cook.jpg

ရွာထဲမှာ ဟင်းချက်သင်တန်းတွေ ခေတ်စားနေလို့ သဂျီးစကားအတိုင်းဆို သမိုင်းမှတ်တမ်း ကျန်သွားအောင် အဂ္ဂမဟာ သုဓမ္မာ မင်းလှရာဇာ သတိုးသေနာပတိ စားတော်ကဲ မဟာကြောင်ရဲ့ လက်စွမ်းလေးပါ။ မဖတ်ခင် ပါးစပ်ဆေး သွားတိုက် ပြီးကြပါ။ နို့မို့ရင် သွားရည်တများများနဲ့ နံစော်ဟောင်နေပါ့မယ်။ ထမင်းပေါင်းနည်း ရေတခါဆေးပြီးဆန်ကို ချင်ခွက်နှင့် နှစ်လုံးခန့် ထမင်းပေါင်းအိုးထဲသို့ ရေလက်တဆစ်ခန့်ထည့်ပါ။ ပြီးလျင် ထမင်းပေါင်းအိုးခလုပ် ဖွင့်၍ကျက်လျင် စားနိုင်ပါပြီ။ ဝက်အူချောင်း၊ ပြောင်းဖူးစေ့များကို လည်းထမင်းနှင့် တပါတည်း ချက်ပြုတ်စားသောက် နိုင်ပါသည်။ အသားကျော်နည်း ဆား ဆနွင်းနယ်ပြီး ရှာလကာရည် (သို့) ကွတ်ကင်းဝိုင်စိမ်ပြီးသား အသားများကို တခါတည်း ဆီ၊ ရေ ရော၍ ရေခန်းသွားသည်အထိ မီးအပူပေးပါ။ ဝက်အူချောင်းကိုလည်း ထိုနည်း၎င်း လုပ်နိုင်ပါသည်။ အသား၊ငါးဟင်းချက်နည်း အသား ငါးခုတ်ပြီးသားဝယ် […]


kaiDecember 15, 20101min20811
120 E Valley Blvd San Gabriel, CA 91776 (626) 307-0062 မြန်မာတွေအဝယ်များတဲ့ ဆူပါမားကက်တခုပေါ့..။ ပိုင်တာက တရုတ်-ဗီယက်နမ် လား..တရုတ်-ကမ္ဘောဒီယန်းလားပါပဲ..။ အဲဒီမှာ ငပိရည်ကြို၊ စိမ်းစားငပ၊ိငံပြာရည်ကစလို့.. အီကြာကွေး၊ ဒူးရင်းသီးအထိရှိပါတယ်..။ ကွမ်းရွက်တောင်ရသေး…။ ကန်းစွန်းရွက်လည်းပုံထဲတွေ့မှာပေါ့..။ တပေါင် ၂.၂၉ဒေါ်လှတဲ့..။


စေနDecember 15, 20106min47424
မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုးများ မိုက်ခရိုဝေဖ့် မီးဖို နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကားလာသော ယနေ့လို ခေတ်ကာလမျိုးမှာ ဘယ်အရာမဆို ခလုပ်လေးတစ်ချက်နှိပ်ယုံနဲ့ အဆင်သင့် ရနိုင်လောက်တဲ့အထိ ခေတ်တွေ ပြောင်းလဲလာပြီ ဖြစ်ပါတယ်.. အစားအသောက်ချက်ပြုတ်ရာမှာလည်း ယခင်ကတော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်ကြပါတယ်.. ဒီကမှ မီးသွေး၊ လျှပ်စစ်၊ဂက်စ် စသည်တို့နဲ့ ချက်ပြုတ်လာကြရာမှာ ခုတော့ အိမ်ရှင်မတွေအတွက် မိုက်ခရိုဝေဖ့်မီးဖိုနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သက်သက်သာသာ ချက်ပြုတ်နေကြပါပြီ.. အချိန်ကုန်လဲ သက်သာသလို လွယ်လဲလွယ်ကူတာကြောင့် လူသုံးများတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါတယ်.. ဒါပေမဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ side effect ကတော့ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်..  အခုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြတဲ့ မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး လေ့လာမိသလောက် ဆိုးကျိုးတွေ […]


