kaungngelaySeptember 23, 20141min46727
နေရာတိုင်းမှာတော့ ပါဝါရှိမှ အနိုင်ရနိုင်မှာဖြစ်ပါတယ်… တစ်ခြား ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါ.. မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ့မည်သူ တစ်ယောက်စ နှစ်ယောက်စလောက်နဲ့ စကားလေး မတောက်တစ်ခေါက်ဝင်ပြောကြည့်ဖူးပါတယ်… သူတို့ လိုအပ်ချက်ကလည်း ပါဝါပါဘဲ… ဒီပါဝါကို ဘယ်လိုလုပ်မလဲ… ပါဝါရလာရင်ကော တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲပေါ့… စကားဦးဖြစ်တဲ့ ပါဝါဆိုတာ အင်္ဂလိပ်လိုတော့ Electricity လျှပ်စစ်ဓါတ်အား (ဝါ) လျှပ်စစ်ပါဝါ ကို ဆိုလိုတာပါ… ဒီလျှပ်စစ်ဓါတ်အားကြီး မလိုပါဘူးဆိုရင်တော့ ကျွန်တော်တို့ ဂျပန်ကို ပြန်ကြည့်ရပါမယ်… ဂျပန်နိုင်ငံဟာ ဒုတိယကမာ္ဘစစ်ကြိးမှာ စစ်ရှုံးနိုင်ငံပါ… တိုးတက်မှု့နောက်ကျန်မနေခဲ့ပါဘူး… လက်ရှိ့မှာ အာရှတွင် ဂျပန်နည်းပညာနှင့် အထောက်အကူကောင်းများ ပေးရာမှာ ရှေ့တန်းက ဥိးဆောင်နိုင်ပါတယ်… ဂျပန်နည်းပညာ၊ ဂျပန်ရင်းနှီးမြှုပ်နှံ့မှုတွေဆို စနစ်ကျပါတယ်… ဒီဂျပန်တွေ ဘယ်လိုတိုးတက်လာတာလဲ… ကျွန်တော်ဉာဏ်လေးနဲ့ စဉ်းစားကြည့်တယ်… သူတို့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းထားနိုင်တယ်… […]


alinsettSeptember 22, 20141min25211
စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ သဘောတရားတွေ…သူ ့တင်ပြချက်တွေကို မဝေဖန်ဘဲ…. ဘာလို့များ… စာအုပ်ကိုပဲ…ဝေဖန်ချင်ရသလဲ…လို့…မေးကြေးဆိုရင်… ကျနော် ဝေဖန်ပစ်ချင်လောက်အောင်… လျှာယားစေတဲ့…စာအုပ်ဖြစ်နေလို့ပါ။ —————————————————————————————————- မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ ” စာအုပ် ”ကို ဝေဖန်မယ်။ —————————————— စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃ တဲ့။ ၂၀၀၉ ခုနှစ် ဇွန်လကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ်မို့ ဖတ်ပြီးသူတွေ ရှိပါလိမ့်မယ်။ သူ့ စာအုပ်တွေကို အတွေ့ရနည်းတာကြောင့်ရယ်… သူရေးတာတွေတော်တော်များများက လူတိုင်းစိတ်ဝင်စားမဲ့အကြောင်း မဟုတ်တာကြောင့်ရယ်… ဒီစာအုပ်ကို မဖတ်ရသေးသူတွေလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်… ဒီစာအုပ်ကို ကျနော် ဝေဖန်ပါ့မယ်။ ဖတ်ပြီးသူတွေ ကျနော့်ဝေဖန်ချက်နဲ့ တိုက်ကြည့်ဖို့… မဖတ်ရသေးသူတွေ ကျနော့်ဝေဖန်ချက်ကြောင့် ဖတ်ကြည့်စေဖို့…ပေါ့…။ (အမှန်တော့… အဲဒီစာအုပ် အကြောင်း အတင်းတုတ်ချင်နေတာ )   […]


