ムラカミDecember 28, 20112min29421
တကယ်တော့ ကျနော်တို့ဟာ မရည်ရွယ်သော အကြောင်းတစုံတရာကြောင့်သာ ကြို့ ထိုးကြတာဗျ.. ကြို့ထိုးရခြင်း အကြောင်းအရင်း တွေကိုတော့ မရေးတော့ပါဘူးနော်... ဟိုဘက်က သူငယ်ချင်းပိုစ့်ထဲမှာလည်း ရွာသူားတွေ ဆွေးနွေးကြပြီးဖြစ်လို့ .. ကျနော်ပြောချင်တာက သည်လိုပါဗျ ာ... တယောက်ယောက်ကများ ..ခုနေကြို့ထိုးပြ ဆိုလျင် ထိုးပြနိုင်သူ ရှားပေးလိမ့်မည်ဖြစ်သည်။ စမ်းကြည့်မလားဗျ ....ကြို့ ထိုးနည်း ... တကယ်တော့ ကြို့ အတု ပါဗျ fake hiccup ပေါ့....ဘယ်လိုထိုး သလဲဆိုရင်တော့ ရင်ခေါင်း ကန့်လန့်ဖြတ် ကြွက်သား ရယ် အစာအိမ်ရယ် ..လည်ချောင်းမှာရှိတဲ့ အသံအိုး ရယ် ပူးပေါင်းလုပ်ကြံပြီး ထိုးလို့ရပါတယ်... ဒါကို Vocal hiccups လို့ ခေါ်ပါတယ်ဗျ ...အချို့အဆိုတော်တွေ သီချင်းဆိုရင် သုံးပါတယ်...။ ဗမာ့ ဂီတ […]


koyin sithuDecember 26, 20111min19512
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မန္တလေးမြို့စွန် အယူတော်ဂေဇက်ခြံအတွင်းသို့ လူတစ်ယောက် ရောက်ရှိလာလေ၏ ဗြုန်းကနဲ တွေ့လျှင်တွေ့ချင်း ထိုသူအား ကောင်းစွာမမှတ်မိချေ။ သို့ရာတွင် ထိုသူက ကျွန်ုပ်အား “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒနိုက်… သဂျီးဦးခိုင်” ဟု ကိုးရိုးကားယားနိုင်လှသော နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်လိုက်သောကြောင့် “အလို… ဘယ်သူများမှတ်တယ်…. ကိုရင်စည်သူကြီးကိုး” ဟု ကျွန်ုပ်က ရေရွတ်လိုက်မိလေ၏ ထိုအခါ ကိုရင်ကြီးသည် ကျွန်ုပ်အား “ဟုတ်ပ…. သဂျီးဦးခိုင်ရေ အခုလို မှတ်မိတာ ကိုယ့်လူ အတော့်ကိုတော်ပြီး အတော့်ကို ညံ့တာပဲ” ဟု ကို့ယို့ကားယား ပြောပြန်လေ၏။ ကျွန်ုပ်သည် ရယ်ရပြန်လေ၏ “ကိုရင်ကြီး ခင်ဗျားကတော့ အရင်အတိုင်းပဲ” ဟု ကျွန်ုပ်ကပြောပြန်လေရာ ၎င်းက. . “အားလုံးပြောင်းလဲကုန်ပြီ၊ မပြောင်းလဲတာကတော့ ကိုရင်စည်သူ တစ်ယောက်ပဲရှိတယ်၊ အရင်အတိုင်းပါပဲ၊ ဟဲ […]


