KyaemonJuly 5, 20124min1998
      မြန်မာ အတိုက်အခံ နိုင်ငံရေးခေါင်ဆောင် ဒေါ်စုက မကြာမီရောက်ခဲ့တဲ့ Norway   ၊  DVB   မြန်မာဒီမိုကရေစီ အသံလွင့်ရုံ ရုံးစိုက်ရာ Norway  ကို စိတ်ဝင်စားလာ ကြတာ     ဒို့လဲ အားကျ မခံလို့ J Donohue  တို့နဲ့အတူ  Olden Lake, Norway သို့အပျော်ခရီးအချောင် လိုက်သွား ပြီး   ရှူခင်းတွေ ကို ခံစား ရအောင်၊     နတ်ရေကန်လို အေးမြကြည်လင် တဲ့ မြကန်သာ Olden Lake ကိုကြည့်ရင်း စိတ်ချမ်းမြေ့ကြည်နူး  စေရပါ့မယ်   Olden Lake, Norway | Flickr […]


KyaemonJuly 5, 201214min1063
အမေရိကန်လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ တစေ့တစောင်း Buzzly Bee’s Blog: HAPPY 4th of JULY http://nickpalmby.typepad.com/buzzly_bee_our_blog/2010/07/happy-4th-of-july.html Don’t forget to BEE SAFE……. Remember that barbeque’s can burn clothes and skin….. Fireworks can be dangerous and could cause fires……  Don’t let a celebration turn tragic.  Enjoy Independence Day but keep Fire Safety a priority throughout the day.  CHANGE YOUR SMOKE DETECTOR BATTERIES Did you remember […]


Swal Taw YwetJuly 4, 20121min45936
ရွာထဲမှာ ကျနော်လေးစားအားကျရတဲ့ ဆရာသစ်(ကိုသစ်မင်း) တစ်ယောက် ပျောက်ချက်သား ကောင်းနေပေမယ့် သူ့ post လေးတွေရဲ့ အကျိုးဆက်လေးတစ်ခုနဲ့ပါတ်သက်ပြီး ဒီစာစုလေးနဲ့ ရင်ဖွင့်ဖြစ်ခဲ့ပြန်ပါပြီ။ 04 .Feb. 2012. က ဆရာသစ် “ပညာရေးနှင့် အတွေ့အကြုံ – thit min |1701- Hits| ” နဲ့ Idea လေးပေး ထောက်ပြထားခဲ့တယ်ခင်ဗျ။ Vocational Education နဲ့ ပါတ်သက်ပြီးတော့ပေါ့။ ယနေ့မြန်မာနိုင်ငံမှာ လူငယ်အများစုအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေသင်ပေးပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာတဲ့အချိန်ကျရင် အဆင်သင့်ဖြစ်နေစေဘို့ပေါ့။ အဲဒီ့တုန်းက ကျနော်က ကျနော့်အိပ်မက်လေးတစ်ခုနဲ့ တူနေခဲ့တာမို့ သင်တန်းလေး တစ်ခုဖွင့်ဖို့ စိတ်ကူးထားကြောင်း ဝင်မန့်ခဲ့မိတယ်။ ဆရာသစ်က ချက်ချင်းလိုလို အားပေးစကားပြော၊ အောင်မြင်မှာပါလို့ စကားဦးသန်း နိမိတ်ဖတ် ပေးခဲ့တာပေါ့ဗျာ။ […]


King of Secrets (Bo Min)July 3, 20121min44019
ယနေ. တရုတ်ဘာသာစကားပြော ၁ဝ ခု ဖော်ပြပေးပါမယ်။ – နာမည်ဘယ်လိုခေါ်လဲ။   —–> 你叫什么名字? အသံထွက်က        ညီကျောင့်ရှန်နမင်စွတ် – မင်္ဂလာရှိသော နံနက်ခင်းပါ။  ——>  早上好! အသံထွက်က       စောင်ဝ်ရှန်.ဟောင် – မင်း ဘယ်သူလဲ။     ——->   你是谁? အသံထွက်က       ညင်ရှစ်ရှိတ် ? – မင်း ဘယ်မှာနေတာလဲ။  ——>  你住在哪里? အသံထွက်က      ညီထွတ်သိပ်နားလိ – မင်းကအရမ်းလှတာဘဲ။  ——> 你很漂亮。 အသံထွက်က    ညင့်ဟာဖျာ့လယောင့်။ – ငါ မင်းကိုချစ်တယ်။ ——>  我爱你。 အသံထွက်က   ဝပ်အိုက်နိ – ငါမင်းကိုမုန်းတယ်။  —–> 我恨你。 အသံထွက်က     ဝပ်ဟတ်နိ – ငါ အရမ်းပျော်တယ်။  […]


