KyaemonMarch 4, 201979min29852
၊ရှေ့ဆောင်းပါး#၈၂ရဲ့အဆက် ။ IFC ၊အိုင်အက်စီနဲ့အပေါင်းပါတို့ကမြစ်ဆုံရေကာတာဆက်မလုပ်ဖို့ရေးတာကို ၊ရှေ့ဆောင်းပါး#၈၂မှာချေပခဲ့ပါတယ်၊ ၊လျော်ကြေးတပြားမှထောက်ပံ့ကူညီ၊ချေးပေးမှာလဲမဟုတ်၊လျှာချောင်အာချောင်ကြတာ ၊သွားပုတ်လေလွင့်၊အဖျက်သဘော၊မကောင်းပြောနေကြတာပါ High risk. ဟိုင်ရစ်၊အန္တရာယ်ကြီးတယ်ဆိုပြီး၊”၊ဝါးချ”၊နေတာပါ< ၊ နားမလည်တဲ့လူတွေကိုရှုပ်ထွေးသွားအောင်၊အစွမ်းကုန်သိမ်းကြုံးပြီးဖြဲချောက်နေတာပါ၊ လူတွေတိုမြေငလျင်ကြီးတွေဖြစ်မယ်၊မြစ်ကောမယ်၊လယ်သမားငတ်မယ်၊ရေလမ်းပိတ်မယ်၊ ၊တံငါသယ်ငတ်မယ်၊စသဖြင့်၊၎င်းရဲ့အပေါင်းအသင်းတွေက”၊မုသားမုန်တိုင်း”,ကိုကြဲချပြီးပါပြီ၊ အတိုင်အဖောက်လို၊ဟိုင်ရစ်ဆိုပြီးအချောကိုင်အလဲထိုးလိုက်ရုံဘဲ၊ ၊မုသားပင်လယ်မှာရေကူးရင်း၊မုသားဒီရေတွေကတက်လာလို့၊လူသူတွေရဲ့လည်ပင်းတိုင်အောင်င်နစ်မွမ်းနေလောက်ပြီ၊ ၊နှပ်ချခံလိုက်ရမှန်းမသိလောက်အောင်၊အနာကနက်ရှိုင်းရင့်ကျက်နေတော့၊အဆိပ်ဖြေလို့မလွယ်ကူပါ၊၊ ဒါတွေကိုအသေးစိတ် ဂ ဃ ဏ န ၊ချေပပြီးပါပြီ(၊ရှေ့ဆောင်းပါးတွေကိုညွန်း)၊ ၊ဒါကြောင့်လဲIFC ၊အိုင်အက်စီကငလျင်ဟိုင်:ရစ်လား၊မြစ်ကောတဲ့ဟိုင်:ရစ်လား၊ ၊ရေကြီးရေလွှမ်းတဲ့ဟိုင်းရစ်လားဆိုတာကိုတိတိကျကျမရေးနိုင်တော့ပါ၊၊ ၊ အတိအကျချေပထားလို့၊ဒီလိုဝါးချနေရပြီ၊ သို့သော်အိုင်အက်စီကမဖြုံပါ၊ဘယ်ဟိုင်ရစ်အတန်းအစားဆိုတာကို ၊တိတိကျကျပြောဖို့မလိုဘူးလို့တွက်ဆထားတယ်၊ High risk ၊ဟိုင်းရစ်၂လုံးထဲနဲ့အရိပ်အခြည်ဝါးချရုံဘဲ၊ ၊အမှားတွေနဲ့နစ်မွမ်းပြီး၊အကြောက်လွန်နေတဲ့လူတွေက၊၊ငလျင်တို့ရေကြီးတာတို့ပြိုကျတာတို့နဲ့အလိုအလျောက်ဆက်စပ်ပါလိမ့်မယ်၊၊ဒေါကြီးမောကြီး ၊ဒေါသူပုန်ထလိမ့်မယ်၊အုံကြွအောင်လှုံ့ဆော်လို့ရမယ်၊၊ဝန်ကြီးဝန်ကလေးတွေကပြန်မလှန်နိုင်၊ကျောက်ဒူးတုန်ထွက်ပြေးဆုတ်ခွါရလိမ့်မယ်လို့၊တွက်ဆထားတယ်၊တော်တော်ကျယ်ဝန်းပြင်းထန်တဲ့.ဟိုင်ဒရိုဂျင်ဗုံး , High risk ၊ဟိုင်ရစ်စကား၂လုံးပါလို့တွက်ဆထားတယ်၊ဝန်ကြီးကအသာလေးခဏဘေးထိုင်ရတယ်၊ ၊ ၊အနာပေါ်ဒုတ်ကျဆိုသလို၊အကြောက်လွန်သူတွေကိုထပ်ချောက်လှန့်လိုက်တာပါဘဲ၊ ၊၊ဟိုင်ရစ်ကဘယ်လောက်ဂယက်ရိုက်တယ်ဆိုရင်၊ဘုန်းကြီးတပါးကဒီလိုမိန့်ဆိုလာတယ်၊ ၊ရေကာတာလုပ်ခွင့်ပြုရင်၊လူတွေကိုသေဒဏ်ပေးတာဘဲ၊ဆိုပြီးသတင်းမီဒီယာကိုမိန့်တယ် ၊ဥပမာ၊ဧရာဝတီကာကွယ်ကြဆိုပြီးထပ်တလဲလဲဖေ့ဘုက်မှာတင်တယ်၊ဦးထွန်းလွင်ကမြစ်ဆုံမှာ၊ရေကာတာနဲ့ကာပိတ်မယ်ဆိုရင်၊၊၊၊၊ဆိုပြီးလိုက်ဟောတုန်းဘဲ၊ ၊အမှန်မှာလျှပ်စစ်ဓာတ်အားထုတ်ယူဖို့ရေတွေကိုအသေပိတ်လို့မရပါ၊၊၊ဦးထွန်းလွင်က”၊ကာပိတ်”တယ်ပြောပြီး၊၊ရေကိုပြန်လွှတ်တာကိုမပြောဘဲချန်လှပ်ထားရင်၊ ၊ဒါကတော်တော်ဆိုးတာဘဲ၊နားမလည်တဲ့လူတွေကိုနှပ်ချနေတာလို့ ၊ယူဆရမှာဘဲ၊ ၊ရေတွေပြန်လွှတ်မှသာturbine၊တာဘိုင်တွေလည်ပြီး၊လျှပ်စစ်စွမ်းအားထွက်တယ်၊ ၊တောင်တန်းကမိုးရေ၊ရေခဲရေတွေမှ ၃%၊လောက်ကိုတဖြေးဖြေးစုစည်းရတယ်၊ ၁၀၀%ယူတာမဟုတ်ပါ၊ အမြင့်တခုကနေရေလွှတ်ချမှ. ၊တာဘိုင်တအားလည်ပြီး၊လျှပ်စစ်စွမ်းအား၊ တအားထွက်တယ်၊ ၊ပြီးတော့၊ရေတွေကခါတိုင်းလိုစီးဆင်းမြဲစီးဆင်းသွားတယ်၊ […]


