အနော့်မွေးနေ့ တမင်ဂလာ အခါသမြမှာ ရွဓါးမြှားအား မှင်ခါပါလို့ နှုတ်ခွမ်းစက်ပါဒရယ်.. ဆိ်တ်အိကြက်မခြင်း၊ ကိုအိချမ်း လွှာဂျင်းတို့နှဲ့ ပြည့်ဇုံဂျပါစေရို့။


black chawApril 28, 20155min97376
ထုံးစံအတိုင်း ဒီတစ်လလည်း တတ်နိုင်သလောက် ပြောလို့ဆိုလို့ ကောင်းမယ့် သတင်းလေးတွေ စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ…။   ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေ ဖြစ်ပြီး လာမယ့် မေလပိုင်းလောက်မှာ နောက်ထပ် ပုံစံ တစ်မျိုး ထပ်ပြောင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်…။ တချို့ က ပုံစံ အမျိုးမျိုး ပြောင်း မှ ကြိုက်တယ် ဆိုလား…။ ဆံပင် ပုံစံ ကို ပြောတာနော်…၊ ဟိုလျှောက်တွေး ဒီလျှောက်တွေး တွေ တွေးကြပါနဲ့…ဟေး..ဟေး..။   ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာ ဝတ္ထုကို စကိုင်းနက် ရုပ်သံအတွက် ဒါရိုက်တာဝိုင်းက  ဇာတ်လမ်းတွဲအဖြစ် ဖန်တီး သွားမယ်လို့ သိရပါတယ်…။ […]


alinsettApril 23, 20154min42326
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


manawphyulayApril 23, 20151min1514
Get Chance မှာ လစဉ် ကံစမ်းမဲများကို အခမဲ့ မဲဖောက်ပေး နေသော ဝက်ဆိုက် ဖြစ်ပါသည်။ မဲဖောက်ရာတွင် တန်ဖိုးကြီး ပစ္စည်းများ အပါအဝင် အခြား ရာသီအလိုက် အသုံးဝင်မည့် ပစ္စည်းများကိုပါ ထည့်သွင်း ပေးထားပါသည်။ မည်သူမဆို Get Chance တွင် ဝင်ရောက် ကံစမ်းနိုင် ပါသည်။ ကံစမ်းပုံ အဆင့်ဆင့်ကို စည်းကမ်း စာမျက်နှာတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ ကဲ အခွင့်အရေးကို အမိအရ ယူလိုက်ကြပါစို့ …


naywoon niApril 21, 20151min48919
အရက်​သမားပို့စ်​ -၁ ​ခေတ်​​တွေက ​ပြောင်​းလဲလာခဲ့ပြီ။ အမျိုးသမီး​တွေ​တောင်​ လူမြင်​ကွင်​းမှာ ​ပေါ်​ပေါ်ထင်​ထင်​ ဘီယာဘူး ကိုင်​ရဲတဲ့ အချိန်​မှာ အရက်​အ​ကြောင်​း မ​ကောင်​း​ပြောပါက အဆဲ​တောင်​းသလိုဖြစ်​​တော့မယ်​ ။ ဆို​တော့ကာ အရက်​အ​ကြောင်​း အ​ကောင်​းအဆိုး သိခဲ့သ​လောက်​ ကြုံ​တွေ့ခဲ့ရသ​လောက်​က​တော့ဖြင်​့ ဒီလိုပါဗျာ ဆိုပြီး ကိုယ့်​ဂုဏ်​ ကိုယ်​​ဖော်​ မသူ​တော်​အလုပ်​ ဝင်​လုပ်​ရ​တော့မယ်​ ။ နို့မို့ဆို သိ​နေရက်​နဲ့ ကြိုမ​ပြောရ​ကောင်​းလား လို့​တော့ အ​ပြောမခံနိုင်​​ချေဘူး ။ ​ ​နေဝန်​းနီ က အရက်​နဲ့ ဘဝခါးဆက်​ပြတ်​ခဲ့ရသူ ။ အနီးပါတ်​ဝန်​းကျင်​မှာ သိတဲ့သူ​တွေက ဇိုး စာရင်​း အသွင်​းခံထားရသူ ။ ကျင်​လည်​ခဲ့သ​လောက်​ ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ထဲမှာ အနိုင်​နဲ့ပိုင်​းထားသူလို့ ကိုယ့်​ကိုကိုယ် ယူဆထားသူ( ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ဆိုတာ ကိုယ်​့ဝင်​​ငွေ​လေးနဲ့ […]