weiweiDecember 25, 20111min32820
ကျွန်မကတော့ ထမင်းစားရင် ဟင်းရည်တစ်မျိုးမျိုးပါမှ စားတတ်ပါတယ်။ ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေကို ဟင်းရည်ချက်သောက်လေ့ရှိပြီး တစ်ခါတစ်ရံဘာမှအလွယ်တကူမရှိတဲ့အခါမျိုးမှာ ရေညှိဟင်းရည်လုပ်သောက်ပါတယ်။ ရေညှိတွေကို ဝယ်ဆောင်ထားတာမို့ အရမ်းလွယ်ကူလျှင်မြန်စွာချက်စားလို့ရပါတယ်။ city mart ကနေ ဟင်းချိုချက်သောက်တဲ့ရေညှိဝယ်လို့ရပါတယ်။ ကြက်ဥနဲ့ နှမ်းဆီမွှေးရှိရင်ချက်လို့ရပါပြီ။ အိုးသေးတစ်အိုးစာအတွက် ရေညှိအဝိုင်းတစ်ဝိုင်းရဲ့လေးပုံတစ်ပုံကိုညှပ်ထုတ်ပြီး ရေခဏစိမ်ရပါတယ်။ ရေမစိမ်ရင် သဲအနည်းငယ်ပါတတ်သဖြင့် ရေစိမ်ပြီးမှထည့်တာပိုကောင်းပါတယ်။ ကြက်ဥတစ်လုံးခေါက်ထားတယ်။ ရေနွေးဆူပွက်ချိန်မှာ စိမ်ထားတဲ့ရေညှိ၊ ကြက်ဥနဲ့ ဆားထည့်ပြီး တစ်မိနစ်လောက်တည်ရမယ်။ ပြီးရင် နှမ်းဆီမွှေးဖြန်းလိုက်ရင် စားလို့ရပါတယ် … လုပ်နည်းမှန်မမှန်တော့ မသိဘူးနော် … တရုတ်ပြည်မှာ စားခဲ့တဲ့အရသာနဲ့တစ်ထပ်ထဲတူပါတယ် … ကိုရီးယားမှာနေတဲ့သူတွေ ဟုတ်မဟုတ် ကွန်မန့်ပေးကြပါအုန်း …


hmeeDecember 23, 20112min44229
ကိုဘလက်က အသားမပါဘူးလာ မေးလို့ ကမန်းကတမ်း အသားပါကြောင်း သက်သေပြဖို့ အပြေးအလွှား ဓါတ်ပုံရိုက်ပြီး ထပ်တင်လိုက်ပါတယ်။ 🙂 ပညာသည်မဟုတ်တဲ့ ပညာဝယ်လေး  မလုပ်တတ် လုပ်တတ် လုပ်ထားတာမို့ သူ့ခမျှာ ရုပ်လေးကတော့ မလှရှာပါဘူး။ ဒါပေမဲ့ အရသာတော့ ကောင်းတာမို့ အားပေးသွားပါဦး။ အားပေးပါဦး ကြက်သားပေါက်စီလေး။ ဒါက အနီးကပ်ပုံ။ ဇိမ်ပို့စ်ထဲမှာ အင်ဇာဂီက ပေါက်စီဓါတ်ပုံလေး တင်ထားတာတွေ့လို့  ပေါက်စီအကြောင်း ပို့စ်တင်ဖို့ အာရုံရသွားတယ်။  တမနက်လုံး ပေါက်စီလုပ်ဖို့ ဂျုံနယ်၊ အဆာအတွက်ပြင်နဲ့ အလုပ်ကိုရှုပ်လို့။ အားလုံးပြီးသွားတော့ ပေါက်စီတလုံး လက်ကကိုင်ပြီး ရွာထဲလည်း ဝင်လိုက်ရော မောင်မောင်ဂီဂီရဲ့ ပေါက်စီနဲ့ တန်းတိုးတာပဲ။  ဒါနဲ့  ရွာသူားတွေ ကိုယ်တိုင် အလွယ်လုပ်စားလို့ရအောင် ပေါက်စီလုပ်နည်းလေးတင်လိုက်ပါတယ်။ ပေါက်စီ (၈)လုံးစာ ၁. ဂျုံမှုန့် […]


NKDecember 23, 20111min1428
အညာအရပ်တွင် မိုးဖြိုင်ဖြိုင် ကျ ပြီဆိုလျှင် ပုတတ်တွေ လှိုင်လှိုင်ပေါ် ချေပြီ။ ပုတတ်ကောင်ကို ရုပ်လုံးပေါ် အောင် ခိုင်းနှိုင်းပြရလျှင် ပုတ်သင် ညိုနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သို့ သော် ပုတ်သင်ညိုလောက် အရွယ် မကြီးပါ။ အနေအထားမှာ ပုတ်သင် ညိုထက် အလျားရှည်လျက် ခေါင်း သေး၊ ခန္ဓာကိုယ်သေး၊ အမြီးသွယ် ပြီး ရှည်သည်။ ပုတ်သင်ညိုလောက် မကြီးပေမယ့် ပုတတ်အကြီးစား တစ် ကောင် ၁၅ ကျပ်သားကျော်ကျော် အချိန်စီးသည်။ ‘ပုတတ် လိမ္မာ၊ ဂယ်နှစ်မွှာ’ဟု ဆိုရိုးအတိုင်း သာမန် ပုတတ်သည် ဂယ်ပေါက်တစ်ပေါက် သာရှိသော်ငြား၊ လိမ္မာ ပါးနပ်သော ပုတတ်များသည် သူတို့ ခိုအောင်းနေ ထိုင်ရာ ကျင်းဝ ဝင်ပေါက်၊ ထွက် […]


ムラカミDecember 23, 20113min43934
ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..   ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ် ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း ……. စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား….. သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ…. လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..   ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက် စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….   မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ … […]


koyin sithuDecember 23, 20111min21415
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ […]


kaiDecember 21, 20112min2010
နိဒါန်း ကျန်းမာရေး၊ လုံခြုံရေး။ ဒီစကားလုံးလေးနှစ်ခုကို အပေါ်ယံအနေနဲ့ ကြည့်လိုက်ရင် ဆက်စပ်တယ်လို့ သိပ်မထင်ရပါဘူး။ ကျန်းမာရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်“ ဆိုတဲ့ စာသား၊ အေအိုင်ဒီအက်စ်၊ ကင်ဆာစတဲ့ ရောဂါဆိုးတွေ၊ ဒဗလျူအိတ်ဂျ်အို၊ ယင်လုံအိမ်သာ ဆောက်လုပ်ရေး စတဲ့ အကြောင်းအရာ တွေကိုပဲ မြင်ယောင်မိကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေကလဲ စစ်တပ်၊ ရဲ၊ လုံခြုံရေးဝန်ထမ်း၊ အကြမ်းဖက်မှု၊ ဗုံးပေါက်ကွဲမှု၊ ဒုစရိုက်မှုပပျောက်ရေး၊ နေတိုးအဖွဲ့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ စတာတွေကိုပဲ စဉ်းစားမိကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေးလုပ်သားတွေကလဲ နိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စတွေဟာ ကိုယ်နဲ့ မပတ်သက်သလိုပဲ ယူဆမိကြပါလိမ့်မယ်။ လုံခြုံရေးလုပ်သားတွေကလဲ မိသားစု […]


moethidasoeDecember 16, 20111min1070
HIV/AIDS ဗဟုသုတပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ တင်ပေးချင်လို့ ပါ knowledge fair မနက်ဖန်နေ့လည်မှာတော့ ဖျော်ဖြေရေး အစီအစဉ်မှာ လူငယ်များ ကိုယ်တိုင် ဦးစီး တင်ဆက်မယ့် အငြိမ့်၊ တေးဂီတ ဖျော်ဖြေရေး၊ မျက်လှည့် တို့ ပါ ပါမယ် အားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


koyin sithuDecember 16, 20111min1204
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက ပြောလေ၏။ ထို့ကြောင့်ကျွန်ုပ်က .. “မဟုတ်သေးပါ ဘူး ကိုပီတာကြီးရယ်၊ သတိရရင်လာရမှာပေါ့” ဟု ပြောလိုက်လျှင် ကိုပီတာကြီးက .. “သတိရနေတယ်ဆိုတော့ မင်းဟာ ငါရဲ့အာရုံထဲမှာ ရှိနေပြီလေကွာ၊ လာဖို့မလိုတော့ပါဘူး၊ ကောင်းကောင်း သတိရမရတဲ့ အခါကျတော့ […]


koyin sithuDecember 15, 20111min29719
တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။ “အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊ စိတ်မဆိုးပါနဲ့” ဟု ၎င်းကပြောလေ၏။ “ ကဲပါဗျာ.. ဒါတွေ ထားလိုက်ပါတော့ မနက်စာ ဘာနဲ့စားမလဲ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဓာတ်စာလိုလို ဘာလိုလိုမပြောနဲ့ ဝယ်ရခက်တယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက.. “ကတ်သီးကတ်သတ်တွေ မစားတတ်ပါဘူး ရိုးရိုး လွယ်လွယ်ပဲ စားတတ်တယ်၊ ဝက်သားဟင်းနဲ့စားမယ်၊ […]


NovyDecember 15, 20111min33726
ဒီနေ့တော့ ရုံးပိတ်တယ် ရှောပင် ထွက်ရင် ကောင်းမလား အလှပြင်ရင် ကောင်းမလား  အိုး.. မထူးပါဘူး နီးနီးနားနား လမ်းထဲ ကအလှပြင်ဆိုင် မှာပဲ အလှသွားပြင်တော့မယ် အလှပြင်ဆိုင်သွားတာတော့ ဟုတ်ပါပြီ  အင်း..ဘာလုပ်ရင်ကောင်မလဲ အသက်က 15 နှစ်လီလောက် ဖြစ်နေပြီဆိုတော့ အသားအရေကို ထိမ်းသိမ်းတဲ့ အနေနဲ့ ဘောဒီပေါင်းသွားတင်တာပဲကောင်းပါတယ် ဟုတ်ပြီ ဟုတ်ပြီ  အဲဒီ့ဆိုင်မှာ ဒီကောင့် လည်းချနေတယ်တဲ့ အင်း..ပြောနေကြာတယ် အခုပဲသွားလိုက်တော့မယ် ဟယ်.. အမ မလာတာကြာပြီ ဘာလုပ်မလဲပြော ဘော်ဒီပေါင်းတင်မလာလို့  ညီမရေ.. လာ အမ အကောင်းဆုံးလုပ်ပေးလိုက်မယ်နော် ဒီလိုနဲ့ ပေါင်းတင်တဲ့ အခန်းထဲ ရောက်သွားလေသတည်းပေါ့ ပေါင်းတင်တဲ့ ဆေးတွေ ဂျေးချွတ်ဆေးတွေလိမ်းနေတဲ့ အထိကတော့ ဟုတ်နေတာပဲ ပြီးတော့ ချွေးပေါက်တွေ ပွင့်အောင် အသားအရေလှအောင် ရေနွေးငွေ့နဲ့ […]


ムラカミDecember 15, 201110min31214
ဘောလုံးအကြောင်း ရေးမလို့ပါဗျာ .. (ပေါ့ပေါ့ပါးပါးဖြစ်အောင် ကျုပ် နဲ့ မိတ်ဆွေ တယောက်ယောက် စကားလက်ဆုံပြောတဲ့ ဟန် နဲ့ရေးမယ်ဗျာ..ကဲ စပြီ) ဂီ။ သည်မယ်ကိုယ့်လူ ..ဘောလုံး သမိုင်းမှာ အကောင်းဆုံးတောင်ပံ ကစားသမား ဘယ်သူလဲ သိလား ? ဆွေ။ သိတာပေါ့ကွ ... L.Messi လား ? C. Ronaldo လား ? ဂီ။ မဟုတ်ဘူးဗျ။ ဆွေ။ ဘာလို့လဲ? ဩ .....နှစ် အနည်းငယ်ပဲ ပေးဆပ်ရသေးလို့။ ခုနေ သေသွား ကျိုးသွားရင် workdone သိပ်မများသေးလို့ .....အကောင်းဆုံး စာရင်း မဝင်ဘူးလို့ ငြင်းချင်တာလား? ဂီ။ ဆိုပါဦးဗျာ.. ဆွေ။ ကဲ ဒါဆို ဟုတ်ပြီကွာ ဒါဆို G.Best ကွာ .. R.Giggsကွာ ... P.Nedved […]