KyaemonNovember 12, 201727min7730
  ပုံတွေက၊စွမ်းအားအကြောင်းကိုတစေ့တစောင်းပြောပြပါမယ်   Nepal၊နီပေါကဂေါ်ရခါကလေးဆင်းဆင်းရဲရဲနဲ့ဝမ်းစာရှာ     ၊အိန္ဒိယက၊ ကလေး၊အဖိုးသက်ကြီးရွယ်အို၊အမျိုးသမီးအချို့လဲထို့အတူ   အိန္ဒိယကပုံတွေ     ၊အိန္ဒိယအချို့နေရာက ကလေးကျောင်းပို့ပုံ .     သွားလာရေးသယ်ယူပို့ဆောင်ရေးမှာအားနဲချက်တွေရှိသေး၊     ရာသီပူပြင်းခြောက်သွေ့ချိန်မှာအဲကွန်းလို၊ရေအားလျှပ်စစ်လို၊ သူများနိုင်ငံလိုလျှော်စက်၊ရေခဲသေတ္တာစသည်တို့လို၊     ဖီလီပိုင်ကသယ်ယူပို့ဆောင်ရေးတကွေ့       ၊အာဖရိက ကခပ်ဆင်ဆင်           ၊လျှပ်စစ်မီးအားအထူးသဖြင့်ဈေးချိုသက်သာတဲ့ရေအားလျှပ်စစ်စွမ်းအားတွေသာအောင်မြင်ရင်ဒီလိုမျိုး လေးလံပင်ပန်းတဲ့အလုပ်ကြမ်းကိုတော်ရုံတန်ရုံနဲ့လုပ်ကိုင်မယ်မထင်ပါ၊   (ရသေ့လိုနေချင်တဲ့သဘာဝသမားတွေကကဒီအချက်ကို သတိပြုပြီးမရှိဆင်းရဲသမီးလေးတွေကိုကြင်နာထောက်ထားပေးပါရန်)     ဂျင်းစိုက်ဖို့ပေါက်တူးနဲ့ပေါက်   ၊ကျွဲတွေနဲ့ထွန်ရေးငင်   တဆင့်တက်ပြီးTractorထရက်တာနဲ့လုပ်ဆောင်     ၊မြန်မာအတွက်တရုပ်ပုဒ္ဒဘာသာအသင်းကြီးမှဒုတိယအတွင်းရေးမှူးဖြစ်သူဘုန်းတော်ကြီးကလယ်ထွန်စက်ထရက်တာနဲ့၊ လက်ကိုင်လယ်ထွန်စက် ၅၅စီးအပြင်၊ကုန်တင်ယာဉ်ထရပ်ကား ၅စီးကိုပါကြွရောက်ပြီးလှူတမ်း၊     (အနောက်ဩဇာခံမီဒီယာကဒီသတင်းကိုထဲ့ပေးပါ့မလား?)   […]


kaiOctober 26, 20173min4522
ယခင်လတွေက Adjective Clause နဲ့ adverb clause လေးတွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ noun clauses လေးတွေအကြောင်း ဖော်ပြလိုပါ တယ်။noun clause လို့ခေါ်ရတာက ဒီစကားစုလေးတွေမှာ ကြိယာလည်းပါတယ်။ သာမာန်အားဖြင့် noun နာမ်လေးတွေနဲ့သာသုံးလို့ရတဲ့ ကတ္တားsubject နေရာနဲ့ ကံobject နေရာတို့မှာ သုံးလို့ဖြစ်ပါတယ်။noun clause အမျိုးအစား ၃ မျိုးကို ဖော်ပြလိုပါတယ်။လူသိများတဲ့ that clause လို့ခေါ်တဲ့ That နဲ့စတဲ့ စကားစုလေးတွေရှိသလို wh-clause လို့ခေါ်တဲ့ wh-question တနည်းအားဖြင့် what, when, where,why,how စတဲ့ wh-question လေးတွေနဲ့စတဲ့ စကားစုလေးတွေရယ်၊ နောက်ဆုံး ။ သို့မဟုတ် whether နဲ့စတဲ့ noun clause […]


