စူပါဆန်းဒေးပွဲစဉ်များ အတွက် မောင်ပေရေးသည်

မောင် ပေNovember 6, 20114min23018

မင်္ဂလာပါ ခင်ဗျာ ။

မနေ ့က စာဖတ်သူတွေနဲ ့ဂေဇက်ဝင်တွေ အတွက် ခန် ့မှန်းချက် ရေးခဲ့ရာမှာ အားလုံး အိုကေခဲ့ပေမယ့် ၊ မောင်ပေ တစ်ယောက်ခဗျာတော့ မအိုကေခဲ့ပါဘူး ။

ဒီကနေ ့ညကို အသည်းအသန် ဦးစားရတော့မှာပါ ။ ဒီအတွက် အကောင်းဆုံးဖြစ်မယ့် ပွဲစဉ်တွေ ကို သုံးသပ်ပြပါရစေ ခင်ဗျာ ။

ပွဲစဉ်များနဲ ့အချိန်များကတော့

၈:၀၀      ဝုဗ်   –   ဝီဂန်

၉:၃၀      ဘော်တန်   –   စတုတ်

၁၀:၃၀    ဖူဟမ်   –   စပါး

၆:၀၀      ဂျီနိုအာ   –   အင်တာ

၈:၃၀      အတ်တလန်တာ   –   ကယ်ဂလီယာရီ

။          စီဆီနာ   –   လက်ချီ

။          ချီယေဗို   –   ဖီအိုရင်တီးနား

။          လာဇီယို   –   ပါးမား

။          အေစီမီလန်   –   ကာတားနီးယား

။          အူဒီနီး   –    ဆီနာ

၂:၁၅       နာပိုလီ   –   ဂျူဗင်တပ်

၅:၃၀      ရီးရဲမက်ဒရစ်   –   အိုစာစူနာ

၉:၃၀      ဂရာနာဒါ   –   ရေဆင်း

။          ဇာရာဂိုဇာ   –   ဂီဂျွန်

၁၁:၃၀    ဗယ်လကာနို   –   ဆိုစီဒက်

။           အက်စ်ပန်ညို   –   ဗီလာရီးရဲ

၁:၃၀       ဘီဘာအို   –   ဘာစီ

၃:၃၀       ဂီတာဖေး   –   အသလက်တီကို

************************************************************

ဝုဗ်(၁၇)   –   ဝီဂန်(၂၀)

ခြေပျက်နေတဲ့ အမှတ်ပေးဇယားအောက်ခြေ က နှစ်သင်း တွေ  ့ဆုံမှု ဖြစ်ပါတယ် ။

ဝုဗ် အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

ဝုဗ် အသင်း အိမ်ကွင်း ၅ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၃ ပွဲ ရှုံး ၊ ရဂိုး ၅ ပေးဂိုး ၉ ဖြစ်ပါတယ် ။

ဝီဂန် အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

ဝီဂန်အသင်း အဝေးကွင်း ၅ ပွဲ ကစားခဲ့ရာမှာ  ၁ပွဲသရေ ၊ ၄ပွဲရှုံး ၊ ရဂိုး ၁ ပေးဂိုး ၉ ဖြစ်ပါတယ် ။

မနှစ်က ဒီနှစ်သင်း တွေ  ့ဆုံခဲ့ရာမှာ အိမ်ကွင်း၊အဝေးကွင်း ဝီဂန် က နိုင်ခဲ့ပါတယ် ။

ဈေးအနေအထားအရ ဝုဗ် က တစ်ဂိုးသွင်းရင် အပြည့်နီးပါး ခံစားရမှာပါ ။ ဒီဈေးဟာ အောက်ခေါ်တဲ့အနေအထားလည်း ဖြစ်ပါတယ် ။

ရိုးရိုးပဲ တွေးကြည့်ရင်တော့ ၊ ဇယားအောက်ခြေ က နှစ်သင်းလုံး ရုန်းကြမယ့် အချိန်မှာ ၊ အိမ်ရှင် ဆိုတဲ့ အားသာချက် ရှိတဲ့ ဝုဗ် ကို ပဲ အားပေးပါမယ် ။

************************************************************

စီစီနာ(၂၀)   –   လက်ချီ(၁၉)

