ဇီဇီJune 7, 20162min331525
ပျင်းတိုင်း ရုပ်ရှင်ကြည့်ပြီး … အားတိုင်း ဖဘပေါ်မယ် ကိုယ့် အကြိုက် နိုင်ငံစုံက မင်းသားမင်းသမီးတွေ အကြောင်း ပွါးနေရင်းနဲ့ ရွာဘက် ပို့(စ) စီးရီးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။ :mrgreenn: ဟိဟိ။ စစချင်း ဗြိဒစ်(ရှ) မင်းသားမင်းသမီးတွေ အကြောင်း ပွါးရအောင်။ အမှန်ပြောရရင် အမေရိကန် မင်းသားမင်းသမီးတွေထက် ဗြိတိရှ မင်းသားမင်းသမီး အမူအရာတွေကို စကားပြောပုံတွေကို စိတ်ထဲ ပိုတွေ့တယ်။ (ဒီ ပို့(စ) မှာတော့ ဂလိုပဲ ပြောရမှာပေါ့။ ဟိ။ နောက် ပို့(စ) တွေက နောက်တစ်မျိုးပေါ့) ~~~~~~~~~~~~~~~~~     ကိုယ့်အကြိုက် ဗြိတိရှ် မင်းသားတွေ အကြောင်း အရင်ပြောမယ်.. ခုခွိ.. တစ်ချို့ တစ်ယောက်ချင်းစီ အကြောင်းတော့ ပြောဖူးးပါရဲ့.. သာမာန်အားဖြင့်တော့ […]


Foolish GirlJune 6, 20161min2266
ဒီဇာတ်ကားလေးက 2016 ခုနှစ် မတ်လ ၄ ရက်နေ့မှာထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။ ယုန်ကလေး Judy Hopps အဖြစ် Ginnifer Goodwin ၊  မြေခွေး Nick အဖြစ်ကတော့ Jason Bateman    စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ Shakira ဆိုထားတဲ့ဇာတ်ဝင်သီချင်းလေးရယ် Judy Hopps လို ့ ခေါ်တဲ့ ယုန်ကလေးရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ လုပ်တတ်တဲ့ စိတ်လေးတွေ အရှုံးမပေးတတ်တဲ့ စိတ်တွေ စတာတွေရောပေါ့ ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ် ဇာတ်လမ်းလေးကိုတော့ကြိုပြီးမပြောပြတော့ပါဘူး ပြောပြရင်ပေါ့သွားမှာစိုးရိမ်လို့ပါ။ ဇာတ်လမ်းကိုမကြည့်ဖြစ်တဲ့သူတွေအနေနဲ့  http://disney.wikia.com/wiki/Zootopia ဒီလင့်လေးမှာ ဇာတ်လမ်းအကျဉ်းချူပ်ရေးထားတာရှိပါတယ်


ကိုယ်တိုင် ကြိုးစားပြီး   Producer Presenter Script Editor အကုန်လုံး Program Host အဖြစ်လုပ်ခဲ့တဲ့ ပရိုဂရမ်လေး စပွန်ဆာရသွားပြီတဲ့။   ရွာထဲက လူအများ DVB Channel မှာ Movie Crazy ဆိုတဲ့ ကျတော့် ပရိုဂရမ်လေး လာရင် အားပေးပါဦး။   အောင်မိူးသူ  


ဇီဇီFebruary 28, 20161min26520
Bridge of Spies ကြည့်ပြီးသော်….. သို့နှယ် ဖြစ်ရပ်မျိုးး ရွှေပြည်ကြီးတွင် ဖြစ်မည်ဆိုပါက … ၁) သူလျှို ဟု ယူဆထားသူ ကို ဖမ်းရာနေရာတွင် ဒေါသထွက်နေသော လူအုပ်ကြီးး လက်ချက်ဖြင့် ထို သူလျို အသက်ထွက်နိုင်သည်… ၂) သို့တည်းမဟုတ် လဝက မှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးးကဒ်ပြားပြပြီးး ရဲများကို ငွေပေးကာ လွတ်မြောက်နိုင်သည်…. ၃) သို့မဟုတ် အချုပ်ကျကာလ အတွင်းး ထွက်ချက်ရရန်စစ်ရာမှ လက်လွန် သဖြင့် ထို သူလျို တရားရုံးးထိ ရောက်မည် မဟုတ်…. ၄) Or ပြဇာတ်စင်သဖွယ် ပြင်ထားသော မီဒီယာ ဝင်ခွင့်မရှိ ပရိတ်သတ် မရှိ တရားရုံးးတွင် တေမိရှေ့နေ နှင့် ညွန်ကြားချက် ရ […]