KyaemonOctober 21, 201720min7571
။ကျောက်ခေတ်လို၊ရသေ့လိုနေလိုသူများရှိကြမှာပါ၊ သို့သော်အများပြည်သူတွေကဒီလိုဟုတ်မယ်လို့မထင်ပါ၊ အနောက်နိုင်ငံတွေ၊ကိုရီးယားဂျပန်တရုပ်စင်ကာပူတို့လို မီးကိုနိုင်နင်းလို့တင့်တင့်တယ်တယ်နေလိုကြမှာပါ၊ အလိုက်အထိုက်ဖွံ့ဖြိုးချမ်းသာပြီးအလုပ်အကိုင်ကိုယ်စီနဲ့ သူများနိုင်ငံမှာသွားကျွန်ခံဘို့မလိုပါ၊     myanmargazette.net/230219 ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – XLV (# ၄၅)   myanmargazette.net/224185   ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – IX  (# ၉)     ၊ဗီယက်နမ်ကပုံတွေပါ၊ငါးဖမ်းဝါးလှောင်အိမ်ကိုခြေကျင်အစား စက်ဘီးနဲ့သယ်၊        လူအားနဲ့တောင်သိပ်မနိုင် ပန်းသယ်တွေကစက်ဘီးနဲ့သယ်ပြီးလိုက်ရောင်း၊   ၊မော်တော်ဆိုက်ကယ်နဲ့ဝက်တွေဈေးပို့၊ပန်းအိုးကြီးတွေလိုက်ပို့။   ၊ရေအားလျှပ်စစ်ကိုကောင်းကောင်းကြီးနိုင်လို့ဈေးသက်သာတဲ့မော်တော်ဆိုက်ကယ်တွေကိုထုတ်ရောင်းနိုင်တယ်၊ အငယ်စားလုပ်ငန်းရှင်တွေလဲ၊မော်တော်ဆိုက်ကယ်တွေနဲ့အလုပ်ဖြစ်၊     ၊အိမ်နီးချင်းကပီပါdrumသယ်၊နံနက်စောစောစီးစီးနံပြားဆင့်ပြီးသယ်ပို့၊ သမုဒ္ဒရာဝမ်းတထွား၊ပင်ပန်းလှ၏     […]


ဇီဇီOctober 19, 20172min421413
အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။ :a: ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး ပလိုစီဂျာ နည်းနည်းများတယ်။ နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။ 😀 အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။ အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။ ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!! :kwi: ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။ ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။ 😐 ဘိလပ် လို […]


သင့်အေးရိပ်October 10, 20171min47078
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


kaiSeptember 27, 20173min4302
အရင်လက Time clauses လေးတွေအကြောင်း အတော်လေးပြည့်ပြည်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာတော့ အခြား adverb clauses လေးတွေအကြောင်း လေ့လာကြပါဦးစို့။ ဦးစွာပထမ contrast clause လို့ခေါ်တဲ့ even though တို့ although တို့နဲ့စတဲ့ clause လေးတွေအကြောင်း ကို လေ့လာကြရအောင်။ contrast clause ဆိုတာ မထင်မှတ်တဲ့ရလဒ်မျိုး၊ ဆန့်ကျင်ဘက်သဘောမျိုးကို ဖော်ပြတတ်တဲ့ clause လေးတွေကို ဆိုလိုပါတယ်။ ဥပမာ – “Although he had no money at the beginning today he is a multi-millionaire in th US.” “အမေရိကနိုင်ငံကို ရောက်ခါစက ပိုက်ဆံလုံးဝမရှိခဲ့ပေမဲ့၊ ယနေ့သူဟာ […]


