Sweet ToothAugust 21, 20121min1898
ကျယ်ဂေါင် ၂၂၊၈၊၁၂ တရုတ်ပြည်နယ်စပ် ကျယ်ဂေါင်မြို့ရှိ အနှိပ်ခန်းများတွင် အသက်(၁၈)နှစ်အောက် မိန်းကလေးများ များပြားနေပြီး အများစုမှာ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ ဖြစ်ကြသည်။အနှိပ်ခန်း အများစုမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်နေပြီး ၎င်းတို့ ပိုင် အနှိပ်ခန်းများတွင် လုံခြုံသော စောင့်ရှောက်မှုကို ရရှိကြသော်လည်း တိုင်းတပါးသား အနှိပ်ခန်းများတွင် လုံခြုံမှု မရှိပါ။”သမီးတို့ကို အပြင်ထွက်ခွင့် မပေးပါဘူး၊မလွှဲသာလို့ ထွက်ရရင်လည်း အုပ်ထိန်းသူ ပါ ပါတယ်၊ဒီအလုပ်က မိန်းကလေးတွေနဲ့ မသင့်တော် မှန်း သိပါတယ်၊သမီး ငွေစုပြီးရင် ပြန်မှာပါ ” ဟု အသက် ဆယ့်လေးနှစ်ရှိ ရခိုင်သူလေး အိမြတ်သူက ပြောပြသည်။ထိုမိန်းကလေးများ အတွက် သင့်တော်သော အလုပ်အကိုင်များ ဖန်တီးပေးပြီး နယ်စပ်ရှိ ရွှေ့ေ့ပြာင်း အလုပ်သမားများကို ထိရောက်သော ကူညီမှုများပေးရန် လိုအပ်ပါသည်။နိုင်ငံတော်မှ […]


Pye Kun ZawAugust 21, 20121min25115
ဘုရားဆင်းထုတော်ကိုးကွယ်မိလို့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်ကို ဆော်ဒီရဲများက ဖမ်းဆီးလိုက်ပါတယ်။ ပရီမာနက်ပရီရာလက် သွန်ဂါစရီ အမည်ရ သီရိလင်္ကာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော လူငယ်လေးသည် ဗုဒ္ဓဆင်းထုတော်ထားပြီး ကိုးကွယ်မိလို့ အဖမ်းခံလိုက်ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ရှာရီယာ(မွတ်ဆလင်) ဥပဒေအရ ဆင်းထုတော်ပြုလုပ်ကိုးကွယ်ပါက ဖမ်းဆီးနိုင်ပါတယ်။ အာရပ်ကမ္ဘာက မွတ်ဆလင်နိုင်ငံတွေမှာ သူတို့ကိုးကွယ်ယုံကြည်မှုအရ ပြဌာန်းထားတဲ့ဥပဒေတွေကြောင့် ဖမ်းဆီးခံရမှုတွေအများကြီးရှိပါတယ်။ မကြာသေးခင်ကလည်း သီရိလင်္ကာအမျိုးသမီးတစ်ဦးဟာ ရှော့ပင်းမောလ်ထဲက ကလေးငယ်တစ်ဦးကို စိုက်ကြည့်မှုနှင့် အဖမ်းခံခဲ့ရပါတယ်။ သူမလက်မှာ အမဲရောင်ကြီးပတ်ထားတာကြောင့် စုန်းမလို့လည်းစွပ်စွဲခံခဲ့ရပါတယ်။ ဒါကြောင့် ရှာရီယာဥပဒေပြဌာန်းထားတဲ့ နိုင်ငံတွေမှာအလုပ်သွားလုပ်မယ်ဆိုရင် မသွားခင်သူတို့ဥပဒေတွေကို သေချာလေ့လာသင့်ပါတယ်။


ကို သာAugust 21, 20121min1093
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ်လ ၂ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းခဲ့သည်။ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အတူ […]


