ဒီပိုစ်လေးက လွန်ခဲ့တဲ့လေးနှစ်လောက် ကျွန်တော့် ဘလော့မှာတင်ထားတဲ့ ပိုစ့်လေးပါ။အခုဆရာဆုံးသွားတာ ဒီလ ၈ရက်နေ့ဆိုရင် ၄နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ဆရာကိုချစ်ကျသူတွေ။ဆရာ့စာပေတွေထဲမှာ ကျေနပ်မှုတွေနဲ့ ကခုန်နေခဲ့ဖူးသူတွေအတွက် အမှတ်တရအနေနဲ့ပြန်တင်ပေးလိုက်တာပါ။ ဓာတ်ပုံတွေကတော့ ပျောက်ဆုံးသွားလို့ မတင်နိုင်ခဲ့တာခွင့်လွတ်ပေးစေချင်ပါတယ်။ (အာဂ) ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။ အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ် အမြန်လိုက်သွားရင်မီလိမ့်မယ်ဆိုလို့ ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။ ၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ် ကားထွက်သွားပြီလားလို့ပေါ။ ့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေတက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင်မှပဲယုံခဲ့ရပါတယ်။ ကျွန်တော်ထောက်လှမ်းရေးသမား ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်းကနေဟို ဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ်တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ ဆရာ့အသုဘကိုပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁)စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာ တွေ့လိုက်ရတော့ကျွန်တော်သိပ်မသင်္ကာတော့ဘူး။ သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။ ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ ဘေးနာကလူတွေကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီးကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်“မဟုတ်ပါဘူးအသုဘ လိုက်ပို့ဖို့ပြင်နေကြတာပါ“လို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက်စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေစီအဖွဲ့ NLDဝတ်စုံတွေနဲ့ လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက်နေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့ရတယ်။ ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့ ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက် လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေတော့တာ။ မကြာပါဘူး အဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့ကျွန်တော့် စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ ခပ်လှမ်းလှမ်းနေရာကိုပြေးထွက်သွားလိုက်တယ်။ ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့ အဲဒီကင်မာကိုင်တစ်ယောက် ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရပါတယ်။ ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန် ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့ဘူး။ ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး၊ ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီး “ညီလေးက ဘယ်ကလဲ၊ဘာလာလုပ်တာလဲ”လို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက“အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ ရွှေဘုန်းတို့နဲ့အကိုတို့ကကျောင်းတုန်းက […]