ ရဲတဲ့သူများသွားကြည့်ကြပါခင်ဗျား။

ဆရာ whowho ရဲ့ လိမ်းဆေးနဲ့ သောက်ဆေးမှားခဲ့ပုံလေး၊ ဆေးညွှန်း (၂) ကို ဆက်ဖတ်ဖြစ်ပါတယ်။ ကျွန်တော် ဝင်ပွားရမယ့် ပို့စ်မျိုး မဟုတ်ကြောင်း ဝန်ခံပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ရမယ့် ပို့စ် ပါလို့တော့ ရဲရဲကြီး ညွှန်းရဲပါသည်ခင်ဗျား။

ဆရာ windtalker ရဲ့ တနင်္ဂနွေ ည ပွဲစဉ်များကို ချဉ်းကပ်ခြင်း ကတော့ ဘောလုံးပွဲခန့်မှန်းလေးပါ။ ဘောလုံးဝါသနာ ပါသူတွေ ကိုင်စွဲရမည့် ပို့စ်လေးပါ ခင်ဗျား။

ဆရာ Foreign Resident ၏ အမျိုးသားရေး ကိစ္စမို့လို့ပါ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး အဘ FR က ထူးခြားတဲ့ ဆောင်းပါးလေးနှစ်ပုဒ်ကို လူမုန်းခံပြီး တင်ပေးလိုက်တာပါ တဲ့။ အဘရဲ့ အာဘော်လုံးဝ မဟုတ်ပါဟု ကြိုပြောထားတဲ့ပို့စ်ပါခင်ဗျာ။ ကျွန်တော် နားလည်သည့်နယ်ပယ်မျိုး မဟုတ်ပါသဖြင့် ဝင်မပွားတော့ပါ။ အမျိုးသားရေးကိစ္စဆိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြရမည်လို့ နှိုးဆော်ပါရစေခင်ဗျာ။

ဆရာ mayday ရဲ့ 5390 ကျပ် ဆိုတဲ့ ပို့စ်ကတော့ သူရထားတဲ့ ပွိုင့်က ၅၃၉ဝ ရှိနေပြီ ဖြစ်ကြောင်းနဲ့ ဘယ်မှာ လာထုတ်ရမလဲဆိုပြီး အပျော်သဘော ရေးထားတဲ့ ပို့စ်လေးပါ။

ဆရာ comegyi ရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုတဲ့ ပို့စ်လေးကတော့ မော်ဒန်အရေးအသား နဲ့ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မော်ဒန်ကြိုက်သူတွေ ဖတ်ဘို့ တိုက်တွန်းပါတယ်။

ဆရာ ဂိုင်း အင်ဇာဂီ ၏ စရိုက်ကာစ အမှတ်တရများ ဆိုတဲ့ ပို့စ်လေးကတော့ ဆရာလေးအင်ဇာဂီ နုစဉ်ဘဝက လက်ဆော့ထားတဲ့ ဓါတ်ပုံလေးတွေ တင်ထားတာပါ။ တကယ် ပရို ဆရာလေးပါပဲ။ ကျွန်တော်တို့ ဒီလိုပုံလေးမျိုးတွေကို ရိုက်သက် ၁ဝ နှစ်လောက်ရှိရင်တောင် ရပါ့မလားလို့ ထင်မိပါတယ် ဂိုင်းရေ။ ကြည့်ဖြစ်အောင် ကြည့်ကြရမယ့် ဒါ့ပုံလေးများပါလို့ သူ့လေသံအတိုင်း ညွှန်းပါရစေခင်ဗျာ။

ဆရာ အီးတီ ရဲ့ ကယ်မှာလား မကယ်ဘူးလား (သို့) ရေသူထီး ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်။ ၁ဝတန်းအောင်တုန်းက မြန်မာစာ ၄၈ မှတ်သာရခဲ့သည် ဆိုသော ဆရာ အီးတီ ၏ အရေးအသားက မြန်မာစာဌာနမှ ကထိက တစ်ယောက်ရေးထားသည့်အလား ပြေပြစ်ဖြောင့်စင်း လှပါသည်။ ရေထဲမှာ ယက်ကန်ယက်ကန် နှင့် help me, help me ဖြစ်နေသော ယောင်္ကျားတစ်ယောက်ကို ရေသူထီးအဖြစ် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ သူကြီးလုပ်သူက မကယ်ဘူးဟုဆိုပါသည်။ ဘာကြောင့်မကယ်တာလဲဆိုတာကို လည်း ရှင်းပြထားပေးသည့်အတွက် ဗဟုသုတ ရပါသည်။ ဆရာ အီးတီ ၏ သင်္ဘောသား ဘဝ မှတ်စုများကို ဆက်ဖတ်ဘို့ စောင့်နေပါမည်။ ဒီတစ်ပုဒ်ကိုတော့ အရင်ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

ဆရာမျိုးသိန်း ၏ I am not mistake to order for fry chicken rice!!!!!!!!!!!! ဆိုသည့် ပို့စ်လေးကတော့ ဘိုလိုရေးထားတာပါ။ ရွှေဘဲသွားတောလားလို့ ခေါင်းစဉ် တတ်ရမယ်ထင်ပါတယ်။ ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ တစ်ခါတည်း ကူးပေးလိုက်ပါတယ်။ ကျွန်တော်က ဘိုလို သိတ်မတတ်လို့ ဘာသာပြန်လွဲသွားရင် မတော်ပါဘူးခင်ဗျာ။ ဒီမှာပဲ တစ်ခါတည်း ဖတ်ကြပါ။

Last a few day ago I am going take dinner Shwe Bel with my foreign guest.That time I am ordered to fried rice with chicken it is not my first time same as like last time.They make it with LIVER is almost why they do it? I did not find out any chicken meat it is totaly diffrent side order.They make more profit or while not they did not care of customer because of they shop is very popular in Yangon over 30 years ago.But I am not complain about it first time and now second time with forengn gust are not happy for eat live or organ.SO that please avdvise me our villeger is it my faul or who will be care of customer service????

ဆရာကိုပေါက်  ၏ ကိုပေါက် လမ်းသလားနေသည် အပိုင်း (၂၄) (အောင်ပန်းသို့ အပြန်လမ်း) ကတော့ ကျွန်တော်တို့ ရွာသူရွာသားတွေ သိပြီးဖြစ်တဲ့ ကိုပေါက်ရဲ့ ကြည်နူးစရာ ခရီးသွား ဖိုတိုအက်ဆေးလေးပါ။ ကိုပေါက်နဲ့ အတူ ခရီးစဉ်တစ်လျှောက်လိုက်ပါနေသူတွေ မကျန်ခဲ့ရအောင် ပြေးသာကြည့်ကြပါလို့။

