အဆင့်မီ အင်ဂျင်နီယာနှင့် နည်းပညာကျွင်းကျင်သူများ မွေးထုတ်မည်

၂၀၁၂  ခု၊ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များတွင်  နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရုံးမှာ “နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပညာရည်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပရာနေရာ

၎င်း အစည်းအဝေးမှ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် (Center of Excellent ဟူ၍) ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်..။

နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရမှတ် ၄၅ဝ အထက်ရရှိသူများကိုသာ တက်ရောက်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်အရ အင်ဂျင်နီယာမှ ဖြစ်အောင် ကြိုးစားမယ်ဆိုသူ လူငယ်များ လျှောက်ရမယ့်လမ်းက ဒီလိုဖြစ်ပါမယ်..

အင်ဂျင်နီယာလောင်းတို့ လျှောက်မယ့်လမ်း
အင်ဂျင်နီယာလောင်းတို့ လျှောက်မယ့်လမ်း

 

7-days သတင်းဂျာနယ်မှ ဆောင်းပါး

ဧရာဝတီမှာ ရေးထားတဲ့ ဆောင်းပါးဖတ်ချင်ရင်တော့ ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည် မှာ ကြည့်ပါ။

တနင်္ဂနွေနေ့ကထုတ်ဝေတဲ့ ပြည်တွင်းသတင်းစာတွေမှာလည်း အကျယ်တဝင့် ဖတ်ကြည့်နိုင်ပါတယ် လို့ သတင်းပေးလိုက်ပါတယ်။

နိုင်ငံတကာက တက္ကသိုလ်တွေနဲ့လည်း ဆက်သွယ်ပြီး လုပ်ကိုင်မယ်ဆိုတာသာ တကယ်မှန်လို့ကတော့ မြန်မာအင်ဂျင်နီယာတွေ ရင်ကော့၊ ခေါင်းမော့ ထားနိုင်တော့မယ့်နေ့ဟာ မဝေးတော့ပြီပေါ့ဗျာ..

စကားစပ်မိလို့ မအိတုန်ရေ.. ကျနော် အိမ်မှာချိတ်ဖို့ ဘွဲ့ဓာတ်ပုံ ပြေးရိုက်ထားအုံးမယ်ဗျာ..

ကိုယ့်ဖာသာ ရှက်လို့ ဘွဲ့ဓာတ်ပုံကို ရိုက်မထားတာ… ခေတ်ကောင်းရောက်တော့မှာဆိုတော့ ဘာရယ်မဟုတ် ရောယောင်ပြီး ဂုဏ်လုပ်ရတော့မှာကိုးဗျ.. :mrgreen:

35 comments

  • ပင်လယ် ပျော်

    August 17, 2012 at 5:19 pm

    ကောင်းပါတယ်..ဒါပေမဲ့ ပညာရေးနဲ ့ပါတ်သတ်ပြီးတော့ အခြေခံပညာရေးပြောင်းလဲဖို ့လိုအပ်ပါသေးတယ်….

    • ရွာစားကျော်

      August 17, 2012 at 6:36 pm

      ပုံသွင်းခံ အခြေခံပညာရေးကိုလည်း မဝေးတော့သည့် အနာဂတ်မှာ ပြုပြင်ပြောင်းလဲလာမယ် မှန်းရတာပဲ.

      • မွန်မွန်

        August 24, 2012 at 1:57 pm

        မွန်မွန် လည်း အဲဒါပဲ ပြောချင်တာ…အခြေခံပညာရေးက ပိုအရေးကြီးတယ် ထင်တာပဲ… အခြေမခိုင်မှတော့ အဲဒီတက္ကသိုလ်အဆင့်မြင့်သင်ရိုးတွေကို ဘယ်လိုသွားသင်ကြမတုန်း…

  • နောက် ဂျပန်ကနေလာဖွင့်မယ့် တက္ကသိုလ်က လေးနှစ်သင်တန်း
    ရှိသေးတယ်နော်။အနာဂတ်ကားတွေအတွက် ရှယ်ပါဘဲ။

