Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၅ ) ( ကမာ္ဘ့လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာ UNDP )

Foreign ResidentNovember 6, 20114min16312

Voice Journal ရဲ့ ရှယ်ဖွချက် နှင့်

အတွေးများ ( ၅ )

 

ရွာသားတို့ရေ ။

စာသိပ်ဖတ်လွန်းတဲ့ အဘရဲ့

အပြစ် လို့ပဲ ပြောရတော့မှာပဲ ။

ဖတ်မိတာလေးကနေ

အတွေးပွားမိတာလေးပါ ။

 

ပထမဆုံး ဒီ ဆောင်းပါးလေး

အရင် ဖတ်လိုက်ပါဦးကွယ် ။

————————————–

၂၀၁၁ လူသားဖွံ့ဖြိုးမှုညွန်းကိန်း အစီရင်ခံစာ ။

SATURDAY, 05 NOVEMBER 2011 02:23      ဝင့်ထန်း

 

ကုလသမဂ္ဂက ၂၀၁၁ ခုနှစ် လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာကို

နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ကမာ္ဘ့နိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ

GDP, GNP စီးပွားရေးညွှန်းကိန်းများသာ မကတော့ဘဲ၊

လူမှုရေးနဲ့ စီးပွားရေး နှစ်ခုစလုံးပါဝင်တဲ့ HDI ခေါ်

လူသားဖွံ့ဖြိုးမှုညွှန်းကိန်းကနေသာ

ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာဆုံးဖြတ်လာသည်။

 

HDI မှာ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းပျမ်းမျှသက်တမ်း၊

ပညာရေးပြီးမြောက်မှု၊ ဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း စတဲ့

စာရင်းအင်း (statistic) တို့ကနေ တွက်ချက်ခြင်းဖြစ်သည်။

 

HDI တွက်ချက်မှု ညွှန်းကိန်းမှာ (0) နဲ့ (1) ကြား သတ်မှတ်ထားပြီး၊

(0) က အညံ့ဖျင်းဆုံး၊ (1) မှာ အကောင်းဆုံးဖြစ်သည်။

 

ယခုနှစ် အစီရင်ခံစာအရ နော်ဝေနိုင်ငံက (0.9) ကျော်ဖြင့်

(1) နားအနီးဆုံးဖြစ်တဲ့အတွက်

လူမှုစီးပွားဖွံ့ဖြိုးမှု အကောင်းဆုံး ဖြစ်သည်။

 

အောက်ပါဇယားမှာ နိုင်ငံအချို့ရဲ့ HDI အဆင့်အတန်းကို

အကောင်းဆုံး နော်ဝေကနေ၊ အညံ့ဖျင်းဆုံး ကွန်ဂိုအထိ စီထားသည်။

HDI အဆင့်အရ အမေရိကန်က နံပါတ် ၄၊ တရုတ်က ၁၀၁ ဖြစ်သည်။

မြန်မာနိုုင်ငံနဲ့ အခြား ဆင်းရဲတဲ့နိုင်ငံတွေရဲ့ HDI အဆင့်ကို သိချင်ရင်တော့

HDR ၂၀၁၁ ခုနှစ် အစီရင်ခံစာကို ဆက်ဖတ်ကြည့်ဖို့ လိုပါမည်။

————————————–

 

မေါက္ခ ပညာရေးမဂ္ဂဇင်း မှာ မနေ့ကတင်ထားတဲ့ ဆောင်းပါးပါ ။

UNDP ( ကုလသမဂ္ဂ ) ကပြုစုတဲ့ 2011 အတွက်ကမာ္ဘ့လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာ ပါ ။

Detail Link က

http://hdr.undp.org/en/media/HDR_2011_EN_Table1.pdf ပါ ။

 

အဲဒီ ဆောင်းပါးမှာ ( ဘာဖြစ်လို့လဲတော့ မသိဘူး )