“အဲဒီကား အရမ်းကောင်းတာ။ ကြည့် ကြည့်ပါ။ တကယ်ပြောတာနော်။”   ကိုင်း..ဒါဆို စပွိုင်းမပါတော့ဘူး။ အဲဒီလို တုံးတိတိကြီးကျတော့လည်း ဘယ်သူက စိတ်ဝင်စားမှာလဲ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ရွှေသွေးတစ် စောင်မှာ စိန်မျောက်မျောက်က ရုပ်ရှင်လက်မှတ်ဝယ်ဖို့ နောက်ဆုံးက တန်းမစီချင်တာနဲ့ ရုပ်ရှင်ဇာတ်လမ်းကို မဟုတ်က ဟုတ်က လျှောက် ပြောပြီး လူတွေ ထွက်သွားအောင် လုပ်တာ ဖတ်ဖူးတယ်။ ကိုယ်ကတော့ သူများ ပြောပြလေ ပိုကြည့်ချင်လေပဲ။ သို့သော် စပွိုင်း မဖြစ်အောင်တော့ ကြိုးစားရေးပါမယ်။   ဒီဇာတ်ကားကို ရုံတင်သွားတာတောင် ကြာလှပေါ့။ ကြည့်လည်း ကြည့် ဖူးကြမှာပါ။ ကိုယ်ကြိုက်တဲ့ကားမို့လို့ ညွှန်းရပါဦးမယ်။ မကြည့်ရသေး သူများအတွက်ပေါ့။   Sicario ဆိုတာ လက်တင်စကား၊ ရောမ စကားကနေဆင်းသက်လာ တာတဲ့။ […]


သုံးဆယ့်သုံး ဆိုလို့ နှစ်လုံးဂဏန်း မထင်ပါနဲ့။ ထုံးစံအတိုင်း ကြည့်မိတဲ့ ရုပ်ရှင်လေး ညွှန်းချင်တာရယ်။ ချီလီနိုင်ငံ က ကြေးနီ နဲ့ရွှေ ထွက်ပါတယ်။ အတာကမာ ကန္တာရထဲက ဆန်ဟိုဆေး မိုင်းတွင်းမှာ ရွှေ နဲ့ ကြေးနီ တူးလာတာ နှစ်တရာ့နှစ်ဆယ် ရှိခဲ့တာပေါ့။ ၂၀၁ဝ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အဲဒီမိုင်းတွင်း ပြိုကျပါ လေရော။ မိုင်းတွင်းက လုံခြုံမှုမရှိတာကို ကုမ္ပဏီ တာဝန်ရှိသူများကလစ်လျူရှုခဲ့ ပုံရပါတယ်။ မိုင်းပြိုတော့ အဲဒီအထဲမှာ မိုင်းတွင်းလုပ်သား သုံးဆယ့်သုံးယောက် ပိတ်မိသွားပါတော့တယ်။ မြေအောက် ပေ ၂၃၀ဝ လောက်က ဘေးလွတ်ရာ အခန်းကလေးမှာ အစာရေစာ နည်းနည်းလေးနဲ့ အဲဒီ လူ သုံးဆယ့်သုံးယောက် အတိဒုက္ခ ရောက်ကြရတာပဲ။ မြေပေါ်မှာတော့ […]


ဟောလိဝှဒ်က ဝတ္တုကတဆင့် ပြန်ရိုုက်တဲ့ မှော်ဆန်ဆန်ကားတွေကာ တော်တော်လေး ပေါက်ရောက်ခဲ့ပါတယ်။ အထင်ရှားဆုံးပြပါဆိုရင် ဟယ်ရီပေါ်တာပါ။ ဟယ်ရီပေါ်တာလို နောက်ထပ်ထွက်လာတဲ့ ဇာတ်ကောင်က ပါဆီဂျက်ဆင်ပါ။ ပါဆီဂျက်ဆင်ကတော့ ဟယ်ရီပေါ်တာလောက်မအောင်မြင်ခဲ့ပါဘူး။   ပါဆီဂျက်ဆင်ဟာ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်နေလို့ သိပ်မနှစ်သက်မိသလို။ ဟယ်ရီပေါ်တာ နောက်ပိုင်းမှာ ဝတ္တုကနေ့ အသက်သွင်းခဲ့တဲ့ ဇာတ်ကားတကားဟာတော့ ကျတော့်အတွက် ခုထက်ထိ မရိုးနိုင်တဲ့ ရသတစ်ခုပေးလို့နေပါသေးတယ်။ ဒီဇာတ်ကားလေး အကြော်ငးရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ် ပါတော့တယ်။   ၂၀၀၈ ခုနှစ်က ထွက်ခဲ့တာမို့ ကြာခဲ့ပြီဆိုပေမယ့် မှတ်မှတ်ရရ အဲ့သည်ဇာတ်ကားထွက်ထွက်ချင်း Box Office မှာ Top 1 ကိုချိတ်ခဲ့တာလည်း မှတ်မိပါသေးတယ်။ ဒီဇာတ်ကားဟာ မှောပညာနဲ့ သိပ်မဆိုင်သလို ၊ နတ်ဘုရားတွေ နဲ့လည်း မဆိုင်ပါဘူး။ […]