ဆရာမ မိုးစက် ၏ ၃ဝ ကျော်ဖီလင် (new version) ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ အသက် ၃၄ နှစ် ပြည့်ပြီးတဲ့ အထိ ရင်ဖိုတောင်မသန်းရသေးပါသော အပျိုဟိုင်းကြီးတစ်ယောက် သူ့ထက် ၃ နှစ်လောက်ငယ်သော သင်္ဘောသားတစ်ယောက်၏ ကမ်းလှမ်းလာမှုကြောင့် (ဒါတောင် ကြီးဒေါ်ကြိးတွေ ရဲ့ ကောင်းမှုပါတဲ့။ စွန်တာကိုကြွားထားတာ) ရုပ်ကလေးကလည်း မိုက်တာကြောင့် လက်ခံလိုက်ပြီး ပျော်နေတာလေးနဲ့ စဖွင့်ပါတယ်။ ပြီးတော့ မင်္ဂလာပွဲမှာ လန်းနေဘို့ ကော်ဖီဖြတ်တာတို့၊ဟန်းနီးမွန်း အတွက် ခွင့်ယူရဦးမယ် ဘာညာပေါ့။ အမျှော်လင့်ကြီးမျှော်လင့်ပြီး ပြင်ဆင်ထားတဲ့အချိန်။ အပ်ထားတဲ့ အကျင်္ ီ သွားရွေးရာကနေ သူယူရမယ့် သတို့သား အကြောင်းကို တိုက်တိုက်ဆိုင်ဆိုင် သိသွားတဲ့ အပျိုကြီး တစ်ယောက် နောက်ဆုတ်လိုက်တဲ့ဇာတ်လမ်းလေးပါ။ မိုးစက်က ဇာတ်ကို ဒီလိုလေး သိမ်းထားပါတယ်။

“sorry ပါ ကျွန်မဒီလိုတာဝန်မဲ့တတ်တဲ့ယောက်ျားတစ်ယောက်ကို လက်မထပ်နိုင်ပါဘူး ခွင့်ပြုပါဦး”

ပြောပြီးတာနဲ့ ကိုယ့်အခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ အားလုံးလည်းကိုယ့်ကို နားလည်ကြမယ်ထင်ပါတယ်။ ဒီလိုယောက်ျားမျိုးတွေ နဲ့ပဲတွေ့ရရင် ကိုယ်ကတော့ဂုဏ်သိက္ခာရှိစွာနဲ့ အပျိုကြီးအဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်နေရဦးမှာပါ။          ။

ဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါခင်ဗျာ။ ရွာထဲက သင်္ဘောသားများ၏ ဂုဏ်သိက္ခာကိုတော့ နည်းနည်း ထိခိုက်သွားသလားလို့၊ အပျိုကြီးတွေအတွက်လည်း မျက်နှာအပူမိသား။ ဟေးဟေး။ အဘ FR ရဲ့ အလွတ်ရနေပြီ ဆိုတဲ့ကွန်းမန့်လေး၊ ကိုသစ်မင်းရဲ့ ပဲကြီးလှော်ကွန်းမန့်လေး၊ ကြောင်ကြီးရဲ့ ရဲဗိုလ်ချုပ် ကွန်းမန့်လေးတွေနဲ့ ပျော်စရာကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ကို ပျော်ချင်ရင် ဖတ်ကြည့်ကြပါလို့ ညွှန်းပါတယ်ခင်ဗျာ။ အဘ FR တင်မယ့် ပို့စ်လေးကိုလည်း အင်း……. တင်ရင်တော့ ဖတ်ရသေးတာပေါ့ဗျာ။ အဘFR က ကွန်းမန့်ထဲမှာ ဒီလိုရေးသွားလို့ပါဗျာ။

“နောက်ကြုံတော့မှ အဘလည်း
အဲဒီ Model တို့ရဲ့ ခယောင်းလမ်း အကြောင်း ရေးပါအုံးမယ
် “

 

ဆရာထက်ဝေ ရဲ့ ဝေါဗီးရှင်း မြန်မာရပ်ကွက်အဖွဲ့ ငွေချေး ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းအိမ်မဲမြို့နယ်တွင်ဖွင့်လှစ်ထားရှိသောworld vision myanmar၏လက်အောက်ခံအထက်ပိုင်း ရပ်ကွက်အဖွဲ့သားများမှဆင်းရဲသားလျှော့နည်းရေးအထောက်အကူပြုငွေချေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း သတင်းလေးပါ။ world vision myanmar အဖွဲ့ ရဲ့ အကြောင်းကို အပြန်အလှန်ဆွေးနွေးကြတဲ့ ကွန်းမန့်လေးတွေ ကြောင့် ဒီသတင်းပို့စ်လေးက ပိုကြွလာခဲ့တယ်လို့ထင်ပါတယ်။ မဖြစ်မနေ ဖတ်ကြည့်ကြပါ။ တစ်ခုခု ရလိမ့်မယ်လို့လည်း ညွှန်းချင်ပါတယ်ဗျာ။

ဆရာကြောင်ကြီးရဲ့ အဘွားကြီး ဆေးခတ်ခံလိုက်ရဘီ ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ပါတယ်။ ကြောင်ကြီးရဲ့ လက်ရှိ ဘွားတော်ကြီး (နာမည်မထည့်ချင်လို့ပါနော) အပေါ်အမြင်လေးကို သရော်စာ ပုံစံလေးနဲ့ ခတ်သွက်သွက် ရေးချက်လေးကို စာမြည်းလေးပေးပါရစေ။

“ပြည်ထောင်စုနေ့မှာကတဲ့ ယိုးဒယားအီနောင်ဇာတ်ထုပ် မင်းသားအီကြောင် တည်ခင်းဧည့်ခံတဲ့ လဘက်ရည်ပွဲ သွားပြီးနောက်ပိုင်း ဘွားတော်လေသံ ပြောင်းလာတယ်၊ အရင်လို ပွင့်လင်းမှု မရှိတော့ဘူး။ မေးရင်လည်း ပြောဖို့စောသေးတယ်၊ အချိန်မကျသေးဘူး၊ အားလုံးနဲ့တိုင်ပင်ပါ့မယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်နဲ့ ဆင်ဝှေ့ရန်ရှောင် စကားတွေပဲ ပြောတော့တယ်။ လူတွေကသိချင်လေ အဘွားကြီးက ပိုစိလေပဲ။ ရုတ်ချည်း ပြောင်းလဲသွားတာ ဆေးမမိလို့ ဘာဖြစ်မလဲ။

သတင်းရင်းမြစ် ကကကြောင် ဟု ဖေါ်ပြထားသော ဓါတ်ပုံ နှစ်ပုံနှင့် ပြုံးချင်ရင် ဖတ်ကြည့်ဘို့ ညွှန်းပါရစေဗျာ။

ကျွန်ုပ်တို့၏ ဓါတ်ပုံဆရာ ဆရာ ကိုစိန်သော့ ၏ မန္တလေးကနေ အလှမ်းမဝေးတဲ့ အုန္နဲရေ ၃ ဆင့်ရေတံခွန် ပို့စ်လေးကတော့ ထုံးစံအတိုင်း ကိုစိန်သော့ ရဲ့ ပရိုရိုက်ချက်လေးတွေပါဗျာ။ ရေတံခွန် ဘယ်မှာရှိလဲဆိုတာကို ကိုစိန်သော့ရဲ့ မူရင်းအတိုင်း ပြန်ဖေါ်ပြပေးလိုက်ပါတယ်။

မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ နေရာလေးတစ်နေရာက သိပ်လှတဲ့ ၃ဆင့်ရေတံခွန် ရှိရာ နေရာလေးဆီကိုပါ။ မန္တလေးကနေဆိုရင် ၄၅ မိနစ်လောက်ခရီး၊ မန္တလေး – ပြင်ဦးလွင် ကားလမ်းကနေလာရင် ကျောက်မီးရွာ အလွန် အုန္နဲရေတောင်ကြောမှာ ရှိပါတယ်။ အေသုံးလုံး ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ရောက်ရင် ၃ ဆင့်ရေတံခွန် သွားတဲ့လမ်းလေး စတွေ့ရပါပြီ။
ဆိုင်ကယ်၊ ကားနဲ့ လာရင် ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ကနေ ၁၅ မိနစ်လောက်ဆက်မောင်းလို့ရတဲ့ ကားလမ်းရှိပြီး ကားလမ်းဆုံးရင် အဲဒီက စားသောက်စရာ ရောင်းတဲ့ ဆိုင်လေးတွေ ဆီမှာ ကား၊ ဆိုင်ကယ်ထားခဲ့ကာ နောက်ထပ် မိနစ် ၂ဝ လောက် ခြေကျင် တောင်တက်ရတဲ့ သိပ်လှတဲ့ ခရီးလေးပါ။

ရွာသူရွာသားတွေအတွက် သွားရမယ့်နေရာတစ်ခုကို ကိုစိန်သော့က ဓါတ်ပုံတွေရိုက်ပြီး တင်ပေးထားတာ ဖြစ်တဲ့ အတွက် ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါခင်ဗျာ။

ဆရာ နိုဇိုမီ ရဲ့ this, too, shall pass away ဆိုတဲ့ ပို့စ်လေးကတော့ မှတ်မှတ်ရရ ပို့စ်လေးတစ်ခုဖြစ်သွားပါတယ် ခင်ဗျာ။ ပို့စ်လေးကလည်း အချိန်တန်ရင် အားလုံးပြီးသွားမှာပါ ဆိုတဲ့ massage လေးနဲ့ လှပတဲ့ ပို့စ်လေးပါ။ ပိုလှသွားတာကတော့ နိုဇိုမီရဲ့ ကွန်းမန့်လေးဖြစ်တဲ့

သဘက်ခါ နိုဝင်ဘာ ၂ ရက်နေ့ က ကျွန်တော့ မွေးနေ့ပါ ၊ ရွာထဲ ပြန်ရောက်တဲ့ အချိန် ကျွန်တော့်ကို ချစ်ခင်တဲ့ ရွာသူ၊ရွာသား တွေရဲ့ မွေးနေ့ အမှတ်တရ စကားလေးတွေများ ဖတ်ခွင့် ရရင် ဘယ်လောက်တောင် ပျှော်ဘို့ကောင်းမလဲ မသိ ၊ တွေးကြည့်တာနဲ့တင် ရင်ခုန်နေရပါပြီ

ဆိုတာလေးပါပဲ။ နိုဇိုမီက သူ့ မွေးနေ့ အတွက် အမှတ်တရ စကားလေးတွေကို ရွာသူရွာသားတွေဆီက တောင်းထားတာပါ။ ရွာသူား တွေရဲ့ မွေးနေ့ ဆုတောင်းလေးတွေနဲ့ ဒီပို့စ်လေးကို ဖတ်ကြည့်ကြပါလို့။

ဆရာ နိုင်နိုင် ရဲ့ တောင်ကြီး မီးပုံးပျံစာရင်း (ညလွှတ်မီးများ) ပို့စ်လေးကတော့ တောင်ကြီးမီးပုံပျံ ပွဲမှာ လွှတ်တင်မယ့် မီးပုံးပျံများ စာရင်းပဲဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဖတ်ကြည့်နိုင်ဘို့ပါ။

ဆရာ ရွှေတိုက်စိုးရဲ့ ယိုးဒယားရေဘေး (ဓါတ်ပုံ) ဆိုတဲ့ ပို့စ်လေးကတော့ သံဝေဂရဖွယ် ယိုးဒယားနိုင်ငံရဲ့ရေဘေး ဓါတ်ပုံများပဲဖြစ်ပါတယ်။ ပုံလေးတစ်ပုံမှာ ဝက်တွေ ရေထဲမှာ နှာခေါင်းလေးတွေမော့ပြီး သနားစရာ တွေ့ရပါတယ်။ သူတို့ကို လူတွေက လှောင်အိမ်ကို လွှတ်ပေးသင့်တယ်လို့ ထင်ပါတယ်။ သူတို့လည်း ဒီအချိန်မှာ ဒုက္ခသည်ပါပဲ။ ရေထဲမှာ နစ်နေတာတောင် ပြေးခွင့်မရရှာဖြစ်နေတဲ့ သနားစရာ ဝက်တွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ရွာသူားတွေလည်း ကြည့်ဖြစ်အောင်ကြည့်ပြီး စိတ်မကောင်းဖြစ်ကြ အဲလေ သင်ခန်းစာ ယူကြဘို့ပါ။ ကျွန်တော်တို့ ရန်ကုန်သည်လည်း ပင်လယ်ကြီး၊ မြစ်ကြီး၊ ချောင်းကြီးတွေရဲ့ ကြားမှာ တည်ထားတာဖြစ်လို့ တာဝန်ရှိသူတွေ ရေဘေးပေါ်ပေါက်လာရင် ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။ ရှေ့က သင်ခန်းစာတွေ ပေးနေပါလျက် သင်ခန်းစာ မယူတတ်ကြရင်တော့ အင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့သာ ။ ကျေးဇူးပါ ရွှေတိုက်စိုးရေ။

ဆရာမ nikita ရဲ့ One Thing ပို့စ်လေးကတော့ ဘိုလို မှုတ်ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကိုယ်တိုင်ဖတ်ကြည့် ကြပါခင်ဗျာ။

ဆရာ Dave ရဲ့ ဧရာဝတီမြစ်ပြင်ထက်က မေတ္တာခရီးစဉ် ပို့စ်လေးကို ဆက်ဖတ်ပါတယ်။ ဓါတ်ပုံလေးများပါ ကြည့်ကြရမှာ ဖြစ်ပြီး ပို့စ်ပါစာသားတွေကို ပြန်ဖေါ်ပြလိုက်ပါတယ်။ ဓါတ်ပုံလေးများကိုတော့ ပို့စ်မှာပဲ သွားကြည့် ဘို့တိုက်တွန်းပါရစေခင်ဗျာ။