kaiFebruary 27, 20196min19511
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


padonmarFebruary 6, 20192min7627
ဇန်နဝါရီ လ အတွက် မှတ်သားဖွယ်လေးပါ။ နှစ်သက်လို့ ရမ်းသန်း ဘာသာပြန်ပါတယ်။ မှားတာတွေ့ရင် ပြင်တော်မူ။ Go confidently in the direction of your dreams. Live the life you have imagined. သင့်အိပ်မက်တွေ လမ်းညွန်ရာ ယုံယုံကြည်ကြည် သွားလိုက်ပါ။ သင်စိတ်ကူးရာ ဘဝမှာ စိတ်ချလက်ချ နေလိုက်ပါ။ ………………….. You have one life to live. Do your work with passion. And give your best. သင်နေဖို့ရာ အသက်တခုသာ ကရုဏာနဲ့ အလုပ်လုပ်ပါ။ အကောင်းဆုံးသာ ပေးလိုက်ပါ။ ……………………………….. Quote […]


padonmarFebruary 2, 20191min8826
Every little act counts in creating a sustainable tomorrow. လှုပ်ရှားမှု သေးသေးလေးတိုင်းဟာ ပိုကောင်းတဲ့ မနက်ဖန်တွေကို ဖန်တီးရာမှာ အကျုံးဝင်နေပါတယ်။ Let’s recycle more wasteless today. ဒီနေ့အဖို့ အမှိုက်ကင်းကြမယ်၊ ပြန်သုံးကြမယ်။ …………………………….. နှစ်စဉ်နှစ်တိုင်း ပလပ်စတစ်အမှိုက် တန် ၈သန်းလောက်ကို ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်နေကြပါတယ်။ဒါဟာ နေ့တိုင်း မိနစ်တိုင်းမှာ အမှိုက် တွေ ကုန်တင်ကား တစီးစာ စွန့်ပစ်နေတာနဲ့ ညီမျှပါတယ်။ ဒီနှုန်းအတိုင်းသာ စွန့်ပစ်နေကြရင် 2050 ခုနှစ်မှာ ပင်လယ်ထဲ ငါးတွေထက် ပလပ်စတစ်တွေက ပိုများနေပါလိမ့်မယ်။ ဒါပေမယ့် အခုက စပြင်ကြမယ်ဆိုရင် နောက်မကျသေးပါဘူး။ ……………………………………………………… မကြာခင်က လက်ဆောင်ရထားတဲ့ စားပွဲတင် ပြက္ခဒိန်လေး […]


ဇီဇီFebruary 1, 20194min355312
အာမီ ဆိုတဲ့ အသံကြားရင် ကြောက်ဒူးတုန်နေ ရ တဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ပြီး သကာလ ကျော် ချစ်တဲ့ အာမီကို စတင်တွေ့ရှိခဲ့လေပြီ။ (အဟိ) ဒီ တစ်ပတ်တော့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ အနေနဲ့ (ဟင်၊ အလိုလိုက်တာ မြန်လိုက်တာ) ကျန်းမာရေးနဲ့ မညီဘူး ပြောပြော၊ အလုပ်ရှုပ်တယ် ပြောပြော၊ လူစုံလေ လူများလေး စားကောင်းလေ၊ ပါဝင်ပစ္စည်းစုံလင်လေ ပိုက်ဆံကုန်လေ (အဲ) အရသာရှိလေ ဖြစ်တဲ့ Army Stew လုပ်စားရအောင်။ တောထဲမှာ ရနိုင်တဲ့ အသားနဲ့ အရွက်မျိုးစုံကို ဟင်းရည်ထဲ အကုန်ပစ်ထည့် ဆယ် စားရတာမျိုးမို့ Army Stew ခေါ်သလားမသိ ရမ်းသမ်းမှန်းဆမိတယ်။ Army Stew ခေတ်စားတာက ကိုရီးယားနဲ့ ယိုးဒယားမှာဖြစ်ပြီး […]


ဇီဇီJanuary 30, 20195min408422
ဝိတ်ချမို့ (အဟွတ်) 😜😜😜 ဒါမယ့် “ဘာစားပြီး ဝိတ်လျော့ရင်ကောင်းမလဲ” ဆိုတဲ့ အမျိုးအစားမှာ ပါဝင်သူ ခင်ဇော့်အတွက်တော့… ကျန်းမာရေးလည်း ညီညွတ်/ထမင်းလွတ်/ဝိတ်ကျ အဲ့ဒီလို ၁ ချက်ခုတ် တောက်တောက်စင်းပြီးသားဖြစ် အကြံနဲ့ To a better health page က အရိုးပြုတ်ရည် ချက်နည်းနဲ့ စွတ်ပြုတ် စတင် ပြုလုပ်နေပါဘီ! 😬😬😬😬😬 . . အရိုုးပြုတ်ရည် (Credit to “To a better health”) အရိုုးပြုတ်ရည်ဟာ ဦးနှောက်နဲ့ အာရုုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက် အလွန် သင့် တော် ပါ တယ်။ အဖေ၊ အမေ၊ […]