    ခုတလော ရုပ်ရှင်အကြောင်းလေးတွေ တွေးနေတုန်း သူငယ်ချင်းတစ်ယောက်က Maleficent ဇာတ်ကားအကြောင်းပြောလာတော့ ကျတော်က စင်ဒရဲလားလေးကို သတိရမိပြန်တယ်။   မလီဖီးဆန့်ရုပ်ရှင်တင်တုန်းကတော့ ကာတွန်းကားနဲ့ ကျောရိုးသာတူပြီး တော်တော်ကွဲပြားသွား တာကြောင့် ကြည့်ရှုရသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြန်ပါတယ်။ ဂျိုလီရဲ့ သရုပ်ဆောင်မှုလည်း ပါတာပေါ့။ စင်ဒရဲလားကားမှာတော့ တော်တော်များများမျှော်လင့်ခဲ့ကြပါတယ်။ ရုံတင်ပြီးနောက်ပိုင်းမှာတော့ တော်တော်များများက ကာတွန်းကားနဲ့လည်း တူတူပဲ ကာတွန်းကား လောက်တောင် အရသာမရှိဘူး နဲ့ ကြိတ်မနိုင်ခံမရ အသံများထွက်လာပါတော့တယ်။   ကျတော်ကတော့ ဆန့်ကျင်ဘက်ပါ။ ကျတော်ကြည့်မိသလောက်ပေါ့နော် စင်ဒရဲလား လူကားထဲမှာ မတူတဲ့အချက်တွေက ကင်းလိပ်ချော နှစ်ကောင်ရယ် ဖန်ဖိနပ်လေးကို ရိုက်ခွဲလိုက်တာရယ်။ နောက်ဆုံး မင်းသမီးလေး သီချင်းဆိုတဲ့ အခန်းရယ်လောက်ပဲ ရှိလိမ့်မယ်။ လူနဲ့တဖန်ပြန်ရိုက်ထားတဲ့ တဖန်ကြည့်ရတဲ့အတွက် ငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။ စင်ဒရဲလား လူဗားရှင်းကတော့ ကျတော်ကို […]


ပုံမှန် အားဖြင့် ကျနော် က ရုပ်ရှင် ကြည့်ရင် drama, comedy တယ် ကြည့်လေ့ မရှိဘူး။ ပျင်းတာ ကိုး း) ဒါပေမယ့် ဒီနှစ်ပိုင်း ထဲ မှာ drama တွေ ဘက်ကို စိတ်ရောက်တယ်။ အချစ်ကား တွေ ထက် လူတွေရဲ့ ကြိုးစား အားထုတ်မှု တွေ ကို ထုတ်ပြတဲ့ ဇာတ်လမ်းတွေကို သဘောကျနေတော့တာကိုး။   ဒီ The Intern ဆိုတဲ့ ဇာတ်လမ်း လေးကို ကြည့်မိတာကလဲ အဲ့လို က စ တာပဲ။ သူ့ ဇာတ်လမ်း အကျဉ်း က တော့   Ben Whitaker ဆိုတဲ့ အသက် ၇ဝ အရွယ် မုဆိုးဖို တစ်ဦးဟာ သူ့ ကျန်တဲ့ […]