    • ရွာစားကျော်

      August 17, 2012 at 7:19 pm

      ဂျပန်ကလာဖွင့်တဲ့ တက္ကသိုလ်ဆိုတာက မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းရေး၊ ထုတ်လုပ်ရေးနည်းပညာတွေ၊ မော်တော်ယာဉ်ဥပဒေသတွေ သီးသန့် သင်မယ်.. ဂျပန်တက္ကသိုလ်က ဘွဲ့ပေးမယ်လို့တော့ အင်တာနက်ဂျာနယ်မှာ ဖတ်ရပါတယ်.. တခြား မေဂျာတွေမပါပဲ မော်တော်ယာဉ်သီးသန့် ဖြစ်မယ်ထင်ပါတယ်

  • shwe zin

    August 17, 2012 at 6:47 pm

    အဆင့်မြင့်နည်းပညာတက္ကသို်လ်က BE ဘွဲ့ရဖို့ ၆နှစ်တက်ရမယ်၊ ကျန် နည်းပညာတက္ကသိုလ်တွေက BE အထိ ရ နှစ် တက်ရမယ် ။ဆိုတော့ကာ နယ်ကနေကျောင်းလာတက်ရမယ့်သူတွေ မလွယ်ဘူးနော် ။ကုန်လိုက်မယ့် ပိုက်ဆံတွေ..ဟူးးးးးးးးးးME အထိ ဆက်တက်ရင် အားလုံး ၉နှစ် ၊၁ဝနှစ်လောက်အထိရောက်သွားမယ်။ သာမန်ဝင်ငွေလောက်ပဲရှိတဲ့ မိသားစုက ကျောင်သားဆိုရင်တော့ တက်ဖို့တော်တော်စဉ်းစားရတော့မယ်။ လက်ရှိအခြေအနေအရဆိုရင်တော့ ကိုယ့်အတွက် ကုန်တဲ့ ကျာင်းစရိတ် မိဘကို ပြန်မပေးနိုင်ကြတာများတယ်။ ပြည်ပ ထွက်ရင်တော့ တစ်မျိုးပေါ့လေ……

    • ရွာစားကျော်

      August 17, 2012 at 7:37 pm

      @shwe zin, @ကြောင်လေး
      ဥပမာ.. အိုင်တီနယ်မှာ နိုင်ငံတကာအသိအမှတ်ပြု CCNA တို့ မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု လက်မှတ်တွေ ရဖို့ လည်းအကုန်အကျလည်းမနည်း အချိန်လည်းပေးရပါတယ်..
      နောက်လာမယ့် ရနှစ်မှာ YTU, MTU ကကျောင်းပြီးမယ်.. နိုင်ငံတကာမှာ အသိအမှတ်ပြု ဝင်ဆံ့မယ်ဆို အချိန်ကုန် ငွေကုန်ခံရကျိုးနပ်မယ် ယူဆပါကြောင်းဗျာ.. ကိုကြောင်လေး ပြောသလို ကျနော်တို့နောက် မျိုးဆက် ကျနော့်သားတွေအတွက် ကောင်းမယ်မျှော်လင့်ပါတယ်။

  • ကြောင်လေး

    August 17, 2012 at 7:05 pm

    အခုကစလို့ နောင်ခြောက်နှစ် ခုနစ် နှစ်လောက်ဆိုရင် ပြည်တွင်း အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်လာလိမ့်မယ်လို့ ထင်မိတယ်၊ပေါ်လာပါစေလို့လည်း မျှော်လင့်မိပါတယ်။ ကိုယ့်ရဲ့သားတွေသမီးတွေအပါအဝင် နောင်လာမဲ့မျိုးဆက် ကလေးတွေအားလုံးအတွက်ပါ။