အောက်တိုဘာ၂၉ရက်နေ့ကမန္တလေးရန်ကုန်နှစ်မြို့ကစာပေ၊ဂီတ၊NGO၊ကာတွန်း၊ပန်းချီ၊စာနယ်ဇင်း၊လူမှုရေးကွန်ရက်နဲ့နိုင်ငံ ရေးနယ်ပယ်အသီးသီးက ဧရာဝတီကို ချစ်မြတ်နိုးတဲ့ ရည်ရွယ်ချက်တူသူတွေ ၁၀ဝကျော်စုပြီး ခရီးလေးတစ်ခုသွားခဲ့ကြတယ်။ ၁ဝနာရီကျော်လောက်မှာမရမ်းခြံဆိပ်ကနေနဝရတ်နှစ်ထပ်မော်တော်နဲ့အင်းဝမြို့ဟောင်းကဆင်ကျုံးခံတပ်ရှိရာကိုထွက်ခဲ့ကြတယ်။အိုးဘိုထောင်ကထပ်ပြီးလွတ်လာမယ့်ညီအစ်ကိုတွေနဲ့ဆရာတော်တွေကိုစောင့်ဆိုင်းရင်းထွက်ခွာတာနောက်ကျသွားပေမယ့် အချိန်ကအတော်လောက်ပါပဲ။မဇ္ဈိမလှိုင်းအဖွဲ့သားတွေနဲ့ အတူ တေးဂီတတွေနားဆင်ခံစားရင်း ဧရာဝတီကြားအောင် သီချင်းတွေဆိုရင်း ယုံကြည်ရာ စကားတွေ ပြောဆိုရင်း ကဗျာတွေရွတ်ရင်းသွားကြတာပါ။ကိုရဲလွင်နဲ့ ကိုသားထွေးတို့က သူတို့သီချင်းတွေကိုမမောတမ်းသီဆိုကြတယ်။ဂစ်တာတီးရင်းသီချင်းတွေဆိုရင်းဒီလိုနဲ့ပဲဆင်ကျုံးခံတပ်ကိုရောက်သွာကြ တယ်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က သောင်စပ်ထိဆင်းလာပြီး ငြိမ်းချမ်းရေးညီအစ်ကိုတွေကို လက်ကမ်းလို့ကြိုပါတယ်။ နေ့လယ်စာကိုမြက်ခင်းပေါ်မှာစားကြ၊ ပြီးတော့ သစ်ပင်ရိပ်အောက်မှာ ဧရာဝတီကို ကာကွယ်ဖို့ ပြောကြဆိုကြ ဟစ်ကြွေးကြ ကဗျာတွေရွတ်ကြတယ်။ ကိုငြိမ်းသစ်၊စံညိမ်းဦး၊ဟိန်းမြတ်ဇော်၊ ကိုသင်းမိုး၊တိုးနှောင်မိုးတို့ရဲ့ ကဗျာတွေ လွင့်ပျံသွားခဲ့တယ်။ ညီညီလွင်တို့ ကိုတိုးလွင်တို့လည်း သီချင်းတွေ ဆိုညည်းလို့မမောနိုင်ခဲ့ကြဘူး။ကိုညီကျော်တို့မအမာနီတို့အဖွဲ့သားတွေလည်း ပြုံးပျော်ခဲ့ရတယ်။အပြန်လမ်းမှာတော့ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က တီရှပ်တွေရဲ့ နောက်ကျော တော်တော်များများမှာ ရေးပေးလွှတ်လိုက်တဲ့ ဧရာဝတီကိုမထိနဲ့ ဆိုတဲ့ စာသား လေးကို အားလုံးတသသ ဖြစ်ခဲ့ကြရတာပေါ့။

ဆရာ ဘကြီး ၏ မျက်စိအောက်ရောက် မုဆိုးမှ သားကောင် ဖြစ်သွားရသူများ၏ နောင်တ ကို ဖတ်ဖြစ်ပါသည်။ သေဒဏ်ကျခံရာမှ ပြန်လွတ်လာသော သူငယ်ချင်းတစ်ယောက်ကိုတွေ့ရာမှ အတိတ်ကို ပြန်ရောက်သွားသော ဘကြီး၏ အတွေးကို ရေးထားခြင်းဖြစ်ပါသည်။ မွန်းအောင် ၏ သီချင်းတစ်ပုဒ်ကို သတိရမိပါသည် ဘကြီးရေ။

“အိမ်ရှေ့မှာ ကားရပ်ပြီးတော့ တံခါးကို ဖွဖွခေါက်ကာ လမိုက်ညရဲ့ အိုဧည့်သည်                                မမြင်ဘူးတဲ့ မျက်နှာစိမ်းရယ်၊ ငါ့ကိုလှမ်းပြောလိုက်တယ်၊ ခဏလောက်လိုက်ခဲ့ပါဦးတဲ့”

ဟိုးတုန်းက စစ်တပ်က တံခါးခေါက်ပြီး လိုက်ဖမ်းတာကို ခံခဲ့ရဘူးတဲ့ ကျောင်းသားတစ်ယောက်ဘဝကို ရေးထားတဲ့ သီချင်းလေးက စာသားပါ။ ဘကြီးလည်း အဲလို အဖမ်းခံခဲ့ရဘူးတယ်ထင်ပါတယ်။ ဘကြီးရေး ဆက်ရေးပါဗျာ။ ဒါလေးတွေက သမိုင်းပါ။ ဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းအဖြစ်အပျက်တွေပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

ဆရာ windtalker ၏ မင်္ဂလာလေးရယ်တဲ့ ဆောင်သောအခါ (ဇာတ်သိမ်း) ကို ဆက်ဖတ်ပါသည်။ ဆရာကိုပေ၏ အတည်အခန့် ရသရေးဟန်ကို တွေ့ရပါသည်။ ကိုပေက သူ့ ဇာတ်လမ်းကို ဒီလိုအဆုံးသတ်ထားပါသည်။

ရပ်ကွက်ထဲ ၊ ဈေးထဲမှာတော့ သူတို ့မင်္ဂလာပွဲ သတင်းမှာ လွန်စွာ လူပြောများကြောင်း ပြန်ကြားခဲ့ရလေသည် ။  “ တရားခံ က မင်္ဂလာပန်းကုံးစွပ်ပြီး ၊ ၅ မိနစ် ပဲ ဘိသိက်မြှောက်တဲ့ မင်္ဂလာဆောင် ”  ဟူသတည်း ။

ဆရာ windtalker ၏ အတည်အခန့် ရသ ပို့စ်လေးကို ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါသည်။

ဆရာ မောင်သန်းထွဋ် ဦး ရဲ့ ငပလီ အလှပါ။ အလည်တစ်ခေါက်လာလှည့်ပါ ဆိုတဲ့ ပို့စ်လေးကတော့ လှပတဲ့ ငပလီရဲ့ ဓါတ်ပုံလေးများနဲ့ ငပလီ ကိုလာဘို့ဖိတ်ခေါ်ထားတာပါ။ ငပလီအလှကို ကြည့်ကြရမယ့် ပို့စ်လေးပါ။

ဆရာ အင်ဇာဂီ ၏ Information Flow Management – 1 (Introduction) ပို့စ်လေးကတော့ Information Management အကြောင်း ရှင်းပြထားတဲ့ ဂိုင်းအင်ဇာဂီ ရဲ့ ပညာရပ်ဆိုင်ရာ ပို့စ်လေးပါ။ ကျွန်တော် ဝင်ပွားရလောက်တဲ့ ပို့စ်မျိုးမဟုတ်လို့ လေ့လာနေသူများ ဖတ်ဖြစ်အောင်ဖတ်ပြီး ဒေါင်းလုတ်ဆွဲ သိမ်းထားရမယ့် ပို့စ်လေးပါခင်ဗျာ။