koyin sithuApril 18, 20151min51722
မိုက်ကရိုဆော့ဖ်ဆိုရင် ခေတ်မီသူတိုင်း သိကြတယ်။ ကမ႓ာကျော် ဆော့ဝဲကုမ္ပဏီကြီးကို ပူးတွဲ တည်ထောင်သူ ဘီလ် ဂိတ်စ်ဟာ ကမ႓ာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်သလို မိုက်ကရိုဆော့ဖ် ကုမ္ပဏီဝန်ထမ်းတွေဟာလည်း ၅ ယောက်မှာ တစ်ယောက်က မီလျံနာ ဖြစ်ပါတယ်။ ကြည့်ရတာ အပေါက်စောင့် ဒလဝမ်တွေ၊ သန့်ရှင်းရေးအလုပ်သမားတွေကလွဲရင် မိုက်ကရိုဆော့ဖ်မှာ အလုပ်လုပ်သူတိုင်း ဝင်ငွေကောင်းတဲ့ သူဌေးတွေချည်းပဲပေါ့။ ဒီလိုဆိုတော့၊ မိုက်ကရိုဆော့ဖ်မှာ အလုပ်ရချင်သူတွေ ကြိတ်ကြိတ်တိုးနေတာ ဘာမှမဆန်းဘူး။ အလုပ်တစ်နေရာကို ရာထောင်ချီပြီး လျှောက်လွှာတင်ကြတယ်။ ဒီအထဲက အတော်ဆုံးလူတွေကို လက်ရွေးစင် ခေါင်းခေါက်ရွေးတဲ့ စာမေးပွဲမှာ မိုက်ကရိုဆော့ဖ်က ပေါက်တတ်ကရ မေးခွန်းတွေ မေးလေ့ရှိတာ နာမည်ကျော်သတဲ့။ (၁) မြေအောက်ရေမြောင်း၏ လူဝင်ပေါက် manhole သံပြားအဖုံးများကို မည်သည့်အကြောင်းကြောင့် အဝိုင်းပုံစံများသာ သုံးသနည်း။ (၂) နယူးယောက်မှ […]


alinsettApril 9, 20153min1899
မင်္ဂလာပါ ။ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်.. အောင်ဇေမီဒီယာကနေ အခုတစ်ပတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း သဘောတူညီချက်         အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေတဲ့သတင်း   သုံးစွဲရာမှာ ပြဿနာတွေပေါ်နေတဲ့ မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်တွေရဲ့ သတင်း၊   ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သတင်းကြေညာချက် ၊   ရေခန်းခြောက်ခြင်းနဲ့ အခြားပြဿနာများ ရင်ဆိုင်နေရတဲ့ အင်းလေးကန်ရဲ့ အခြေအနေသတင်း ၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့သတင်းနဲ့ …   မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား             အရေအတွက်ကို […]


ငယ်ငယ်ဒုံးက စပ်စပ်စုစုနဲ့ စာတွေဖတ်ဖူးဒဲ့အထဲ မြန်တျန့်နိုင်ငံရေးနဲ့ တိုက်ဆိုင်လို့ ပြင်သစ်နိုင်ငံ မက်ဂီနော ခံတပ်ကြီးအကြောင်း အမှတ်ရနေအိ။ ဂျာမနီမှာ နာဇီပါတီ အာဏှာရပီး ဥရောပမှာ စစ်ငွေ့စစ်ရိပ်သမ်းလာဒေါ့ အိမ်နီးဂျင်း ပြင်သစ်ပြည်လည်း စစ်ပြင်ဒယ်။ ရန်သူဂျာမန် ကျူ းကျော်လျင် ခုခံဖို့ နယ်စပ်မှာ မက်ဂီနော ခံတပ်ကာကွယ်ရေးလိုင်းကြီး ဆောက်တယ်။ အခိုင်အမာ ဂဒုတ်ကျင်းတူး၊ လက်နက်ကြီးဆင်.. တပ်ချပြီး အပီစောင့်ဒါပေါ့စ်။ ပထမကမာ္ဘစစ်မှာ ဂျာမန် ဝင်အတီး ခံရဒဲ့ သင်ခန်းစာယူ ပြင်ဆင်ပါတယ်။ ဂျာမန်တွေက နှစ်ပေါင်းများစွာ သတင်း စုဆောင်း ပြင်ဆင်ပြီး လာလည်းလာရော အဲဒီခံတပ်လိုင်း ကျော်ခွပြီး ကစ်ထည့်တာ ပါရီမြို့ ကျပါလေရော..။ ပြင်သစ်အစိုးမရလည်း ပြည်ပထွက်ပြေး.. စစ်တပ်က တောခို.. နိုင်ငံဃ နာဇီဂျာမန် လက်အောက်ကျဒယ်။ သင်ဂန်းဇာက […]