kaiNovember 28, 20182min4561
အရင်လက Have, make , get စသည့် ကြိယာလေးများဖြင့် သုံးရတဲ့ structure လေးတွေကို ဖော်ပြခဲ့ပါတယ်။ ဒီ structure လေးတွေကို grammar စာအုပ်တွေမှာ causative လို့ ခေါ်ပါတယ်။ ဒီကြိယာသုံးခုကိုလည်း causative verbs လို့ လူသိများပါတယ်။ တစုံတယောက်ကို တစုံတယောက် ချော့ပြီးဖြစ်စေ၊ ခြောက်ပြီးဖြစ်စေ၊ တစုံတခု လုပ်ခိုင်းတယ် ပေါ့။ ဒီနေရာမှာ ဒုတိယ Noun လေးဟာ ပြုလုပ်သူ ဖြစ်ကိုဖြစ်ရမှာပါ။ လူမဟုတ်တဲ့ noun လေးတွေကို ဒီ structure မှာ ထည့်ပြီး သုံးလို့မရတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဥပမာ “He got a book to show to […]


KyaemonNovember 23, 201850min7501
   ။အမှန်တရားကိုကြာရှည်စွာဖုံးကွယ်လို့မရပါ  ၊ကြားတိုင်းမယုံနဲ့၊ ။လေ့လာချင့်ချိန်ပြီးမှယုံ၊၊ယုံကြည်ချက်အတိုင်းလုပ်ဆောင်၊      ။စကားမပြောဟွက်ခင်စဉ်းစားပါ၊၊အကျိုးရှိရဲ့လား?၊လိုအပ်လို့လား?။ကြင်နာမှုရှိရဲ့လား?   ၊လျှပ်စစ်ထုတ်မြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး၊၊ဖေ့ဘုက်ကအမှားများ ၊မြစ်ဆုံရေကာတာ မလုပ်ဖို့ကန့်ကွက်တဲ့အပိုင်းက မဟုတ်မမှန်တာတွေပြောတယ်၊၊နားယောင်အောင်၊ရှုပ်ထွေးအောင်၊ပြောတယ်၊ ၊ကွက်ပြော၊ချဲ့ပြော၊အခြေအမြစ်မရှိထင်ကြေးနဲ့ဇွတ်ပြောတယ်၊ ၊ဥပမာ ၊မြစ်ဆုံလျှပ်စစ်ထုတ်ရေကာတာလုပ်ရင်၊ ၊ဧရာဝတီကောမယ်၊၊ရေမရလို့လယ်သမားတွေ၊တံငါသယ်တွေငတ်ကြမယ်၊၊၊ရေလမ်းပိတ်ဆို့ပြီးရေကြောင်းအလုပ်သမားလဲငတ်ကြမယ်၊၊၊၊လို့မဟုတ်မမှန်ပြောတယ်၊ ၊အဲဒီဝိုင်တော်သားတွေကဘဲ၊မြစ်တိမ်ကောခန်းခြောက်မယ်လဲပြောတယ်၊၊ ၊တဘက်လှဲ့ပြီး၊ရေကြီးမယ်လဲ၊စကားနှစ်မျိုးနှစ်ခွဗြောင်းပြန်ပြော၊ဖြဲချောက်ပြန်တယ်၊ ၊ရေကာတာကျိုးပြီး၊မြစ်ဝဒေသအထိမြစ်တလျှောတ်လုံးမှာ၊မြန်မာပြည်သူတွေအားလုံး ၊သေကြေပျက်စီးမယ်၊မြန်မာလူမျိုးတရပ်လုံးပြုတ်ပြုန်းလိမ့်မယ်လို့လဲပြောပါတယ်၊ ၊Ring of Fire တို့၊စစ်ကိုင်းပြတ်ရွေ့တို့၊ငလျင်ကျောပေါ်မှာရေကာတာတည်ဆောက်တာမဟုတ်၊ဒါကိုဟုတ်ပါတယ်လို့lအတင်းလိမ်တယ်၊ကျိုးကျဖို့သေချာတယ်လို့လိုက်ချောက်တယ်၊  —–၊အကျိုးအမြတ်ခွဲတမ်းမှာလဲဘဲမြန်မာက၉၀%၊နီးပါးအများအစားရမှာကို၊၊၁၀% ၊ခန့်သာအနဲအကျင်းဘဲရမယ်လို့ဗြောင်လိမ်ပြန်တယ်၊ ကမ႓ာ့အမြင်နဲ့အမှန်တရား ၊ဒါတွေကအခြေအမြစ်မရှိကြပါ၊ထင်ကြေးနဲ့စိုးရိမ်မှု၊နားကြားကောဠဟာဠ၊ဈေးစကားတွေပါ၊ ၊ကမ႓ာအရပ်ရပ်မှအချက်အလက်တွေကို၎င်း၊အကိုးအကားတွေကို၎င်း၊ ၊ရုပ်ပုံ၊သုတေသနစစ်တမ်း၊အစိုးရကျေညာချက်များ၊ဗီဒီယိုများ၊ အစုံအလင်တွေကို၎င်း၊ရှာဖွေရယူကာ၊၊စေ့စေ့စပ်စပ် ၊ချေပရှင်းလင်းပြီးပါပြီ၊   ၊ကိုးကားရှင်းလင်းချက်တွေ၊ရုပ်ပုံတွေကို၊ရှေ့ဆောင်းပါး(၁)မှ(၈၀)ထိမှာဖတ်ယူလေ့လာနိုင်ပါတယ်၊   ========      ၊ ၊နားယောင်အောင်လုပ်တယ်ဆိုတာဘယ်သူလဲ၊? ၊အခြေအမြစ်မရှိဘဲယိုးစွပ်ကြသူများသာဖြစ်တယ် ၊ဖေ့ဘုက်ကဆင်တူရိုးမှား U Maung Maung Yu မြစ်ဆုံနဲ့ပတ်သက်တာအများကြီးဖတ်ထားပြီးပါပြီ တရုပ်ပြည်မရဲ့မြစ်ဝါမြစ်မှာဆည်တည်ဆောက်ခဲ့လို့ပြဿနာပေါင်းမြောက်များစွာကြုံတွေ့နေရတာလည်းသိပါတယ်နော်ဝေမှာဆည်တည်ဆောက်လို့ရလာတဲ့ကြောင်းလည်းဖတ်ဘူးပါတယ် ဒါပေမဲ့ပြည်သူသဘောမတူတဲ့လုပ်ရပ်ကိုမည်သည့်အစိုးရကမှသမိုင်းတွင်အပြစ်တင်ခံရမည့်အလုပ်ကိုမလုပ်ရဲကြပါဘူးဦးသိန်းစိန်တို့တောင်ဆက်မတိုးရဲလို့သူ့သက်တမ်းတစ်လျောက်ရပ်ဆိုင်းခဲ့တဲ့သာဓကတွေကထင်ရှားပါတယ်မြစ်ဆုံဆည်ဆက်လုပ်ချင်လို့ဒီပိုစ့်နဲ့လူထုကိုနားယောင်အောင်နားသွင်းနေတာမလုပ်ြာနဲ့မြစ်ဆုံဆည်တည်ဆောက်ချင်တာကိုလုံးဝကန့်ကွက်ပါတယ်နိုင်ငံမတည်ငြိမ်အောင်လုှံ့ဆော်တဲ့ပို့်တစ်ခုလို့ရှုမြင်ပါတယ်  Myo Thet Maung မြစ်ဆုံနဲ့ပတ်သက်တာအများကြီးဖတ်ထားပြီးပါပြီ တရုပ်ပြည်မရဲ့မြစ်ဝါမြစ်မှာဆည်တည်ဆောက်ခဲ့လို့ပြဿနာပေါင်းမြောက်များစွာကြုံတွေ့နေရတာလည်းသိပါတယ်။နော်ဝေမှာဆည်တည်ဆောက်လို့ရလာတဲ့အကျိုးကျေးဇူးအကြောင်းလည်းဖတ်ဘူးပါတယ်။ ဒါပေမဲ့ပြည်သူသဘောမတူတဲ့လုပ်ရပ်ကိုမည်သည့်အစိုးရကမှသမိုင်းတွင်အပြစ်တင်ခံရမည့်အလုပ်ကိုမလုပ်ရဲကြပါဘူး။ ဦးသိန်းစိန်တို့တောင်ဆက်မတိုးရဲလို့သူ့သက်တမ်းတစ်လျောက်ရပ်ဆိုင်းခဲ့တဲ့သာဓကတွေကထင်ရှားပါတယ်။ မြစ်ဆုံဆည်ဆက်လုပ်ချင်လို့ဒီပိုစ့်နဲ့လူထုကိုနားယောင်အောင်နားသွင်းနေတာမလုပ်ပါနဲ့မြစ်ဆုံဆည်တည်ဆောက်ချင်တာကိုလုံးဝကန့်ကွက်ပါတယ်။    ၊သုံးသပ်ဝေဖန် […]