မြန်မာနိုုင်ငံရဲ့ အိမ်နီးချင်း နှင့် အာဆီယံ နိုင်ငံတွေရဲ့ HDI အဆင့် ကို

မဖေါ်ပြထားတဲ့အတွက် အဘ ပြည့်စုံအောင် ထပ်ဖြည့်ထားပါတယ်ကွယ် ။

စုစုပေါင်း ၁၈ရ နိုင်ငံမှာ နိုင်ငံ အလိုက် အဆင့်တွေကတော့ ။

 

VERY HIGH HUMAN DEVELOPMENT

( လူသားဖွံ့ဖြိုးမှု အဆင့် အထူးမြင့် )

1. Norway ( အီးယူ ဒုက္ခအိုးထဲပါနေမလား )

2. Australia ( သိပ်မကြာမှီမှာ 1 ဖြစ်လာမလား )

3. Netherlands

4. U S A ( မယုံနိုင်လောက်အောင်ပဲ မြင့်ပါတယ် )

5. New Zealand

6. Canada

9. Germany

12. Japan

13 Hong Kong

15. Korea

26. Singapore ( ASEAN 1 )

28. United Kingdom

30. United Arab Emirates ( အာရပ် တွေလဲ မထင်မှတ်နိုင်အောင်ပဲ )

33. Brunei Darussalam ( ASEAN 2 )

37. Qatar

 

HIGH HUMAN DEVELOPMENT ( လူသားဖွံ့ဖြိုးမှု အဆင့် မြင့် )

61. Malaysia ( ASEAN 3 )

66. Russia

 

MEDIUM HUMAN DEVELOPMENT ( လူသားဖွံ့ဖြိုးမှု အဆင့် နိမ့် )

101. China ( Neighbour 1 )

103. Thailand ( ASEAN 4 ) ( Neighbour 2 )

112. Philippines ( ASEAN 5 )

124. Indonesia ( ASEAN 6 )

128. Viet Nam ( ASEAN 7 )

134. India ( Neighbour 3 )

138. Lao ( ASEAN 8 ) ( Neighbour 4 )

139. Cambodia ( ASEAN 9 )

141. Bhutan ( ဘူတန်က ထင်သလောက် မမြင့်ဘူးပဲ )

 

LOW HUMAN DEVELOPMENT ( လူသားဖွံ့ဖြိုးမှု အဆင့် အထူးနိမ့် )

146. Bangladesh ( Neighbour 5 )

149. Myanmar ( ASEAN 10 ) ( Neighbour 6 )

157. Nepal

186. Niger

187. Congo

 

UNDP ( ကုလသမဂ္ဂ ) က လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း

( Human Development Index ) ကိုတွက်ရာမှာ

အချက်ပြ ( Indicator ) ၄ ခု နှင့်

အမြင် ( Dimension ) ၃ ခု ကို အဓိက သုံးခဲ့ပါတယ် ။

Life expectancy at birth အချက်ပြ ကို Health အမြင် အတွက်

Mean years of schooling အချက်ပြ ကို Education အမြင် အတွက်

Expected years of schooling အချက်ပြ ကို Education အမြင် အတွက်

Gross national income (GNI) per capita အချက်ပြ ကို

Living Standard အမြင် အတွက်

အသီးသီး သုံးခဲ့ပါတယ် ။

 

မြန်မာနိုင်ငံရဲ့ ၂၀၁၁ ခုအတွက် အချက်ပြ တန်ဘိုးတွေကတော့ ။

နိုင်ငံ အဆင့်အတန်း = 149 ( out of 187 )

Human Development Index (HDI) = လူသားဖွံ့ဖြိုးမှုညွှန်းကိန်း = 0.483

Life expectancy at birth (years) = မျှော်မှန်းလူ့သက်တမ်း = 65.2

Mean years of schooling (years) = ပျဉ်းမျှ ကျောင်းနေခဲ့သောနှစ် = 4.0

Expected years of schooling (years) =

ပျဉ်းမျှ ကျောင်းနေရနိုင် သောနှစ် = 9.2

Gross national income (GNI) per capita ( $ ) =

ပျဉ်းမျှ လူတစ်ဦးချင်း ထုတ်လုပ်မှု = 1,535

 