ဇီဇီSeptember 22, 201410min105053
    ဝယ်စားလို့ ရတဲ့နေရာတွေမှာတော့ မထူးဆန်းဘူးပေါ့နော်။   ပြည်ပမှာတော့ အဲဒါတွေက တစ်ခုတ်တရ လုပ်စားရတာ ဆိုတော့ သတင်းစာ အတွက် သုံးချင် သုံးလို့ ရအောင် ရေးပါ့မယ်။   မုန့်ဖတ်   ကျနော်က တော့      မုန့်တီ အတွက် ဆို ရင်  မလေးတွေ လာဆာ (Laksa) ထဲမှာ ထည့်တဲ့ မုန့်ဖတ် ကို ဝယ်ပါတယ်။   နန်းကြီးကြိုက်သူတွေ အတွက်ကတော့   ဂျပန် မုန့်လုံးဖတ် အကြီး (Udon) ဖတ်ကို ဝယ်ပါတယ်။     ရေနွေးကို ဆူအောင် တည်ပြီးမှ ဆီနည်းနည်းထည့်ပြီး မုန့်ဖတ်ကို ပြုတ်။ ပြီးရင် ဇကာထဲလောင်းချပြီး […]


poochSeptember 20, 20144min38624
ရောက်ခဲ့ဖူးတဲ့ ဒေသတခုကို ပြန်မျှတဲ့ မှတ်တမ်းတခုပါ။ ဓာတ်ပုံပညာမျက်စိနဲ့ကြည့်ရင် အနှုတ်ပြမယ် ကော်နတ်ရှင်နှိပ်စက်လို့ ဖွင့်မရရင် ကျိန်ဆဲခံရမလားပဲ ။ ပုံတင်တာ များသွားလို့ :mrgreenn: လမ်းပြမိုင်တိုင် အိမ်ဝင်းနံရံအများစုက ဒါမျိုးလေးတွေများတယ် ကချင်ဘက်က ခွေးပေါက်စလေးတွေပါ ခွေးချစ်တော့ ရောက်ရာအရပ်မှာ ခွေးပုံတွေကို မှတ်တမ်းတင်ရတာအမော :mrgreenn: အထက်ရှန်ခေါင်ရွာ ကျမတို့စခန်းချတဲ့ဝါဆန်ဒါန်းရွာ မူလတန်းကျောင်းဝါးတဲလေးရဲ့ ရှေ့က ရှုခင်းကို ညနေစောင်းလှမ်းရိုက်ထားတာပါ လျှို့ဝှက်သောနှင်း ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ လူမင်း ကျောက်တုံးလို့လည်း ခေါ်သတဲ့ ပြောတာပဲ ဒါက ဇီယာဒမ်းရွာလေးရဲ့ အဝင်ကနေ လှမ်းမြင်ရတဲ့ သူရဲ့နောက်ခံက ဖုန်ကန်ရာဇီ၊ ဖုန်ရင် စတဲ့ ရေခဲတောင်တွေပါ ကျမတို့ သွားခဲ့တာ အဲ့ဒီတောင်ပါ သူတို့ရဲ့ အိမ်ဝင်းတံခါးအားလုံးလိုလိုက ဒီလိုလှေကားထစ်တံခါးလေးတွေပါ