KyaemonSeptember 22, 201726min8631
တရုပ်ပြည်မှာရေကာတာလုပ်လို့ရန်ဇီမြစ်၊မြစ်ဝါစတဲ့အခရာမြစ် ရစင်းကကောသွားတယ်လို့ဦးထွန်းလွင်ကဟောပါတယ်၊   ၊၎င်းဟောတဲ့အတိုင်းမဟုတ်မမှန်ပါ, ၊ခုထိမကောကြပါ၊ ၊မြစ်တွေကမကောတဲ့အကြောင်းရှေ့ဆောင်းပါးတွေမှာဖော်ထားပါတယ်၊   ၊ရန်စီမြစ်ပေါ်ကချုံကင်းမြို့နဲ့နန် ဂျင်းမြို့တို့ရဲ့အခြေအနေကိုလဲအထူးလေ့လာတင်ပြခဲ့တယ်၊၊   ခုဆိုရင်မြစ်ဝါကလန်ဇိုးမြို့နဲ့မြစ်ဝါကမ်းရိုးတလျောက်ကိုခဏဝင်ကြည့်ပြီး၊ရန်စီကနန်ဂျင်းကိုပြန်သွားမယ်၊     ပုံတွေကို ကလစ်နှိပ်ရင်ပုံကြီးတွေမြင်နိုင်တယ်  ၊မြစ်ဝါပေါ်Gansu၊ပြည်နယ်လန်ဇူမြို့ Lanzhouကပုံတွေပါ၊ အနောက်တိုင်းလိုဘဲ   ၊ဧည့်ခရီးသယ်တွေအပျော်စီးဘို့ အမြန်သင်္ဘောတွေကိုအငှါးပေးစီးရင်းစီးပွါးဖြစ်၊၊     ၊မြစ်ဝါပေါ်Ningxiaနင်ရှာပြည်နယ်Qingtongxia Grand Canyonအရပ်ကတောင်ကမ်ဘားရှူခင်းသာ     ၊မြစ်ဝါတလျောက်ယှဉ်ပြီးတည်ဆောက်ထားတဲ့အမြန်မောင်းလမ်းမကြီး   ၊မြစ်ဝါလဲ မကောကြောင်းတွေ့နိုင်၊   ၊ ရန်စီပေါ်ကနန်ဂျင်းကိုပြန်သွားကြည့်ရအောင်၊ ၊ရေကာတာမှလျှပ်စစ်အားတွေရလို့လုပ်ငန်းတွေတွင်ကျယ်အောင်မြင်နေတာကိုမြင်တွေ့ရပါမယ်၊     ၊နန်ဂျင်းကားကုမ္ပဏီက ၊ယူကေအင်္ဂလန်ပိုင်နံမယ်ကြီးအပျံစားကား MG Roverကုမ္ပဏီကို ၊ဈေးကြီးပေးပြီးဝယ်ခဲ့တယ်၊   MGပုံစံအတိုင်းနန်ဂျင်းမှာကားတွေထုတ်လုပ်ပြီးကမ႓ာကိုတင်ပို့ရောင်းချဘို့စီမံထားတယ်၊     ၊လွန်ခဲ့တဲ့ ၁ဝနှစ်(၂၀၀၇)ကသတင်း   Nanjing Auto launches first homemade […]


KyaemonAugust 29, 201728min7881
        စင်ကာပူ ဝန်ကြီးချုပ်ဟောင်းလီကွမ်ယူကပြောတယ်၊   သူကကံကောင်းလို့ဂျပန်ဖက်စစ်တို့ရဲ့လက်ချက်နဲ့မသေတာ ဂျပန်ဖက်စစ်တွေကစင်ကာပူတရုပ်၊မလေး၊အိန္ဒိယအမျိုးသာ: ကိုးသောင်း ၉၀၀၀ဝ ကိုသတ်ဖြတ်ခဲ့တယ်၊ Having witnessed the brutality of the Japanese, Lee made the following comments: But they also showed a meanness and viciousness towards their enemies equal to the Huns’. Genghis Khan and his hordes could not have been more merciless. I have no doubts about […]