အဘ အခုနေနေတဲ့ Australia ကတော့ အဆင့် ၂ မှာရှိတော့

ရှာရလွယ်ပါတယ် ။

 

အင်းးးးးးးးးးး ရွှေ မြန်မာနိုင်ငံ တော်ကြီးကတော့ ။

ကြံဖန်ပြီး ဂုဏ်ယူမယ် ဆိုရင်တော့ ဂုဏ်ယူစရာ ၂ ချက် ရှိပါတယ် ။

 

ပထမ အချက် ကတော့ အိမ်နီးခြင်း ( ၆ ) နိုင်ငံ ထဲမှာ

အဆင့် အတန်း အနိမ့်ကျဆုံး နိုင်ငံ ။

101. China ( Neighbour 1 )

103. Thailand ( Neighbour 2 )

134. India ( Neighbour 3 )

138. Lao ( Neighbour 4 )

146. Bangladesh ( Neighbour 5 )

149. Myanmar ( Neighbour 6 )

 

 

ဒုတိယ အချက် ကတော့ အာဆီယံ အဖွဲ့ဝင် ( ၁ဝ ) နိုင်ငံ ထဲမှာ

အဆင့် အတန်း အနိမ့်ကျဆုံး နိုင်ငံ ။

 

26. Singapore ( ASEAN 1 )

33. Brunei Darussalam ( ASEAN 2 )

61. Malaysia ( ASEAN 3 )

103. Thailand ( ASEAN 4 )

112. Philippines ( ASEAN 5 )

124. Indonesia ( ASEAN 6 )

128. Viet Nam ( ASEAN 7 )

138. Lao ( ASEAN 8 )

139. Cambodia ( ASEAN 9 )

149. Myanmar ( ASEAN 10 )

 

ဒီလိုမျိုး နှစ်ချက်စလုံး တိုက်ဆိုင်ဖို့ဆိုတာ လွယ်မှတ်လို့ ။

 

အဘ Remind လုပ်ချင်တာလေး တစ်ခုကတော့ ။

အခု စာရင်းကို ပြုစုတာက ကုလသမဂ္ဂ အဖွဲ့ကြီးပါကွယ် ။

ပေါတောတော အဖွဲ့တွေ မဟုတ်ရပါကွယ် ။

 

ရွာသူားတို့ရဲ့ ။

အဘ အခုပြောနေတာတွေ အရင်ပြောခဲ့တာတွေ

သိပ်များလွန်လွန်းနေသလားကွယ် ။

သိပ်ပြီးများ ကိုယ့်နိုင်ငံကို အဆိုးမြင်ရာ နှိမ့်ချရာများ ရောက်နေလားကွယ် ။

အဲလိုများဖြစ်နေရင် အဘကို ခွင့်လွှတ်ပါကွယ် ။

 

အဘ အခုအမှတ်ရမိတာ တခုက ၊ အဘ ရေးခဲ့တဲ့

ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် အပိုင်း ( ၂ ) မှာ

အဘ သူငယ်ချင်းပြောသွားတဲ့

” ခေါင်းဆောင် နှင့် ဦးတည်ချက် မှန်ရင်တောင် ၊

အနဲဆုံး နောက်ထပ် နှစ် ငါးဆယ် ” ဆိုတာကိုပဲ

ပြန်ပြင်ရမလို ဖြစ်လာတာပါပဲ ။

 

ရွာသူားတို့ရော ဘယ်လိုထင်ကြသတုန်း ။

 

တော်သေးဘီ ။

မြို့မေတ္တာ ခံယူအုံးမယ့် ။

 

အဘ ( Foreign Resident )

 