YE YINT THUAugust 21, 20121min30617
KEY NET လို ့ပြောရမလား၊ ရွှေသံလွင်လို ့ဘဲဆိုရမလား??? အခုတစ်လောလူပြောများနေတဲ ့ကိစ္စကတော့ သူ ့ရဲ  ့ဂြိုလ်တုပြောင်းလဲမှာဖြစ်တဲ့အတွက် လစဉ်ကြေးပေးပြီး sky net ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ စလောင်းထိပ်ဖူးပြောင်းလဲ တပ်ဆင်ရမှာမို ့ကျပ် ၈၀၀ဝ ပေးပြီးထိပ်ဖူးပြောင်းရဦးမယ်တဲ့ဗျ။ လူးပါးဝတယ်လို ့ဘဲပြောရမလား? ခြံစည်းရိုးထင်းခွေတယ်လို ့ဘဲဆိုရမလား? သူ ့ဂြိုလ်တုပြောင်းလဲဖို ့အတွက် လစဉ်ကြေးပေးပြီးကြည့်နေတဲ့သူတွေက စရိတ်ခံပေးရမယ့် သဘောပေါ့ဗျာ။ တစ်လုံးကို ၈၀၀ဝ ကျပ်ဆိုရင် အလုံးရေ တစ်သိန်းဆို သိန်းပေါင်း ၈၀၀ဝ ထပ်ရှာတဲ့သဘောပေါ့။ အဲဒီလိုသာ သိန်း ၈၀၀ဝ ထပ်ရှာတာ ၊ ဘောလုံးပွဲတွေကျတော့ အခုထိ အင်္ဂလန် premier league ပွဲတွေကို MRTV4 တို ့chanel 7 တို […]


sai saimgAugust 19, 20121min2436
တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုအားယနေထိအရေးမယူခဲ့ပါ၊ဘဲစုံစမ်းရေး ကော်မရှင်ဖွဲကာ ဆောင်ရွက်ခဲ့သော်လည်းယနေထိမည်သို့မှအရေးယူခြင်းမရှိသဖြင့်စိတ်ပျက် နေကြကြောင်းသံတမန်ရေးရာနှင့် နိုင်ငံတကာလေ့လာသူများမှပြောဆိုနေကြပါသည်။တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ဘက်လိုက်မှုရှိခြင်း၊ဘာသာရေးဖိနှိပ်မှုရှိခြင်းကိုထင်ဟတ်ဖေါ်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ တောင်ကုတ်လူသတ်အကြမ်းဖက်မှုကို စူံစမ်းရေးကော်မရှင်ဖွင့်လှစ်ကာဆောင်ရွက်ခဲ့သော် လည်း ယနေထိအရေးယူခြင်းမရှိခဲ့ ပါ၊ ယခုတဖန် နိုင်ငံတော်သမ္မတကြီးမှရခိုင်အရေးအခင်း စူံစမ်းရေး ကော်မရှင် ခန့်ထားစုံစမ်းခိုင်ပြန်ပြီဟုသိရှ်ိရပါသည်။ သို့သော်စုံစမ်းရေးကော်မရှင် တွင် ရခိုင်အရေးအခင်း ဖန်တီးသူဟု နိုင်ငံတဝန်းလုံးက ယူဆ နေသောပါတီဖြစ်သည့် RNDP ပါတီမှ အေးမောင် တို့အား ခန့်ထားလိုက်ခြင်းဖြင့် သူခိုးခေါင်းဆောင်တင်ကာ စူံစမ်းခိုင်းထားသလို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုများစွာစိတ် ပျက်မိကြောင်း ဝါရင်နိုင်ငံရေးသမားများကပြောဆိုနေကြပါသည်။ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာလေးကို ဖတ်ရုံမျှဖြင့် မြန်မာနိုင်ငံတရားဥပဒေစိုးမိုး ရေုးဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်းတင်ပြလိုက်ရပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူ ပဋ္ဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ၂၀၁၂ ခုနှစ် ဩဂတ်စ်လ ၁ရ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ပြီ […]


သားငယ္August 19, 20121min22522
ဒီနေ ့မနက်က MRTV 4  နိုင်ငံတကာ သတင်းမှာ နားထောင်လိုက်ရတာ က nano နည်းပညာဖြင့် ကိုယ်ပျောက်ဝတ်ရုံကို တီထွင်စမ်းသက်တာ အောင်မြင်တယ် တဲ ့ တီဗွီထဲမှာတော့ ကောင်လေး တစ်ယောက် က အဲ့အမဲရောက်ဝတ်ရုံကို ခြုံလိုက်တာ ပျောက်သွားတယ်ဗျ…အဲ့ဒါ..သတင်းစုံစုံလေးများ သိရင်ဖြင့် သိသလောက် လေး တင်ပေးရင်ဖြင့် ဖတ်ချင်လို ့..ပါဗျာ…ရှာရှာဖွေဖွေလည်းမတတ်လို ့..စာကလည်း မဖတ်တတ်တော့ …ကိုယ်ဟာကိုယ်မရှာနိုင် ဖြစ်နေလို ့ပါ..သိတဲ ့သူများ တင်ပေးနိင်အောင်ပါ…


