တစ်ညနေတော့ နီးလိမာက ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။ “ရမ်…မနက်ဖြန် မင်း ဂတ်ကိုပါက တန်းလျားမှာပဲ နေကွယ်..တစ်ရက်ပါပဲ..ငါ့ကိုယ်ရေးကိုယ်တာလေး ရှိလို့…” “ဒါပေမဲ့..ဟို..ဘာလို့…” “မေးခွန်းတွေ မမေးနဲ့..ငါပြောတဲ့အတိုင်းသာ လုပ်..ဟုတ်လား..” ကျွန်တော် အထွန့်တက်ဖို့ လုပ်တော့ သူ့လေသံက မာမာပြတ်ပြတ်ဖြစ်သွားတယ်လေ။ ဒီလို တန်းလျား ပြန်နေဖို့ပြောတာ သုံးလအတွင်း သုံးကြိမ်ရှိတယ်။ ကျွန်တော် သိပါတယ်..ကျွန်တော်မရှိတဲ့အခါကျရင် သူ့ချစ်သူနဲ့ အေးဆေးနေလို့ရတာလေ။ ကျွန်တော်ရှိနေရင် ဘယ်လွတ်လပ်မလဲ။ အဲဒါကြောင့် နေမှာပေါ့။ တစ်ခါကျတော့ ကျွန်တော့်ကို တန်းလျားပြန်နေခိုင်းတဲ့အခါမှာ သူပြောတဲ့အတိုင်း တိတိကျကျ မလုပ်ဘူး။ မနက် ခုနစ်နာရီ ပြန်လာရမဲ့အ စား မနက် ငါးနာရီကတည်းက ကျွန်တော် သူ့အခန်းနားမှာ ချောင်းနေတာ။ သေချာသလောက်ပဲဗျ။ မနက် ခြောက်နာရီ ထိုးတော့ အိမ်ခန်းတံခါးပွင့်လာပြီးတော့ ယောက်ျားတစ်ယောက် ထွက်လာတယ်။ […]