12 comments

  • windtalker

    November 6, 2011 at 12:45 pm

    အဘ ရေးပြလိုက်ရင်
    အားလုံး ကွက်ကွက်ကွင်းကွင်း နဲ ့
    ကိုယ်တောင် နေရထိုင်ရတာ ဟုတ်လှပြီ မှတ်နေတာတွေ
    အားငယ်မိတယ်ဗျာ

  • ကြောင်ကြီး

    November 6, 2011 at 1:05 pm

    တရုတ်ပြည်နဲ့ မြန်မာပြည် သိပ်မကွာဘူး။ လိုက်ရင် မှီနိုင်တယ်။ မှီရုံတင်မက သူတို့ကို မွန်ဂိုတွေလုပ်သလို တို်က်ခိုက်သိမ်းပိုက် နယ်ချဲ့ပစ်ရမယ်။ ကူဗလိုင်ကြောင်ရဲ့ ဦးဆောင်မှုအောက်က ခေတ်သစ်မွန်ဂို မြန်မာတွေပေါ့ဗျာ။ မဖြစ်နိုင်ဘူး မထင်နဲ့နော်ဦးဖော။ ကျနော်က တရုတ်မတွေကိုသာ အရှုံးပေးတာ။ တရုတ်ထီးဆိုလို့ကတော့ လာထား၊ ကြေးအိုးထဲ ပြုတ်သောက်ပစ်မယ်…..။ 😮

    • Koyin Sithu

      November 6, 2011 at 7:22 pm

      အရှင်ကြောင်မင်းရဲ့ တရုတ်ပြည်သိမ်းလျှင်
      တရုတ်ထီးတွေကို နယ်ချဲ့ရာမှာ…
      ပုဏ္ဏားအဖြစ်.. ပါဝင်ပါရစေ… 😀 😀 😀

  • xman

    November 6, 2011 at 1:43 pm

    လက်တွေ့မျက်မြင်နှိုင်းယှဉ်ကြည့်ရင်လဲ အိမ်နီးချင်းတွေထဲမှာရော အာဆီယံထဲမှာပါ ကျွန်တော်တို့နိုင်ငံ အဆိုးဆုံးဖြစ်နေတာ တွေ့ရပါတယ်။
    အဲဒီအညွှန်းကိန်းတွေအတွက်တော့ ကျွန်တော်တို့နိုင်ငံမျိုးဆီက အချက်အလက်အမှန်ရနိုင်ဘို့ မဖြစ်နိုင်ပါဘူး။ အချက်အလက်အမှန်တွေကို အစိုးရအပါအဝင် ဘယ်သူမှ မသိနိုင်လို့ပါပဲ။
    ဒါကြောင့် ကို Foreign Resident ရဲ့ ထောက်ပြချက်ကို ငြင်းတာတော့မဟုတ်ပါဘူး။ အချက်အလက်အမှန်တွေသာရရင် ဒါ့ထက်လဲ အဆင့်ကျသွားနိုင်ပါသေးတယ်။

    • Foreign Resident

      November 6, 2011 at 3:05 pm

      ကို xman ရဲ့
      UN မှာ အချက်အလက်ကောက်တဲ့အဖွဲ့တွေ သတ်သတ်ရှိတယ် ။
      နောက်ပြီးတော့ UN ကဆိုရင် အစိုးရကလည်း
      တရားဝင်ကို အချက်အလက်တွေ ပို့ပေးရတယ်ဗျ ။
      အစိုးရကတော့ နဲနဲကောင်းတဲ့ Figures တွေ လိမ်ပို့လေ့ရှိတယ် ။
      အဲဒီတော့ တကယ့် အခြေအနေက ဒီထက်ပိုဆိုးဖို့ရှိတယ်ဗျ ။

