နယ်​တစ်​ခါပြန်​ရင်​ အံ့ဩစရာ​တွေကြားရတတ်​တယ်​။ စာ​ရေးဖို့အ​ကြောင်​းအရာ​တွေ ရလာတတ်​တယ်​။ ဒီတစ်​​ခေါက်​ပြန်​​တော့လည်​း ဒီအတိုင်းပဲ။ ဒါ​ပေမယ်​့ ဒီတစ်​​ခေါက်​ကြားရတာက​တော့ ပိုထူးဆန်​းပြီး ပိုအံ့ဩဖို့​ကောင်​းတယ်​။ သီတင်​းကျွတ်​ဆို မပြန်​ဖြစ်​တဲ့နှစ်​​တွေကများ​တော့ ဒီနှစ်​မှာ အိမ်​ပြန်​ခွင်​့ရတုန်​း ဆရာ​တွေကို လိုက်​ကန်​​တော့ဖြစ်​တယ်​။ ၁ဝ နှစ်​နီးပါးအတွင်​းမှာ နှစ်​​ခေါက်​​လောက်​ပဲ​တွေ့ဖြစ်​တဲ့ ဆရာ​တွေဆီလည်​း ​သေချာသွား​တွေ့ဖြစ်​တယ်​။ အဲဒီမှာ ဆရာမ​တွေ စာသင်​ဖို့ထက်​ ယုတ္တိ​ဗေဒ​တွေကို လက်​​တွေ့အသုံးချ​နေရတဲ့အ​ကြောင်​း​တွေကို သိလာရ​ရော။ ဆရာမက ​ကျောင်​းမှာ အတန်​းပိုင်​။ ဆယ်​တန်​းဆို​တော့ အစိုးရက ဂရုစိုက်​တယ်​​ပေါ့။ တစ်​လချင်​းစီရဲ့ ​အောင်​ချက်​​တွေကို ပို့​ပေးရတယ်​။ ပထမဆုံးစာ​မေးပွဲရဲ့ ​အောင်​ချက်​က ၆၅ ရာခိုင်​နှုန်​း။ အဲဒီအတိုင်​းတင်​​ပေးလိုက်​​တော့ ပညာ​ရေးမှူးက ​ပြောလာတယ်​။ ဒီလက ၆၅ ဆို ​နောက်​လမှာ ဒီထက်​တက်​မှရမယ်​၊ ၆၅ ထက်​များမယ်​လို့ အာမခံနိုင်​မှ ဒါကိုတင်​ပါတဲ့။ ဆရာမက ရှင်းပြတယ်​။ ဒီလက […]


alinsettOctober 16, 20141min27415
မင်္ဂလာပါ ။ အပါတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်းZone – သတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်အတွင်းမှာ ဖတ်ခဲ့ရတဲ့ သတင်းတွေထဲက ကောက်နှုတ်တင်ပြ ပြောဆိုချင်တဲ့ သတင်းတွေကတော့။။။။ • အမေရိက သမ္မတ Barack Obama နဲ့ အမေရိက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေအပါအဝင် နိုင်ငံတကာ ကာကွယ်ရေး အဆင့်မြင့်အရာရှိတွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြတွေကို နှိမ်နှင်းရေး ဆွေးနွေးကြမယ့် သတင်း၊ • လက်ပန်တောင်းတောင် အရေးနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို တရားရှင် ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်း ၊ • အမေရိကပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်မှ သူနာပြုဆရာမ တဦးကို အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့သတင်း၊ • ပြည်သူလူထုထံမှ မတရားရရှိတဲ့ ငွေကြေးဥစ္စာ […]


kaiOctober 14, 20142min24013
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]


Shwe EiOctober 12, 20141min32316
ရွာသူားအားလုံးမင်္ဂလာဘာ ဒါဇင်ပလပ်စ် ပို့စ်တင်ဖို့ ပျက်ကွက်ခဲ့တာ ၃လလောက်ရှိပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရွာထဲကို စာဝင်မဖတ်ဖြစ်တာတောင် တစ်ပတ်က နှစ်ပတ် အချိန်ပိုစိပ်လာလို့ ရုံးပိတ်ရက် တစ်ရက် တတ်နိုင်သမျ အချိန်ဖဲ့ယူပြီး ပို့စ်တင်လိုက်တာပါ။ အရင်လို အလှူပို့စ် လစဉ်တင်ဖြစ်ဖို့ မသေချာတာကြောင့် အနဲဆုံး ၃လတခါလောက် ပေါင်းပြီး ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်လို့။ လတိုင်း မလိုက်နိုင်တဲ့ အလှူရှင်တွေ အတွက် လှူဖြစ်ခဲ့သမျ ကျောင်းတွေ မှတ်မိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုက်ပါတယ်။ (၂၄) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ ဒဂုံဆိပ်ကမ်းမြို့နယ် ပါရမီဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၅) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ သီလဝါသီလရှင်သင် ပညာရေးကျောင်း (သံလျင်) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၆) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ လိုတရဟင်္သာတကျောင်းတိုက် (ပရဟိတဓမ္မရိပ်သာ-လှော်ကား) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) အခုဆက်လက်ဖေါ်ပြမဲ့ […]


alinsettOctober 9, 20141min2097
မင်္ဂလာပါ ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ တပါတ်အတွင်းသတင်းတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ ဒီတပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ … နိုင်ငံပေါင်း ၃၃ နိုင်ငံအတွင်းရှိ IS အကြမ်းဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကိုမြန်မာနိုင်ငံက ရရှိထားပြီဆိုတဲ့သတင်း ၊ ပျောက်ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ထပ်မံ ပျောက်ဆုံးသွားတဲ့ ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်နဲ့ လိုက်ပါသွားသူသုံးဦးကို ပြန်လည် ရှာတွေ့တဲ့ သတင်း ၊ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့အရေး အမေရိက အစိုးရ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်တဲ့ သတင်း၊ မြန်မာသမ္မတက အကျဉ်းထောင်အသီးသီးအတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့ […]


ဇီဇီOctober 6, 20143min52344
ယောက်ခမွသဲ အနော့ကို ဒီ တစ်ပတ် ခွေးလွှတ်ပါ။ ဟီးးး :mrgreenn: သဲ က ငပိမစားဘူးရယ်။   ကျနော်က တစ်ရက် တစ်ရက် ငရုတ်သီးရယ်၊ ငပိရယ် မပါရင် ထမင်းစားမဝင်ဘူးဗျ။ ငပိ ငခြောက် ပုဇွန်ခြောက်ကို လူကြုံတိုင်း မှာမှာစားရတာ။  :mrgreenn:   မြန်မာ ပါးစပ် ဆိုတော့ ဘာမှ မပါလည်း ဆီဆမ်း ဆားဖြူးနဲ့ အဲဒါလေးတွေ ဟိုလိုကြော် ဒီလိုကြော်က ထမင်းသိပ်စားဝင်တာရယ်။ အဲဒီတော့ အိမ်မှာ ပုလင်းလေးတွေနဲ့ ထားရတဲ့ လွယ်ကူမြန်ဆန် အဖုထွက် ဟင်းရံလေးတွေကို ရေးပါ့မယ်။ ညှော်နံ့အတွက် ပြသနာမရှိဘူး ဆိုရင် ကြော်ထားပြီး လိုက်ဖက်ရာ ချဉ်ရည်ဟင်းနဲ့ စားရင်ကို စားကောင်းနေတာပါပဲ။ ငိငိငိ။ :mrgreenn: အဲလိုတွေ […]


kaungngelayOctober 5, 20141min2738
စာပေတန်ဖိုးအား လွန်စွာကျေးဇူးတင်ရပါသည်။ ထို့ထက်ပိုမိုတင်စားလိုသော်လည်း စကားလုံးကား ရှာမရပါ။ နည်းပညာရှင်များတွင် အတော်များများသည် တော်ကြ၏။ သို့သော် မိမိတစ်ဦးတည်းသာ တတ်သိနားလည်သဘောပေါက်၏။ လုပ်ငန်းကျွမ်းကျင်၏။ တွေးခေါ်မှုကောင်း၏။ နာမည်ကြီး၏။ သို့သော် သူတစ်ပါးနားလည်အောင် မရှင်းပြတတ်။ ရှင်းပြရာတွင်လည်း တပည့်များ၊ အောက်ခြေဝန်ထမ်းများအား ထိရောက်အောင် မရှင်းပြတတ်။ အချို့သောနည်းပညာသမားများမှာ ရှင်းပြနိုင်သည်။ သင်ပြနိုင်သည်။ လမ်းညွှန်နိုင်သည်။ သို့သော် စာရေးရန် အင်မတန်ပြင်းကြ၏။ ရေးဖို့ အချိန်မရကြတာလည်း ပါနိုင်သည်။ အချိုသောနည်းပညာသမားများမှာ အထက်ပါ အမျိုးအစား နှစ်မျိုးလုံးတွင်လည်း ပါဝင်သည့်အပြင်၊ သူတစ်ပါနားလည်အောင်၊ နားဝင်အောင် ရေးသားမှတ်တမ်း တင်ပြုစုတတ်ကြပါသည်။ တနည်းဆိုရသော် နည်းပညာကလောင်ရှင်များဟု တင်စား ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်မှာ စာရေးချင်သော်လည်း၊ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပက်သက်သော Health and Safety အကြောင်းဖတ်မှတ် စုဆောင်းနေရပါသည်။ […]


ဇီဇီOctober 4, 20142min54155
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