  • မောင်ပေ

    August 17, 2012 at 7:42 pm

    ၂၀၀၁အတန်းနဲ ့ကျောင်းပြီးခဲ့တဲ့ အသိအင်ဂျင်နီယာများကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အလုပ်ဝင်လုပ်ရင်း အာဆီယံ အသိအမှတ်ပြု အင်ဂျင်နီယာဖြစ်ဖို ့ကြိုးစားနေကြတယ်ဗျာ…
    အခု ရွာစားကျော် ပို ့စ်သတင်းအရဆိုရင်တော့… များမကြာမှီလာမည်ပေါ့ဗျား
    အစိုးရကဖွင့်တာဆိုတော့ ပညာသင်စရိတ်ကတော့ သက်သာမှာအမှန် ဆိုတော့ လေးလေးစားစားနဲ ့ဆုံးခန်းထိတိုင် တတ်ရောက် ပညာသင်မယ့်ကျောင်းသူားများစွာ ပေါ်ထွန်းလာပါစေလို ့လဲ မျှော်လင့်မိပါတယ်
    ယနေ ့အပြင်မှာ နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာ ဒီပလိုမာသင်တန်းတွေဆိုတာ သင်တန်းကြေးတွေ စာမေးပွဲကြေးတွေက နဲမှ မနဲတာကိုး။

    • ရွာစားကျော်

      August 17, 2012 at 8:13 pm

      စွယ်တော်ရိပ်က မွေးထုတ်ပေးတဲ့ အင်ဂျင်နီယာလေးတွေ ထွန်းတောက်လာမယ့်နေ့ကို မြင်ချင်စိတ်စောမိပါပေါ့ဗျာ

  • the best

    August 17, 2012 at 8:36 pm

    နည်းပညာဆိုင်ရာ ပညာရေးစနစ်သစ် ကတော့
    ချပြလိုက်တာကြည့်ပြီး အတော့်ကို ကောင်းတာတွေ ့ရပါတယ်။

    လွန်ခဲ့တဲ့(၃၅)နှစ် ကျော် ကပုံစံမျိုးပါပဲ။
    တကယ်ကောင်းအောင်လုပ်နိူင်ရင်တော့ကောင်းတာပေါ့။

    ခက်နေတာက ဒီနည်းပညာဆိုင်ရာ ပညာရေးစနစ်သစ်ကို
    အောင်မြင်အောင် အကောင်အထည်ဖေါ်ပေးရမဲ့ ဆရာတွေက ခါးပြတ်သွားပြီ။

    ဒီနည်းပညာဆိုင်ရာ ပညာရေးစနစ်သစ်ကို အဆင့်အတန်းမြင့်အောင်၊
    အောင်မြင်အောင် အကောင်အထည်ဖေါ်ပေးဖို ့ အတော့်ကို ခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။

    ဘီအီးဘွဲ ့လက်မှတ်ရရုံနဲ ့ နိုင်ငံတကာ အင်ဂျင်နီယာတွေနဲ ့ ယှဉ်လို ့မရသေးပါဘူး။
    အရင်ဆုံး အာဆီယံနိူင်ငံတွင်းက အင်ဂျင်နီယာတွေနဲ ့ ယှဉ်လို ့ရအောင် လုပ်ရပါအုံးမယ်။

    ဒီနည်းပညာဆိုင်ရာ ပညာရေးစနစ်သစ်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်ပေးဖို ့
    ဘယ်လို အခက်အခဲရှိရှိ အားလုံးကြိုးစားကြရင် တို ့မြန်မာအင်ဂျင်နီယာတွေ
    ခေါင်းမော့ရင်ကော့ လက်မထောင်နိူင်မှာ သေချာပါတယ်။

    • ရွာစားကျော်

      August 19, 2012 at 8:15 am

      နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ဆက်သွယ်လုပ်မှာဆိုတော့ အားရသားဗျ..
      နောက် ရ နှစ် ပထမဆုံးကျောင်းဆင်းမယ့် အချိန်မှာ ဒီစနစ် တော်တော် ခိုင်မာနေလောက်မယ် မှန်းမိပါရဲ့.. အနှေးနဲ့ အမြန်ပေါ့ဗျာ..
      ဆရာအင်အား ခါးပြတ်သွားတာတော့ အမြန်ဆုံးနည်းက ပြန်လာမယ့် ပညာရှင်တွေကို မျှော်ပါတယ်..
      ရေရှည်ကတော့ ဌာနမှာ ဒေါက်တာဘွဲ့ရထားတဲ့ လူတွေကို အလှည့်ကျ နိုင်ငံခြားလွှတ်တဲ့ ပုံစံကို ပြင်ပြီး တကယ် သင်ကြားရေး၊ ပညာရေးကို လုပ်မယ့်သူတွေ အရည်အချင်းတက်အောင် စီစစ် လွှတ်သင့်တယ်..
      မြန်မာအင်ဂျင်နီယာတွေ နိုင်ငံတကာမှာ လက်မထောင်နိုင်မှာ မဝေးတော့ပါဘူးးး