kaiAugust 28, 20173min27564
ယခုလမှာ Adverb clause လေးတွေအကြောင်းကို တင်ပြလိုပါတယ်။ ဦးစွာပထမ time clause လို့ခေါ်တဲ့ adverb clause လေးတွေအကြောင်းကို လေ့လာကြရအောင်။ clause နဲ့ sentence မတူတဲ့ အကြောင်းဖော်ပြခဲ့ဘူးပေမဲ့ ပိုပြီးသေချာသွားအောင် ထပ်မံပြောပြပါရစေ။ Sentence ဆိုတာ ကတ္တား subject ရော ကြိယာ verb ပါပါတဲ့ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုကိုဆိုလိုပါတယ်။ ဥပမာ – “A monk should focus on a monk’s job.” “ဘုန်းကြီးဆိုရင် ဘုန်းကြီးအလုပ်ကို ဦးစားပေးလုပ်သင့်တယ်ပေါ့ ” ဒီစကားစုလေးမှာ ကတ္တား subject လည်းပါတယ်။ ကြိယာ verb လည်းပါတယ်။ အဓိပ္ပါယ်ကလည်း ပြီးပြည့်စုံတယ်။ ဒီတော့ sentence […]


ကျွန်မနှင့် ဉာဏ်ကောင်းခြင်း   (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလျှင် ဤစာကိုရေးသော ကျွန်မသည် မသူတော်တစ်ဦးဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။)   ကျွန်မကို ငယ်စဉ်ကတည်းကပင် ဉာဏ်ကောင်းသည် ဟု ဆိုကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေမျိုးများက ပြောကြခြင်းဖြစ်သည်။ စာကျက်လျှင် ခဏလေးနှင့် စာရခြင်း နှင့် ဉာဏ်စမ်းမေးခွန်းများကို အများအားဖြင့် မှန်အောင်ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့် စာမြန်မြန်ရအောင် ဘယ်လိုကျက်သလဲ၊ စာကျက်နည်း ပြောပြပါဟုလည်း မကြာခဏ အမေးခံခဲ့ရဖူးသည်။   ကျွန်မကတော့ ကိုယ့်ကိုယ်ကို သူများထက် ဉာဏ်ပိုကောင်းသည်ဟု မထင်မိချေ။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သို့သော် စာကို နားလည်သည့်အပေါ်မူတည်၍ စာမြန်မြန်ရခြင်း၊ မရခြင်း ကွဲပြားသွားသည်ဟုသာ ယူဆမိပါသည်။ ထို့ကြောင့် ကျွန်မ ပြန်ဖြေလေ့ရှိသည်မှာ […]


