kaiAugust 20, 20102min2762
ကွဲပြားခြင်းကြောင့် ခွဲခြားခြင်း လူသည် အသားအရောင်ကွဲနိုင်သည်။ အရပ်အမောင်းကွဲနိုင်သည်။ ဣတ္ထိလိင်၊ ပုလ္လိင်၊ နပုန်းပဏ္ဍုက်ဖြစ်နိုင်သည်။ ရုပ်ခန္ဓာတွင် တဦးနှင့်တဦး မတူညီကွဲပြားခြင်းအားလုံးကို ရှုမြင်ကာ ခွဲခြားနိုင်သည်။ ကိုးကွယ်ယုံကြည်ရာဘာသာ ကွဲနိုင်သည်။ မွေးရာဒေသကွဲနိုင်သည်။ ဇာတိမျိုးနွယ်ကွဲနိုင်သည်။ အမူအကျင့်ကွဲနိုင်သည်။ ကျွမ်းကျင်မှုကွဲနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ခြားနားချက်ဖြင့်လည်း ခွဲခြားနိုင်ပါလေသည်။ တဦးတယောက်စီ၏ ဩဠာရိက(ရုပ်ကြမ်း)၊ သုခုမ(ရုပ်နု)တို့ မည်သောအခါမှ ထပ်တူကျအောင်ပြုစုပြင်ယူနိုင်ခြင်း မဖြစ်နို်င်လေရာ မဖြစ်နိုင်သည်များကို ခွဲခြား အုပ်စုသွင်းကြခြင်းသည် လူ့ဓလေ့၊ လူ့သဘာဝမျှသာဖြစ်သော်ငြား Ingroup, Outgroup မိမိနှင့်တအုပ်စုတည်း(သို့မဟုတ်)အုပ်စုအပြင်မှလူ စသဖြင့် ခွဲခြင်းဖြစ်သာ မတင်းတိမ်မူပဲ တဖက်နှင့်တဖက် အပြန်အလှန်အင်အားပြိုင်မှုများဖြစ်လာအောင် အားထုတ်ပြုလုပ်လာလျှင်ကား အဆိုပါသူ(အုပ်စု)၏ ရည်ရွယ်ချက်နှင့် စေတနာသည် အရေးပါအရာရောက်လာတော့မည်ဖြစ်ပါသည်။ လူတူ၊ ရောင်ကွဲများ မတူညီသောကာလ၊ဒေသ၊ပယောဂတို့ကြောင့် လူသားမျိုးနွယ်တို့သည် အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လူနေမှုပုံစံ၊ ဓလေ့ထုံးတမ်းများလည်း ကွဲပြားခြားနားကြပါသည်။ အာဖရိကတိုက်ဇာတိနွယ်များက […]


kaiJuly 30, 201012min183041
1. နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့သူတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ သတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၅၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။ အဲဒါကိစ္စအတွက် မန်ဘာများ အောက်မှာ ကော်မန့်ပေးပြီး ပါဝင်ဆွေးနွေးပေးကြဖို့ တောင်းဆိုပါတယ်။ 2. Mandalay Gazette ရဲ့ Hosting ထားတဲ့ဆာဗာဟာ မကြာခဏ ကျကျသွားတတ်တာမို ့ နေရာ  ပြောင်းလိုပါတယ်။ အဲဒီအတွက် Dedicated […]


kaiJune 19, 20101min3001
“အင်မီဂရေးရှင်းရီဖွန်င်း”ဟူသောအသံကိုထင်ရှားစွာကြားနေကြရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရောက် ကျွန်ုပ်တို့သည် မြန်မာပြည်ဖွားအများစုဖြစ်သည့်အလျှောက် အဆိုပါအသံမျိူးသည် ခေါင်းထောင်၊နားစွင့်ကြည့်သင့်သည်ဖြစ်ပါ၏။ လဝက ပြုပြင်မှု (၂၀၀၈)နိုဝင်ဘာ သမ္မတ ရွေးပြိုင်ပွဲတွင် အိုဘားမားသည် အမေရိကပြည်တွင်းရောက် တရားမဝင်ရွှေ့ပြောင်းခိုလှုံနေသူတို့ကို နိုင်ငံသား ဖြစ်တည်မှုလမ်းကြောင်းပေါ်ရောက်အောင် မြှင့်တင် ကိုင်တွယ်ပါမည့်အကြောင်းရွေးကောက်ပွဲကတိထားခဲ့သည်။ သမ္မတဖြစ်လာပြီးနောက် ဆောင်ရွက်နေဟန်ရှိသော ရွေးကောက်ပွဲကတိအကောင်အထည်ဖော်မှုများတွင်လည်း ဦးစားပေးအမှတ်စဉ်တခုအဖြစ်ထားထားဟန် တူပါသည်။ တရားမဝင်နေထိုင်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အဆိုပါဥပဒေ၏ သက်ရောက်လာမည့် အကျိုးတရားဖြစ်သည်။ မတ်လကုန်ပိုင်းက အမျိုးသားကျမ်းမာရေးပြုပြင်မှုဆိုင်ရာဥပဒေပြုရာတွင် အာဏာခေါင်းကိုင်ပါတီအနေနှင် ့ကြီးစွာသော လုံ့လစွမ်းအားတို့အသုံးချလိုက်ရသဖြင့် ယခုနှစ်(၂၀၁၀)အတွင်း ဥပဒေပြုကိုင်တွယ်ဆောင်ရွက်နိုင်မည့်ဟန်မရှိသော အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတို့အကြောင်း တွေးဆရေးချလိုပါသည်။ လက်တီနား။လက်တီနိုတွေ ပြီးခဲ့သော ဆယ်စုနှစ် (၄)ခုအတွင်း အမေရိကန်ပြည်ထောင်စုသို ့အများဆုံးရွေ့ပြောင်းနေထိုင်လာကြသူတို့မှာ နယ်နမိတ်(၁၉၆၉)မိုင်ထိစပ်နေသော မက်စီကိုနိုင်ငံမှဖြစ်ကြသည်။ လက်ရှိတွင်လည်း တရားမဝင်ရွေ့ပြောင်းခိုလှုံနေသူ (၁၁)သန်းကျော်တွင် တဝက်ကျော်(၅ရရာခိုင်နှုန်း)မှာ မက်ဆီကိုနိုင်ငံနှင့်(၂၄ရာခိုင်နှုန်း)မှာလက်တင်အမေရိကနိုင်ငံများမှ ဖြစ်ကြသည်ဟု စာရင်းများကပြပါသည်။ မြန်မာများအမေရိကသို ့အခြေချစ နှစ်ဦးများတွင် […]


ShwemannmayJune 2, 20101min3362
သို ့ကိုအက်ဒမင်ေ၇ ပို ့စ်တွေက တင်ကြတာ စာလုံးဘိုးအေလောက်ကြီးတွေနဲ ့ ဖတ်ရတာခေါင်းစဉ်နဲ ့တင် စာမျက်နှာကြီးကို ပြည့်သွားတာမို ့ အဲဒါလေးသတိပြုမိအောင် လက်တို ့လိုက်တာပါ ရွှေမန်းမေ


manawphyulayMay 8, 20101min2812
စာစီစာရိုက် အဆင်မပြေသူများ၊ အမြန်လိုနေသူများ အလုပ်လက်ခံဆောင်ရွက်ပေးနေပါသည်။ ညှိနှိုင်းအဆင်ပြေအောင် လုပ်ဆောင်ပေးပါမည်။ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