  • shwe zin

    August 17, 2012 at 9:01 pm

    ရွှေဇင့်ရဲ့ ပုရွက်ဆိတ် ဦးနှောက်လေးနဲ့ပဲ ပြောရရင် နှစ်တွေတိုးတာတော့ သိပ်ဘဝင်မကျမိဘူး ..မဟာအင်ဂျင်နီယာဘွဲ့တစ်ခုရဖို့ ဆယ်စုနှစ် တစ်ခုလောက်အချိန်ပေးရမလိုဖြစ်နေပြီ…လက်ရှိနည်းပညာကျောင်းတွေမှာ အားနည်းတာက လက်တွေ့ပိုင်းပါ…theory ပိုင်းကို နားလည်အောင်ရှင်းပြပြီး လက်တွေ့ပိုင်းကိုပါအချိန်တစ်ခုပေးပြီး သင်ကြားပေးနိုင်ရင်ကိုပဲ အရည်အချင်းတိုးတက်လာလိမ့်မယ်ထင်တယ်..တတ်နိုင်တဲ့ သူတွေအတွက်မပြောပလောက်ပေမယ့် တက္ကသို်လ် ၆နှစ်၊ရနှစ် ကိုနောက်ဆံမတင်းဘဲ လူတိုင်းတော့ တက်နိုင်မယ်မထင်ဘူး ။ဆိုတော့ ပိုက်ဆံ ရှိတဲ့သူတွေပဲ အင်ဂျင်နီယာ ဖြစ်ခွင့်ရှိတော့မယ်ထင်တယ်နော် ။ရွှေဇင်ကိုယ်တိုင်က လူလတ်တန်းစား တောင်သူလယ်သမားမိသားစု ကနေ နည်းပညာတက္ကသိုလ်ကြီးမှာ ၈နှစ်တိတိ တက်ခဲ့ဖူးသူမို့ ကိုယ်ချင်းစာလို့ပါ။

  • pazflor

    August 18, 2012 at 2:20 am

    YIT နဲ့ MIT တို့ပြန့်ဖွင့်မယ့်သတင်းကြားတော့ ဝမ်းသာမိပါတယ်ခင်ဗျာ။
    ကိုယ်နောက်က ညီငယ်ညီမငယ်တို့ ဒီအခွင့်အရေးလေးပြန်ရတာ ကံကောင်းတာပါဘဲ။
    မရွှေဇင်ပြောသလိုဘဲ နှစ်တွေတိုးတာတော့သဘာဝမကြပါဘူး။
    တကယ်တမ်းဖြစ်သင့်တာ သင်ကြားမူ့ပုံစံတွေ ပြင်ဖို့၊ သင်ရိုးတွေပြန်ဆွဲဖို့၊ စာမေးပွဲ အရည်အချင်းစစ်ဆေးမူ့ကို သေချာတင်းကြပ်ဖို့၊ စာကြည့်တိုက်က အစ သင်ထောက်ကူတွေကို ပြည့်ပြည့်ဝဝ ထောက်ပံပေးဖို့လို့ဘဲ မြင်မိပါတယ်။

    • ရွာစားကျော်

      August 19, 2012 at 8:21 am

      နှစ်တိုးတယ်ဆိုတာလည်း အမှန်တော့ ၈၈ နောက်ပိုင်းမှာ လျှော့ချလိုက်တာကို ၆ နှစ်ပြန်တိုးတာပါ
      အစည်းအဝေးလုပ်တာလည်း သင်ကြားမှုပုံစံပြင်ဖို့၊ သင်ရိုးကို စနစ်တကျဆွဲဖို့ပါ၊
      သင်ထောက်ကူတွေ၊ အဓိက စာကြည့်တိုက်ပေါ့ အဲဒါတွေ ဘယ်လိုလုပ်မယ်မသိ..
      မြန်မာပြည်အနှံ့ တက္ကသိုလ်တွေ လှိမ့်ဖွင့်ပြီး အဓိက စာကြည့်တိုက်က သတင်းစာတောင် ပုံမှန်မရောက်တာ.. အဲဒါစဉ်းစားဖို့လဲ လိုသေးတယ်နော်

