kaiNovember 13, 20152min146924
ဒီထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပါတ်သက်တဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို သိမ်းထားဖို့ရည်ရွယ်ပါတယ်။ နောက်နောင်အချက်အလက်ရှာတဲ့အခါ လွယ်အောင်ပါ။ ရွာသူားများ… ကော်မန့်တွေနဲ့ ကြိုက်တာတွေ မှတ်တမ်းထားလိုတာတွေ လာဖြည့်ကြစေလိုပါကြောင်း..။ ====================== ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃၈ ၊ အမျိုးသားလွှတ်တော် အတွက် ၁၁ဝ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၄၀၁ ဦးရှိနေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၆၁ ဦး ရရှိနေပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ၊ အမျိုးသားလွှတ်တော်အတွက် ၃ ၊ ပြည်နယ်အတွက် ၂၆ ဦး ရရှိနေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ( တိုင်းရင်းသားလူမျိုး […]


kaiOctober 17, 20151min2808
ဒီမိုကရေစီစနစ်နှင့်သွားမည်ဆိုလျှင် လူထုကြီးက မိမိတို့ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးရမည့်သူကို ရွေးကောက်တင်မြောက်ပေးခြင်းဖြစ်စဥ-်ရွေးကောက်ပွဲ(ဝါ)မဲဆန္ဒခံယူပွဲကို လက်ခံရလိမ့်မည်။ ရွေးကောက်ပွဲ တရားမျှတသည်၊မမျှတသည်က case-by-case တပိုင်း/တကန့်စီဖြစ်လေသည်။ အများဆန္ဒခံပွဲကိုမငြင်းစကောင်း။ ပါဝင်ပါတ်သက်ရမည်။ မဲပေးရွေးကောက်ပေးရမည်။ ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ခံရသူသည် မိမိကိုယ်စားပြုရာ နယ်ပယ်ဒေသတွင်လူထု၏ နိုင်ငံရေးကိစ္စအဝအဝကို တာဝန်ယူဖြေရှင်းပေးရမည့်ကိုယ်စားလှယ်ဖြစ်လာသည်။ ဆန္ဒမဲပေးပြီးလျှင် လူထုအများစုသည်လည်း မိမိ၏နိုင်ငံရေးရေချိန်မြင့်ထားရမူကိုလျှော့ချကာ နေ့တဓူဝကိစ္စ၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျမ်းမာရေးကိစ္စများအတွက် အားစိုက်လုပ်ကြရပြန်ပါသည်။ တိုင်းပြည်တပြည်တွင် လူတိုင်း၏နိုင်ငံရေးရေချိန်သည် တချိန်လုံးမြင့်မနေသင့်။ အချိန်ကုန်လူပန်းလှပါ၏။ လူ့သက်တန်းအပါဝင် ဘဝအချိန်ဟူသည် အတိုင်းအတာတခုရှိသည်မဟုတ်လော။ အမေရိကားတွင် အမေရိကန်တို့သည်သမ္မတရွေးကောက်ပွဲကို Super Bowl အားကစားပွဲလောက်ပင်စိတ်မဝင်စားကြ။ မဲပေးနိုင်သူ၏ 57.5%(2012 )မျှသာမဲပေးခဲ့ကြသည်။ အမေရိကပြည်ထောင်စုသည် အတိုးတက်ဆုံးသော ဒီမိုကရေစီနိုင်ငံကြီးတခုပေတည်း။ ဘက်လိုက်မီဒီယာ ရွေးကောက်ပွဲဖြစ်လျှင် မည်သူတို့က မည်မျှမဲပေးခဲ့သည်ထက် မည်သူတို့ကမဲကိုရေတွက်သည်ကလွန်စွာအရေးကြီးပါသည်။ ရေတွက်ခြင်းတို့ တရားမျှတမှန်ကန်ရန် စောင့်ကြည့်ကြရမည့်တာဝန်မှာ လွတ်လပ်သည့်စောင့်ကြည့်အဖွဲ့တို့တွင်ရှိသည်။ […]