ဇီဇီSeptember 29, 20144min71159
ထမင်းဆိုင် ပြန်ဖွင့်မို့ သာ ကြိုးစားပြီး စု ရတာ။ ဘာဟင်းမှ လက်ထဲမရှိဘူးးး ဟီးဟီးး  :mrgreenn: တဂျီးကလည်း လူလည် (အဟွတ်! သူမလာခင် အတင်းအုပ်လိုက်ဦးမယ်) :kwi: ဟင်းစပ်ရော… ဟင်းချက်နည်းရော… ဖြစ်နိုင်ရင် အချိုးအစား ရော လိုချင်တာ… ကိုယ့်မလည်း စားဖိုမှူးတွေကို ဒီထက် ချေးများလို့ တွန်းလို့ က မကောင်းးးဘူး လေ.။ :mrgreenn: အဲဒီတော့လည်း ဂလိုပဲ ကြံရဖန်ရတော့မယ်။ ဒီ တစ်ပတ်တော့ ကြာဇံ စား ရအောင်။ လူတိုင်း စားလို့ ရအောင် ကြက်သားနဲ့ပဲ အားပြု ပေးထားပါတယ်။ (ကြာဆံလို့ ပေါင်းရမယ်ထင်တယ်၊ မသိဘူးး အားရသလို ပေါင်းလိုက်ပြီ) ပဲကြာဇံ ကြိုက်သူက ပဲကြာဇံ ချက်နည်းယူပေါ့။ ဆန်ကြာဇံ […]


alinsettSeptember 25, 20144min62233
  မင်္ဂလာပါ ။ အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့သတင်း Zone  သတင်းအစီအစဉ်ကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့… * ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာမှာ အသုံးပြုတဲ့ သောင်တူးသင်္ဘောကို ပြန်သိမ်းလိုက်ပြီး ခေါင်းလောင်းကြီးဆယ်ယူမှု ရပ်နားလိုက်ရတဲ့သတင်း ၊ * Reuter မှာ ဖော်ပြခဲ့တဲ့ သူရ ဦးရွှေမန်းဟာ NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်ကြောင်း သတင်းဟာ မမှန်ကန်ကြောင်း NLD ပါတီမှ ငြင်းဆိုလိုက်တဲ့သတင်း ၊ *Al-Qaeda ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့သတင်း၊ * အီဘိုလာရောဂါပြန့်ပွါးမှုကို ဟန့်တားထိန်းချုပ်မှုသာ မလုပ်နိုင်သေးရင် ဇန်နဝါရီလ အရောက်မှာ လူပေါင်း ၅ သိန်းကနေ […]


kaungngelaySeptember 24, 20143min30611
SMR ဆိုတာ ဘာပါလဲ ခင်ဗျာ? SMR ဆိုသည်မှာ လက်ရှိနိုင်ငံအတော်များများတွင် အသုံးပြုနေသော အဏုမြူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများ၏ ဓါတ်ပေါင်းဖိုငယ်မျိုးဆက်သစ်ပုံစံ ဖြစ်ပါသည်။ Light Water (H2O) စနစ်သုံး ဓါတ်ပေါင်းဖိုငယ် အမျိုးအစားဖြစ်ပါသည်။ NIEA အသိအမှတ်ပြုထားပြီး အနောက်နိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဓါတ်ပေါင်းဖိုကြီးများ နေရာတွင် အစားထိုး တပ်ဆင်နိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ဓါတ်အား ထုတ်လွတ်မှု ၃၀ဝ မီဂါဝက် ထက် နည်းသော ပမာဏသာ ထုတ်ယူနိုင်သော ဓါတ်ပေါင်းဖိုအား IAEA မှ SMR အဖြစ် သတ်မှတ်ထားပါသည်။ ဓါတ်အား ထုတ်လုပ်မှုပမာဏ ၁ဝ မီဂါဝပ်မှ ၃၀ဝ မီဂွါဝပ်အထိ လိုအပ်ချက်အလိုက် တပ်ဆင် အသုံးပြုနိုင်ပါသည်။ SMR သုံးစွဲခြင်းကြောင့် ဘာအကျုိးကျေးဇူးရနိုင်မလဲ? Gen-II, […]


poochSeptember 24, 20147min51632
Hiking အတွက်ဆို ရှမ်းပြည်နယ် ကလောဖက်က တောင်တွေက လှသလို ရာသီဥတုကလည်း သာယာတယ်။ မန ္တလေးကနေ ၁၆၆ မိုင် နီးပါးဝေးတဲ့ ကလောကို ရထားနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေသွားလို့ရပါတယ်။ ရထားနဲ့ဆိုရင်တော့ မန ္တလေးကနေ သာစည်ကို ညနေ ရထားစီး ပြီးရင် ည ၉ နာရီလောက် သာစည်ကို ရောက်တယ်။ အဲ့ဒီမှာ ခဏနားပြီး ကလောရထားကို မနက်အစော ၄ နာရီလောက် ဆက်စီးရတယ်။ ရထားစီးတဲ့လမ်းတလျှောက်မှာတော့ မိုးရာသီမို့ လယ်ကွင်းတွေက စိမ်းပြီး မိုးနံ့သင်းတယ်။ ကောင်းကင်မှာလည်း သက်တံတွေကပေါ်နေတတ်တော့ ပြတင်းပေါက်ကနေ လေညှင်း ခံပြီး သဘာဝအလှတွေနဲ့ စကားစမြည်ပြောပြီး နောက်နေတဲ့ အာရုံတွေကို်လည်း ရှင်းထုတ်လို့ရတယ်။ လမ်းမှာတော့ တောင်ပေါ်ကို တက်တဲ့နေရာ ၆ နေရာလောက်ကို […]