  • Foreign Resident

    August 18, 2012 at 2:53 am

    ” စကားစပ်မိလို့ မအိတုန်ရေ.. ကျနော် အိမ်မှာချိတ်ဖို့ ဘွဲ့ဓာတ်ပုံ ပြေးရိုက်ထားအုံးမယ်ဗျာ..
    ကိုယ့်ဖာသာ ရှက်လို့ ဘွဲ့ဓာတ်ပုံကို ရိုက်မထားတာ…
    ခေတ်ကောင်းရောက်တော့မှာဆိုတော့
    ဘာရယ်မဟုတ် ရောယောင်ပြီး ဂုဏ်လုပ်ရတော့မှာကိုးဗျ ”

    ဟီဟိ ၊ အဘ အိမ်မှာကော ၊
    အဘ မိဘတွေ အိမ်မှာကော ၊
    ဘွဲ့ ဝတ်စုံ နှင့် ရိုက်ထားတဲ့ ဓါတ်ပုံရော ၊
    ယူနီဖေါင်းဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံရော ၊
    တစ်ပုံမှ ချိတ် မထားဘူး ။

    ရွာစားကျော် ပြောမှ သတိရတယ် ။
    ခေတ်ကောင်းလာပြီ ဆိုတော့ ၊
    ရိုက်ပြီး ချိတ်ထားရင် ကောင်းမလား မသိ ။ ဟီဟိ ။

    • ရွာစားကျော်

      August 19, 2012 at 8:30 am

      ကျနော့် မိဘ၊ ကုန်ကုန်ပြောရရင် အမျိုးတွေထဲမှာကို ကျနော်က ပထမဆုံး ဘွဲ့ရပေါ့ အဘရယ်..
      အမေ့ဘက်က ဒေါ်လေး တစ်ယောက်ပဲ သားဖွားဆရာမ ဒီပလိုမာရပြီး ပေါက်ပေါက်ရောက်ရောက်ဖြစ်တာ
      အဟီး.. ခုမှ ဂုဏ်ယူစရာတွေ တသီကြီးတွေ့ဘီ.. :mrgreen:
      ထူးပါဝူး.. ဘွဲ့ဓာတ်ပုံကို ကော်ပီတွေ အများကြီးပွားပြီး အမျိုးတွေပါ ဝေဦးမှ..
      နာကွ..

  • kai

    August 18, 2012 at 3:22 am

    မြန်မာအင်ဂျင်နီယာတွေကို.. အလုပ်ပေးမယ့်.. အမေရိကလူတွေကြိးကြပ်တဲ့.. ထိုင်းအခြေစိုက်ကုမ့ဏီ ..အလုပ်ခေါ်စာ..တလောကတင်တင်ပေးဖူးတယ်..
    အလုပ်တွေရှိကြောင်း..
    ထိုက်တန်တဲ့..လာစာပေးကြောင်း..
    အဲဒီမှာ.. လုပ်နိုင်ကြကြောင်း..

    http://myanmargazette.net/136295/business-economy
    RMA Group, based in Thailand, would like to explore business opportunities to set up joint-venture or mutually beneficial arrangement with someone in Myanmar. The goal is to set up a local office. RMA Group also would like to recruit Myanmar engineers (both inside and outside of Myanmar) for assignments in Myanmar.

    The following lists the summary of services and products provided by RMA Group.

    (1) Sales, service, modification, conversion, and rental of different fleet of cars and trucks: Ford, Land Rover, Mercedes, GM, etc. (applications include armor, light tactical, emergency & rescue, mining & industrial, Aid & development, service & utility, people carrier, etc.)
    (2) Sales, service, and rental of different fleet of heavy construction equipment: JCB, Shantui, John Deere and Dressta.
    (3) Sales, service, and rental of different power generators: SDMO and KOHLER.
    (4) Complete engineering services related to cars, heavy equipment, power generators, power supplies, mechanical, electrical, security, facility, and contract management.

    If you are interested in understanding more about the business opportunities with RMA Group, please feel free to contact Neil Russell, Group HR Manager.

    ဆိုတေ့ာ..ကျုပ်က.. နိုင်ဂျံဂါးကနေ.. ကျောင်းပြီးအောင်ပြန်ပြေးတက်.. ပြီးတာနဲ့.ပြန်ထွက်တော့.. ဘွဲ့နှင်းသဘင်မတက်လိုက်ရဘူး..
    ဘယ်ရမလည်း.. ကျောင်းပြီးကထဲက.. .. ဘွဲ့ဝတ်စုံနဲ့.. ဓါတ်ပုံပြေးရိုက်ထားတယ်..
    အဲဒါ.. မိဘတွေလာလည်တုံး..ယူလာတော့.. အိမ်ထဲ.. ချောင်ထိုးထားတာ.. ကလေးပိပိက.. ဓါတ်ပုံကို.. ဘောပင်နဲ့လျှောက်ခြစ်ထားတာကို…. ဟိုတလောကမှတွေ့မိတယ်..

    ပြန်ရနိုင်သေးလားမသိ..။ ရန်ကုန်က.. ဘုရင်မဓါတ်ပုံတိုက်မှာ ရိုက်ထားတာ..
    အနိစ္စ… 😕

    • အရီးခင်လတ်

      August 18, 2012 at 3:37 am

      ကလေးပိပိက အခု ထဲ က Photoshop အစွမ်းပြနေပြီပေါ့လေ။
      ထူးချွန်ဦးမဲ့ ကလေး။ 😀
      သူကြီး ရိုက်ထားတဲ့ နှစ်၊ လ သိရင် သူတို့ ပြန်ရှာပေးတတ်တယ်။

    • ရွာစားကျော်

      August 19, 2012 at 8:35 am

      အသက် အစိတ်လောက်က ပိန်ညှော်ညှော်ပုံကို ဘာလို့ ပြန်ရှာနေမတုုံး သကြီးရဲ့
      ခုချိန် နှုတ်ခမ်းမွေးကားကား၊ ကိုယ်ခန္ဓာထွားထွားကြီးနဲ့ ဘွဲ့ပုံများ ရိုက်လိုက်ရင် ခန့်ခန့်ကြီးနေမှာ
      အသစ်သာရိုက်လိုက်ဗျာ.. ဓာတ်ပုံဆိုင်တွေမှာ ဘွဲ့ဝတ်စုံ အစုံရှိပ..
      ဒီတစ်ခါ ဘောင်သွင်းပြီး တခါတည်း ချိတ်သာထားတော့ ဟဲဟဲ

    • Liquid_Sn@ke

      August 19, 2012 at 10:02 am

      မွှားပါတယ် အဲ့တွေသွားလုပ်ဖို့
      စေဒနာဗလဗွနဲ့. လုပ်ပေးတယ်များမှတ်သလားကွယ်

      ထိုးလိုက်ရမယ့်ဘွန်း.
      လျှော်လိုက်ရမယ့်အီးစီ
      အဟတ်
      ဖြစ်နိုင်ရင် အဲ့လာလေးဒွေပါ ကြိုထုတ်ပြန်စေလိုပါတယ်

      အစကတည်းက. တက်သင့်မတက်သင့်ချိန်နိုင်အောင်ပြောပါတယ်

      ပုံ
      အီးစီကိစ္စ လူသတ်ချင်လောက်အောင်ခံစားဖူးသူ

    • nature

      August 20, 2012 at 6:38 am

      ဓါက်ပုံတိုက်ကိုသိရင် ဓာက်ပုံနောက်က register number နဲ့ အဲဒီဆိုင်မှာ copy ပြန်ကူးလို့ရတယ်။ မြန်မာဓာက်ပုံဆိုင်တွေက negative ကိုလက်ခံထားလေ့ရှိတယ်။

  • MaMa

    August 18, 2012 at 10:36 am

    2012 ဒီဇင်ဘာလ နောက်ဆုံးပတ်လောက်မှာ ကြို့ကုန်း RIT ကျောင်းဝင်းထဲမှာ ဘာသာရပ်ပေါင်းစုံ နှစ်ပေါင်းစုံ ဆရာကန်တော့ပွဲ လုပ်ဖို့ အကြီးအကျယ် စီစဉ်နေကြတယ်။
    ကျောင်းဝင်းထဲမှာ လုပ်မှာမို့ စိတ်ထက်သန်နေကြတယ်။
    နှစ်အလိုက် အတန်း ကိုယ်စားလှယ်တွေ ဖွဲ့ပြီး လစဉ် အစည်းအဝေးလုပ်ကြ၊ အလှူကောက်ကြနဲ့ ခုကတည်းက လုပ်နေကြပြီ။
    နိုင်ငံခြားရောက်နေတဲ့ ဆရာဟောင်းတွေကိုဖိတ်ပြီး စာတမ်းဖတ်ပွဲတွေလည်း လုပ်ဖို့ စီစဉ်နေကြတယ်။
    ကိုယ့်မေဂျာအလိုက် ညစာစားပွဲတွေလည်း လုပ်ဖို့ ရှိသေးတယ်။
    သိသလောက်လေး ဝင်ပွားပေးလိုက်တာ။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    • ရွာစားကျော်

      August 20, 2012 at 12:43 pm

      ဖြည့်စွက်သတင်းလေး ပြောပေးတဲ့ မမကို ကျေးဇူးပါဗျာ..
      ကျောင်းတော်ကြီးတွေ မျက်နှာပန်းလှဖို့ ကျောင်းသားဟောင်းကြီးတွေရဲ့ အကူအညီ အထောက်အပံ့များလည်း အမှန် လိုအပ်ပါကြောင်း…

  • shwe kyi

    August 18, 2012 at 10:40 am

    The Best ကိုထောက်ခံပါတယ်။
    သင်ကြားသူဆရာ/မတွေအရမ်းအရေးကြီးပါတယ်။
    ရွှေကြည်ဆရာမဝင်မလုပ်ခဲ့တာ အဲဒါပါပဲ။
    ဆရာတယောက်ပြောတာကြားဖူးတယ်။
    အရင်ကဆရာက ရာနှုန်းပြည့်ပေးနိုင်သလိုသင်ကြားရေးကလည်းကောင်းတော့ တပည့်က နှစ်ဆယ်ရာနှုန်းလောက်ကျော်မြင်တယ်။
    အခုကဆရာတွေမှာလည်း ရာနှုန်းပြည့်မပေးနိုင်တပည့်တွေကလည်းပေးသလောက်မရ။ မယူတတ်။
    အဲလိုနဲ့ရာနှုန်းနည်းနည်းလာတာတဝက်တောင်မကျန်တော့ဘူးတဲ့။
    နင်တို့ဆရာဖြစ်လာရင်ရင်လေးသေးတယ်တဲ့လေ။
    သူကဆရာဟောင်းတဦးပါ။ နောက်ပေါက် မာစတာတွေဒေါက်တာတွေများလာတော့ အဘတ်ခံလိုက်ရတဲ့ဆရာကြီးတွေထဲကတယောက်ပေါ့။

  • လေပြေ ရှိုင်း

    August 18, 2012 at 1:55 pm

    ကျွန်တော်က ထိုင်းကုမ္မဏီ တစ်ခုမှာ လုပ်တာပါ။ ဘန်ကောက်က ဧည်သည်တယောက်လာတော့ သုကို ဟော်တယ်လိုက်ပို့ရင်း နုတ်ဆက် စကားစမြည် စပြောကြတာပေါ့။ အဲဒီလူကလဲ ဘာပြောရမှန်းမသိတော့။ နာမည်နုတ်ဆက်ရင်း မေးလိုက်တဲ့ မေးခွန်း…
    ” What is the famous university in Yangon?”
    Ans:….
    သင်ဆိုရင်လဲ ဘယ်လိုဖြေမလဲ

  • YE YINT HLAING

    August 18, 2012 at 3:38 pm

    အစိုးရ က သူငယ်တန်း ကနေ ဘွဲ့ရတဲ့ အထိ ပညာသင် ထောက်ပံ့စရိတ် ပေးရင်ကောင်းမယ် ။ အားလုံး ပညာတတ်တွေ ဖြစ်ကုန်တော့ တိုင်းပြည်မြန်မြန်တိုးတက်တာပေါ့ ။ စိတ်ကူး ပြောပါတယ် ။