ဇယားအောက်ခြေ အထက်အောက် ၂ သင်း တွေ  ့ဆုံမှု ဖြစ်ပါတယ် ။

စီစီနာ အသင်း ရဲ  ့နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

စီစီနာ အသင်းဟာ ၉ ပွဲ ကန်အပြီးမှာ နိုင်ပွဲ မရှိသေးပဲ ၊ ၃ ပွဲသရေ ၊ ၆ ပွဲ ရှုံး ၊ ရဂိုး ၃ ၊ ပေးဂိုး ၁၂ ဖြစ်ပါတယ် ။

လက်ချီ အသင်း ရဲ  ့နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

လက်ချီအသင်းဟာ ၉ ပွဲ ကန်အပြီးမှာ ၁ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၆ပွဲရှုံး ၊ ရဂိုး ရ ပေးဂိုး ၁၆ ဖြစ်ပါတယ် ။

မနှစ်က ဒီနှစ်သင်း တွေ ့ဆုံမှု မှာ လက်ချီကွင်းတွင် ၁-၁ သရေကန်ခဲ့ပြီး ၊ စီစီနာ ကွင်းမှာ စီစီနာ က ၁-ဝ အနိုင်ကန်ခဲ့ပါတယ် ။

ယခု ကန်မယ့် ပွဲ မှာ စီစီနာ အသင်းက နည်းပြသစ် “အရီဂိုနီ” နဲ ့ပွဲဦးထွက် လာမှာ ဖြစ်ပါတယ် ။

ဘယ်ကလပ် အသင်းမဆို နည်းပြပြောင်းရင် ပွဲဦးထွက် လန်းကြတာပဲမို ့၊ နိုင်ပွဲလုံးဝမရှိတဲ့ အဖြစ်ကို ချေဖျက် မယ့် စီစီနာကိုပဲ အားပေးပါမယ် ။

************************************************************

ရီးရဲမက်ဒရစ်(၁)   –   အိုစာစူနာ(၈)

လာလီဂါ နဲ ့ချန်ပီယံလိဂ် မှာ ဘာစီလိုနာ ရဲ   ့အပိုင်စားနေမှုတွေကို နေရာယူမယ့် ရီးရဲ ရဲ  ့ခြေစွမ်းကတော့ အထူးအားရစရာပါ ။

ရီးရဲ ရဲ  ့နောက်ဆုံး ငါးပွဲ ရလဒ်များမှာ 

အိမ်ကွင်း ၄ ပွဲကစားခဲ့ရာ ၄ ပွဲလုံး နိုင်ခဲ့ပြီး ရဂိုး ၁ရ ပေးဂိုး ၅ ရှိပါတယ် ။

အိုစာစူနာ နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

အဝေးကွင်း ငါးပွဲ ကစားခဲ့ရာမှာ ၃ပွဲသရေ ၊ ၂ပွဲရှုံး ၊ ရဂိုး ၄ ပေးဂိုး ၁၄ဂိုး ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အပတ် က ရီးရဲ အားပေးသူများကို ရီးရဲ မပေးဆပ်ခဲ့ပါဘူး ။ အိုစာစူနာကတော့ သူ ့ကို အားပေးခဲ့သူတွေကို ပျော်စေခဲ့ပါတယ် ။

ဒီပွဲကို အထူးတစ်လည် မရေးတော့ဘူးဗျာ ။  ဒိုလေး ဘယ်နှစ်ဂိုး သွင်းမလဲ ၊ ဟီဂူအင် က ဘယ်လို ဂိုးသွင်းမလဲ ၊ ဒါကိုပဲ စောင့်ကြည့်ပြီး ပိုက်ဆံယူမယ် ။

************************************************************

————— ဘောပွဲဝါသနာရှင်များ အားလုံး အောင်မြင်ကြပါစေ —————

 

 

18 comments

  • ပေါက်ဖော်

    November 6, 2011 at 12:09 pm

    ကြိုက်ပီ..ငပေရာ..
    ကျုပ်လဲ..ဒိုလေးပဲ..သိတော့ .ဒိုလေးပါတဲ့ပွဲ ရှိတာပေါင်ပြီး ရင်းပစ်ဦးမယ်..
    ကြာတယ်….
    အပျင်းပြေ..ဆယ်ပုံး..
    😆
    ကျန်ပွဲတွေတော့..ကိုရင်စည်တို ့..ခင်မင်တတ်သူတို ့..မှန်းချက် တစ်ချက်ကြည့်ဦးမယ်.
    တူလို ့ကတော့..
    လာထား.ပုံးနှစ်ဆယ်…..