နွယ်ပင်December 15, 20101min1698
ပန်းဂေါ်ဖီဆိုရင် အများအားဖြင့်က ကြော်စားကြတာများပါတယ် ။နွယ်ပင်ကတော့ တစ်ခါတစ်လေ အပြောင်းအလဲလေးအနေနဲ့ သုပ်စားလေ့ရှိပါတယ် ။ ပန်းဂေါ်ဖီကို သုပ်စားမယ်ဆိုရင် ပါ0င်တဲ့ ပစ္စည်းတွေက အရွယ်တော် ပန်းဂေါ်ဖီ အပွင့်ကို လေးပုံပုံ တစ်ပုံစာလောက်ပဲ လိုအပ်ပါတယ် ။ ခရမ်းချဉ်သီး (2) လုံး ကြက်သွန်ဥနီ (2) လုံး အကြော်စုံ အနည်းငယ် (လက်ဖက်ထဲ တည့်စားသော) ၊ ပုစွန်ခြောက်မှုန့် နဲ့ သံပုရာသီး (1) လုံး ။ ငရုတ်သီးစိမ်း အနည်းငယ် ။ ဆီ စိမ်းအနည်းငယ် နှင့် ယိုးဒယားငံပြာရည် အနည်းငယ် လိုအပ်ပါသည် ။ ရေစင်စင်ဆေးထားသော ပန်းဂေါ်ဖီကို ခပ်သေးသေး (သေးနိုင်သမျှသေးအောင်) လှီးပါ ၊ အရိုးတံများမပါပါစေနှင့် ။ ထို့နောက် […]


weiweiDecember 14, 20101min35320
မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။ ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။ ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။ ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။ ၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ … ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ် …


ဆူးDecember 14, 20101min2009
ထမင်းစားပြီး အချိုတည်းတတ်သူများ.. နေ့လည်း နေ့ခင်း အပျင်းပြေ အဆာပြေ စားတတ်သူများ အတွက် အရသာ ရှိရှိ သုံးဆောင်နိုင်အောင် တင်ပေးလိုက်ပါတယ်။ သာကူ ၁ဝသား ထန်ညှက် ၁ဝသား နှုန်းနဲ့ ချက်ရမှာပါ။ သာကူ ချက်မဲ့ အိုးထဲကို ရေနွေး အရင်တည်ပါ။ ရေနွေး ပွက်ပွက် ဆူသော အခါ ထန်ညှက် ထည့်တည်ပါ။ ထို့နောက် သာကူစေ့တွေ ထည့်ပြီး မီးအရှိန်လျော့ပြီး တည်ပေးပါ။ တချက်တချက် မွှေပေးလိုက်ပါ။ အိုးမကပ်တတ်ရင်တော့ အကြောင်း မဟုတ်ပေမဲ့.. ရွာကလူတွေကတော့ အိုးကပ်မှာ ကြောက်ရတယ်။ သာကူစေ့တွေ မျက်စိ မပျောက် တပျောက်ခင်မှာ မီးပိတ်ထားလိုက်ပါ။ အပူရှိန်နဲ့ အိုးထဲမှာ တင် သာကူများ ပွသွားပြီး ပြစ်သွားတတ်ပါတယ်။ စားခါနီးမှာတော့ အုန်းသီး […]


ဆူးDecember 14, 20101min1303
ရဲယို ငါးပေါင်းထုတ် လုပ်နည်း မသိသူများ လုပ်စားရန် အတွက်သာ ဖြစ်ပါသည်။ ပါဝင်ပစ္စည်းကတော့ သိပါသည်။ အချိုးအစားကတော့ အဆင်ပြေသလို ကြည့်သာထည့်ပါ။ ရဲယို အရွက် အနု ကလေးများ ငါးရံ့ အသားလွာ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆား၊ သကြား အုန်းသီး အသား (ကောက်ညှင်းပေါင်း အပေါ်မှာ ဖြူးစားတဲ့ အုန်းသီးခြစ် အဖတ်) လိုအပ်ပါတယ်။ ကြက်သွန်ဖြူ ဂျင်း စပါးလင် ငရုတ်သီး ဆား သကြား ငရုတ်ကောင်းတို့ကို ထောင်းပါ။ ညက်သွားလျှင် ငါးရံ့ အသားလွာ အတုံးကလေးများ ကို နယ်ပြီး ငါးအသားလွာ အဖတ်ကလေးများ ကြားမှာ အုန်းသီး ခြစ် ထားတာကို ငါးအသားလွာ အဖတ် […]


