ဦးမာဃ စဉ်းစားမိတာလေး တစ်ခုပါ။ ဦးမာဃတို့ မန္တလေးမှာ FM တွေ တော်တော်များများ ဖမ်းလို့ရပါတယ်။ သိသလောက် ပြောရရင် မန္တလေး FM ၊ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ ပြီးတော့ FM ပုဂံ စတာတွေ နားဆင်နိုင်ပါတယ်။ အဲဒီ အထဲက မန္တလေး FM ကို နည်းနည်း တောင်းဆိုချင်လို့ပါ။ မန္တလေး FM က သင်္ကြန်ရောက်ပြီဆိုရင် မြို့တော်ဝန် မဏ္ဏပ်မှာ နေရာယူပြီး ဖျော်ဖြေတင်ဆက်မှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။ အဲ အချိန် အကန့်အသတ်တော့ ရှိတာပေါ့ဗျာ။ ညပိုင်းဆိုရင် ည ရ နာရီလောက်ကနေ သူတို့ ပုံမှန်အသံလွှင့်ချိန် ည ၁၁ နာရီထိ […]