KyaemonOctober 27, 201811min6180
Ni Ni Win မသိသေးတဲ့ပြည်သူတွေကိုနားလည်အောင်သိအောင်ဆက်လက်ဆောင်ရွက်စေချင်ပါသည် ၊မှန်ပါတယ်၊ဒီလိုဘဲခံယူပြီးရေးနေတာပါဘဲ၊၊ဖတ်ကြိမ်သိန်း၁၃ဝကျော်ပါပြီ၊၊မိုးဇလဆရာကြီးဦးထွန်းလွင်ကရခဲ့တဲ့မဲဆန္ဒနှစ်သိန်းကျော်ထက်အတိုင်းထက်အလွန်သာသွားပါပြီ၊၊လေးသိန်းခုနှစ်သောင်းနီးပါးမဲဆန္ဒရလို့၂.၂၅ဆရှိပါတယ်၊ “Protest” Cartoons In Facebook’s “Myitsone” dam, comments section, some “dissenters” put up overly many, (6 to 11 insertions), each time, with only the exact same image (see below). It seemed they wanted to inflate their “protest” votes. ၊ကန့်ကွက်မဲမှာဖောင်းပွအောင်၊ပုံတစ်ပုံနှစ်ပုံစီတင်မဲ့ အစား ၆ပုံ၁၁ပုံ၅ဝပုံထိတောင်တင်ခဲ့တယ်၊ One dissenter even inserted 56 exact same cartoon in one […]


ဇီဇီOctober 2, 20181min29743
  DIY Home Spa အပိုင်း (၂) လို့ပဲ ဆိုကြပါစို့။ အပိုင်း (၁) က အိမ်မှာတင် ပင်လယ်ဆား အသုံးပြုပုံ ရေးပြီးပြီနော်။ ခုက အိမ်သုံး Scrub တွေအကြောင်းရေး မလို့။ (ကိုးကား – Bright Side) . . ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY Scrub အမျိုးအစားတွေ အများကြီးရှိပေမဲ့လည်း အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာတင် ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရတဲ့ Scrub တွေကို ရှာရေးထားပါတယ်။ ရေးရင်း ဗိုက်တွေ ဆာလာတာပါဆို။ ခွိခွိခွိ 😛 😛 😛 Scrub ဆိုတော့ သာမာန်သန့်စင် ဆပ်ပြာ Foamတို့ Creamတို့လို နေ့စဉ်သုံးလို့ရတဲ့ အမျိုးအစားမဟုတ်တာမို့ […]


ဇီဇီAugust 30, 20187min15987
ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။   ၁) Aloe Vera   မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]


kaiAugust 30, 20183min4982
ယခင်လတွေက Simple sentence လေးတွေအကြောင်း အတော်လေးပြည့်ပြည့်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ compound sentence လေးတွေအကြောင်းဖော်ပြလိုပါတယ်။ Simple sentence လေးတွေကိုလူကြိုက်နည်းပါးတယ်။ ဒါပေမဲ့ compound sentence လေးတွေကိုတော့ လူအများစုက နှစ်သက်ကြပါတယ်။ သဘာဝပေါ့နော်။ စုံတွဲလေးတွေကိုလူတိုင်းလိုလို သဘောကျကြပါတယ်။ The whole world loves a lover လိ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။ compound sentence ဆိုတဲ့ အတိုင်း ဝါကျနှစ်ခုကို conjunction လေးတွေသုံးပြီး ဆက်ထားတာကို လူတိုင်းသဘောကျကြတယ်ထင်ပါရဲ့။ compound sentence တိုင်းမှာ FANBOYS လို့ မှတ်ရလွယ်အောင် အမည်ပေးထားတဲ့ conjunction လေးတွေပါရပါတယ်။ compound sentence တိုင်း မှာ အနည်းဆုံးကတ္တားနှစ်ခုနှင့် ကြိယာနှစ်ခု ပါကိုပါ ရပါတယ်။ […]