  • etone

    August 19, 2012 at 4:08 pm

    အောင်မလေးတော် သူ့ဘာသာသူ ရောင်ခြည်တော်ရောလွှတ်ချင်နေတာ ဘယ့်နှယ့် ကျွန်မကို တိုင်တည်နေပါ့လိမ့် 😀
    မဖတ်ဖြစဘူး ဖြစ်နေတာ အချစ်က သတင်းပေးလို့

    • ရွာစားကျော်

      August 20, 2012 at 12:39 pm

      ရထားတဲ့ဘွဲ့က ဓါတ်ပုံချိတ်နိုင်ဖို့ပဲလားလို့ သူပဲပြောထားတဲ့ဟာ..
      http://myanmargazette.net/144344/education
      အဲဒါကြောင့် ဒေါ်အိတုံကို တိုင်တည်လိုက်တာဗျို့.. ကဲ သိပလား.. 🙂

  • weiwei

    August 20, 2012 at 10:15 am

    ဲဖြစ်သင့်တဲ့ကိစ္စပါပဲ …
    တော်တဲ့ကျောင်းသားတွေအတွက် အခွင့်အလမ်းကောင်းမို့လို့ ဝမ်းသာစရာသတင်းဖြစ်ပါတယ် ..
    တစ်ခုပဲ စိုးရိမ်မိတာက … ကျောင်းသားတွေက တော်ကြပေမယ့် အရည်အချင်းပြည့်မှီတဲ့ ဆရာ/ဆရာမကြီးတွေများ ရှိသေးရဲ့လားလို့ …

  • manawphyulay

    August 20, 2012 at 11:38 am

    ဒီလိုကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ပြည်ပရောက်နေကြတဲ့ အင်ဂျင်နီယာကြီးတွေ၊ ပါရဂူဘွဲ့တွေရပြီး ပြန်မလာတဲ့သူတွေ ပြန်လာဖို့သင့်နေပြီပေါ့။ ကျောင်းက ပြန်ဖွင့်တာတော့ဟုတ်ပါပြီ။ သင်တဲ့ဆရာတွေ ဆရာမတွေက လုံးစေ့ပတ်စေ့ ခုနောက်ပိုင်းပညာရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျူတာပေါက်စတွေကိုသာ ခန့်ထားမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်မထင်ဘူး။နိုင်ငံတကာကို ယှဉ်နိုင်ဖို့ အတော်ကြိုးစားရဦးမှာလို့ မြင်မိပါကြောင်း…

  • kokothandar

    August 24, 2012 at 11:35 am

    ဆရာတွေ အရည်အသွေးပြည့် ဖို့ လစာစရိတ် အပိုဆောင်းငွေ လုံလုံလောက် အထူးထောက်ပံ့ဖို့ ဘွဲ့ကြေးတွေဆောင်းပေးဖို့ လိုပါတယ် မဟုတ်ရင်ကြာကြာ လုပ်နိူင်မှာမဟုတ်လို့ ကျူရှင် တောမှာ နစ်မြောရင်း အရွည်အချင်း မမှိတစ်မှီ စုံးပြူး အင်ဂျင်နီယာတွေဘဲ များလာပါလိမ့်မယ်

  • nandar aung

    August 24, 2012 at 12:51 pm

    မီးရဲ့ BE(IT)က အခုထိအလုပ်ရသေးဘူး

  • ရန်ကုန်သား

    September 4, 2012 at 2:32 pm

    စာအရေးအသားလေး တွေ နည်းနည်းသတိထားပေး ကြပါဗျာ။
    အရင်ရှိနေတဲ့ အင်ဂျင်နီယာ တွေက အဆင့် မမှီလို့လား။
    ပညာရေးစနစ် မကောင်းပေမဲ့ ကိုယ့်ဟာကိုယ် ကြိုးကြိုးစားစား သင်ယူလေ့လာနေတဲ့သူတွေ ရှိပါတယ်။

Leave a Reply