ဆရာ ထက်ဝေ ၏ ရှေ့နေကို နာမည်ဖျက်သူ ပို့စ်ကတော့ ဆယ်အိမ်မှူးလုပ်တဲ့လူက ရှေ့နေငွေကြည် ရဲ့ နာမည်ကို မှတ်ရာမှာ ရှေနေ ငွေကြည် ၂၀ဝ ရပြီး လို့မှတ်ရမှာကို ငရှငန ငွေကြည် ၂၀ဝ ရပြီးလို့ မှတ်ထားတဲ့ အကြောင်း ဟာသလေးရေးထားတာပါ။ ဖတ်ကြည့်ကြပါဗျာ။

နောက်ပို့စ်လေးတစ်ခုကတော့ ဆရာမ နွယ်ပင်ရဲ့ ကျမဘဝရဲ့ စာဖတ်မှတ်စုများ ပို့စ်လေးဖြစ်ပါတယ်။ ဆရာမ နိုင်းနိုင်းစနေရဲ့ သတ္တိရှိတဲ့ ပထမခြေလှမ်းဆိုတဲ့ စာအုပ်လေးကို ညွှန်းဆိုထားတာပါ။ စာအုပ်ကောင်းကောင်း လေးတွေ ဖတ်တတ်သူများ ဒီပို့စ်လေးကို ဖတ်ကြည့်ကြပါ။

ဆရာမ Etone ၏ မြွေသူတော်မွေးကြမလားဆိုတဲ့ ပို့စ်လေးကတော့ လမ်းပေါ်မှာ ရောင်းတဲ့မြွေလေးတွေ အကြောင်း ဓါတ်ပုံလေးများနဲ့ ရေးထားတဲ့ ပို့စ်လေးပါ။ မြွေ မွေးချင်သူများ ဖတ်ကြည့်ကြဘို့ပါ။

ဆရာမ nikita ၏ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်နိုင်သောအစားအစာ ၁၃ မျိုး ဆိုတဲ့ ပို့စ်လေးကတော့  ကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာလေးများကို ဖေါ်ပြထားတာပါ။ ကျန်းမာရေးလိုက်စားသူတွေ ဖတ်ကြဘို့ပါ။

ဆရမ မနောဖြူလေး ၏ ရင်ပွက်သံကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကဗျာချစ်သူတွေ ခံစားနိုင်ကြဘို့ပါ။ ကွန်းမန့်လေးတွေနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်ဗျာ။

“ဝါသနာပါပေမယ့် မရေးတတ်တာခက်တယ်” လို ့ဆိုထားသူရဲ ့နောက်တစ်ကြိမ် ချမ်းချမ်း မျက်ရည်ကျစေပြန်ပြီလား ။ သို ့မဟုတ် သည်တစ်ခါ ချမ်းချမ်း တော့ မဟုတ်လောက်တော့ဘူး ။ တစ်ခြားတစ်ယောက် ထင်ပါ၏

GreeNsheeP ရဲ့ ကွန်းမန့် ပါ။ ကျွန်တော် အရင်ပို့စ်တစ်ခုမှာလည်း ပြောခဲ့ပြီးပါပြီ။ GreeNsheeP ဟာ မနောဖြူလေး ကို  ကွန်းမန့်တွေနဲ့ တစ်ချိန်လုံး ပေါ်ပေါ်တင်တင် ကြီး တိုက်ခိုက်နေတာကို တွေ့နေရတာပါ။ မနောဖြူလေး ဘက်ကတုန့်ပြန်တာ တစ်ခုမှ မတွေ့ရပါဘူး။ GreeNsheeP အနေနဲ့ မနောဖြူလေး အပေါ် ဒီလိုနိုင်ထက်စီးနင်း ပြောချင်ရာ ပြောပိုင်ခွင့် မရှိပါဘူးဗျာ။ လူကြီးလူကောင်း ဆန်ဆန် ပြုမူဘို့ ကျွန်တော်တောင်းဆိုချင်တာပါ။ ပုဂ္ဂိုလ်ရေး သက်သက် လိုက်တိုက်ခိုက်သလို ဖြစ်နေပါတယ်ဗျာ။ သူကြီး နဲ့ စီနီယာကြီးတွေ အနေနဲ့ ဒါမျိုးကို ဘာလို့ ခွင့်ပြုထားလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဒီပို့စ်မှာ အဘ FR ကတော့ အမြင်မတော်လို့ ထင်ပါတယ်။ ဝင်ထိန်းပြောပါတယ်။

GreeNSheeP ရယ် ရွာသူား အချင်းချင်းပဲ မပြောပါနှင့်ကွယ်

အဲဒါလေးပါ။ ရွာထဲက ထိန်းသင့်တဲ့ လူတွေ ထိန်းကြပါလို့ ပြောချင်ပါတယ်ဗျာ။ မီးလောင်လို့ သံချောင်းခေါက်တာလို့ မှတ်ပေးပါဗျာ။

နောက်ပို့စ်တစ်ခုကလည်း မနောဖြူလေး ရဲ့ သင့်ချစ်သူအတွက် ဆိုတဲ့ ပန်းပုံလေးတွေပါ။ ဒီပို့စ်မှာလည်း GreeNsheeP က ကွန်းမန့်တစ်ခုနဲ့ တိုက်ခိုက်ထားပြန်ပါတယ်။

လာပြန်ပြီ တဲ့ ၊ ဘယ်ကနေ ဘယ်လို လဲ သိချင်စမ်းပါ၏

ကြည့်သာ ထိန်းကြပါ ဆရာတို့ရေ။ မန်းဂဇက် ရဲ့ အလှကို ထိခိုက်မှာမျိုးမို့ လက်တို့တာပါဗျာ။

နောက်ပို့စ်ကတော့ ဆရာမကြီး TTNU ရဲ့ Best Teacher စီးရီး အပိုင်း၂ဝ ကံ့ကော်မြေမှ ထနောင်းတော သို့ ဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။ ရေးလက်စ စာမတတ်သူပပျောက်ရေး အသုံးလုံး ခရီးစဉ် အကြောင်းဆက်ရေးထားတာပါ။ ဒီပို့စ်မှာ မြင်းလှည်းဆရာကိုမြိုင် အကြောင်းလည်းဖတ်ရပါမယ်။ စာရေးဆရာကြီး ဦးလွန်းမြိုင် ၏ သတင်းစာပါဆောင်းပါးမှာ ဆရာမကြီး အကြောင်းကို ဒီလိုရေးထားပါတယ်တဲ့။

“ပင်ပန်းသော်လည်း ပျော်ရွှင်ကျေနပ်မိသည်။  ခရိုင် ကျေးလက် အခြေစိုက်စခန်း အဆင့်ဆင့် က တာဝန်ကျေစွာ စောင့်ရှောက်ကြသည်။ လုံခြုံမှု အပြည့်အဝ ရရှိအောင် စီစဉ်ပေးကြသည်။ကျေးလက်ပြည်သူများ ပွင့်လင်းရိုးသားကြသည်။ စာမတတ်သူ အချို ့ ပ ပျောက်ပြီး  စာသင်ပေးသူ ဆရာမလေးတို့ အပြန် ခရီး နှုတ်ဆက်ပွဲမှာ (နှင်းပျောက်တဲ့ နွေ တေး အကြော့)ရင်ဝယ်ဆို့ နစ်ပြီးမျက်ရည်စို့  ခဲ့ရပါသည်။  ဤတာဝန်ကို ထမ်းဆောင်ရသဖြင့် အတွေ့အကြုံများစွာရရှိ ခဲ့ပါသည်။သူူငယ်ချင်းများလည်း လုပ်အားပေး လိုက်ပါကြပါရန် တိုက်တွန်းပါကြောင်းစသဖြင့် သန်းသန်းနုက တင်ပြသွားသည်မှာ  ရင်ဝယ်တလှပ်လှပ်ခံစားမိသည်။”

ဆရာမကြီး၏ Best Teacher စီးရီး ကို အားပေးနေကြသူများအတွက် လက်တို့ပါရစေဗျာ။

ဆရာ maungpeace ၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် ငြိမ်းချမ်းရေး ဆိုတဲ့ ပို့စ်လေးကတော့ ဘာသာရေးဆိုင်ရာပို့စ်လေးမို့ ကျွန်တော် ဝင်မပွားတော့ပါခင်ဗျာ။ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြပါလို့။

ဆရာ mayday ၏ ဓမ္မ နှင့် အဓမ္မ ဆိုင်ရာ စာပေဟောပြောပွဲ ပို့စ်လေးကတော့ အောင်ပန်းမြို့မှာ ပြုလုပ်တဲ့ ဓမ္မ စာပေဟောပြောပွဲအကြောင်း ဖြစ်ပါတယ်။ အသံဖိုင်ရရင် လင့်တင်ပေးပါမယ်တဲ့။ စိတ်ဝင်စားသူများ စောင့်ကြဘို့ပါ။

အောက်တိုဘာ လ ရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပို့စ်ကတော့ ဆရာ ကိုရင်စည်သူရဲ့ ဟော့ ဖြစ်နေပါတဲ့ သင်္ဘောသားတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ဆိုတဲ့ ပို့စ်လေးပဲဖြစ်ပါတယ်။ သင်္ဘောသားတစ်ယောက်ရဲ့ သူ့ချစ်သူကို လက်မထပ်နိုင်သေးတဲ့ အကြောင်း ဖွဲ့နွဲ့ထားတာပါ။ ကိုရင်စည်သူရေ။ ကျွန်တော်ကတော့ ဒီပို့စ်မှာ ခင်ဗျား သိတ်အားမစိုက်ထားဘူးလို့ထင်ပါတယ်ဗျာ။ အရေးအသားက ပေါ့ရွှတ်ရွှတ်နဲ့။ အရင် ပို့စ်တွေ တုန်းက တော်တော်မိုက်တယ်ဗျ။ ဒါပေမယ့် အကြောင်းအရာလေးက ကောင်းပါတယ်ဗျာ။ အဘ FR ဦးဆောင်တဲ့ ကွန်းမန့်များနဲ့ ခုရက်ပိုင်းမှာ အဟော့ဆုံးပို့စ်ကြီး တစ်ခုလို့ သတ်မှတ်ချင်ပါတယ်ဗျာ။ အခုကျွန်တော် ရေးတဲ့ အချိန်မှာတောင် ကွန်းမန့် ၅ဝ ပြည့်လုလုပါ။ ဂုဏ်ယူပါတယ် သင်္ဘောသားကြီးရေ။ သင်္ဘောသားတွေရဲ့ ဘဝကို စိတ်ဝင်စားရင် ဒီပို့စ်လေးနဲ့ ကွန်းမန့်များကို ဖတ်ဖြစ်အောင် ဖတ်ကြဘို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

၂၀၁၁ ခုနှစ် အောက်တိုဘာလရဲ့ လက်ကျန်ပို့စ် အားလုံးကို ပြတ်အောင် ရေးပေးလိုက်ပါတယ်ဗျာ။ အကြောင်းမညီညွတ်၍ ကျန်ခဲ့သည်များ ရှိခဲ့ပါက ကွန်းမန့်ကသာ ဆဲတော်မူကြပါကုန်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။

14 comments

  • windtalker

    November 6, 2011 at 11:50 am

    အနော် လည်း စာရေးချင်စိတ်ပျောက်နေတယ်ဗျာ ။ ဘောပွဲတွေ နဲ ့ဘဲ နပန်းလုံးနေမိတယ် ။

  • ပေါက်ဖော်

    November 6, 2011 at 11:59 am

    ဟုတ်..
    အကုန်နီးပါး ဖတ်ဖြစ်ပါတယ်. ဆရာချောရေ..
    ဉာဏ်မမီတဲ့ ပို စ့်….တစ်ချို ့နဲ ့…..နာမလည်တဲ့ပို ့စ်မျိုးလောက်တော့….
    ဖတ်ကြောင်း သတင်းမပို ့မိခဲ့ပါဘူးဗျာ..
    ကျေးဇူး..တင်..ပါ..ဒယ်..
    😆

  • inz@ghi

    November 6, 2011 at 12:02 pm

    ဆြာ ဘလက်ပြောမှ သတိရတော့တယ်ဗျ…
    Information Flow management မှာ
    အပိုင်း၂ အနေနဲ့ model တခုရေးမယ်ပြောထားပြီး….
    မရေးဖြစ်သေးဘူးဗျာ…
    နောက်တော့ ရေးမယ်ဗျာ..

    ခုတလော mood က အတည်ရေးလို့မရဖြစ်နေလို့ဗျို့ ….
    ဟိုဘက်ကို တွန်းရေးနေဖြစ်တာ ….
    အပိုင်း (၆) မှာ ဆြာ ပါလာပြီနော် ..ဖတ်ကြည့် ဝေဖန်ပေးပါဦးဆြာ…

  • မှော်ဆရာ

    November 6, 2011 at 1:14 pm

    တက်သမျှပိုစ်အားလုံးကို ဖတ်ပြီး အားလုံးကို ထင်မြင်ချက်ရေးပေးနှိုင်တာ နဲနဲနောနော စေတနာတော့ မဟုတ်ဘူး။
    ဒါပေမယ့် အမြဲတမ်းအဆင်ပြေပါ့မလား
    အချိန်အပိုင်းအချားအလိုက်ခွဲခြားထားပြီး လက်ရွေးစင်ပိုစ်တွေလောက်ကောက်နှုတ်ဖေန်ရင် ပိုပြီ အဆင်ပြေသလို လက်ရွေးစင်အရွေးခံရသူတွေအနေနဲ့ ပိုပြီး ဂုဏ်တက်လာနှိုင်ပါတယ် …။
    နောက်ပိုင်း စီစစ်ရေးသဘောတောင် ဖြစ်လာနှိုင်ပါတယ်
    ဒါ ဆရာ့အတွက် စေတနာပါနော် …