Sa Yar sanSeptember 18, 20141min36311
မင်္ဂလာပါ ရွှေရွာသူရွာ သားတို့ခင်ဗျာ ကျွန်တော်ပို့စ်ပြန်ပြီး ပြင် ပေးတဲ့ အတ် မင်ဆရာကိုလဲ ကျေးဇူး တင်ပါတယ် နောက်ပြီး အရင်က မိတ်ဆွေတွေ ပြန်တွေရသလို လိုှူက်လှိူက်လှဲလှဲ ဖေါ်ဖေါ်ရွှေရွှေဆက်ဆံ ကြတာကိုလဲ ပီတိ့ဖြစ်မိပါတယ် မြန်မာစာ အရိုက်ကျွမ်းသူ မဟုတ်တဲ့အတွက် အမှားတွေ ရိုက် နေတာကိုသည်းခံပြီးဖတ်ပေးနေတာကိုလဲ ထပ်ပြီး ကျေးဇူးတင်ပါတယ် ..။ အခု ကျွန်တော် ရှယ် ချင်တဲ့ ပစ္စည်းကတော့ ဆိုလာ အားသွင်းပြားလေးပါ ၁ပေလောက်ဘဲ ရှိပါတယ် အရွယ်ကသေးပေမဲ့ အားက  ၂ ဝတ်ဒ်ထွက်ပါတယ် ၁၂ဘို့ရှိတဲ့ ဘက်ထရီတွေကို အားသွင်း ပေးနှိုင်ပါတယ် ဆိုလာဆိုတဲ့ အတိုင်းအားလုံး က သိပြီးသားပါ နေရောင်ခြည်ကနေ စွမ်းအင် ယူပြီး ဘက်ထရီကို အားသွင်းတာပါ ..။ကျွန်တော် တို့ […]


manawphyulaySeptember 18, 20143min18014
Vacancy Announcement for Center for Vocational Training (CVT) (Local Only) Center for Vocational Training (CVT), Yangon, provides vocational training according to the dual apprenticeship model (Theory and Practice) from Switzerland. CVT works closely with a wide range of training companies as a non profit organization since 2002. If you are interested in supporting the vocational […]


ခင္ခSeptember 17, 20141min1436
” လုပ် သင့် တာ လုပ် ပေး စေ ချင် “   ” သမီးလေး ညဉ့်နက်နေပြီ စာတွေလုပ်တာ မပြီးသေးဘူးလား ” ” မပြီးသေးဘူး ဖေဖေ ” ” ဘာတွေများ ဒီလောက်တောင်ရေးနေရတာလဲ ” ” ဆရာမက သင်္ချာအိမ်စာတွေလေ အပုဒ် ၅ဝ တောင် ကျောင်းပိတ်ရက်မှာ အပြီးတွက်ဖို့ပေးလိုက်တာမို့ပါ အခုမှ အပုဒ် ၃ဝ ကျော်ဘဲ ပြီးသေးလို့ ” ” မနက်ဖြန်မှာ ဆက်တွက်ပါလား သမီးရယ် အရမ်းညဉ့်နက်အိပ်ရေးပျက်တော့ သမီးနေမကောင်းဖြစ်နေ အုံးမယ် ” ” မနက်ဖြန်ကျတော့လည်း အပြင်ကျုရှင်က တစ်နေ့လုံးနီးပါးရှိတာဆိုတော့ မပြီးမှာစိုးလို့ပါ ” ” ဒါနဲ့နေပါအုံးသမီး သမီးတို့ကျောင်းဆင်း […]


kaiSeptember 14, 20142min1919
အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝလိုသော်(၂) အရင်တပတ်က အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလိုလျှင် မိမိနှင့်ရင်းနှီးပြီးသား လွယ်ကူသည်ဟု ထင်ရသည့် စကားလုံးလေးများကို တိတိကျကျ ၊ ထိထိမိမိ၊လှလှပပသုံးစွဲတတ်အောင် လေ့ကျင့်ထားသင့်ကြောင်း အများနှင့်ရင်းနှီးပြီးသားဖြစ်သည့် ”Look” ဟူသောစကားလုံးလေးကို နမူနာပြပြီး တင်ပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ ယခုဆက်လက်ပြီး ”Look”ကဲ့သို့ပင် အများနှင့်အကျွမ်းတဝင်ရှိပြီးသားဖြစ်သည့် ”Turn”နှင့် ”Come” ဆိုသည့် စကားလုံးလေးများကို လေ့လာကြည့်ရအောင်။ ”Turn”ဆိုသည့် စကားလုံးလေးမှာ ယခု ခေတ်စားနေသည့် G.P.S များတွင် အတွေ့ရများသည့် စကားလုံးလေး ဖြစ်ပါသည်။ ဥပမာ- Turn right – ညာကိုကွေ့ Turn left   – ဘယ်ကိုကွေ့ Turn around – ပြန်လှည့်ပါ စသည့် ဝါကျလေးများကို အားလုံးရင်းနှီးပြီးသား ဖြစ်ပါလိမ့်မည်။ သို့သော် Turn ကို […]