candle .August 18, 20121min33718
ရိုးသားသော မြန်မာအမျို ုးသမီးလေးများ အလွယ်တကူအညာမမိစေရန်ရည်ရွယ်၍ ဤပို ့စ်ကိုတင်ပါသည်။ ယခင်တင်ဖူးပြီးသားရှိ ခ ဲ့ပါကတိုက်ဆိုင်မှူကြောင့်တူညီနေခြင်းသာဖြစ်ပါလိမ့်မည်။ ကျွန်မ အင်တာနက်ကျွမ်းကျွင်စွာမသုံးတတ်ပါ။ သူငယ်ချင်းတစ်ယောက်၏်ဖော်ဝဒ်မေးလ်ထဲမှတဆင့်Zorpia ဟူသောဝဒ်ဆိုက်ထဲတွင်မန်ဘာဝင်ဖြစ်ခဲ့ပါသည်။  Anderson Kelvin Smith အသက် ( 52 )( မန်ချက်စတာ ယူနိုက်တက်ကင်းဒမ်း) ဆိုသူနှင့်သူငယ်ချင်းဖြစ်ခဲ့ပါသည်။ Skype video call မှသူ ့ကိုမြင်ရသဖြင့် တင်ထားပုံနှင့်လူမှာအမှန်တကယ်ဖြစ်ကြောင်းသိရပါသည်။ ကံကောင်းသည်မှာကျွန်မကွန်ပျူတာတွင်ကင်မရာတပ်မထားခြင်းကြောင့်ကျွန်မတင်ထားသောဓာတ်ပုံသာသူမြင် ်ရပါလိမ့်မည်။   ကျွန်မတို ့အချိန်တိုအတွင်းအတော်များများချက်ကြရာမှအတန်အသင့်ရင်းနှီးမူရခဲ့ကြသည်ဟုပြောရပါမည်။ သူသည်အရှေ့တိုင်းနိူင်ငံများအားအလွန်စိတ်ဝင်စား၍ အထူးသဖြင့်မြန်မာနိုင်ငံဖြစ်ကြောင်း ၊ အလည်အပတ်လာရောက်ချင်ကြောင်း သို ့သော်သူ ့ ့တွင်အသိအကျွမ်းမရှိသောကြောင့်မလွယ်ကူခဲ့ကြောင်း၊ ယခု သူငယ်ချင်းရပြီဖြစ်သောကြောင့်အခွင့်အလမ်းရပြီဖြစ်ကြောင်းပြောပါသည်။ ကျွန်မထံသို ့ တစ်နေ ့လျှင်သုံးကြိမ်ခန် ့မက်ဆေ ့ချ်ပို ့၍နှစ်ကြိမ်ခန် ့ဖုန်းဆက်ပြီး သူကျွန်မကို မည်မျှထိတန်ဖိုးထားခင်မင်မိကြောင်းများပြောပါသည်။ +44 နှင့်စသောဖုန်းနံပါတ်ကိုကြည့်ခြင်းအားဖြင့်အမှန်တကယ် UK မှဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို ့နှင့်ခင်မင်၍ငါးရက်ခန် ့ကြာသောအခါသုူ ့လေယဉ်လက်မှတ်ကွန်ဖန်းဖြစ်၍ ခရီးသွားရမည်ဖြစ်ကြောင်း၊သွားမည့်နေရာမှာ  Venezuela South […]


gyinkalayAugust 17, 20121min28514
ပိုက်ဆံအိတ်တစ်လုံးကောက်ရထားပါသည်။ အိတ်အတွင်းတွင်တွေ ့ရသော ကားလိုင်စင်ပုံကိုတင်ပေး လိုက်ပါတယ်။ ပိုက်ဆံ အိတ်ပျောက်တဲ့သူ ဘက်က ကိုယ်ချင်းစာပါတယ်..ဒါပေမယ့်..ဘယ်နားသွားရှာပေးရမှန်းလဲမသိဘူး… သိတဲ့သူရှိရင်လဲ အကြောင်းကြားကြပါ။ ပိုင်ရှင်လက်တွင်းသို ့သာ ပြန်အပ်ပါမည်။


၂၀၁၂  ခု၊ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များတွင်  နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရုံးမှာ “နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်း အစည်းအဝေးမှ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် (Center of Excellent ဟူ၍) ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်..။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး […]