KyaemonAugust 14, 201725min10763
  ဦးထွန်းလွင်ကဧရာဝတီပေါ်ရေကာတာစီမံကိန်းတွေအားလုံးရပ်ဘို့ဖေ့ဘုက်မှာစည်းရုံးပြီးသက်ဆိုင်ရာ အဖွဲ့ကော်မရှင်လူကြီးသို့တင်ခဲ့တယ်၊ သတင်းမီဒီယာကမေးမြန်းတာကိုရေကာတာအားလုံးကိုမဆိုလိုပါ။အငယ်စားရေကာတာကိုတော့လုပ်နိုင် တယ်လို့လဲဖြေခဲ့တယ်၊   အားလုံးရပ်ခိုင်းတာနဲ့အငယ်စားလေးရနိုင်တယ်ဆိုတာမတူပါ၊ အငယ်စားလေးရတယ်ဆိုရင်ဒီလိုဘဲအစကထဲကပြောဘို့ကောင်းပါတယ်၊သိမ်းကြုံးပြီးမပြောသင့်ပါ၊ မတိကျတော့လူတွေကဟိုလိုလိုနဲ့ဖြစ်ကုန်မှာပါ၊   အများပြည်သူကဈေးကြီးတာကိုမတတ်နိုင်ပါ၊ သက်သာတဲ့လျှပ်စစ်အားကိုလိုလားတယ်၊   ဒီအကြားမှာ၊ လျှပ်စစ်ထုတ်လုပ်ရာမှာရေအားလျှပ်စစ်နည်းကအသက်သာဆုံး၊သဘာဝဝန်းကျင်အတွက်အသန့်ရှင်းဆုံး လို့ကမ႓ာကအသိအမှတ်ပြုကြတယ်၊   ရေကာတာအကြီးနဲ့အသေးဝေခွဲတဲ့နေရာမှာစဉ်းစားနိုင်ရန်အောက်ပါတွေကိုတင်ပြပါတယ်၊ ၁၊အမေရိကန်အိုရီဂန်ပြည်နယ်တက္ကသိုလ်Oregon State University & American Geophysical Union ၊တို့မကြာမီ(၂၀၁၃)ထုတ်ပြန်ချက် ၂၊ပါကစ္စတန်ရေအားဖွံ့ဖြိုးရေးဥက္ကဌဟောင်းအင်ဂျင်နီယာရဲ့၂၀၀၉ ကရေးသားထုတ်ဖော်ချက် ၃၊အိန္ဒိယဝန်ကြီးနဲ့အတွင်းဝန်တို့ရဲ့ဗီဒီယိုထုတ်ဖော်ရာမှတ်ချက်၊      လိုရင်းက။ အသေးစားကပိုဆိုးပိုကုန်ကျ၊ အကြီးစားလဲလို၊အငယ်စားလဲလို၊   (လုပ်လက်စကုန်ခံပြီးလက်စအကျိုးရှိစွာသုံးလို့ရသေးတာကိုအလဟသအလေအလွင့် မစွန့်ပယ်သင့်၊ကိုယ့်ပိုက်ဆံကိုယ့်ပစ္စည်းလိုသဘောထားသင့်)   အငယ်စားရေကာတာကတွေကအနုက်ပြတာများနေ Study suggests small dams have more negative effects than large dams By Austen Verrilli on May […]