      For Your Information ပါ
      လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မြန်မာနိုင်ငံဟာ WHO ကသတ်မှတ်တဲ့
      ကမာ္ဘ့ တတိယ ကျန်းမာရေး အနိမ့်ဆုံး နိုင်ငံ ဖြစ်သွားသေးတယ်ဗျ ။
      အဲဒါ ဆရာဝန်မကြီး တစ်ယောက်က စာရင်းပြုစုတဲ့အဖွဲ့က
      နောက်ဆရာဝန်မ တစ်ယောက်ကို
      နင်တို့ဘယ်လိုစာရင်းတွေ ပို့နေလဲဆိုပြီး အပြစ်တင်တာပေါ့ ။

      အဲဒီမှာ စာရင်းပြုစုတဲ့ ဆရာဝန်မက ပြန်ပြောလိုက်တယ် ။
      နင့်တစ်သက်မှာမှာ အစိုးရဆီက ဆေး ဘယ်နှစ်ဘူး အလကားရဘူးလဲ တဲ့ ။
      အဲဒါ အဖြေပဲတဲ့ ။ ငါတို့က အချက်အလက်နဲ့ အလုပ်လုပ်နေတာတဲ့ ။
      အချက်အလက်က ဘယ်တော့မှ မလိမ်ဘူးတဲ့ ။

      အဲဒါနှင့် သွားပြောတဲ့ ဆရာဝန်မကြီး ငြိမ်ပြီး ပြန်လာရတယ် ။

  • thit min

    November 6, 2011 at 1:56 pm

    ဘရာသာရေ
    ကွက်တိဘဲလို့ပြောပါရစေ။
    အဲဒီ HDI Index ညွန်းကိန်း အပါအဝင်ပိုပြီးအချက်အလက်စုံတဲ့လူသားဘဝအရည်အသွေး ကိုတိုင်းတာတဲ့
    Quality of Life Index (QOL) ညွန်းကိန်းတွေပါ ပါတဲ့ စာတမ်းတခုမနေ့က တက္ကသိုလ်တခုက တခုမှာကျနော်(Presentation) ပေးခဲ့ပါတယ်။
    ကိုယ်တိုင်ရေးပြီးသားရေးပြီးသားကိုဖတ်တာမလို့ အဲဒီ ဒေတာအရ (ကိုကြောင့်ရဲ့ Chian Factor Post မှာ)
    ထိုင်းထက် ၂၅ နှစ်နောက်ကျနေတယ်လို့ပြောတာ အဲဒီအထောက်အထားပါ။

    ဖတ်ချင်သောသူများရှိခဲ့ရင်တော့ကျနော့စာတမ်းကို မြန်မာလိုပြန်ဆိုပြီးအခန်းဆက်ရေးပေးပါ့မယ်။

    လောလောဆယ်တော့ စူပါပါဝါကိုဖြတ်လိုက်ပါအုန်းမယ်ဗျာ၊
    လေးစားလျှက်
    သစ်မင်း

    • Foreign Resident

      November 6, 2011 at 3:09 pm

      ရေးပါ ကို thit min ရဲ့
      (QOL) ညွန်းကိန်း အကြောင်း ။

      • pooch

        November 6, 2011 at 3:59 pm

        ကိုသစ်မင်းရေးတာကို ဖတ်ချင်ပါတယ် . ကျေးဇူးပြုပြီး တင်ပေးပါ..
        အဘဖော ကိုလည်း ကျေးဇူးတင်ပါတယ်… အခုလို မျက်စိတွေ နားတွေ ဖွင့်ပြီး တွေးနိုင်အောင် အစတွေ ဆွဲဆွဲထုတ်လို့ပါ.. ..

        ရွာထဲရောက်မှာ ကျမ အတွေးတွေပိုတွေးမိပြီး အသိတွေပိုလာပါတယ်.. အရှိကိုအရှိအတိုင်း အမှန်ကို အမှန်အတိုင်းမြင်တတ်လာပါပြီ…..ဒါပေမဲ့ ဒီထက်ပိုတွေးပြီး ပိုမြင်တတ်ဖို့ ကြိုးစားရအုန်းမှာပါ…

        သူကြီးကတော့ ဒီဆိုဒ်ကို တည်ထောင်သူဆိုတော့ သူ့ကျေးဇူးကတော့ ဆိုဖွယ်ရာမရှိပါဘူး….. သူ့စေတနာကို ကြာလေ မြင်လေပါ..