Zay YaApril 3, 20151min1133
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စသည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ ၁ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ခြင်းြဖစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် အဆိုပါအဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ ဆွေးနွေးသည့် အကြောင်းအရာများအား အကျဉ်းချုပ်အဖြစ် ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “အဲဒီအဖွဲ့ကို သမ္မတကြီး ရှင်းပြတာကတော့ ဒီကနေ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ နောက်တစ်ခုက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး […]


alinsettApril 2, 20152min2068
အပတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို့တည်းဟုတ်) အောင်ဇေမီဒီယာရဲ့ သတင်းကဏ္ဍကနေ ဒီတပတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….   • ဒေါ်အောင်ဆန်းစုကြည်နဲ့ US လွှတ်တော်အမတ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ သတင်း၊ • လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ ပညာရေးအသုံးစရိတ် ၂ဝ % တိုးမြှင့်ပေးဖို့ အစိုးရက သဘောမတူဘူးဆိုတဲ့သတင်း ၊ • တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းပဏာမ သဘောတူ လက်မှတ်ထိုးကြပြီဆိုတဲ့သတင်း • ၂၈ လပြည့်တဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လက်ပံတောာင်းဒေသနဲ့ ရန်ကုန်မြို့မှာ ဆန္ဒ ပြမှုသတင်းများ ၊ • ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ […]


တချိန်လုံး အမေ အမေနဲ့ အမှီပြုလာဒေါ့ အဲဒီ အမေဂျီး မရှိလျင် မဖြစ်လို့ ထင်ဂဲ့သဗျ… ကာလတခု ဖြတ်သန်းပြီးနောက် ရတာတွေ ပျံဆန်းစစ်တော့ ဘာမှလည်း ထင်သလောက် ဖျစ်မလာ။ နောက်ရှုဒေါင့် တခုကနေ စဉ်းစားလျင်.. အမေဂျီး မရှိဒေါ့ဂေါ ကိုယ်လုပ်မှ ကိုယ်စား လှုပ်ရှားမှ မုန့်စားရမယ် မဟုတ်လား။ ဒီတော့ ရှိရှိ မရှိရှိ ခေါင်းခဲစရာ မလိုဒေါ့..။ အတီပြောဒါ.. ဘွားဒေါ်ကို နာမည်ဖျက်နေတာ မဟုတ်..။ လက်ရှိ အုပ်ချုပ်ရေးစနစ် စစ်တပ် ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။ အယင် စစ်အုပ်ချုပ်ရေး ကွာတာရှိလျင် ထောက်ပြပါ။ တိုင်းပြည်တခုရဲ့ ဒေါက်တိုင်သည် နိုင်ငံရေး စီးပွားရေး ဆိုဂျပါစို့..။ ဈေးကွက်စီးဘွားရေး စနစ်ကို စစ်ဗိုလ်များ အလွန်နှစ်သက်အိ။ ဒီမိုတောင်းတောင်း မတောင်းတောင်း […]


alinsettMarch 26, 20155min2638
ဒီတပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ် … .အောင်ဇေမီဒီယာကနေ တင်ပြပေးမယ့် သတင်းတွေကတော့ …   • မြန်မာပြည်မှာ ပုဂ္ဂလိကစီးပွါးရေးကဏ္ဍ အားကောင်းလာဖို့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသတင်း ၊ • တစ်ထောင်ကျပ်တန်အတုတွေ သယ်ဆောင်လာတဲ့ အိနိ္ဒယနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးမိတဲ့ သတင်း ၊ • မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက်ခဲ့တဲ့ အမှု နောက်ဆက်တွဲသတင်း • တပ်မတော်သား လွှတ်တော်အမတ်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုသတင်း ၊ • မြန်မာပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နောက်ကွယ်က မြှောက်ပေးခဲ့တာတွေ ကြောင့်လို့ သိရကြောင်း သတင်းထုတ်ပြန်ချက် ၊ • မြန်မာအစိုးရ အကြီးအကဲတွေကို […]


kaiMarch 21, 20151min28413
2015 International Women of Courage Award ကို မြန်မာပြည်မှ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူ ကရရှိပြီး ၂၀၁၅၊ မတ်လ(၆)ရက်နေ့က DC U.S. Department of State, Washington, D.C တွင် ဆုကိုလက်ခံရယူခဲ့သည်။ International Women of Courage Award ကို  လူ့အခွင့်အရေး၊ အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး နှင့် လူမှုဘဝ တိုးတက်မြင့်မားရေး တို့အတွက်  မိမိတို့အပေါ် ဘေးအန္တရာယ်ကျရောက်နိုင်သော်ငြားလည်းထောက်ခံ ပြောဆိုခြင်း၊ သူမတူသော ရဲစွမ်းသတိ္တ နှင့် ဦးဆောင်မှုပေးခြင်းအားဖြင့် စံနမူနာ ပြသနိုင်သော ကမာ္ဘတဝှမ်းရှိ အမျိုးသမီး များအနက် ၁ဝဦးကို ၂၀၀ရမှစတင်ကာ US Department of State မှနှစ်စဉ်ချီးမြှင့် ခဲ့သောဆုဖြစ်သည်။ ၂၀၁၂ခုနှစ်ကလည်း […]