kaiSeptember 11, 20141min2038
အင်္ဂလိပ်ဝေါဟာရမကြွယ်ဝ၍ မိမိပြောလိုသည့်စကားလေးများကို ရင်ထဲ၌ပင်သိမ်းဆည်းထားလိုက်ရသည့် အတွေ့အကြုံမျိုး ကြုံဖူးကြသူများရှိပါလိမ့်မည်။ ဘယ်ဘာသာစကားကို သင်ယူရာ၍မဆို ဝေါဟာရများများစားစားမသိသူများအနေနှင့် စကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အခက်အခဲများတွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝေါဟာရကြွယ်ဝလာအောင် Dictionary တအုပ်လုံးကို အလွတ်ကျက်မှတ်ရမှာလားဟု မေးစရာဖြစ်လာပါသည်။ စင်စစ်မလိုအပ်လှပါ။ တကယ်တော့ ဝေါဟာရကြွယ်ဝလာအောင် လုပ်သင့်သည့် လုပ်နိုင်သည့်နည်းလမ်းကောင်းများ ရှိပါသည်။ ဝေါဟာရအသစ်များကို လေ့လာကျက်မှတ်သည့် နည်းလမ်းကို ခေတ္တခဏ မေ့ထားပြီး မိမိနှင့်ရင်းနှီးပြီးသား၊ တနည်းအားဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိပြီးသား စကားလုံးလေးများကို တိတိကျကျ၊ ထိထိမိမိ၊ လှလှပပသုံးစွဲတတ်အောင်ကြိုးစားကြရအောင်။ ဤနည်းကပိုမိုထိရောက်ပါသည်။ တတ်ရန်လည်းပို၍မြန်ပါသည်။ ဥပမာအားဖြင့် Look ဟူသောစကားလုံးလေးကို ကြည့်ကြရအောင်။ အင်္ဂလိပ်စာကို အနည်းအပါးလေ့လာထားသူတိုင်းအတွက် ရင်းနှီးပြီးသား စကားလုံးလေးဖြစ်ပါလိမ့်မည်။ ” ဒါလေးများသိတာပေါ့” ဟု၊ ” ဒါလောက်တော့ သုံးတတ်တာပေါ့ ” ဟု ထင်ကြပေလိမ့်မည်။ […]