KyaemonAugust 6, 201727min6932
    ဦးထွန်းလွင်ကယန်ဇီမြစ်နဲ့အခြားမြစ်ကြီးခုနှစ်စင်းကောသွားတယ်လို့ မဟုတ်မမှန်ဟောပြောခဲ့တယ်၊ခြောက်နှစ်ကြာခဲ့ပေပြီ၊ယနေ့ထိအဆိုပါမြစ်တွေက မကောသေးတဲ့အပြင်၊တချို့ကတောင်ရေကြီးနေတာကိုဓာတ်ပုံနဲ့တကွချေပရှင်းလင်းခဲ့တယ်   ၊ယန်ဇီမြစ်ပေါ်ကချုံကင်းနဲ့နန်ဂျင်းမြို့တွေကမြစ်ရေမတိမ်ကော၊အမှိုက်တွေနဲ့ညစ်ညမ်းပိတ်ဆို့တာလဲ မရှိကြောင်းလိုက်ပြခဲ့တယ်၊     (ရက်စက်ကြမ်းကြုတ်လှတဲ့ဖက်စစ်ဂျပန်တို့ရဲ့ဖြုတ်ထုတ်သတ့်ပြာပုံလောင်ရိပ်ကနေအဆိုပါမြို့ကြီးတွေပြန် လဲထူထောင်လာပုံကိုကြုံရင်းတင်ပြခဲ့တယ်၊ဦးထွန်းလွင်ရဲ့Egypt Nileအီဂျစ်ကနိုင်မြစ်ရေကာတာလွဲမှားချက်ကိုရှင်းလင်းပြီးရင်နန်ဂျင်းဖွံ့ဖြိုးတိုး  တက်လာပုံအလှဓာတ်ပုံတွေကိုအောက်နားမှာဆက်ရှူစားနိုင်ပါတယ်) (၊မြစ်တွေမတိမ်ကောလို့မြို့တွေကလဲစည်ကားနေကြတာပါ၊)   (မိုးဘယ်တော့ရွာမယ်ဆိုတာကိုခွန်းကြူပါ့ဖားရယ်လုပ်နေဘို့မလိုပါ၊)   (၎င်းဖြစ်ရပ်မှန်အထင်အရှားကိုမျက်ကွယ်ပြုကြသူတို့ရဲ့စကားကိုယုံရင်တိုင်းပြည်ကတိုးတက်မှာ မ ဟုတ်ပါ ပြည်သူတွေမွဲတေနေကြမှာပါ)   ==========================       ဦးထွန်းလွင်ကEgyptအီဂျစ်ရေကာတာဆောက်လို့ရွှံ့နွှန်နှုန်းမြေမရဖြစ်ပြီး ၊မြစ်ဝကရေငံဝင်လို့စိုက်ပျိုးရေးပျက်၊မြစ်ဝအရပ်ပါကြုံ့မယ်ဖြစ်ကြောင်း၊ သောက်သုံးရေလဲ မ ရမှာဖြစ်ကြောင်း၊ဟောခဲ့ပါတယ်၊(အထက်ပါပုံ)       High Aswan Dam၊ရေကာတာရဲ့အကျိုးကျေးဇူးအကြောင်းဆောင်းပါးကိုရေအားသံယံဇာတဝန်ကြီး နဲ့ဝန်ကြီးဌာန အကြံပေးအရာရှိကရေးကြတယ်၊ သူတို့နှစ်ဦးစလုံးကရေအားရေသံဇာတဘာသာမှာကျွမ်းကျင်သူသုတေတီတွေပါ၊   ဆောင်းပါးLinkလင့် အပြင်၊ကောက်နုက်ချက်လဲတင်ထားတယ်၊အခြားအလားတူဆောင်းပါးလဲရှိတယ်၊ လိုရင်းကနှုန်းမြေတွေအားလုံးရေကာတာမှာကျန်ရစ်တာမဟုတ်၊တချို့ဆက်စီးလိုက်ပါသွားပါတယ်၊   Nile၊နိုင်မြစ်ရေကာတာလုပ်လို့နှုန်းမြေမရဖြစ်ကာစိုက်ပျိုးရေးကျခဲ့တယ်လို့ပြောရင်မမှန်ပါ. Nile၊နိုင်မြစ်ကသယ်လာတဲ့နှုန်းမြေဩဇာက(ထင်သလိုမဟုတ်ဘဲ)အာနိသင်နဲပါတယ်၊နဂိုရ်ကအားနဲနေပြီးသား၊   (၊တရုပ်ရေကာတာတွေကနှုန်းမြေတွေကိုထုတ်လွှတ်နေတဲ့ပုံတွေကိုလဲရှေ့ဆောင်းပါးမှာကြည့်နိုင်တယ်၊ရှေ့ပိုင်း ကအီဂျစ်တို့အနောက်နိုင်ငံတို့ရဲ့ရေကာတာတွေနဲ့မတူပါ၊နှိုင်းလို့ဆွဲပြောလို့မရပါ)     Annotated Bibliography […]


kaiJuly 26, 20173min4344
ယခုလမှာ Structure လေးတွေကို ခဏမေ့ထားပြီး punctuation လို့ခေါ်တဲ့ comma, period , semi – colon တို့အကြောင်း လေ့လာကြရအောင်။ အထူးသဖြင့် အင်္ဂလိပ်စာပေလေ့လာသူတိုင်း စိတ်ဝင်စား ကြတဲ့၊ သုံးလိုကြတဲ့ comma လေးကို ကြည့်ကြရအောင်။ comma လေးဟာ တခါတရံမှာ အမှန်တကယ်အရေးပါပါတယ်။ အရင်လက ဖော်ပြခံရတဲ့ adjective phrases လေးတွေကို ကြည့်လေ။ တခါတရံမှာ comma လေးနဲ့ သုံးပြီး တခါတရံမှာ comma လေးတွေ မပါမှ မှန်ပါတယ်။ ဥပမာ – “Peter, living with his parents, works for Cisco .” ” The man […]