AKKOJuly 2, 20122min57648
နေ့စဉ်နဲ့ အမျှလမ်းမကြီးတွေပေါ်          ဖြတ်သန်းသွားလာရင်း စဉ်းစားမိလာတာက လမ်းမကြီးတွေခဏခဏ ပျက်ဆီးခြင်း ၊ ပေါက်ပြဲခြင်း အကြောင်းပါပဲ ။ လမ်းမကြီးတွေကိုကြည့်ရင်း ကျွန်တော်တို့ စိတ်ဓါတ်တွေနဲ့ ဥပမာပေး ခိုင်းနှိုင်းကြည့်မိတယ် ။ လောကဓံနဲ့ကြုံလာလျှင် ကျွန်တော်တို့ စိတ်ဓါတ်တွေက ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို၊ မကြံ့ခံနိုင်လို့ အရှုံးပေးခဲ့ရတာတွေလည်း ရှိတယ် ။မကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေကို ကြံ့ခိုင်အောင် ၊ ကြံ့ခိုင်နေတဲ့ စိတ်ဓါတ်တွေကို တည်မြဲအောင် ၊တည်မြဲနေပြီးသား စိတ်ဓါတ်တွေကို မလျော့ပါးအောင် ကြိုးစားရမှာ ကျွန်တော်တို့ လူသားတွေရဲ့ တာဝန်ပါပဲလေ။ ရန်ကုန်မြို့ထဲက လမ်းတွေလည်း ဒီအတိုင်းပါပဲ ရာသီဥတုဒဏ်ခံနိုင် ၊ အကြမ်းခံနိုင်တဲ့ လမ်းတွေရှိသလို ၊ ဒဏ်မခံနိုင်၊ပျက်ဆီးယိုယွင်းလွယ်တဲ့ လမ်းတွေလည်း ဒုနဲ့ဒေးပါပဲ။ မိုးတွင်းရောက်လို ့မိုးလေးရက်ဆက်ရွာလာတော့ လမ်းတွေလည်း ဒဏ်ခံနိုင်တဲ့လမ်းကနည်းနည်း၊ ဒဏ်မခံနိုင်လို့ပေါက်ပြဲကုန်တဲ့လမ်းတွေကတော့ ချိုင့်ခွက်တွေ ဗရပွနဲ့ပေါ့ […]


King of Secrets (Bo Min)July 2, 20121min20313
ယနေ.မှစပြီး အင်္ဂလိပ်စာ စိတ်ဝင်စားသူများ အကျိုးရှိစေရန် Basic English Speaking အချို.ကို အပိုင်းများခွဲကာ တင်ပြပေးသွားပါမည်။ 10 Speaking for this period, study and make practice. ဖတ်ပါ၊ ကျင့်ပါ၊ ပြောကြည့်ပါ။ 1. ညစာ/မနက်စာ/နေ.လည်စာ စားပြီးပြီလား။ —-> Have you finish your dinner/breakfast/lunch? အသံထွက်က    ဟဖ်ယူ ဖင်းနချ် ယော် ဒင်းနာ/ဘရိတ်ဖက်စ်/လန်.ချ်? 2. မင်းကိုငါ သိပ်ချစ်တာ မင်းမသိဘူးလား။ —-> Don’t you know that I adore you? အသံထွက်က       ဒုန်.ယူနိုး သတ်ဒ် အိုင် အဒေါလ် ယူ? […]