မောင် ပေAugust 17, 20121min107945
တစ်ရက်က မန်းဂေဇက်မှာ ညီမငယ် အိတုံရေးခဲ့ဖူးတယ် ။ လိုင်းကားပေါ်မှာ သောင်းကျန်းနေတဲ့ အတွဲများဆိုတာ ၊ သူက ဓါတ်ပုံရိုက်ဖို ့အကြောင်းမဖန်လို ့မရိုက်ခဲ့ရဘူးတဲ့… အခု ကျွန်တော်ဖေ့ဘုတ်ကနေ ရလာတဲ့ ဓါတ်ပုံလေး၂ပုံကို ပြန်ရှဲချင်ပါတယ်… ဓါတ်ပုံရိုက်ခဲ့သူဟာ အိတုန်လို ကိုယ်တွေ ့ကြုံရတဲ့အချိန်မှာ သူ ့ဖုန်းကင်မရာနဲ ့သေချာရိုက်လိုက်တယ် ထင်ပါတယ် သူ ့အယ်ဘမ်ကိုတော့ ဒီလိုခေါင်းစဉ်တပ်ထားပါတယ် Maths final year student at East University နောက်ပြီး သူ ့ဓါတ်ပုံအောက်မှာပဲ သူက ဒီလိုပြန်မန် ့ထားပါသေးတယ် “ ငါ့ရှေ ့လာပြီး သာယာနေကြတာကိုး… သောက်မြင်ကပ်လို ့တဲ့ ” ဟားဟား ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး လူ ့မြင်ကွင်းမှာ […]


ဦးေက်ာက္ခဲAugust 17, 20122min31418
Albino Burmese Python တဲ့ သူ့အကြည့်က အေးစက်စက် မြွေ ချောင်း ချောင်းနေတာ စားကြည့်တော့ ချိုဆိမ့် နေတာပဲတဲ့ UK, Kent အရပ်မှာရှိတဲ့ North Star ကိတ်မုန့်ဆိုင်ပိုင်ရှင် Francesca Pitcher က သူ့သမီး မြွေချစ်သူ ၆နှစ် အရွယ် ကလေးငယ်အတွက် မွေးနေ့ကိတ်ပါတဲ့ခင်ဗျာ Credit to North Star Cakes Facebook page. 


ko layAugust 16, 20121min630
လင်းသာရွာမှာဖြစ်နေတာကတော့ မြေယာအမှုတစ်ခုပါ။ ဒေါ်အုန်းတင်ဆိုသူက ၂၀၁၂ ဒီဇင်ဘာမှာ ဦးလှသောင်း ၊ ဒေါ်ခင်လှတို့ထံက တစ်ဆက်တည်းရှိနေတဲ့ မြေနှစ်ကွက်နဲ့ အိမ်ကိုဝယ်ယူခဲ့ပါတယ်။ ဦးပိုင်အမှတ် ၃၄၄ နဲ့ ၃၄၃ ပါ၊ ၃၄၄ ျမှာ အိမ်ရှိပါတယ်။ ဒေါ်အုန်းတင်မှာ စီးပွားရေးလုပ်ရင်းနဲ့ ငွေလိုတော့ အိမ် နဲ့ အိမ်ရှိမြေကွက်ကို ဘဏ်မှာပေါင်ရင်း မရွေးနိူင်တော့ နောက်ကမြေကွက် (ဦးပိုင်အမှတ် ၃၄၃) ကိုပြောင်းရွှေ့ ခဲ့ရပါတယ်။ အဲဒီမှာပဲ လင်းသာရွာနေ ဦးစိုးဝင်း (ဦးရွှေကို)က အဲဒီမြေကွက်ကို သူဝယ်ထားတာပါဆိုပြီး နောက်တစ်ယောက်ကို ရောင်းလိုက်ပါလေရော။ ဒေါ်အုန်းတင်က ဝယ်သူကို စာချုပ်တွေပြလို့ ဝယ်သူက ဦးစိုးဝင်းဆီက ငွေပြန်တောင်းပါတယ်။ ဒီနောက်မှာတော့ ဦးစိုးဝင်းနဲ့ ဒေါ်အုန်းတင်တို့ မြေကွက်ရလိုမှုနဲ့ ပတ်သက်ပြီး မြေယာရုံးအဆင့်ဆင့်မှာ သူတပြန် ကိုယ်တပြန် တရားရင်ဆိုင်နေရပါတယ်။ […]