        ဒါပေမဲ့ သူကြီးရဲ့ အယူအဆတခု က ကျမသိတာနဲ့ နည်းနည်း လွဲနေလို့
        ပိုစ့်ရေးတင်လိုက်ပါ့မယ်..

        ကျမ ဘာသာရေးဆို ဖတ်ကြည့်ပေမဲ့ လက်ရှောင်လေ့ရှိပါတယ်.. နားလည်မှုလွဲပြီး အမှားပါမှာ စိုးလို့ပါ…. အခုတော့ ပြောချင်စိတ်က တားမရဆီးမရဖြစ်လာလို့ တင်လိုက်ပါပြီ…

  • kai

    November 6, 2011 at 3:22 pm

    ကျုပ်ကတော့ ထုံးစံအတိုင်း..ညွှန်းမှာပဲ..
    အောက်ကပို့စ်ဖတ်ကြည့်ပါ..။
    http://myanmargazette.net/78338/creative-writing
    ပြီးတော့.. . တီချယ်နုကို ပြန်စာ…အနီကဒ်အပြခံထားရတဲ့.ကျုပ်မန်းတာတာ.. ဆက်ဖတ်ပါနော..။ 👿
    အောက်မှာ ဆက်ကူးတင်ပေးလိုက်တယ်..။
    ဒီအတိုင်းဆက်သွားရင်..မြန်မာပြည်.. နောက် အနှစ် ၁၀ဝလည်း … ရှေ့တက်လာမှာမဟုတ်ကြောင်း.. စိတ်မကောင်းစွာနဲ့ပဲ.. ပြောရမှာပဲ..
    ဆိုတေ့ာ.. ပြောမှာပဲ..ပြောမှာပဲ..။ 😆
    ==
    ဒိရာစုနှစ်ထဲမှာပဲ.. လူဟာ မသေအောင် လုပ်နိုင်သွားမယ်လို့.. သိပ္ပံပညာရည်ညွှန်းချက်တွေ ပြနေပါတယ်.
    အဲဒါကို Discovery ချာနယ်မှာ ပြသွားတယ်..။
    The Green Mile (1999)ဆိုတဲ့ ရုပ်ရှင်ထဲကျ.. လူက.. မသေမှာကြောက်လာနေတဲ့သဘောကို ပြတယ်..။
    တချိန်ကျ.. အဲဒီလိုဖြစ်လာကောင်းမယ်ထင်မိပါတယ်..။
    မသေသွားမှာကြောက်ရမဲ့လူတွေလေ…။

    ဆိုတော့..
    လူက.. ဖြစ်ရခက်တယ်သာဆိုတယ်.. တီချယ်ရယ်..။
    သန်း၇၀၀ဝ ဖြစ်နေပြီ..။
    လွယ်လွန့်လွန်းလို့.. ဖန်မလီပလန်င်တွေ.. ပညာပေးတွေ အသည်းအသန်လုပ်နေရတာပဲ..။
    ဒါတောင်.. အသက်မပြည့်ပဲ..ရ,ရကုန်လွန့်လွန်းလွန်းလို့..