  • thit min

    November 6, 2011 at 1:16 pm

    ဖတ်ပြီး မုဒိတာပွါးရတယ်၊ကြည်နူးရတယ်၊ ပြုံးမိတယ်။ရီလဲရီမိတယ်။
    ရသစုံးပေးနိုင်းတာထဲကတခုတွေ့လိုက်ရတာကို ဒီလိုပြောမယ်ဗျာ။
    “စေတနာတွေ မေတ္တာတွေ အလျှံပယ်ပါလားဗျာ။”
    ခင်ဗျားတော်တော်လေးစားဘွယ်ရာစိတ်ဓာတ်ရှိသူပါဘဲ ကိုဘလက်ချောရေ။
    လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် အပင်ပန်းခံတင်ပြမှုနဲ့ တာဝဝန်ယူမှုအတွက်ပါ။

  • Koyin Sithu

    November 6, 2011 at 1:19 pm

    ဆရာချော.ရေ..
    တော်တော်ပြည့်ပြည့်စုံစုံရေးထားတာတွေ့ရတယ်..
    ကိုချောပြောလို့ ကိုယ့်ရဲ့ အရေးအသားတွေ ပေါ့ရွှတ်နေလို့..
    ဆားခတ်ဖို့ ကြိုးစားနေကြောင်းပါ…
    တချို့အဘတွေရေးတဲ့ ပို့စ်တွေတော့ မမန့်ဖြစ်ခဲ့ဘူး..
    ကျနော် ဉာဏ်တိမ်လို့နေပါ့…
    မိဘရေးရာဝန်ကြီးရဲ့ လုပ်ငန်းစဉ်တွေလည်း.. အောင်မြင်ပါစေ…

  • koyinmaung

    November 6, 2011 at 3:40 pm

    ဆရာချေားရဲ့စေတနာကိုရွာသားတွေကကျေးဇူးတင်လျှက်ပါ
    ဆရာချေားမိဘတွေနေထိုင်မကောင်းဘူးကြားလို့စိတ်မကောင်ပါဘူး
    ဆရာချေားနဲ့တကွမိဘများကျမ်းမာချမ်းသာပါစေလို့ဆုတောင်းလိုက်ပါတယ်…
    လေးစာလျှက်ပါ ( ကိုရင်မောင် )

  • blackchaw

    November 6, 2011 at 5:22 pm

    @ windtalker
    ကိုပေရေ။ ဘောပွဲလည်း ကြည့်ပါ။ စာလည်းရေးပါဗျာ။
    @ ပေါက်ဖေါ်
    ညီလေးရေ။ ကျေးဇူးပါကွာ။
    @ inz@ghi
    အပိုင်း ၆ ကို စောင့်ဖတ်ပါမယ်ဗျာ။
    @ မှော်ဆရာ
    သိတ်မှန်တာပေါ့ကွာ။ ဒါပေမယ့်။ သတ္တိရှိဘို့ လိုပါမယ်။
    အရွေးမခံရသူတွေရဲ့ အမုန်းကို ကိုယ်မလိုချင်ဘူးလေ။
    ကဗျာဆန်ဆန်ပြောရရင် အမုန်းတွေကို ကိုယ်ကြောက်ပါတယ်။
    ဒါလည်း ကိုယ်တတ်နိုင်သလောက် ကောင်းမှုလေးလုပ်နေတာပါ။
    မတတ်နိုင်တော့တဲ့ အချိန်ကျရင်တော့လည်း ရပ်ရမှာပေါ့နော။
    @ thit min
    ကိုသစ်မင်းရေ။
    ကျွန်တော် တကယ် အမောပြေပါတယ်ဗျာ။
    ဒီရက်ပိုင်းတက်တဲ့ ခင်ဗျားပို့စ်လေးတွေအတွက်လည်း မုဒိတာပွားပါတယ်။
    ကျွန်တော်တချို့ပို့စ်တွေ ကွန်းမန့်ဝင်မပေးတာ နားမလည်လို့ပါ။
    ပြီးတော့ ဒီပို့စ်မှာ ကိုသစ်မင်းတို့လို လူတွေရဲ့ အမြင်လေးတွေကို
    သိချင်လို့ မေးထားတာလေးတွေရှိပါတယ်။
    ဥပမာ- Etone ရဲ့ ပို့စ် အပေါ် အမြင်လေး၊ GreeNsheeP ရဲ့ ကွန်းမန့်တွေအပေါ်
    အမြင်လေးတွေပေါ့ဗျာ။ တတ်နိုင်လို့ အချိန်ရရင် သေသေချာချာ ပြန်ဖတ်ပြီး
    ကွန်းမန့်လေး ချီးမြှင့်ပေးပါဦး လို့တောင်းဆိုပါရစေဗျာ။
    @ ကိုရင်စည်သူ
    ကျေးဇူးပါဗျာ၊ မိဘရေးရာဝန်ကြီး ဆိုတာ တကယ်ပြောတာပါ။
    ကျွန်တော့် အဖေအမေရော၊ ကျွန်တော့်အမျိုးသမီးရဲ့ အဖေအမေရော
    သူတို့ကျန်းမာရေးကိစ္စ အကုန်လုံးကို ကျွန်တော်တာဝန်ယူထားရတာပါ။
    @ ကိုရင်မောင်
    ကျွန်တော့်မိဘတွေအတွက် ဆုတောင်းပေးတာ ကျေးဇူးပါဗျာ။

  • ဆူး

    November 6, 2011 at 5:42 pm

    ရွာထဲတော့ ပုံမှန် ဝင်နိုင်တော့မယ် မထင်တော့ဘူး။
    ခါးနာနေလို့ အနားယူလိုက်အုန်းမယ်။
    ရွာတံခါးမှာ စာလာကပ်တာပါ။

  • ကိုချောရေ
    ကျနော်ဘယ်လိုမှ မလုပ်နိုင်တာသေချာတဲ့အလုပ်ကိုလုပ်နေသူကို လှိုက်လှိုက်လှဲလှဲ
    ချီးကျူးပါတယ်။
    ကျနော်ဆိုရင်ကိုယ့်ရေးဖော်တွေရေးတာကို အားမပေးနိုင်လောက်အောင်ကိုအချိန်ဆင်းရဲပါတယ်။
    စာမရေးတဲ့ရက်မှာကော်နက်ရှင်ကောင်းရင်ဝင်ကြည့်ဖြစ်တာ။
    ရွာထဲမှာ ကျနော်မနှစ်သက်တာလေးပြောရရင်
    အနုတ်လက္ခဏာ မပေးသင့်ဘဲ ပေးထားတွေကိုလည်းမကြိုက်ဘူးဗျာ။
    အပြင်မှာဖြစ်လာတဲ့ တစ်ယောက်ခြင်းမကျေနပ်မူ့တွေကို အများဖတ်တဲ့စာမှာလာကော်မင်းတွေ
    ပေးကြတာကိုလဲ မကြိုက်ဘူးဗျာ၊
    ဝေဖန်ချင်ရေးထားတဲ့စာကို နှစ်သက်မူ့ရှိမရှိ ဝေဖန်သင့်တယ်။
    လူမူ့ရေးကတော့ တစ်ယောက်တစ်ယောက်ချစ်ခင်ကြတာကိုဘဲကြိုက်ပါတယ်။
    ရေးတဲ့စာအပေါ်ခံယူချက်ခြင်းတော့ တူချင်မှတူမယ်။
    ဒါပေမယ့် ကျေနပ်စွာကွဲလွဲလို့ရတယ်လေ။
    ရွာလေးသာယာစေချင်ပါတယ်။

  • TTNU

    November 6, 2011 at 9:55 pm

    Dear Blackchaw,
    I can’t help admiring you for your effort.
    Let me give you a distinction for your work of an excellent standard.

  • blackchaw

    November 7, 2011 at 10:05 am

    @ ဆူး
    ရွာထဲဝင်ဘို့က မခက်ပါဘူး အန်တီဆူးရယ်။
    ကွန်ပျူတာ မပါပဲ အန်တီဆူး ဘဝကို ဘယ်နှစ်ရက်ဖြတ်သန်းနိုင်မှာပါလိမ့်။
    မရေးရင်တောင် ဝင်ဖတ်ပြီး ကွန်းမန့်လေးတွေတော့ ချီးမြှင့်ပေးခဲ့ပါဦး။
    အန်တီဆူးလို လူတစ်ယောက်က ရွာနဲ့ဝေးဝေးမှာ မနေသင့်ပါဘူး နော။
    @ ကိုပေါက်
    ကျွန်တော် ဒီပို့စ်လေးကို အိပ်ရေးပျက်ခံပြီးရေးတာပါ ကိုပေါက်ရေ။
    ရွာထဲဝင်တဲ့အချိန် သေသေချာချာ ဖတ်ဘို့ အချိန်မပေးနိုင်ပါဘူး။
    တစ်ပုဒ်ချင်းဖွင့်ပြီး ဒေါင်းလုတ် ဆွဲရပါတယ်။ အစဉ်လိုက်ဖြစ်ဘို့လည်း ဂရုစိုက်ရပါတယ်။
    နေ့တစ်နေ့စာကို ဖိုင်နိမ်းတစ်ခုအောက်မှာ သိမ်းပါတယ်။
    တချို့ဖိုင်တွေက ဒေါင်းလုတ်ဆွဲရခက်ပါတယ်။
    ညဘက်အိမ်ကျမှ ကျွန်တော့်မှာ ရှိတဲ့ လက်တော့ အစုတ်ကလေးနဲ့
    တစ်ပုဒ်ချင်း ပြန်ဖွင့်ပြီး တစ်ပုဒ်ချင်းရေးတဲ့ အလုပ်ကို လုပ်ပါတယ်။
    ကိုသစ်မင်းရဲ့ စကားလေးကိုပဲ နောက်တစ်ခါကိုးကားခွင့်ပြုပါဗျာ။
    ကျွန်တော် တတ်နိုင်သလောက် ပရ တာပါ။
    ကိုပေါက်တို့က အဲဒီလိုလေး အားပေးလိုက်ရင် အမောပြေရပါတယ်။
    သီးသန့် အကြံပေးစရာရှိရင်လည်း ပီအမ်ကနေ ပေးလို့ရပါတယ်။
    အားပေးတာ ကျေးဇူးပါ။
    @ TTNU
    ဆရာမကြီး ကျေးဇူးပါဗျာ။

  • Diamond Key

    November 8, 2011 at 9:27 am

    ကိုချောခင်ဗျာ၊
    ရွာထဲရောက်လိုက်၊ အလုပ်ကိစ္စတွေနဲ့ တစ်ရက်နှစ်ရက် ပျောက်လိုက်ဖြစ်နေရတဲ့ ကျွန်တော်အတွက်တော့ ရွာထဲကို ပြန်ရောက်ရောက်ချင်း စရှာဖတ်တဲ့ နေရာလေး ထာဝရ ရှိနေစေချင်ပါတယ်။
    ကိုချော ပေးရတဲ့ အချိန်၊ အားထုတ်မှုကတော့ ပို့စ်လေးတစ်ခုလောက် ရွာထဲရောက်အောင် တင်တင်နေတဲ့ ကျွန်တော်လို လူအတွက်တော့ တစ်ကယ်ကို အံ့ဩောလေးစားရပါတယ်။
    ိမိဘရေးရာဝန်ကြီးတာဝန်ကိုလည်း နားလည်ပေးနိုင်ပေမယ့် ရွာထဲက ပြန်ကြားရေးရာဝန်ကြီးတာဝန် (သဂျိီးမပေးလည်း နော်ပေးတာ……) လည်း ကျိုးစားပေးပါလို့………..။

  • nozomi

    November 8, 2011 at 10:11 am

    ကိုချော ဦးပေါက် ကို ရေးထားတာ “ကျွန်တော် ဒီပို့စ်လေးကို အိပ်ရေးပျက်ခံပြီးရေးတာပါ ကိုပေါက်ရေ။
    ရွာထဲဝင်တဲ့အချိန် သေသေချာချာ ဖတ်ဘို့ အချိန်မပေးနိုင်ပါဘူး။
    တစ်ပုဒ်ချင်းဖွင့်ပြီး ဒေါင်းလုတ် ဆွဲရပါတယ်။ အစဉ်လိုက်ဖြစ်ဘို့လည်း ဂရုစိုက်ရပါတယ်။
    နေ့တစ်နေ့စာကို ဖိုင်နိမ်းတစ်ခုအောက်မှာ သိမ်းပါတယ်။
    တချို့ဖိုင်တွေက ဒေါင်းလုတ်ဆွဲရခက်ပါတယ်” ဆိုလို့ ကျွန်တော်လဲ တချို့ ပို့စ် တွေကို သဘောကျရင် ၊ဖတ်ဘို့ အချိန် မရ ရင် ၊ ပို့စ် ကိုဖွင့်ပြီးတာနဲ့ select all လုပ် copy လုပ် ပြီး ကိုယ့်စက်ထဲက word file တစ်ခုမှာ paste လုပ်လိုက်တယ်၊ ပို့စ် ထဲက စာတွေရော ပုံတွေရော အကုန်ရတယ် ၊ အဲဒါမျိုး ဆို အဆင်ပြေမလားလို့ အကြံပေးကြည့်တာနော

    ကိုချောကြီး စေတနာကို လေးစားပါတယ် ၊(ကိုယ်ချင်း မစာဘူး ဆို ချင် ဆို) မဒမ်ချော ဆီ စာမရေးပဲ နေရင်သာ နေပါ၊ ဒီပို့စ် မျိုးတော့ မရေးပဲ မနေပါနဲ့နော

    အချိန်ရရင်တော့ ပို့စ် အားလုံးကိုရေး အချိန်ရှားလာရင်တော့ မှော်ဆရာ ပြောသလို ကိုချောကြိုက်တာလေးတွေပဲ ရွေးထုတ် ပြောရင်လဲ အဆင်ပြေတာပဲ

Leave a Reply