  တစ်နေ့က သူငယ်ချင်းတစ်ချို့နဲ့ ထိုင်စကားပြောရင်း တက္ကသိုလ်တက်တုန်းကအကြောင်းတွေရောက်သွားတယ် ကျုပ်တို့တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေက နိုင်ငံအနှံ့ နယ်စုံကလာတက်ကြတာ…နယ်စုံသလို လူမျိုးလည်းအစုံပါသပေါ့…အဲ့တော့ ကျောင်းပိတ်ပြီဆို ကိုယ့်ရပ်ဋ္ဌာနေကိုယ်ပြန်ကြပေါ့… ပြန်လာကြပြီဆိုပြန်တော့လည်း ဒေသထွက်စားစရာတွေပါလာကြတာမို့ သူငယ်ချင်းတွေဝိုင်းအားပေးကြတာပျော်စရာ….လူစုံသလို အကျင့်စရိုက်ဝါသနာလည်းစုံမှစုံပေါ့… စာပေဝါသနာပါတဲ့သူ၊ ဂီတဝါသနာပါသူ၊ အားကစားဝါသနာပါသူ၊ ပန်းချီဝါသနာပါသူ၊ ကာတွန်းဝါသနာပါသူ၊ နိုင်ငံရေးစိတ်ဝင်စားသူ၊ ဘာကိုမှစိတ်မဝင်စားပဲ ကျောင်းတော်ကြီးက သင်တဲ့စာကိုသာ တစိုက်မတ်မတ်လုပ်တဲ့သူ၊ ဘာရယ်လို့ရေရေရာရာ မရှိပဲ ဟိုစပ်စပ် ဒီစပ်စပ် ယောင်နေတတ်တဲ့သူ (ကျုပ်က အဲ့ထဲပါတာပေါ့ :mrgreenn: ) … စသဖြင့်ပေါ့…ကျောင်းအတူတက်နေကြရတော့လည်း မတူတာတွေဘေးချိတ်ပြီး ခင်မင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ကြရတာပါပဲလေ…ကျောင်းသက်တစ်လျှောက် အချင်းချင်း ရန်ဖြစ်တာတောင် မတွေ့ဖူးခဲ့ဘူး… စလို့နောက်လို့ စိတ်ဆိုး စိတ်ကောက်ကြရင်လည်းခဏပါပဲ.. နောက်လည်ပင်းပြန်ဖက်ကြတာပါပဲ…. အဲ့တုန်းက တက္ကသိုလ်တွေမှာက ကိုယ်ဝါသနာပါရာကိုလည်း ကိုယ်လိုက်စားဖို့ အခွင့်အရေးရခဲ့ကြတယ်.. စာပေဆိုလည်းစာပေအလျှောက်..အနုပညာဆိုလည်းအနုပညာအလျှောက်…အားကစားဆိုလည်းအားကစားအလျှောက်… အသင်းအဖွဲ့တွေနဲ့ ပေါင်းသင်းပြီးလှုပ်ရှားနိုင်ခဲ့ကြတဲ့…အင်မတန်မှလွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ […]


မ​နေ့က အ​မေနဲ့ စကား​ပြောကြတာ…​ပြောရင်​းနဲ့ အ​ချေအတင်​ဖြစ်​လာတယ်​ ဆိုပါ​တော့။ အချိုမှုန်​့ဇာတ်​လမ်​းက စတာပဲ။ ကျွန်​မက အချိုမှုန်​့မသုံး​ရေး၊ အ​မေက ဟင်​းအရသာရှိဖို့ အချိုမှုန်​့ထည်​့​ရေး။ ကျွန်​မက အချိုမှုန်​့သုံးတာ ကျန်​းမာ​ရေးအတွက်​ မ​ကောင်​းဘူး၊ ကင်​ဆာလည်​းဖြစ်​နိုင်​တယ်​၊ ဦး​နှောက်​ဖွံ့ဖြိုးမှုကိုလည်​း ထိခိုက်​တယ်​၊ အချိုမှုန်​့ မပါဘဲလည်​း စားလို့ရတာပဲလို့ ​ပြောတယ်​။ အ​မေက အချိုမှုန်​့မပါဘဲချက်​ရင်​ အရသာမရှိဘူးတဲ့။ အများကြီးမဟုတ်​​တောင်​ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ထည်​့ရမယ်​တဲ့။ အချိုမှုန်​့​ရှောင်​ရုံနဲ့လည်​း ဘာမှထူးမသွားဘူးတဲ့။ စားသမျှအစားအစာအကုန်​ ဓာတု​ဗေဒနဲ့ကင်​းတာ ဘာရှိလဲတဲ့။ အားလုံးအဆိပ်​​တွေချည်​းပဲတဲ့။ ကျွန်​မကလည်​း ပြန်​​ပြောတယ်​။ အကုန်​လုံးကို သတိထားပြီး စားရမှာပဲလို့။ ပိုးသတ်​​ဆေးကုန်​​အောင်​ ​သေချာ​ဆေးလို့ရတယ်​၊ ဆား​ရေစိမ်​မယ်​၊ ​သေချာကျက်​​အောင်​ချက်​မယ်​၊ ​ရှောင်​မရဘူးဆိုပြီး အ​သေခံလို့မ​ှ မရတာလို့။ အဲဒီမှာ အ​မေက ဘာပြန်​​ပြောလဲဆို​တော့ သူတို့​ခေတ်​တုန်​းက အကုန်​လုံးက သဘာဝပဲတဲ့။ ဘာဆိုး​ဆေးမှမကူဘူး၊ ဘာ​မြေဩဇာမှ […]