Ride Along 2 January 15 Kevin Hart ရဲ့ အောင်မြင်မှုရခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားပါ. Ice Cube ရဲ့ သရုပ်ဆောင်မှုတွေကို မတွေ့ရတာ ကြာနေတဲ့ fans တွေလည်း အကြိုက်တွေ့ဦးမယ့် ဇာတ်ကားတစ်ကားပါ. Kung Fu Panda 3 January 29 တစ်ချိန်ကတော့ ကွန်ဖူးသိုင်းပညာတွေ သင်ယူတဲ့ တပည့်တစ်ဦးဖြစ်ပေမယ့် ခုချိန်မှာ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ သူများတွေကို ပညာဖြန့်ဝေပေးရတဲ့ ဆရာတစ်ဦးဖြစ်လာတဲ့အခါ..    Zoolander No. 2 February 12 အူလိမ့်နေအောင် ရယ်ရတဲ့ Ben Stiller ရဲ့ ဖက်ရှင်နဲ့ စုံထောက် စွန့်စားခန်း ဇာတ်လမ်းပါ. နှစ်ပေါင်းများစွာ အကြာမှာ […]


“အပစ်အခတ်၊ အညှစ်အသတ် များ ဒင်းကြမ်း၊ အချစ် အလွမ်း စွန့်စားခန်းများ မတရားကြီး ပြွတ်သိပ်ကြပ်ညပ်နေအောင် ပါဝင်သော ဟဲဗီး ဟာသ ဒရာမာ အက်ရှင် ကားသစ်ကြီး။ ကြည့်ဖြစ်အောင် ကြည့်ကြပါ။ မကြည့်မိလျှင် နောင်တ ရပြီး ရူးသွပ်သွားနိုင်ပါသည်။” ငယ်ငယ်တုန်းက ဗွီဒီယိုရုံတွေ အပြိုင်ထောင်တဲ့ အချိန်၊ ရုံရှေ့ဇာတ်ကား ကြော် ငြာသင်ပုန်းမှာ အဲဒီလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် ပေါက်ပန်းစေး လျှောက်ရေး တာမျိုး ကြုံဖူးကောင်း ကြုံဖူးမှာပေါ့။ (နောက်များမှ ဒီအကြောင်းလေးတွေ ရေးပါဦးမယ်။) အဟုတ်မှတ်လို့ ဝင်ကြည့်ကြည့်။ ရေးထားတဲ့အတိုင်း ဘာမှကို မဟုတ်တာ။ ကျွန်တော်လည်းခု ရုပ်ရှင်အညွှန်းလေးတွေ ရေးပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် ကောင်းချင်ကောင်းမှာပဲ။ ညွှန်းမိတာလေး အချိန်ကုန်ခံ ကြည့်မိလို့ မကောင်း ဘူးဆိုရင်တော့ […]


ဆယ့်ကိုးရာစု အစောပိုင်းကာလက လူစွန့်စား ဟုချ်ဂလပ်စ် ရဲ့ အကြောင်း တစိတ် တစ်ပိုင်းပါ။ သေပြီ ဆိုပြီး ပစ်ထားခံခဲ့ရတဲ့ ဟုချ်ဂလပ်စ် က သတိပြန်လည်လာပြီး ဒဏ်ရာအပြင်းအထန်ကြီးနဲ့ မိုင်၂၀ဝ ခရီးကိုနှင်ခဲ့ရတဲ့ အကြောင်းကို ရိုက်ပြထား ပါတယ်။ ဒီဇာတ်လမ်းက Michael Punke ရဲ့ ၂၀၀၂ မှာ ထုတ်ဝေတဲ့ The Revenant ကို အခြေတည်ပြီး ရိုက်ကူးတာပါ။ ရုပ်ရှင်ကတော့ အတော်ကြည့်ကောင်းပါတယ်။ လီယိုနာဒိုရော တွမ်ဟာဒီရော ကျွန်တော် ကြိုက်တဲ့ မင်းသားတွေချည်း။ သွေးသံ ရဲရဲ သတ်ဖြတ်ခန်းတွေတော့ နည်းနည်းပါသဗျ။ ဒါရိုက်တာ Alejandro G. Iñárritu က ရိုက်ကူးပြီး ဒေါ်လှ ၁၃၅ သန်း အကုန်ခံထားပြီး ဆုအတော်များများအတွက် လျာထားခံရသလို […]


alinsettDecember 5, 20152min22612
C = Clean       oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo     ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊   အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊   ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ— ကျနော်တို့နေထိုင်ရာ အခန်း—ပတ်ဝန်ကျင်တဝိုက်အလယ်— ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး—ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊   ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊   ကိုယ့် “ကိုယ်”သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊   သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး မမြင်ရသော အမှိုက်များကိုတော့ […]