    ကြည့်ရတာ.. ဒီအယူအဆတွေက.. လွန်ခဲ့အနှစ် ၂၀၀ဝလောက်က.. ကလေးမွေးရင် အမိရော..ကလေးရော လေလွင့်နှုန်းအင်မတန်မြင့်တဲ့..အသိအတတ်ပညာတွေမဖွံ ့ဖြိုးခင်ခေတ်က.. ထုတ်ခဲ့တာဖြစ်ပါလိမ့်မယ်..။
    ပြောသာပြောရတာ.. မြန်မာ့ကလေးမွေးသေနှုန်းအခုဒီခေတ်မှာတောင်.. ကမ္ဘာ့အမြင့်ဆုံးထဲပါနေသေးတယ်..။
    ကမ္ဘာ့နိုင်ငံ ၁၉ရနိုင်ငံမှာ မြန်မာက.. ၁၄၈တဲ့..။
    http://en.wikipedia.org/wiki/List_of_countries_by_infant_mortality_rate
    လူက.. ဘာလုပ်ရမလည်းဆိုတော့.. အဲဒီနှုန်းလျှော့ချဖို့.. တခြားကမ္ဘာနိုင်ငံတန်းတွေနဲ့.. တန်းတူမဟုတ်တောင်.. နဲနဲမြင့်လာအောင် ဦးစားပေးလုပ်သင့်တယ် ထင်မိတယ်..။
    မြန်မာတွေ.. မြန်မာ့မြေမှာ လူရယ်လို့အရင်ဖြစ်လာသူတွေက.. နောက်မွေးလာသော..မွေးလတံ့သော သူတွေကို.. လေလွင့်မှုအနည်းဆုံးဖြစ်အောင် လုပ်ပေးရမှာက.. အဲဒီအလုပ် က အဓိက အရေးကြီးဆုံး သမိုင်းပေးတာဝန် ထင်မိတယ်..။

  • မင်းပြည့်ရှိန်

    November 7, 2011 at 1:40 am

    အိုဗျာ…
    ဘာတွေ လျှောက်ပြောနေကြတာတုန်း သဂျီးမင်းတို့ရဲ့…
    တို့များ ရွှေမြန်မာတွေက နှစ်ပေါင်းထောင်နဲ့ ချီနေခဲ့ပြီ…
    ဘယ်တုန်းကများ ရှေ့ကို ရောက်လာလို့တုန်း….
    ဒီတော့ကာ. နေလို့ရတဲ့ ထင်ပေါ်တဲ့ အောက်ဆုံးနားပဲ ကပ်နေတာလေ.. အလယ်လောက်မှာဆို လူမမြင်မှာစိုးလို့….
    ဦးဖော ပြောသလို “ နှစ်ချက်စလုံး တိုက်ဆိုင်ဖို့ဆိုတာ လွယ်မှတ်လို့ ” ဆိုပြီးတော့ နေရမလိုပါပဲ..
    အဲ.. ကမ္ဘာ့ အဆင့်မှာ အနိမ့်ဆုံးတော့ တစ်နေ့ဖြစ်လာမလား မသိနိုင်ပေဘူးနော်….
    ဘာလို့ဆို စိတ်ဓာတ်တွေက တစ်နေ့တစ်ခြား နိမ့်ဆင်းနေတော့လေ…
    ဘာပဲ ဖြစ်ဖြစ်ပါ….
    ဒီနိုင်ငံမှာ နေရတာ ပျော်ပါတယ်…
    ချီးကျရာ ပျော်တဲ့ လောက်မျိုးလို့တော့ဖြင့် မထင်ပါနဲ့….
    မြန်မာနိုင်ငံမှာ မွေးဖွား ကြီးပြင်းရတာ..တစ်ကယ့်ကို ကျေနပ်ပါတယ်… (မကျေနပ်တာတွေ များပေမယ့်လို့လဲလေ)

  • koyinmaung

    November 7, 2011 at 2:44 am

    (ဖတ်ချင်သောသူများရှိခဲ့ရင်တော့ကျနော့စာတမ်းကို မြန်မာလိုပြန်ဆိုပြီးအခန်းဆက်ရေးပေးပါ့မယ်။)
    ဆိုတဲ့ကိုသစ်မင်းရေ…စောင့်မျော်နေပါတယ်….

  • zarlay

    January 11, 2012 at 1:50 pm

    အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံက အခု ASEAN + 3 ဖြစ်သွားပြီလေ Japan, China, နဲ့ Indeia ပါလာလို့

Leave a Reply