alinsettSeptember 7, 20147min31825
မင်္ဂလာပါ ။ အခုတစ်ပါတ်အတွက် အလင်းခြုံတဲ့ သတင်း Zone ကဏ္ဍကနေ တင်ပြပေးမယ့် သတင်းတွေကတော့… *မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲသတင်း * ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရဘက်က လက်ခံလိုက်ပြီး၊ ဆက်လက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲသတင်း၊ *မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို US အခြေစိုက်ကုမ္ပဏီ I.I (W.S) က တရားစွဲဆိုမယ့် သတင်း၊ *၂၀၁၄ခုနှစ် မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်လိုက်တဲ့သတင်း၊ *မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀ဝ ဦး ကို  တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တွေမှာ ပြန်တမ်းဝင်အရာရှိများအဖြစ်ခန့်အပ်လိုက်တဲ့သတင်း၊ *ပျူမြို့ဟောင်းများရဲ့ မြေယာရှုခင်း (Landscape) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး   ထိုင်းနိုင်ငံ […]


poochSeptember 6, 201410min47739
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ပေ ၁၁၅၀ဝ ကျော်မြင့်တဲ့(အခုတိုင်းခဲ့တဲ့အမြင့်က ၁၁၈၆၈ ပေရှိပါတယ်) ဖုန်ကန်ရာဇီရေခဲတောင်က ရေခဲတောင်တက်ချင်တဲ့ တောင်တက်ဝါသနာအိုးတို့အတွက် မဖြစ်မနေတက်သင့်တဲ့ အလွယ်ကူဆုံး ရေခဲတောင်တခုပါ။ ရေခဲတောင်ဖြစ်စေ ရိုးရိုးသာမာန်တောင်ဖြစ်စေ တောင်မှန်သမျှ သူ့နည်းသူ့ဟန်နဲ့တော့ အားစိုက်ထုတ်ပြီး ခဲရာခဲဆစ်သွားရ တက်ရတာချည်းပါပဲ။ ဒီခရီးကမန္တလေး-မြစ်ကြီးနား-ပူတာအို အသွားအပြန်စုစုပေါင်း ၁၅ရက်ကြာပါတယ်။ ပူတာအိုကနေစသွားရတဲ့ခရီးကတော့ ၁ဝ ရက်ပေါ့။ ဖုန်ကန်ကတော့ သဘာဝတရားက မျက်နှာသာပေးထားတဲ့ ရေမြေတောတောင် အလှ ၊ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ဒေသခံတွေရဲ့ ဆွဲဆောင်မှု၊ စိတ်ဝင်စားစရာ ရုက္ခဗေဒမျိုးစိတ်အသစ်တွေ ၊ အမျိုးအမည်မဖော်နိုင်သေးတဲ့ သစ်ခွရိုင်းတွေအပြည့်နဲ့ပါ။ အစိမ်းရောင်အမွေအနှစ်ကို မြတ်နိုးတဲ့ သူူအတွက် ကိုယ်စိတ်ဝင်စားရင် စိတ်ဝင်စားသလောက် လမ်းတလျှောက်လုံး တဖြည်းဖြည်းချင်း ဖြားယောင်းခံရပြီး တောင်ထိပ်ထိရောက်အောင်ဆွဲခေါ်သွားနိုင်ပါတယ်။ တခုတော့ရှိတယ် သူခေါ်ဆောင်ရာကို လိုက်ပါနိုင်ဖို့ဆိုရင်တော့ လေ့ကျင့်မှုရယ် […]