weiweiDecember 14, 20101min2368
ကြက်ဥမွှေကြော်ကို အပြားမပျက်ပဲ ကြော်ဖို့ အိုးက အဓိကကျပါတယ်။ မကပ်တဲ့ non stick အိုးဖြစ်ရမယ် .. အိုးအပြားလဲ ဖြစ်ရမယ်။ ပါဝင်သောပစ္စည်းများ – ကြက်ဥ (၃) လုံး – ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မိတ် (နှစ်သက်ရာ) – ဆား၊ ဆနွင်း၊ ဆီ အနည်းငယ် ချက်ပြုတ်နည်းအဆင့်ဆင့် အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အိုးပူလာသည်အထိ ထားရမယ်။ ကြက်ဥကို ဆား ဆနွင်း (ဆနွင်းမထည့်လဲရသည်) အနည်းငယ်ဖြင့် ခေါက်ထားရမယ်။ ဆီပူလာပါက အိုးထဲကိုလောင်းထဲလိုက်ပြီး အပြားသဏ္ဍာန်ဖြစ်အောင် ပြင်ပေးရပါမည်။ အောက်ခြေအနည်းငယ်ကျက်လာမှ လှီးထားသော ပစ္စည်းများကို ဖြူးလိုက်ရမည်။ ထို့နောက် သတိအနေအထားဖြင့် တစ်ဖက်သို့လှန်လိုက်ရပါမည်။ အဲဒီနောက် ပန်းကန်ထဲ ထည့်လိုက်ရုံပါပဲ … […]


နွယ်ပင်December 14, 20101min22913
ကန်စွန်းရွက်ကို ရေစင်စင် ဆေးပြီးစစ်ထားပါ ။ ပြီးရင် ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။ ကြက်သွန်ဖြူ 3 /4 မွှာ ငရုတ်သီးတောင့် (8)တောင့် ( အစပ်ကြိုက်ရင်များများထည့်ပါ ) ၊ ငရုတ်ကောင်း အနည်းငယ် ၊ ထို့နောက်အားလုံးကို လှော်ပြီး ထောင်းပါ ။ ကြက်သွန်ဖြူ ၊ ငရုတ်သီး နှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးပါ အနည်းငယ် ထည့်ထောင်းပါ ။ (ငါးပိထောင်း အဆင့်သင့်မရှိပါက ငပိစိမ်းစားကို ဖုတ်ပြီးထည့်လျှင်လဲရပါသည် ။) ကန်စွန်းရွက် ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် နှင့် ခုနက ထောင်း ထားတာတွေ၊ အားလုံးကိုရောပြီး နယ်ပါ […]


Ma MaDecember 13, 20101min31313
ကြက်သားကို ရေစင်အောင်ဆေးပြီး ဂျင်းနဲ့ ဆားအနည်းငယ်များများ ထည့်နယ်ပြီး ခဏထားပါ။ ရေကိုဆူအောင်တည်ပြီး ကြက်သားထည့်ပြုတ်ပါ။ အနေတော်ရင်ဆယ်ပြီး အသားနွှင်ပါ။ ကြက်သားကို နူးအိနေအောင် မပြုတ်ရပါ။ ဆန်ကိုရေဆေးပြီး ဆူနေသော ကြက်သားပြုတ်ရည်ထဲကို ထည့်ပြုတ်ပါ။ ဆန်ကိုတော့ နူးပြီးပျော့နေသည်ထိပြုတ်ပါ။ တရုတ်လို တုံဆိုင် (မုန်ညှင်းဖြူထုပ်ကို အခြောက်လှမ်းထားတာထင်တယ်။ သံဈေးမှာ ဝယ်လို့ရတယ်။) ကို ပါးပါးလှီးပြီးထည့်ပြုတ်ပါ။ သို့မဟုတ် ပွဲပြင်တော့မှ အပေါ်က ထည့်ဖြူးစားလျှင်လဲရပါတယ်။ အချိုမှုန့်စားလျှင် အနည်းငယ်ထည့်ပါ။ အရသာ အဆင်ပြေအောင် ဆားကို သင့်တော်သလို ထပ်ထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်နှင့် နှမ်းလှော်တို့ကို သီးခြားစီ မှုန့်အောင်ထောင်းပါ။ ပွဲပြင်လျှင် ကြက်သား။ ကြက်သွန်ကြော်မှုန့်၊ နှမ်းလှော်မှုန့်ဖြူးပြီး နှမ်းဆီမွှေး အနည်းငယ်ဆမ်းပါ။ ကြိုက်တတ်လျှင် တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်စားနိုင်ပါတယ်။ ဆန်ပြုတ်မသောက်ခင်ဆွေမျိုးစာရင်း အရင်ပြုစုထားဖို့ […]


ဆူးDecember 11, 20101min38030
လမ်းထိပ်က အကြော်သည် အကြော်ကြော်နေတဲ့ မြင်ကွင်းကတော့ တကယ်ကို အသည်းယားဖို့ ကောင်းလိုက်တာ.. မန်းကြော် မကြော်ခင် နယ်ပြီးသား အရောင်ဖျော့တော့တော့ကို တရုတ်ငံပြာရည် အနောက် ထည့်လိုက်တယ်။ နယ်လိုက်တယ်.. နယ်ပြီးတော့ ဘေးမှာ ရှိတဲ့ ရေပုံးထဲ လက်နှိုက်ဆေးလိုက်တယ်။ ပြီးတော့.. နောက်တအိုး ပဲကပ်ကြော် ဇွန်းကြီးနဲ့ မွှေကြည့်လိုက်တယ် ပြစ်နေတယ်.. လက်နှစ်ဆေးလိုက်တဲ့ ရေပုံးကြီးထဲက ရေကို ပဲကပ်ကြော် မုန့်နှစ်ရည် ဇွန်းကြီးနဲ့ နှစ်ခပ်ပြီး ပဲကပ်ကြော် အနှစ်ရေထဲ ထည့်လိုက်တယ်။ ပြီးတော့ လက်ကို အနီးအနားမှာ ရှိတဲ့ မဲချိတ်နေတဲ့ အဝတ်နဲ့ သုတ်.. ဟော.. မီးဖို့ မီး ပြင်းအား ချိန်ဖို့.. ထင်းချောင်းတွေ ဆွဲထုတ်.. ပြီးတော့ မီးဖိုထဲထည့်.. ပြီးတော့ ယောင်းမကိုင် ကြော်ရန် […]


weiweiDecember 11, 20101min21614
ကျွန်မလဲ ဘာလိုလိုနဲ့ စာဖိုးမှူး ဖြစ်မှန်းမသိဖြစ်နေပါလားနော် …. ဗမာပြည်နဲ့အဝေးမှာ တစ်ယောက်ထဲနေနေရတော့ ဖြစ်သလို အလွယ်လုပ်နည်းလေးတွေကိုပဲ ချက်ပြုတ်ဖြစ်ပါတယ်။ အခုနည်းကတော့ မန္တလေးပဲကြော် အလွယ်ကြော်နည်း … ပါဝင်သောပစ္စည်းများ … ပဲ (ပုံထဲမှာပါတာနဲ့အလားတူတဲ့ပဲဆိုရင်ဖြစ်တယ်၊ နီညိုညိုအရောင်ထွက်တဲ့ပဲ) ကောက်ညှင်းမှုန့် ဂျင်း ဆား ချက်ပြုတ်နည်းအဆင့်ဆင့် ပဲကို နူးအောင် အရင်ပြုတ်ရပါမယ် ။ ကျွန်မကတော့ ပဲကိုရေများများထည့်ပြီး rice cooker နဲ့ ၂ နာရီလောက်ကြာအောင် ပြုတ်လေ့ရှိပါတယ်။ (မီတာခ မပေးရလို့ပါ) ပြုတ်ထားတဲ့ပဲကို ငရုတ်ဆုံထဲထည့်ထောင်းပါတယ်။ ဘလန်ဒါနဲ့ကြိတ်ရင် အရမ်းညက်ပြီး စားမကောင်းမှာစိုးလို့ပါ။ ဂျင်းကိုလဲ သေးသေးလေးတွေဓါးနဲ့နှုတ်နှုတ်စင်းထည့်တယ်၊ ကောက်ညှင်းမှုန့်နဲ့ ဆားနဲနဲထည့်ပြီး စီးစီးပိုင်ပိုင်ဖြစ်တဲ့အထိ နယ်လိုက်ပါတယ်။ ခဏလောက်နေတော့ အိုးထဲကို ဆီများများထည့်ပြီး အကြော်သည်တွေကြော်သလိုပဲ ကြော်လိုက်တယ်။ ဆီဆူတဲ့အချိန်မှာ ဆီထဲကို […]


weiweiDecember 10, 20101min29413
လွယ်တာမှ မီးဖိုလဲမလို အိုးလဲ မလိုပါဘူး။ ကြွေပန်းကန် အနေတော်ထဲမှာ ဆီနဲနဲသုတ်ပြီး ကြက်ဥတစ်လုံးထည့်လိုက်တယ် … ဆားနဲနဲထည့်လိုက်တယ် .. ပြီးတော့ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ၂ မိနစ်ထားလိုက်ရင် ကြက်ဥကြော်ဖြစ်သွားပါပြီ … မနက်စောစော မနက်စာကို ပေါင်မုန့်ထဲညှပ်စားရာမှာ အလွန်အဆင်ပြေပါတယ် … အိုးမဆေးရဘူး .. အညှော်လဲမခံရပါဘူး ..