mgwaloneJune 29, 20121min1685
ကျွန်တော်တို့ နိုင်ငံမှာ ချစ်စရာတွေ အများကြီး ရှိပါတယ်။ နိုင်ငံသားတိုင်းက ချစ်ခင် မြတ်နိုး တန်ဖိုးထားရမယ့် အရာတွေ အများကြီးပါ။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ သမိုင်းအမွေ အနှစ်တွေ၊ သဘာဝအလှအပတွေနဲ့ သယံဇာတတွေဟာ တန်းဖိုးမဖြတ်နိုင်သလို အင်မတန်လည်း ပေါးများပါတယ်။ ပေါများသလာက်လည်း ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေကို အများကြီး အကျိုးပြုနေတာ လူတိုင်းအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်းက ဒီအဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုး တန်းဖိုးထားရမယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရပါမယ်။ ဒါမှလည်း တကယ် ချစ်ရာ ရောက်ပါမယ်။ ဒါပေမဲ့ မေးစရာရှိနေပါတယ်။ ကျွန်တော်တို့တတွေ တကယ် ချစ်ပါသလား။ မှန်ကန်နဲ့ နည်းလမ်းနဲ့ ချစ်နေတာကော ဟုတ်ပါရဲ ့လား။ လွန်ခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီမြစ်ထဲမှာ ခရီးသွားခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်း […]


we R oneJune 26, 20121min1587
လူငယ်များဖြင့် စုဖွဲ့ထားသည့် Myanmar Youths In Action (MYIA) အဖွဲ့သည် သုဝဏ္ဏဘောလုံးကွင်း အတွင်း အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် အမှိုက်ပုံးများ ထားရှိခဲ့ကာ ကွင်းအတွင်း သန့်ရှင်းရေး အတွက် ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ကျွန်မတို့ အဖွဲ့ကို ဘောလုံး ဝါသနာရှင် နှစ်ဦးက အလှူငွေတွေ ပေးအပ်ခဲ့တဲ့ အတွက် အခုလို ဘောလုံး ကွင်းထဲမှာ အမှိုက်ပုံး အတွဲပေါင်း ၁၅တွဲချထား နိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာမှ စတင် ချထားတာ ဖြစ်တဲ့အတွက် အပြည့်အဝ ထိရောက်မယ် လို့တော့ တပ်အပ် မပြောနိုင် သေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ အနေနဲ့ အမှိုက်ပုံးတွေ ထဲကို စနစ်တကျ အမှိုက်တွေ […]


ငှက်ချီးနဲ့တူတဲ့ ပင့်ကူ တိရစ္ဆာန်တွေထဲမှာတော့ ပုံအပျက်ဆုံး ပင့်ကူလို့ ဆိုနိုင်ပါတယ်။ သူ့တစ်ကိုယ်လုံးကို အရည်စက်တွေ၊ ကြွက်နို့ပုံစံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် သူ့ပုံစံဟာ ကြည့်လိုက်ရင် ငှက်ချီးနဲ့ တူနေပါတယ်။ ပင့်ကူတစ်ကောင်လို့ ထင်စရာတောင် မရှိပါဘူး။ ဒီပင့်ကူတွေက တစ်ခါတစ်ရံမှာ အဖြူရောင် ပိုးမျည်တွေကို ထုတ်လုပ်ပြီး အဲ့ဒီ အဖြူရောင် ပိုးမျည်ပေါ်မှာ နေထိုင်လေ့ ရှိပါတယ်။ အဖြူရောင်ပေါ်မှာ မည်းမည်းလေးဆိုတော့ ငှက်တွေ သစ်ရွက်ပေါ်ကို ပါသွားတဲ့ ချီးတုုံးလေးနဲ့ ပိုတူသွားပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီရှားကနေ ဂျပန်အထိ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူဆိုတာက ကျနော် ပေးထားတဲ့ နာမည်ပါ။ ကြည့်ပါလား။ ပင့်ကူက ပင့်ကူလိုမှ မဟုတ်ဘဲနဲ့။ ဒီပင့်ကူတွေကိုတော့ Australia […]