kaiApril 14, 20101min2981
စာတလုံးသည် စကားများစွာပြောပါသည်။ ပြောသောစကားများသည် အဓိပ္ပါယ်များစွာနှင့်ကွေ ့ကောက်နေနိုင်သည်။ ရှင်းဖြောင့်စေနိုင်သည်။ အတွေးများစွာပေးနိုင်သည်။ အမြင်များစွာ တွေ့နိုင်သည်။ အက္ခရာ ဤမြေကမ ္ဘာပေါ်တွင် သတ်ပုံဖြင့်စာရေးနည်းကို လွန်ခဲ့သော နှစ်(၅၄၀၀)ကတည်းက ဆုမေးရီးယန်း(ယခု အီရတ်တောင်ပိုင်း)တွင်သုံးစွဲနေခဲ့သည်ဆိုသည်။ ထိုနောက် တဆင့်တက်၍ ဘီစီ ၁၀၀၀(လွန်ခဲ့သော နှစ်၃၀၀၀) ခန့်တွင် အီဂျစ်၌ အက္ခရာဖြင့်စာရေးနည်းပေါ်ပေါက်လာကာ အိန္ဒိယတွင်မူ ဗြဟ္မီအက္ခရာမှာ လွန်ခဲ့သော နှစ် ၂၈၀ဝ ကျော်က စတင်အသုံးပြုခြင်းဖြစ်သည်။ မြန်မာစာပေ၏သမိုင်းအစမှာ ဂေါတမဗုဒ္ဓ၏ နှုတ်ကပါဌ်တော်ကို စာဖြင့်ချရေးနိုင်သော ဗုဒ္ဓစာပေခေတ်( မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံပြီး အနှစ် ၄၀ဝ ကျော်)မှ စခဲ့သည်ဖြစ်သဖြင့် လွန်ခဲ့သော အနှစ်၂၀၃၅မှစတင်သည်ဆိုနိုင်ပါမည်။  ဤမျှသက်တန်းရှည်ကြာလာသော စာပေတွင် ကွန့်ညွှန့်၊ကွေ့ဝိုက်လှပချက်များ များစွာရှိမည်ကိုကား ငြင်းဖွယ်မရှိဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့၊မန္တန်၊ယတြာ၊ဓါတ်ရိုက်၊ဓါတ်ဆင်တို့သည် အက္ခရာ စာလုံးများကို အခြေခံ၍စီရင်ကြသည်လည်း […]


kaiApril 2, 20102min3755
myanmargazette.net တွင်ရေးသားနေသူများသို့…. (Myanmar Celebrity Team) မှ အောက်ပါမေးလ်ကိုလက်ခံရရှိပါသည်။ စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်းတွေ့ရှိရသဖြင့် myanmargazette.net တွင်စာရေးသားသူများကို သတိပေးလိုပါသည်။ မိမိတု့ိရရှိမည်ဖြစ်သောအကျိုးအမြတ်အနည်းငယ်မျှအတွက် သူတပါး၏ အကျိုးစီးပွားကို ရယူသုံးရန်မသင့်ပါ။ သတင်းသမား၊စာရေးဆရာ၏ ကျင့်ဝတ်နှင့်လည်း မညီညွတ်ပါ။ စဖွင့်ကတည်းက တင်ပေးထားသော myanmargazette.net တွင်စာရေးနေသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထပ်မံဖေါ်ပြအပ်ပါသည်။ https://myanmargazette.net/?p=45 သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။ အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။ မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို […]


kaiFebruary 28, 20101min3882
လွင့်ပါးဆုံးရှုံးမှု ကြီးမားလှသောမြေ အမေရိကတွင် သန်းခေါင်စာရင်းအတွက်ပြင်နေကြလေသည်။ ဖေဖေါ်ဝါရီ(၂၈)ရက်နေ့ခန့်မှန်းတွက်ချက်မှုအရ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူ (308,777,834)ယောက်ရှိသည်။အိန္ဒိယပြည်တွင် သန်း (၁၁၇၇) ရှိသည်။ တရုတ်ပြည်တွင်ကား သန်း (၁၃၃၈)ရှိနေသည်။ အမိမြေသည် ဧရိယာအကျယ်အားဖြင့် အိန္ဒိယပြည်၏ ၅ပုံတပုံခန့်၊တရုတ်ပြည်၏ ၁၄ပုံတပုံကျော်ရုံရှိပါသော်လည်း လူဦးရေမှာ သန်း၅ဝကျော်သာရှိသည်။ “မြန်မာအစ တကောင်းက” “မြန်မာ့မူလ ကျောက်ဆည်က” “မြန်မာများ တိဘက်မှ” “သာကီမျိုးဟေ့ ဒို့ဗမာ”စသဖြင့် သမိုင်းခြေရာမခံနိုင်သမျှ ဆိုချင်သလိုဆိုကြစေ မြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် (မြို ့ပြတည်ထောင်ထားနိုင်သော) ၄ရာစု ပျူခေတ်မှ စတင်ရေတွက်သော်.. နှစ်သက်တန်း၁၆၀ဝရှိသော မြန်မာ့မြေနေ မြန်မာ့လူဦးရေသည် သန်း ၅ဝကျော်သာတည်နေသည်ဖြစ်သတည်း။ အဆိုပါကိန်းဂဏ္ဍန်းသည် လျှောက်လှမ်းခဲ့သောသမိုင်းနှင့်ချိန်စက်သော် လွန်စွာနည်းလှသည်ဟု အသေအချာပြောနိုင်သည်။ လူဦးရေတိုးနှုန်း ၁.၂ ရာခိုင်နှုန်း( ၂၀၀ဝ ပြည့်နှစ်ကမ္ဘာ့လူဦးရေတိုးနှုန်း)နှင့် လူဦးရေတွက် ပုံသေနည်းတခုတွင် ထည့်တွက်ကြည့်သော် ပုဂံခေတ် […]


kaiJanuary 3, 20101min5794
မန္တလေးဂေဇက် ထွက်နေပါပြီ။ အဲဒါ အယ်လ်အေမှာနေတဲ့သူတွေ နီးစပ်ရာ မြန်မာဆိုင်တွေမှာ သွားယူနိုင်ကြပါပြီလို ့..။ ဇန်နဝါရိ ၁ရက် ၂၀၁ဝ မှာထွက်တာဖြစ်ပါတယ်။ ဆန်ဖရန်ကိုလည်း မှီသလောက် တင်လိုက်ပါပြီလို ့။ နယူးယောက်နဲ့ တခြားမြို ့တွေလည်း စာတိုက်တွေဖွင့်တာနဲ့ ပို ့လိုက်ပါမယ်လို ့.။ ပီဒီအက်ဖ်နဲ့လည်း အမြန်ဆုံးတင်ပေးပါမယ်..။ ဒီလမှာ ထူးထူးခြားခြား ဆရာကြီးမောင်သာရရဲ့ ရသဝတ္ထုလတ် တပုဒ်ပါပါတယ်။ “မေမေကြီးကြီး ” ပါတဲ့။ မောင်သာရ ရသစာပေလက်ရာ မဖတ်ရတာကြာနေပြီဖြစ်တဲ့သူတွေအတွက် ဝက်ဆိုက်မှာပါတင်ပေးပါ့မယ်။ နှစ်သစ်ရွှင်လန်းချမ်းမြေ့ ကြစေသတည်း..။