kaiSeptember 21, 20151min74021
လူသားဟူသည် အစုအဖွဲ့အအုပ်နိုင်ငံတို့နှင့်နေကြရရာဝယ် အမျိုး၊ဘာသာ၊သာသနာနှင့် ချည်နှောင်ခြင်းဖြင့် စုစည်းနေထိုင်ကြတတ်ကြပါသည်။ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်သည့် ဘာသာ သာသနာသည် လူသားတို့ကို လမ်းညွှန်ပြအဆင့်တွင်ရှိရသော်လည်း လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှုသိပ္ပံအတတ်ဖြစ်သည့် နိုင်ငံရေးတွင်ဝင်စွက်ဖက်ပါဝင် ဥပဒေပြုသောအခါတွင် ဘာသာသာသနာနှင့် နိုင်ငံရေး၏ဟန်ချက်ဂေဟပျက်ပါသည်။ ဘာသာရေးနှင့်နိုင်ငံရေး အပြန်အလှန်စည်းနီခြားထားသင့်ကာ အနီစည်းမကျော်စကောင်း။ ရေကြည်ရာမြက်နုရာ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦး၏ သုံးသပ်ချက်များအရ ကချင်၊ရှမ်းပြည်နယ်နေ ဂျိန်းဖော၊လားဟူ၊ လီဆူး၊ ဝ၊ ထိုင်(Tai/Dai) စသည့်တိုင်းရင်းသားတို့မှာ ၁၈၁၅ခုက အင်ဒိုနီးးရှား၏Tambora မီးတောင်ကြီးပေါက်ပြီးနောက်မှ သဘာဝဘေးရှောင်ရင်း ယူနန်နယ်မှ မြန်မာပြည်သို့အခြေချနေထိုင်လာသူများဟု ဆိုထားပါသည်။ ထိုခေတ်က ဘကြီးတော်မင်းသည် အာသံ၊မဏိပူရ (ယခုအိန္ဒိယ) ကိုသိမ်းသည်။ ထိုမှ ထိုနယ်သားများစွာကို ဧရာဝတီမြစ်ဝှမ်းတွင် စစ်ပြေးသုံ့ပန်းများအဖြစ် ထားခဲ့သည်ဆိုပါသည်။ လူသားဟူသည် သဘာဝနှင့်လူလုပ်ကပ်ဘေးများကြောင့်ရေကြည်ရာမြက်နုရာကို ရွေ့ပြောင်းနေထိုင်တတ်ကြသည်။ ထိုမှ အရင်ရောက်နှင့်သူ အရှေ့မှဝင်လာသူ၊ အနောက်သို့သွားကြသူတို့သွေးနှောကြခြင်းမဟုတ်ပါလော။ မြန်မာ့ရိုးရာဖြစ်လာနေသော ဟိန္ဒူတို့၏ […]


kaiSeptember 2, 20152min122738
The Most Popular Countries for Sex Tourism Posted: 09/01/2015 11:05 am EDT Updated: 09/01/2015 11:59 am EDT Dominican Republic – prostitution is legal Thailand – prostitution isn’t strictly legal, it’s not exactly illegal either Cambodia – prostitution (though illegal) has risen in recent years The Netherlands – legal marijuana and rampant (and unapologetic) sex industry. […]


kaiAugust 17, 20151min65927
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးဧဧ။ ဝါခေါင်တကြောင်း၊ ထနောင်းကျောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။ – မုံရွေးဆရာတော်မှတ်စု = ”ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာတောင်ကချောင်း၊ ရွာနောက်ပေါင်းကို၊ – ရှင်ငြိမ်းမယ် အိုင်ချင်း မြန်မာတို့၏ ၁၂-လရာသီမိုးဘွဲ့ပါ ဝါဆိုနှင့်ဝါခေါင်လ၏ မိုးအခြေအနေပြ ကဗျာ၊ ရှေးအိုင်ချင်း ကောက်နှုတ်များဖြစ်ပါသည်။ မိကျောင်းပန်းတို့ ဖွေးဖွေးထကာ မိုးအေးလေးများရွာမည်။ ဝါခေါင်တွင်ကား မိုးကားမသည်း၊ သို့သော် ချောင်း၌ကား ရေဖောင်ဖောင်ထမည်ဟုဆိုလေသည်။ ယခုနှစ်တွင် ဝါထပ်ပေရာ ဒုတိယဝါဆို ဇူလိုင်လကုန်တွင်သည်းသည်းမည်းမည်းရွာခဲ့သောမိုးတို့ကြောင့် မြန်မာပြည်တွင်တဝှမ်း ပြည်နယ် ၁၂ခုနေ လူ၁သန်းကျော် ရေကြီးရေလျှံ မြေပြိုဒုက္ခခံစားနေကြရ၏။ မိုးဘွဲ့ဆိုထုံးကို ရေကြီးမြေပြို ဒုက္ခကပ်ဘေးဆင့်ထားပါလေသည်။ အမေရိကားတွင်လည်း ကယ်လီဖိုးနီးယား၌ သမိုင်းဝင်မိုးခေါင်ခြောက်သွေ့လွန်းနေသည်။ အခြားပြည်နယ်များသည်လည်း […]


kaiJuly 15, 20151min4156
[(ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ၊ တို့အမျိုးသားတိုင်းပြည်) (မွဲတဲ့လူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မတဲ့ကိန်းဆိုက်ပြီ။)] ဆင်းရဲခြင်းလွတ်ကင်းအောင် မြန်မာပြည်တွင် တရက်အနည်းဆုံးပေးရမည့်လုပ်အားခငွေကို ၃၆၀ဝကျပ် သို့ဇွန်လကုန်ကတိုးမြင့်သတ်မှတ်လိုက်ကြသည်။ အမေရိကပြည်၏ ဖယ်ဒရယ်မှ သတ်မှတ်ထားသော (အနည်းဆုံး)တနာရီဝင်ငွေသည်ကား ၇.၂၅ဒေါ်လာ၊ ဗမာကျပ်ငွေ၉ထောင်မျှရှိပါသည်။ တကယ်တော့ မြန်မာပြည်သည် အမျိုးသားကုန်ထုတ်လုပ်မှု(GDP)မြင့်မားစွာနှင့် အောင်မြင်တိုးတက်နေသောတိုင်းပြည်ကားမဟုတ်သေး။ စက်မှုမဆိုထားနှင့် လက်ရှိလက်မှုလယ်ယာကိုပင် လယ်သိမ်းခံ၊မြေသိမ်းခံနှင့် လယ်လုပ်သူလယ်ပိုင်ခွင့်လေးကိုပင် အနိုင်နိုင်တောင်းဆိုနေရသေး၏။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများလည်း အတောမသတ်နိုင်။ ပင်အပ်မှသည် လေယာဉ်ပျံအထိ အလုံးစုံမျှကို ပြည်ပမှ မှာယူတင်သွင်းနေရကား တိုင်းပြည်တွင်ကုန်သွယ်ရေးလိုငွေအကြီးအကျယ်ပြနေသလို နိုင်ငံတော်ကြီးမှာလည်း အကြွေးဝန်ပိလျှက်နေပါလေသည်။ သို့ဆိုသော် ယခုသုံးစွဲလည်ပါတ်ငွေများ အဘယ်ကလာသနည်း။ လူထုကလည်းအခွန်ငွေကိုအမှန်မဆောင်။ အစိုးရနှင့်သူ၏ဝန်ထမ်းများကလည်း တာဝန်ယူမှုမရှိ၊ မိမိကိုယ်၌ကိုယ်က ဝင်ငွေအမှန်မပြနိုင်ဟူ၍ ခေါင်ကစမိုးယိုနေ၏။ တိုင်းပြည်သည် […]


kaiJune 16, 20151min81925
ဒီမိုကရေစီနိုင်ငံရေးတွင် မဏ္ဍိုင်ကြီး၃ရပ်ဟူသည်ရှိသင့်၏။ ရှေးဂရိခေတ်မှသန္ဓေတည်စခဲ့ကာ ၁ရရာစုပြင်သစ်ပြည်တွင်ပုံသဏ္ဍန်တိကျပေါ်လာသည်။ ထိုမှ ယခုခေတ်ကာလတွင်အအောင်မြင်ဆုံးသော ဒီမိုကရေစီနိုင်ငံကြီးများက မိမိဇာတိပုညတို့နှင့်လိုက်ဖက်ညီအောင်ပြုစုကာကျင့်သုံးနေကြပါသည်။ United States of America အမေရိကပြည်ထောင်စုသည် အုပ်ချုပ်ရေးမဏ္ဍိုင် (သမ္မတနှင့် ဖယ်ဒရယ်ဝန်ထမ်း ၅သန်းမျှ)၊ ဥပဒေပြုရေးမဏ္ဍိုင်( လွှတ်တော်အမတ်တို့၏စိနိတ်နှင့်ကွန်ဂရက်)၊ တရားစီရင်ရေးမဏ္ဍိုင်( တရားလွှတ်တော်ချုပ်) တို့ဖြင့် အပြန်အလှန်ထိန်းကျောင်းထောက်ပို့နိုင်သော အစိုးရဖွဲ့ထားပေသည်။ သမ္မတကို လူထုက တိုက်ရိုက်/သွယ်ဝိုက်တင်မြောက်သည်။ သမ္မတသည် စစ်တပ်၏အကြီးအကဲ Commander-in-chief ဖြစ်ကာ လွှတ်တော်မှတက်လာသော ဥပဒေကြမ်းတို့ကို ဗီတိုအာဏာသုံးပယ်ချနိုင်သည်။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်နိုင်သည်။ ဥပဒေပြုရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ရသုံးငွေဘက်ဂျက်ကို ဖြတ်တောက်၍ အစိုးရကိုပိတ်ပစ်လိုက်နိုင်သည်။လွှတ်တော်သည် အခြေခံဥပဒေကိုပြင်ဆင်နိုင်သည်။ ကော်မတီ/ကော်မရှင်ဖွဲ့ကာသမ္မတအပါအဝင် နိုင်ငံသားမည်သူကိုမဆို ကြားနာစစ်ဆေးခွင့်ရှိ၏။ တိုင်းပြည်၏ အခွန်ဝင်ငွေ၊ ဘက်ဂျက်ငွေ၊ ရသုံးငွေတို့ကို ချုပ်ကိုင်စီမံနိုင်သဖြင့် လူထုကရွေးကောက်တင်မြောက်ထားသော လွှတ်တော်အမတ်တို့တွင် ငွေကိုင်အာဏာရှိနေခြင်းဖြစ်သည်။ သမ္မတက ရွေးချယ်ပေး၍ လွှတ်တော်မှအတည်ပြုပေးရသော […]


kaiMay 13, 20151min42411
၆ပွင့်ဆိုင်ဆွေးနွေးမှုကို ဧပြီလ ၁ဝရက်နေ့ကနေပြည်တော်တွင်ပြုလုပ်ခဲ့သည်။ ယခုမေလအတွင်းထပ်မံပြုကြဦးမည်။ အဆိုပါ၆ပွင့်ဟူသည် သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္က္ကဋ္ဌ နှစ်ယောက်ဖြစ်သည့်ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့အားခေါ်ခြင်းဖြစ်ပါသည်။ ၆ပွင့်ထဲတွင် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကပြည်သို့ တခေါက်စီရောက်ဖူးကြကာ ဦးရွှေမန်းသည်သာ ယခုလဆန်းပိုင်းက အမေရိကအောက်လွှတ်တော်ဥက္က္ကဋ္ဌ၏ဖိတ်ကြားချက်အရ ၂ခေါက်မြောက်ရောက်ဖူးလေသည်။ စိန့်ပြည်(China)မှအပြန်တွင်အမေရိကပြည်သို့ဝင်လာခဲ့ခြင်းဖြစ်၏။ နဂါးနိုးထခဲ့ပြီ လွန်ခဲ့သောရာစု၂ခုခန့်ကတည်းက နပိုလီယန်မှ အရှေ့ဖက်ဆီကနဂါးကြီးကိုသွားမနှိုးမိပါစေရန်သတိပေးခဲ့ဖူးသည်။ နိုးလာလျှင် ကမ္ဘာကိုင်လှုပ်ခံရလိမ့်မည်ဟူသတတ်။ ယခုနဂါးကြီးနိုးထနေလေပြီ။ စိန့်ပြည်(ဝါ)ဂန္ဓလရာဇ်တိုင်းသည်လူ့ယဉ်ကျေးမှုနှစ်၃ထောင်ကျော်ခရီးဖြတ်ခဲ့သည့် စက္ကူနှင့်ယမ်းထီထွင်ထားနိုင်ခဲ့သောနိုင်ငံကြီးဖြစ်၍ ၂၁ရာစုတွင်မူ ကမ္ဘာ့ထွက့်ကုန်အများဆုံးထုတ်ပေးနေသည့်စက်ရုံကြီးဖြစ်နေကာ အမေရိကပြည်ထောင်စု၏ အကြီးဆုံး မြီရှင်(ဒေါ်လာ ၁.၃ ထရီလီယံ)လည်းဖြစ်၏။ စိန့်ပြည်နှင့် ကုလားပြည်(အိနိ္ဒယ)တို့၏ အာရှသည် ကမ္ဘာ့လူသားတို့၏အတွေးအခေါ်၊ယဉ်ကျေးမှုတို့ကို နှစ်ထောင်ချီလွှမ်းမိုးထားနိုင်ခဲ့ဖူးသည်။ စိန့်ပြည်၏အကူအထောက်ဖြင့် မြန်မာပြည်ကွန်မြူနစ်(ဗကပ)တို့ သူပုန်ထဖူး တော်လှန်ခဲ့ကြဖူးသည်။ တရုတ်ဖြူ(ယခုထိုင်ဝမ်)တို့နှင့်တရုတ်နီ(ယခုကွန်မြုနစ်စိန့်ပြည်) တို့သည် မြန်မာ့မြေတွင် ခြေခင်းက စစ်ဖြစ် […]


kaiApril 14, 20151min115236
အတာသည် အန္တ္တ၊ သင်္ကြန်သည် သင်္ကန္တဟူသောပါဠိမှလာ၍ အဆုံးရောက်၍ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရသည်။ နှစ်အကူးအပြောင်းတွင် နှစ်ဟောင်းကိုဆေးကြော၍နှစ်သစ်ကိုအေးချမ်းခြင်းအားဖြင့်ကြိုဆိုရန် မြန်မာတို့ရေလောင်း ပက်ဖြန်းဓလေ ့ပြုခဲ့ကြသည်။ အတာသင်္ကြန်ပွဲသည် ဟိန္ဒူအယူဝါဒမှလာသည်ဖြစ်ကာ မြန်မာ့ဓလေ့ရိုးရာတွင် ဟိန္ဒူအယူအားကောင်းခဲ့သောပျူခေတ်ကတည်းက ရှိနေမည်ခန့်မှန်းရပါသည်။ မိဘုရားစောလုံအပေါ် သင်္ကြန်ရေလောင်းခြင်းအားဖြင့် အကျီစားသန်ခဲ့သည့်အတွက် မင်းအပေါ်အမျက်သိုကာ အဆိပ်ခတ်လုပ်ကြံသည်အထိဖြစ်သွားခဲ့ရသော ပုဂံခေတ်၊ နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)၏ဇတ်လမ်း အမှတ်ရကြပါလိမ့်မည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ပုဂံရာဇဝင်လေးချိုးကြီး၌လည်း အောက်ပါအတိုင်းစပ်ဆိုကာ သတိပေးဖူးသည်။ “ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊ သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊ ချောဂုဏ်နဲနွဲ့ရှာတဲ့ စောလုံရဲ့ပုဂံရာဇဝင်တရား” “စောလုံစောင့်ပါခလှည့်”ဟု တမ်းတမ်းတတ နောင်တစကားသည် မြန်မာတို့ သမိုင်းဝယ်မှတ်တမ်းမှတ်ရာအဖြစ် ပထမဆုံးကျန်ရစ်သည့် သင်္ကြန်ခြေရာဖြစ်ပေသည်။ ခေတ်သင်္ကြန် ယခုခေတ်သင်္ကြန်သည်ကား စောလုံကို ရွဲ့၍လုပ်နေသည်ထင်ကြရလောက်အောင် အကျီစားသန်ကြသည်။ ရန်လည်းများကြသည်။ သင်္ကြန်သည်ကာလနှင့်အတူ သင်္ကန္တဖြစ်ခဲ့လေပြီ။ ပွဲတော်တွင်းလူထူထပ်သည်ကိုအကြောင်းပြုကာ ဈေးကွက်စီးပွားရေးဖြင့် ကြော်ငြာသင်္ကြန်ဖြစ်ခဲ့လေပြီ။ နှစ်ကူးတန်ခူးလအချိန်ကား ‘တန်ခူး […]


kaiApril 3, 20152min593445
This video’s been making its way around the traps this morning. Pretty powerful. Check it.Beyond Blue #stopthinkrespect Posted by AIME on Monday, July 28, 2014 ================== Press Releases 04.01.15 Pelosi Statement on Bipartisan Delegation Visit to Burma Democratic Leader Pelosi’s bi-partisan delegation statement: “In keeping with our delegation’s priorities, we discussed security cooperation, human rights […]


kaiMarch 15, 20151min85136
မတ်လသည် မြန်မာပြည်တွင် စနစ်နှင့်သူ၏တော်လှန်ရေးတို့မွေးဖွားရာလဖြစ်သည်။ နှင်းငွေ့၊ နှင်းပေါက်၊ ဆီးနှင်းခဲ ဒဏ်တို့ကို တဆောင်းတွင်းလုံး ကြံ့ကြံ့ခံရပ်တည်ခဲ့ရသော ခြောက်သယောင်းထ သစ်ပင်သစ်ကိုင်းတို့ဝယ် ရွက်နုဝေပွင့် ညွှန့်သစ်ဖူးသောလဖြစ်ပါသည်။ မကြာမှီ ဧပြီဝင်ကာ မြန်မာတို့၏နှစ်သစ်ဦးလာတော့မည်။ ယခုနှစ်သစ်သည် စိန့်ပြည်သားတို့အလိုအရ ဆိတ်နှစ်ဖြစ်ကာ မြန်မာတို့အတွက်မူ ၁၃၇ရ နှစ်ဖြစ်လေသည်။ ပြဌာန်းပြီးအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်တောင်းဆိုထားခြင်းကို ရက်ပေါင်း၆ဝလစ်လျှူရှုခဲ့သဖြင့် မန္တလေးမှသည်ရန်ကုန်သို့ ဇန်နဝါရီ ၂ဝမှစတင်ကာကျောင်းသားထုသပိတ်မှောက်ချီတက်ခဲ့ပြီး ၄ပွင့်ဆိုင်ဆွေးနွေးမှုအရ သဘောတူညီချက်ရပြီးဖြစ်သည်။ မတ်လ ၁ဝရက်နေ့ဝယ် ရန်ကုန်သို့ဆက်လက်ချီတက်ခွင့်တောင်းထားသည့်ကျောင်းသားနှင့်ရဲတို့ လက်ပံတန်းတွင်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကြကာ အကြမ်းဖက်နှိမ်နင်းခံလိုက်ရသည်။ အောင်ပွဲခံ၍ရန်ကုန်ဝင်ရန်အတွက်မစွမ်းနိုင်ခဲ့ပဲ ကျောင်းသားကျောင်းသူနှင့်ရဟန်းရှင်လူ ၁၂ရယောက်ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရလေသည်။ ရန်ကုန်အရောက်ချီတက်ကြခြင်းကို တားမြစ်ရာတွင် အစိုးရအာဏာစက်နှင့်အတူ မဟနနှင့် မဘသ၏ ဝီရသူဆရာတော်တို့ကလည်း စာပြန်တမ်းထုတ်ကာ ဓမ္မစက်ပြခဲ့သည်ကိုတွေ့ရပါသည်။ သို့ပါ၍ ယခုလတွင် နိုင်ငံရေးနှင့်ဘာသာရေး အကြောင်း ဤသူမြင်မိသလိုရေးပါမည်။ ဘာသာကြီး၄ခုနဲ့နိုင်ငံရေး ဘာသာရေးဟူသည် လူတယောက်ချင်း၏ယုံကြည်ချက်ဖြစ်ကာ နိုင်ငံရေးမှာမူ […]


kaiFebruary 13, 20151min56929
အမည်မရှိ/မသိ လူမျိုးနှင့်နိုင်ငံတော် ကမ္ဘာ့လူဦးရေသန်း ၃၆ဝကျော်အသုံးပြုနေ၍ နိုင်ငံပေါင်း ၆ရနိုင်ငံတွင်တရားဝင်သုံးဘာသာစကားသည် အင်္ဂလိပ်စာဖြစ်သည်။ နိုင်ငံအရေအတွက်ကျယ်ပြန့်စွာသုံးစွဲမှုအရလိုက်လျှင် ဒုတိယ ပြင်သစ်စာနှင့်၊ တတိယ အာရဘစ် တို့ဖြစ်၏။ အင်္ဂလိပ်စာတွင်  မြန်မာတို့သည်သာ (ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅နိုင်ငံထဲတွင်) နိုင်ငံ=Myanmar လူမျိုး=Myanmar ဟုတူလျှက်ရှိနေလေသည်။ Miean-Burman-Myanmar နိုင်ငံခြားသားတို့၏မှတ်တမ်းများအရ မြန်မာတို့၏ မူလအမည်သည် မာကိုပိုလို၏ခရီးသွားစာအုပ် (ခရစ်သက္ကရာဇ် ၁၃၀ဝခန့် )ခန့်တွင် Capters LI-LIV of Book II ၌ပေါ်ခဲ့ဖူးသည်။ မြန်မာပြည်ကို Mien ဟုခေါ်ကာ ထိုခေတ်ပုဂံမင်းနေပြည်တော်ကို Amienဟုသုံးနှုန်းထားသည်။ Tibeto-Burman ဘာသာစကားနွယ်ပြောသော လူမျိုးကြီးတစုကို Burman ဟုခေါ်ပါသည်။ အင်္ဂလိပ်တို့က မြန်မာတို့ကို Burman (1814 ခုထုတ် F. CAREY ၏ Grammar of the […]