ကို သာJune 25, 20121min16411
  လမ်းညွှန်ဆိုင်းဘုတ်ဆိုတာဘယ်မှာမဆိုရှိပါတယ်။နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ၊ တောရောြမြိိုု.ပါရှိကြပါတယ်။ လမ်းညွှန်တယ်ဆိုကတည်းက လမ်းမှားရောက်မှာစိုးလို.ပါ။ လမ်းညွှန်တာမှားယင်တော.လမ်းမှားရောက်တော.မှာပေါ.။ ဇဝေဇဝါဖြစ်အောင် ညွှန်ယင် သွားရတာဇဝေဇဝါဖြစ်နေမှာပါ။ မြန်မာနိုင်ငံ ရန်ကုန်မြိိုု.ကြီးက ဇဝေဇဝါ လမ်းညွှန်ဆိုင်းဘုတ် အချိုု.ကြောင်. စိတ်မချမ်းမသာဖြစ်မိလို.ပါ။သာမာန်လူတွေရဲ. လမ်းညွှန်ဆိုင်းဘုတ်မဟုတ်ပါ။မြို.တော်စည်ပင်ကလုပ်ထားတဲ. လမ်းညွှန်ဆိုင်းဘုတ် အချိုု.ပါ။   ပုံပါ လမ်းညွှန်ဆိုင်းဘုတ်ကိုကြည်.ပါ။ ဇဝေဇဝါဖြစ်သွားသလား။ ပြည်လမ်းအတိုင်းရန်ကုန်ကိုဝင်လာလို. စော်ဘွားကြီးကုန်းလမ်းဆုံရောက်ပြီးဘယ်ဖက်ကိုသွားယင်ပြည်လမ်း၊ညာဖက်ကိုသွားယင် လမ်းသစ်လမ်းပါ။ ဘယ်ဘက်ကမျှားထိပ်မှာ ပြည်လမ်း၊ ညာဘက်ကမျှားထိပ်မှာ လမ်းသစ်လမ်းဆို ပိုရှင်းမလားလို.။ တပ်ဆင်ပြီးတာနဲ.ပြန်မစစ်မိလို.ထင်ပါရဲ.။ ဒါမျိုး ဆိုင်းဘုတ်တွေ တော်တော်များများရှိပါတယ်။ ပြန်စစ်ကြည်.စေချင်ပါတယ်။ တော်နေကြာ လမ်းမှားရောက်သွားမှဖြင်.။


we R oneJune 23, 20121min2438
လူတွေနေထိုင်တဲ့ ကမာ္ဘကြီးကို လူတွေက ဖျက်ဆီးဖို့ ကြိုးစားနေကြတာလား………..? တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်လို့ တစ်ဖုံ ဒုက္ခမျိုးစုံခဲ့ရပြီ ! ။ လူသားတွေရဲ့ ကိုယ်ကျင့်တရား တဖြည်းဖြည်းနဲ့ တိုက်စား စာရိတ္တတွေပျက်ပြားလို့ ဖြစ်ပွားလာတာစစ်ပွဲတွေ!!……. မရပ်မနားပဲ ခရီးနှင်နေတဲ့ သိပ္ပံပညာတီထွင်မှုတွေ အကောင်းတွေရှိသလို ဆိုးကျိုးတွေလဲ ကြုံနေရပြီ ! ။ “CO2″ တဲ့ ! လူတွေကို ချက်ချင်းမရူးစေနိုင်ပေမဲ့ ကမာ္ဘကြီးပျက်စီးဖို့ တစ်နေရာကသူပါတယ်…………။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေအရည်ပျော်တဲ့ အခါ ကျွန်းနိုင်ငံတွေ ဘယ်လိုနေမှာလဲ….? Polar ဝက်ဝံလေးတွေရော ဘယ်သွားကြမှာလဲ……….? လူတိုင်းဟာ တစ်နေ့မှာ သေကြရမှာပေမဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတာမို့ 1997 ” တိုကျို မှ သည် 2009 ” ကိုဖေဟေဂင် ” အထိ ဘယ်လောက်များ […]


Wai Aung Chan MyoJune 21, 20126min24813
အားလုံးပဲ မင်္ဂလာပါ ဒါကြော်ငြာ တစ်ခုလို့ပဲ ယူဆရင်လဲ ရပါတယ်။ ဒါမှမဟုတ် သင့်ဘဝအတွက် ပြီးပြည့်စုံမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ သတင်းစကားဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ သစ်မွှေး သစ်မွှေး နဲ့ နာမည်တွေကြီးနေပြီး စိတ်ဝင်စားသူများအတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်၊ မိတ်ဆွေများ စိတ်ဝင်စားသူအားလုံးကို အလိုရှိက ဖြန့်ဝေနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးနဲ့ပတ်သက်တဲ့အကြောင်း soft copy ကို attached လုပ်ပြီးပို့လိုက်ပါတယ်။ ပုံတွေကို ထည့်ချင်ပေမယ့်လည်း connection အခက်အခဲကြောင့် စာတွေချည်းပို့လိုက်ရပါတယ် နောက်သစ်မွှေး ပျိုးပင်ဈေးနှုန်းကိုပါ ပြောပြလိုက်ပါတယ် ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ […]