ဇီဇီOctober 28, 20131min59063
ဒီတစ်ပတ် က ရွာ့အချစ်တော် ကြောင်ဝတုတ်၊ အနော့ အကိုကြီး ကိုဖက်ကက် ရဲ့ ဟင်းစပ်နဲ့ ဖွင့်မဲ့ တစ်ပတ်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~ တနင်္လာ… ရှီတာကီမှိုနဲ့ ဝက်သားအချိုပေါင်းလေး… အဲလို ပြောလို့ရဘူးလေ။ ချက်နည်းပါပေးးးးး။ အဲဒီ မှို ကို ခုမှ ကြားဖူးတာ။ ဪ ဒါလေးများးးးးး ရှိတာကီမှိုလေးကို (၁၀)မိနစ်လောက်ရေစိမ်… ပြီးရင် အနေတော်လေး မထူမပါးလေးလှီး ကြက်သွန်နီ (၃)လုံးနဲ့ ဝက်သား (၃၀)သားလောက်ရယ်…နာနတ်ပွင့် တစ်ခြမ်း မရှိတရှိလေး…ကြက်သွန်နီ (၂)လုံးကို ကြိတ်စက်နဲ့ကြိတ်ချင် ကြိတ် မကြိတ်ချင်ရင် ပါးပါးလှီး။ ဝက်သားကို သကြားလေးနဲနဲထည့် ဆားနဲ့နယ်…အချိုမှုန့်သုံးရင်ထည့် မသုံးရင် မထည့်နဲ့။ ပြီးရင် ဆီကို နဲနဲထည့် ပူလာရင် ဆနွင်းမှုန့်နဲနဲနဲ့ ဆီကို ခပ်ဝါဝါလေးဖြစ်အောင်ထည့်။ ပြီးရင် လှီးထားတဲ့ကြက်သွန်နီကို […]


ဒီတစ်ခေါက်တော့ ကုသိုလ်တော်ဘုရားသွားရင်း ဘုရားမှာရောင်းတဲ့မုန့်တွေအကုန် ရွာထဲ သယ်လာခဲ့ပါတယ် ။ ဘုရားလဲ ဖူးရင် မုန့်လည်းစားရင်းပေါ့လေ …. 😀           ကဲ …နေ့လည်စာချိန်ကြီး မုန့်သည်ဝင်နှောက်သွားလို့ ထမင်းမစားနိုင်ဘဲနေပါဦးမယ်ဗျာ။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာမုန့်လေးတွေ အားပေးသွားတာ ကျေးဇူးပါနော့   🙂     ရွှေမိုးတိမ်။                      


weiweiOctober 23, 20131min35712
လွယ်ကူပြီး စားလို့ကောင်းတယ် .. တွက်ချေလည်းကိုက်ပါတယ် .. ဝက်သားလုံးကြော်ကို ကလေး လူကြီး အားလုံး ကြိုက်ကြတယ် … ကလေးတွေထမင်းဗူးထဲထည့်ပေးရတာလဲ အဆင်ပြေတယ် .. လုပ်ရိုးလုပ်စဉ် နည်းဟောင်းတွေကို ငြီးငွေ့သွားလို့ အစမ်းထွင်ကြည့်လိုက်တာ အဆင်ပြေတယ် .. ချက်တုန်းက ပို့စ်တင်ဖို့ မရည်ရွယ်ခဲ့မိလို့ အဆင့်ဆင့်ဓါတ်ပုံ မရိုက်မိလိုက်ဘူး .. နောက်တစ်ခေါက်ကြော်မှ တင်မယ်စိတ်ကူးပေမယ့် လွယ်လွန်းလို့ အဆင့်ဆင့်ပုံတွေ မလိုလောက်တာမို့လို့ ရှိတဲ့ပုံနဲ့ပဲ ညွှန်းလိုက်ပြီနော် … ပါဝင်သောပစ္စည်းများ ဝက်သားကြိတ်ပြီးသား (စီးတီးမတ်မှ) ၁၅၀ဝ ကျပ်ဖိုး (အလေးချိန်မမှတ်မိတော့လို့ပါ) ငုံဥ …………. ၁၅ လုံး ဝက်သားထဲထည့်နယ်ဖို့အတွက် … ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကော်မှုန့်၊ တရုတ်မဆလာ (သို့မဟုတ်) ငရုတ်ကောင်းမှုန့် ကြက်ဥ […]


အာဂOctober 23, 20131min51432
• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။ – အချက်အပြုတ်က ငယ်ငယ်ကတည်းက ဝါသနာပါတယ်။(၈)တန်းနှစ်လောက် ကတည်းက ညီမတို့က အိမ်မှာစချက်ရတယ်ပေါ့။ • ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင်ပြောပြပေးပါဦး။ – အဲဒီလိုမျိုးကြီးတော့ မမှတ်မိဘူး။ မနက်အစောကြီးတော့ နေ့တိုင်းချက်နေရတာ ပါပဲ။ မနက်ဆို ဈေးသွားတယ်။ ဟင်းချက်တယ်။ ဟင်းချက်ပြီးရင်ကျောင်းသွားတယ်။ • အဲဒီလို ပထမဆုံးစချက်တဲ့ဟင်းတုန်းကအရသာကရောဘယ်လိုရှိခဲ့လဲ။ – အရသာက သိပ်တော့မကောင်းဘူး။ ဒါပေမယ့်နောက်ပိုင်းအမေသင်ပေးတော့ အဆင်ပြေသွားတယ်။ •ညီမချက်တဲ့ဟင်းတွေထဲမှာမှမိသားစုတွေရော သူငယ်ချင်းတွေပါကြိုက်တဟင်းပွဲလေးဆိုရင်ဘာဟင်းပွဲဖြစ်မလဲ။ – လူကြိုက်အများဆုံးဆိုရင် ညီမချက်တာကို အများဆုံးအိမ်က မိသားစုတွေပဲစားတယ်။ ပြောကြတာကတော့ ကြက်သားကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးနဲ့ချက်တဲ့ ဟင်းက အရမ်းစားလို့ကောင်းတယ်လို့ပြောကြတာပါပဲ။ အဲဒီဟင်းက ကြက်သားကာလသား ဟင်းလိုပါပဲ။ဒါပေမယ့် ဒီကဟင်းက ဒီမှာချက်တဲ့ဟင်းလိုတော့ မဟုတ်ဘူးရှမ်းပြည်မှာချက်တဲ့ ကာလသားဟင်းပုံစံပါ။ • နန်းခင်ချက်တဲ့ဟင်းတွေကို […]


ဇီဇီOctober 21, 20131min57738
ရွာရဲ့ နာမည်ကျော် အီးဇီးကွတ် ဝေဝေလေး ရဲ့ ဒီတစ်ပတ်ကို အားပေးကြပါဦးးးးး ရုံးသမားတွေ အတွက် စဉ်းစား စီစဉ်ထားတဲ့ အစပ်အဟပ်လေးတွေပါ။ ဝေ့ ကို အကြောင်းကြားပေးတဲ့ ချစ်မမရော၊ လိုလို လားလား ကူညီပေးတဲ့ ဝေဝေ့ကိုပါ အင်မတန်ကျေးဇူးတင်ပါတယ်။ နောက်တစ်ပတ်ကတော့ အမျိုးသား စားဖိုမှူးပါ။ ~~~~~~~~~~~~~~~~~~ အသက်လေးရလာပြီဆိုတော့ ကျန်းမာရေးဘက်ကို ဦးစားပေးပြီး အစားအသောက်ကို စဉ်းစားရတယ်လေ .. စားလို့ကောင်းအောင်နဲ့ အချိန်နဲနဲ အကုန်အကျသက်သာဖို့လဲ ဦးစားပေးရသေးတယ်ဆိုတော့ ဟင်းတွေက စပါယ်ရှယ်တွေတော့ ဖြစ်မှာ မဟုတ်ဘူးနော် .. အလုပ်ထဲကို ထမင်းချိုင့်နဲ့ထည့်ယူသွားလို့အဆင်ပြေမယ့်ဟင်းလျှာတွေကို နေ့လည်စာအတွက်နဲ့ ညနေစာကို သီးသန့် ပူပူနွေးနွေးစားလို့ရတာ ချက်ချင်တယ် .. မနက်စောစောစာအတွက်ကလဲ ကိုယ်တိုင်ပဲ ဖန်တီးရသေးတယ် … တနင်္လာနေ့ ထုံးစံအတိုင်း တနင်္လာနေ့ဆိုတော့ […]


weiweiOctober 16, 20131min38617
အခုတလော ကိုရီးယားစတိုင်တွေ မြန်မာပြည်ထဲမှာ ခေတ်စားနေပါတယ်။ အဝတ်အထည်တွေလဲ ကိုရီးယားစတိုင်မှ ခေတ်မှီနေသလိုဖြစ်နေတယ်။ ကိုရီးယားဇာတ်ကားတွေထဲက ကြော်ညာကောင်းလွန်းလို့ ကိုရီးယားအစားအစာတွေလဲ လူကြိုက်များနေကြတယ်။ ဘာပဲဖြစ်ဖြစ် စားနေကျအရသာကနေ အပြောင်းအလဲဖြစ်အောင် ဒီနေ့ ကိုရီးယားပဲကြာဇံကြော် လုပ်စားဖြစ်တယ်။ ပထမဆုံးအကြိမ် လုပ်တာဖြစ်ပေမယ့် အဆင်ပြေပြီး အရသာရှိတယ်။ အရမ်းလဲ လွယ်တဲ့အတွက် ကြော်ညာပေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ရယ်ဒီမိတ်ပဲကြာဇံအထုတ်ကြီးတစ်ထုပ်၏ သုံးပုံတစ်ပုံ ကြက်သား အနည်းငယ် ဂေါ်ဖီ … ပန်းဂေါ်ဖီ … မုန်လာဥနီ … မှိုဖြူ …. ငရုတ်ပွစိမ်း .. ဆီ … ဆား … သကြား … ပဲငံပြာရည် အကြည် … အနောက် .. ခရုဆီ ပြုလုပ်ပုံအဆင့်ဆင့် ပဲကြာဇံများကို တစ်နာရီခန့် ရေစိမ်ထားရပါတယ်။ […]


ဇီဇီOctober 14, 20131min49642
  မမရေ မမရေ အိမ်မှာကောင်းကောင်းနေ!!! အဟိ ဘာမှဟုတ်ဘူးးးး ဘယ် တစ်ပတ်လောက် လာပြီး စားဖိုမှူးလုပ်ပေးနိုင်မတုန်းလို့ မေးကြည့်မို့။ ကေဇီရေ စားဖို့သာ ရတာ။ ဟင်းစပ်က စဉ်းစားရဦးမှာ ကျန်တဲ့သူတွေ မေးကြည့်ဦး။။။။။ ဘယ်နေမတုန်း ချစ်မရဲ့ မေးပြီးပြီ။ ပေးမယ်တဲ့။ အဲဒါ မမ ပဲကျန်တယ်။ စဉ်းစားပေးပါဦးနော်။ စားချင်တာတွေချရေးမယ်ဆိုတော့ ဟင်းစပ်တွေက ထွက်လာတယ်။ အပျင်းနည်းနဲ့ စပ်ထားတယ်လို့တော့ မပြောနဲ့နော်။ ကိုယ်တိုင်သာချက်ရရင်ဆိုတဲ့ အတွေးကလည်း ပါနေတော့။ 😛 ဒီလိုနဲ့ ချစ်မရဲ့ လေးဇီးကွတ်နဲ့ ဒီ တစ်ပတ် ထမင်းဆိုင် ပြန်စရပြန်ပါပြီ။ နောက်တစ်ပတ်ကတော့ အီးဇီးကွတ် စားဖိုမှူးတစ်ယောက်ပါ။ ~~~~~~~~~~~~~~~~~~ တနင်္လာ အသားဟင်းအနေနဲ့ ဝက်သားလုံးကြော် မယ်။ ဝက်သားလုံးကြော်ဖို့အတွက် ဝက်သားကို နုတ်နုတ်စင်းထားရတယ်။ ကြက်သွန်နီကို […]


Ma MaOctober 13, 20131min40424
၁၃. ၁၀. ၂၀၁၃ တနင်္ဂနွေနေ့ နံနက် ၉း၃ဝ နာရီမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ပန်ဒါဟိုတယ်တွင် ဘေးကင်းလုံခြုံ၍ ပြည်သူများ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။     အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်း (ယာယီ)က တာဝန်ယူပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီါ်မှုး၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။   တိုဆွေးနွေးပွဲသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊  ရေကျိုငါးပိလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။     ရေကျိုငါးပိပြုလုပ်ရာမှာ ဓာတ်မြေဩဇာထည့်သွင်းပြုလုပ်သဖြင့် စားသုံးရန်မသင့်ကြောင်း မီဒီယာများမှတဆင့်  လူထုအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းနှင့် စားသုံးသူများက ရှု့ထောင့်ပေါင်းစုံမှ […]


Ma MaOctober 12, 20131min77933
သူများကွတ်တဲ့နာမည်တွေကို ယူပြီး……….. အီးဇီးကွတ် (ခရက်ဒစ်တူ ဝေဝေ)၊ ရမ်းသမ်းကွတ် (ခရက်ဒစ်တူ မရွှေတုတ်) လို့  နာမည်ပေးပြီး ရေးထားတာတွေကို …………   တညင်သားက ဘီးဇီးကွတ် (အမှန်လည်း ဘီးဇီး) လို့ ပြောတာကို မခံနိုင်လို့ :hint: အပျင်းနည်းနဲ့ ချက်ထားတဲ့ ကိုယ့်ကွတ်ကို လေးဇီးကွတ်လို့ နာမည်မူပိုင်ပေးလိုက်မယ်။ 🙂   မြန်မာမုန့်တွေက ဆန်နဲ့ ကောက်ညှင်းကိုသာသုံးလေ့ရှိတာမို့ ဂျုံမှုန့်နဲ့လုပ်ရမယ့် မုန့်ဆိုရင် ကြောက်တယ်။ မလုပ်ရဲဘူး။   အဲဒီတော့ ဂျုံနဲ့လုပ်တဲ့ ပီဇာကို ဝယ်စားရမှာလည်း နှမျော၊ ကိုယ်တိုင်လည်း မလုပ်တတ်ရာက ကံကောင်းထောက်မစွာနဲ့ လေးဇီးကွတ်နည်းကို တွေ့တော့ ကိုယ့်ရွာသူားတွေကို ကြွားချင်….. အဲ- မျှဝေချင်မိတယ်။ 😀   အဆင်သင့် လုပ်ပြီးသားဂျုံပြားကို ဝယ်တယ်။ […]


Ma MaOctober 10, 20131min49937
  တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အခေါ်အဝေါ်တွေ ကွဲပြားတတ်ကြပါတယ်။   ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဟုတ်နေကြတော့ ထူးတယ်လို့ကို မထင်ဘူး။ တစ်မြို့တစ်ရွာရောက်မှ ကိုယ့်အခေါ်အဝေါ်တွေဟာ သူတို့နဲ့မတူပဲ တမူထူးဆန်းနေတာတွေ ဖြစ်တတ်တယ်။   တစ်ခါတုန်းက …………. နွေကျောင်းပိတ်ရက်မှာ မိတ်ဆွေတွေရဲ့ မြို့ကို သွားလည်ဖြစ်တယ်။   အဝတ်အစားတွေထည့်တုန်းက ခြုံထည်ပုဝါ မေ့ပြီးထည့်မလာခဲ့မိတာကို ရေချိုးခါနီးမှ သိတော့ ………..   အိမ်ရှင်ကို ဖူးစောင် ရှိလားလို့ မေးတော့ အိမ်ရှင်က ကြောင်တက်တက်ဖြစ်သွားတယ်။   ဖူးစောင် ဆိုတာ ဘာကို ခေါ်တယ်ဆိုတာကို အိမ်ရှင်က နားမလည်တာ။   “ဘာလုပ်ဖို့လဲ” လို ့ ပြန်မေးတော့ ကိုယ်လည်းကြောင်သွားတာပေ့ါ။ မေးမိတာမှားပြီ။ မပေးချင်လို့လား၊ မရှိလို့များလားလို့ အတွေးရောက်သွားတယ်။   နောက်မှပြောရင်းဆိုရင်း လိပ်ပတ်လည်ပြီး […]


etoneOctober 9, 20131min73835
ကိုယ်ဧ။် ချမ်းသာခြင်း ၊ စိတ်ဧ။် ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းစကားကို အကြိမ်ကြိမ်ကြားခဲ့ ဖူးပေမယ့် ဒီစကားတစ်ခုရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် မတွေးမိခဲ့ဘူး ။ ကြိမ်ဖန်များစွာ အခါခါကြားရလို့ အလွတ်ရနေတဲ့ ဆုတောင်းစကားတစ်ခုက နှစ်လိုဖွယ်ကောင်းမှန်း လူငယ်ဆိုတဲ့ အသက်ပိုင်းခြားတစ်ခု ကုန်ဆုံးခါနီးမှ သိခဲ့ရပါတယ် ။ စိတ်ဧ။် ကျန်းမာခြင်းတဲ့ ….  လှုပ်ရှား ရုန်းကန်နေရတဲ့ ဘဝတွေထဲ အခြေတကျရပ်တည်နိုင်ဖို့ ကြိုးစားရတာ မလွယ်ကူပါဘူး ။ စိတ်ဖိစီးမှုတွေ ၊ မျှော်လင့်ချက်တွေကပ်ပြီး လိုအင် ဆန္ဒတွေပြည့်ဝဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားကြတယ် ။ အနိမ့်မြင့် မတူညီတဲ့ ကံတရားကြောင့်ပဲ ပျော်စရာတွေကြုံလာနိုင်သလို ၊ဝမ်းနည်းစရာ ၊ စိတ်ဓါတ်ကျစရာတွေလည်း ရှိလာနိုင်တယ် ၊ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘဝရပ်တည်မှုတွေ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ […]


Ma EiOctober 9, 20131min36027
အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts ) မင်္ဂလာဆောင်တစ်ခုမှာ ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့… ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်… အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြတာတွေ့ရတော့ အဆင်ပြေမယ်ထင်သလို မုန့်စပ်လိုက်ပါတယ်… ထုံးစံအတိုင်းဓာတ်ပုံတော့ ရိုက်ထားပြီး မဖြစ်ရင်လဲ မှတ်တမ်းပေါ့နော်…ဒါပေမယ့် လှပပြီးအရသာရှိတဲ့ မုန့်ကလေးဖြစ်လာခဲ့လို့ မျှဝေလိုက်ပါတယ်နော်… ပါဝင်ပစ္စည်း နဲ့ အချိုးစားတွေကတော့… မုန့်ခွက်လေးတွေအတွက် 1…ဂျုံ     250 gm (1cup) 2… ထောပတ်   4 tbsp 3…သကြား     2 tbsp 4…ကြက်ဥ     1 လုံး ကြက်ဥ ပူတင်းအနှစ်ရည် အတွက် 1…နို့     1/2cup 2…သကြား    […]


ဇီဇီOctober 8, 20133min54134
ကဲဗျာ။ မွန်မွန်လေးက အသားအရေအတွက် ရော စားဖို့ရော တပြိုင်နက် လုပ်ချင်လို့တဲ့။ 😀 အဲဒါ ဟိုရှာ ဒီရှာနဲ့ ရှာလိုက်တာ။ ကိုယ်တိုင်ရေးရင် မပြည့်စုံမှာစိုးလို့။   ~~~~~~~~~~~~~~~~~~   A) အသားအရေကို​လှပစေသော သစ်သီးများ အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ဝင်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။ သင်္ဘောသီး […]