    • windtalker

      November 6, 2011 at 12:19 pm

      ဒီနေ ့ခန် ့မှန်းတဲ့ သုံးပွဲလုံးကို ကျုပ်ကတော့ ပစ်မှာဘဲ ရဲဘော်ရေ

  • inz@ghi

    November 6, 2011 at 12:26 pm

    ကပေ က ရွာသားတွေ တလုံးရောဂါ ရအောင် လုပ်တယ်…
    သိုးစိမ်းက ရွာသားတွေ … ရေငတ်အောင်လုပ်တယ်

    ရွာသူတွေအတွက်တော့ ဘူမှ ဘာမှ လုပ်ကြဝူး…

    သည်လို တရားသဖြင့် မချိတဲ့ရွာသားတွေနဲ့တော့ ….
    အင်ဇာဂီ ရင်လေးပါဘိ….

    အွန်လိုင်းမှာ ရည်းစားမရှိသေးတဲ့ ကောင်မလေးတွေ တွေ့ရင် ကိုယ့်ကိုကိုယ် တာဝန်မကင်းသလို ခံစားရတဲ့…
    ဂိုင်း အင်ဇာဂီ…

  • windtalker

    November 6, 2011 at 1:16 pm

    နောက်ဆုံးရရှိတဲ့ ထပ်တိုးခန် ့မန်းချက်အရ
    လာဇီယို – ပါးမား = လာဇီယို
    အက်စ်ပန်ညို – ဗီလာရီးရဲ = အက်စ်ပန်ညို ပါ

  • Koyin Sithu

    November 6, 2011 at 1:43 pm

    မနေ့ညက ပရီးယားလိဂ်တွင် အင်္ဂလန်မြေတွင်
    အခြေမလှခဲ့သော ကိုရင်တစ်ယောက် ဒီည အီတလီနဲ့ စပိန်ကို
    ထပ်ခြေဆန့်ပါတော့တယ်…
    ဂျီးသား (ဂျီနိုအာ)
    အေစီ..
    ရီးရလ်
    သုံးပွဲနဲ့ မီးလျံနာဖြစ်အောင် အီတလီနဲ့ စပိန်နယ်မြေမှာ..
    အောင်လံသွားထူပါတော့မယ်…
    ယုံကြည်သော ကိုပေ၊ ပေါက်နှင့်တကွ ဘောဝါသနာရှင်များ လိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်..

    ရိုက်ချင်သလောက်ရိုက် ကြေးကြည့်ရိုက်တဲ့…
    မောင်းသခင် ကိုရင် 😀 😀 😀

  • windtalker

    November 6, 2011 at 6:52 pm

    ရီးရဲမက်ဒရစ် ပွဲကတော့ ၆၃ မိနစ်မှာတင် ဆက်ကြည့်စရာ မလိုလောက်အောင်ပါဘဲ
    အခု ကွန်မင့် ရေးနေချိန်မှာ ပွဲကစားချိန် ၆၃ မိနစ် ၆ ဂိုးမြောက်ကို ဘင်ဇီမာ သွင်းလိုက်ပါပြီ
    အခုလောလောဆယ် ရီးရဲ ၆-၁ အိုစာစူနာ ပါ
    ဒိုလေး ဟက်ထရစ်
    ပီပီ တစ်ဂိုး ၊ ဟီဂူရင် တစ်ဂိုး ၊ ဘင်ဇီမာ တစ်ဂိုး သွင်းထားပါတယ်

    • ပေါက်ဖော်

      November 6, 2011 at 7:13 pm

      ဟာရေး..ဟာရေး..
      ကီယားလေး ခိုင်ပီဝေး….
      အာရေး..အာရေး..အာလားမား..ဒစ်စကို..ဒန်းချား..
      😆

  • ရာဇဝင်လူဆိုး

    November 6, 2011 at 7:13 pm

    ဘန်ဇီမာ နောက်တစ်လုံး 7-1 တဲ့….

  • Koyin Sithu

    November 6, 2011 at 7:24 pm

    ီဦးပေရေ.. စပိန်ဘက်မှာ တစ်ပွဲအခြေအနေကောင်းနေပီဗျို့
    ရီးရဲလ် ရ ဂိုး
    အေစီနဲ့ ဂျီးနိုအာတော့ ဘာဆက်ဖြစ်အုန်းမလဲ မသိဖူး..
    အုံးဂွမ်… အုံးဂွမ်..

    • windtalker

      November 6, 2011 at 7:59 pm

      ဂျီနိုအာ ပွဲ ရွှေ ့ပါသည်
      အင်တာ ပွဲ ရွှေ ့ပါသည် ခင်ဗျာ

      • windtalker

        November 6, 2011 at 8:00 pm

        ဆောရီး
        ဂျီနိုအာ – အင်တာ = ပွဲရွှေ ့
        နာပိုလီ – ဂျူဗင်တပ် = ပွဲရွှေ ့

        • Koyin Sithu

          November 6, 2011 at 8:33 pm

          ဒီည ဂျီသားစားပါ့မယ်ဆိုမှ
          ပွဲကရွှေ့သွားပြီ … နိုင်တော့မယ်ချို
          အဲ့လိုချည်းပဲ…
          တင်းတယ်… တင်းဒယ်..

  • TTCG

    November 6, 2011 at 8:23 pm

    ကိုပေရေ… မကစားခင် တစ်ရက်လောက် စောရေးပေးရင် ကောင်းမယ်ဗျာ… ကျွန်တော်တော့ ကံမကောင်းဘူး… မနေ့က liverpool လုပ်တာ မောင်းကျိုးသွားတယ် 🙁

  • blackchaw

    November 7, 2011 at 11:07 am

    ဟွင်းဟွင်း ကိုပေ၊ ကိုပေ
    မနေ့ညက ခိုင်သွားတယ်ဆိုတာ သတင်းရထားပြီးပါပြီ။
    ဒါမျိုးကျတော့ ငြိမ်နေတယ်။

    • windtalker

      November 7, 2011 at 11:22 am

      အကို ဘလက် ရေ
      ခပ်ပါးပါးလေးပါဘဲ ခင်ဗျာ
      အကိုတို ့လို ပညာမတတ် ၊ ဥစ္စာ မပေါ ပါသဖြင့်
      ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ စားသောက်ရပါတယ် ခင်ဗျား

      • inz@ghi

        November 7, 2011 at 11:30 am

        ကပေ့ သဂျီးကို နားချဗျာ
        ရွာထဲမှာ ပွိုင့်ကြေး လောင်းကစားဝိုင်း ဖွင့်ပေးဖို့…
        နို့မို့ ပွိုင့်တွေ ဘယ်နားသွားသုံးရမှန်းမသိ ဖစ်ဖစ်နေလို့ …

        ဒိုင်ကတော့ သဂျီးပဲဖစ်ဖစ် ပွိုင့်များတဲ့
        တော့ပ်တန်း စီနီယာ တယောက်ယောက်ပဲဖစ်ဖစ်ပေါ့

        ကောင်းဝူးလား နော့် …

      • thit min

        November 7, 2011 at 11:40 am

        “အကိုတို ့လို ပညာမတတ် ၊ ဥစ္စာ မပေါ ပါသဖြင့်

        ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ စားသောက်ရပါတယ် ခင်ဗျား”

        မ Rabbit ဘူး။လုံးလုံးကြီးနဲ့ဝဝတုတ်တုတ်ကြီးကိုမ Rabbit ဘူး။

        ဪ…….. မန်းဒလေး က သထိန်း က ဒီလောက်လေးနဲ့ “ရေ”လို့မခေါ်လို့ “ခိုင်လား

        မခိုင်လား” ကိုခပ်ပါးပါးလေးတဲ့ဗျ။

        ကို ဘလက်ချောရေ။

        သူ့အနေအထားကို မမှန်းမိဘူးလား။စင်ပေါ်မှာရော။ ဆင်ပေါ်မှာရော။အေးဆေးနွေးထွေးမောင်ပေလေးလေဗျာ။

        • windtalker

          November 7, 2011 at 11:46 am

          ကိုသစ်ကတော့ ပြောတော့မယ်
          ကိုဘလက် ကွန်မင့်အောက်မှာ အနော် ရေးထားတဲ့ ကွန်မင့် က
          ကိုသစ်လဲ ပါတယ် ဗျို ့
          အားလုံးပါဘဲ ဗျာ

Leave a Reply