kaiDecember 13, 20091min3996
ယေဓမ္မာ ဟေတုပ္ပ ဘဝါ အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ကြောင်းကျိုးဆက်စပ်ဖြစ်ပျက်သည်ကို ဖွင့်ပြသော လွန်ခဲ့သည် နှစ် (၂၆၀၀)ကျော်ကဂါထာဖြစ်သည်။ ဤနေစကြာဝဠာ၏ အသေးဆုံးသော အက်တမ်မှသည် အကြီးဆုံးသူရိယနေမင်းအထိ အကြောင်းအကျိုးဆက်စပ်ဟပ်စွာ ဗရမ်းဗတာထဲမှ စီစဉ်ကျန စံနစ်တကျ ရပ်တည်ဖြစ်ပျက်နေကြခြင်းဖြစ်သည်။ ထို ့ကြောင့် ဤအရာတို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းသည်၊ အလိုတော်အတိုင်းဖြစ်သည်ဟုလည်း ပညတ်သမုတ်ကြသည်ဖြစ်ပါသည်။ ကုန်လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ပိုးမွှား၊တိရိ စ္ဆာန်၊သစ်ပင်၊မြက်ပင်အရည်အတွက် ဘီလီယန်ချီ သေကြေပျက်စီးပြီး ကျန်ရစ်သောရုပ်ကြွင်းများကို ကျောက်လွှာ၊မြေထုအဆင့်ဆင့်တွင် ဖိနှိပ်စိသိပ်ခံရသောအခါ ယခုခေတ်တွင် ရုပ်ကြွင်းအရည်၊ ရေနံ၊ ဓါတ်ငွေ့များအဖြစ် တွေ့မြင်ကြရသည်။ အဆိုပါ ဘီလီယန်ချီသော အသက်သွေးသားတို့သည် ယခုအခါတွင် လူသားဦးရေ(၆)ဘီလီယန်ကျော်ကို အလုပ်အကြွေးပြုနေသည် ဆိုနိုင်မည်ဖြစ်သည်။ (Biogenic Theory) ကို အခြေခံပြောခြင်းဖြစ်ပါသည်။( (Abiogenic Theory)အရ အသစ်တဖန် ဆိုနေကြသည်ရှိ၏။ […]


kaiOctober 12, 20091min6515
ကိုယ်စောင့်နတ်ရဲ့ ပါဝါဂဏ္ဍန်းအတွက် စံနှုန်းရှင် – Editorial Sept 2009 “စည်း”ဟူသည် မြန်မာတို့အတွက် စိမ်းသည်မဟုတ်ပါ။ လူ့စည်း၊ဘီလူးစည်း၊စည်းကျိုး၊စည်းပေါက်၊စည်းချ၊စည်းတား စသဖြင့် နေ့စဉ်သုံးစကားများတွင် ရှိနေပါလေသည်။ ရာမယနဇတ်တော်ကြီး၏ ရွှေသမင်လိုက်ခန်းတွင် တွင် မယ်သီတာကို ဒဿဂီရိ မယူနိုင်စေရန် ရာမ၏ညီတော် လက္ခဏာမှ စည်းတားထားခဲ့ဘူးသည်။ အဆိုပါစည်းကို ဘီလူးဖြစ်သူ ဒဿဂီရိ မကျိုးဖေါက်နိုင်သဖြင့် မယ်သီတာစည်းပြင်ထွက်လာပါစေရန် ညို ့ယူဆွဲဆောင်ခဲ့ရဖူးသည်။ လူသားတို့တွင် စည်းကိုယ်စီရှိကြပါသည်။ စည်းမှာ တခုတည်းပင်မဟုတ်၊ အထပ်ထပ်ရှိနိုင်သည်။ စည်းကို မိမိကိုယ်ကို ကာကွယ်ထားသော ထိတွေကိုင်တွယ်စမ်းသပ်မရသော “ဒိုင်းအကာ”ကဲ့သို ့လည်း မြင်ကြည့်မှတ်ယူနို်င်သည်။ကိုယ်စောင့်နတ်ဟူသည်လည်း မိမိကိုယ်အတွက် မိမိ၏စည်းတားတခုဖြစ်သည်။ ခေတ်စားနေသော အမေရိကန်ယဉ်ကျေးမှုနှင့် ထပ်တင်ပြောရမည်ဆိုသော် တဦးချင်းစီအတွက် ထင်ရှားမြင်သာသောစည်းကို ပရိုက်ဗိတ်စီ ခေါ် “ကိုယ်ပိုင်အခွင့်အရေး”ဟု ပြောနိုင်မည်ထင်သည်။ တဦးချင်းမှသည် မိသားစု၊ […]


kaiSeptember 11, 20081min8096206
Who? Who was involved? What? What happened (what’s the story)? Where? Where did it take place? When? When did it take place? Why? Why did it happen? How? How did it happen? မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။ (အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ ) စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ […]