etoneJune 17, 20111min276
လူ တဲ့ …ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာချင်းတူပေမဲ့ ပေါက်ဖွားလာခဲ့တဲ့ မိသားစုမျိုးရိုး ကွာခြားလို့လား၊ နေထိုင်ရတဲ့ ပတ်ဝန်ကျင် အသိုင်းဝိုင်း မတူညီကြလို့ပဲလားမသိဘူး … မပြောတတ်ဘူး … စိတ်ဓါတ်တွေကလည်း   နိမ့်မြင့်လတ် အစုံပါပဲ … ။ ရွှေပင်နားတော့ ရွှေကျေးဆိုပေမဲ့ …. ကျီးဟာကျီး ဒေါင်းဟာ ဒေါင်းပါပဲ … ။ ထုံးသုတ်လို့ မဖြုတဲ့ စိတ်ဓါတ်တွေနဲ့  လူအများ နေ့စဉ် ဝင်ထွက်နေတဲ့ ဒီရွာထဲမှာ အုတ်အေ်ာသောင်းနင်းဖြစ်အောင် လုပ်နေတဲ့လူတွေ ဘာလို့များ တနေ့တခြား များလာရတာလဲ … ။ အားမနာတမ်း ရှင်းရှင်း ပြောရလျှင် သဂျီးရဲ့ ရွာ အပေါ် care လုပ်နိုင်မှူ အားနည်းလာတာကြောင့်ပါ ။ ရွာထဲ ရေးနေရင်း ဇရှိတဲ့လူတွေ လည်းရှိမယ် […]


အာဂJune 16, 20111min33826
သို့။ မန္တလေးဂေဇက် အယ်ဒီတာအဖွဲ့ မှတစ်ဆင့် သူကြီးမင်း ကိုခိုင်။ အကြောင်းအရာ။ ။ အကြံပြုဆွေးနွေးခြင်း သူကြီးခင်ဗျာ…။ ကျွန်တော်အကြံတစ်ခုပေးချင်ပါတယ်။ အခုဆိုဒ်ပုံစံပြောင်းသွားတဲ့အခါမှာ ။အရင်ကလို ပိုစ်ရဲ့ ခေါင်းစဉ်ရော စာအမြည်းလေးပါ မဖတ်ရတော့ပါဘူး နောက် ဓာတ်ပုံအမြည်းလည်း မမြင်ရတော့ပါဘူး။ အဲဒီအတွက် ပြသနာက ဘာလဲဆိုတော့ အခုတစ်လော ပုံတစ်ပုံ (အနှစ်သာရရှိတဲ့ပုံဆိုရင်မပြောလိုပါ)။ စာတစ်ကြောင်း၊ခေါင်းစဉ်တစ်ခုနှင့် ပိုစ်များ ခပ်များများတွေ့လာရပါတယ်။ ဒီလိုတွေ့လာလို့ တင်တဲ့လူတွေ ကို လည်းအပြစ်မပြောပါဘူး။ဒါကသူ့အပိုင်းပါ။ ကျွန်တော်တို့ဖတ်တဲ့ လူဘက်အပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ အရင်လိုအမြည်းလေး မမြင်ရတော့ ကွန်မကောင်းရတဲ့အထဲ ခေါင်းစဉ်ဆန်းတဲ့ ပိုစ် ကိုရွေးနိုပ်ရတဲ့အခါမှာ စောစောကပြောသလို ၁ပုံ(အနှစ်သာရရှိသောပုံမဟုတ်သော)၊၁စာ(အဓိပ္ပယ်ကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေးဆန်သော)၊ အရသာမဲ့ စာပုံများ တက်လာသောအခါ ကုန်သွားသောအချိန်အတွက်များစွာ စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကြောင့် သူကြီးအနေဖြင့်တက်နိုင်ရင် Home page ပေါ်ကပိုစ်ဘေးမှာ […]


captainamerica ကိုတိုင်ချင်တာပါသူကြီး windtalker ရေးတဲ့ “နန်းတော် ဆိုတာ ဒီလို လုပ်ဖို ့နေရာလား ” ဆိုတဲ့ ပို့စ် မှာ သူနဲ့ကျွန်တော်နဲ့ ဖြစ်တဲ့ကိစ္စပါ စဆဲတာကသူအရင်ဆဲတယ်ဆိုတာ ဖတ်လိုက်ရင်သိပါတယ် ပြီးတော့ကျွန်တော်က သူ့ကိုဦးတည်ပြီးတော့ပဲပြောတာပါ သူကပြန်ပြောတော့ တရုတ်တွေအကုန်လုံးကို ပြောပါတယ် ဒါကြောင့်မို့ကျွန်တော်လည်း ဗမာတွေကို ပြန်ပြောတာပါ ကျွန်တော့်ဘက်ကမမှားဘူးလို့တော့ မပြောပါဘူး ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်လုံးဝမကျေနပ်လို့ပါ

scapegoat.jpg

လူလိမ်လူကောက် နအဖလက်ပါးစေ သာအေး၏ ဧပြီလ၂၉ရက်နေ့စွဲဖြင့် တင်သော ဦးအေးမြင့် (လမ်းပြကြယ်)ဒေါ်စုထံပေးစာ…နှင့်…အသုံးမကျ(၅)လ ပို့စ်နှင့် ပတ်သက်၍ သဂျီးအား မေးမြန်းလိုပါသည်။ သူ၏ပို့စ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် အပုပ်ချထားပါသည်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်တွင် အာဏာမက်သည်ဟူသော နိုင်ငံရေးထိုးနှက်ချက်အပြင် ဒေါ်စု၏ ဒီမိုကရေစီရေးအတွက် လင်ယောက်ျားဆုံးရှုံးရမှု၊ သားများနှင့်ပတ်သက်၍ လူမျိုးရေးစော်ကားချက်များကိုပါ အဆင့်အတန်းမဲ့စွာ ရေးထားပါသည်။ ထို့ပြင် အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ ယခုဘဝမှာ အိမ်ထောင်ရေးပျက်ဆီးရပြီး နောင်ကို ဒါထက်ဆိုးတာတွေနဲ့ပါ ရင်ဆိုင်ရမယ်လို့ ကျိန်စာတိုက်ထားတာကိုလည်း စိတ်မကောင်းစွာဖြင့် ဖတ်ရပါသည်။ ပို၍ခွင့်မလွှတ်နိုင်သည်မှာ အဖွဲ့အစည်းများ အချင်းချင်း အမုန်းပွားစေရန် ရည်ရွယ်၍ အန်အယ်ဒီနှင့် အမြင်မတူသော မြန်မာအီးဂရက်အဖွဲ့ အမည်ကို ထင်ယောင်မှားဖြစ်စေရန် အသုံးချထားသည်ကို ထင်ရှားစွားတွေ့ရပါသည်။ ဧပြီ၂၉ရက်နေ့တွင် သဂျီးမှ ရှုပ်ထွေးမှုမရှိစေရန် ဦးအေးမြင့်၏ မူလစာဖြင့် ပြုခဲ့သော […]


တစ်နေ့ တခြားသတင်းစာမျက်နှာတွေဖတ်ရင်းနဲ့ မမျှော်လင့်ဘဲ မန္တလေးဂေဇက် ကိုရောက်လာခဲ့တယ်။ တင်ထားတဲ့ ပိုစ့်လေးတစ်ပုဒ်ဖတ်ကြည့်၊ အောက်က မှတ်ချက်တွေကိုဖတ်ကြည့်၊ တစ်ယောက်နှင့်တစ်ယောက် ခင်ခင်မင်မင် ရေးထားတာတွေကို ဖတ်ကြည့်ပြီး ကျွန်တော့်စိတ်ထဲ နှစ်လိုသွားခဲ့တယ်။ ဒီလိုနဲ့ အရင် တင်ထားတဲ့ ပိုစ့်တွေပါလိုက်ဖတ်ကြည့်တယ်။ ဒီထဲက စာရေးသူတွေ၊ မှတ်ချက်ရေးသူတွေကို လူမမြင်ဘူးပေမယ့် သိလာခဲ့တယ်။ သူတို့ရေးတဲ့ဟန်၊ လေသံ ကနေ သူတို့ရဲ့စိတ်နေစရိုက်ကိုပါတစ်စွန်းတစ်စ ရိုးတိုးရိပ်တိတ် မြင်လာခဲ့ပါတယ်။ အလုပ်ထဲမှာ အင်တာနက် တစ်နေ့ကို အနည်းဆုံး ရှစ်နာရီလောက် သုံးနေရ သူဆိုတော့ နေ့စဉ်လိုလို မန္တလေးဂေဇက်ဟာ တစ်ထောက်နားရာ နေရာလေးဖြစ်လာတော့တယ်။ အတော်ကြာတဲ့အထိ မန်ဘာ မလုပ်ဖြစ်သေးဘူး။ ကိုယ်တိုင် ဝင်ရေးဖို့စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့်အခုတော့ ဝင်ဖြစ်ပြီ။ ရေးဖြစ်ပြီ။ ကိုယ်လည်း ဒီအသိုင်းအဝိုင်းရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီပေါ့။ မိသားစု ဆိုတော့ တည့်သည့်လူလည်းရှိမယ်။ မတည့်သည့်လူလည်းရှိမယ်။ ခပ်တန်းတန်းနေတဲ့လူလည်းရှိမယ်။ ရင်းနှီးတဲ့လူလည်းရှိမယ်။ တစ်မိပေါက်တစ်ယောက်ထွန်းတဲ့လူလည်းရှိမယ်။ စုန်းပြူးတွေလည်းရှိမယ်။ ဒါပေမယ့် ကိုယ့်မိသားစု အဝန်းအဝိုင်းလေးကို […]


kaungmyat88April 20, 20111min324
ကျနော်သတင်းထောက်တစ်ယောက်ပါ။ ဒီနှစ်သင်္ကြန်တွင်းမြန်မာပြည်ကို ရောက်တုန်း ငပလီကို အပန်းဖြေသွားခဲ့ပါတယ်။ MG ရဲ့ ရွာသားများ (gipsy , i love this, oo , thanmyint) တို့ဖိတ်ခေါ်ထားတဲ့ အင်တာနက်ပေါ်က “ကပ်ဖား (ခ) ထွန်းသန့်ကျော် (ခ) ကျော်ကျော် “ ဆိုတဲ့ အကြောင်းကို လည်း သံတွဲမြို့က တစ်ယောက်ကိုမေးကြည့်ဖြစ်ပါတယ်။ သံတွဲမြို့က ကျဉ်းပါတယ်ဆိုတာလေးကို သွားသတိရမိပါတယ်။ ဝင်ရောက်ပြီးသာ comment မပေးဖြစ်ခဲ့ဘူးလေ။ အမြဲတမ်းတော့ အင်တာနက် သတင်းတွေဖတ်ဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်လည်း ရောက်နေခဲ့ပြီမို့ သတင်းထောက်တစ်ဦးပီပီ စတင်လှုပ်ရှားခဲ့ပါတော့တယ်။ ကဲ..ရွာသားတို့ရေ ကိုယ်သိခဲ့တာ လေးတွေ မျှဝေခံစားကြည့်ရအောင်လား။ သံတွဲမြို့ပေါ်၊ ကမ်းခြေမကျန် ကိုယ်စုံစမ်း ခဲ့တဲ့ သတင်းလေးတွေက စုံနေတာပဲဗျာ။ ကပ်ဖား(ခ) ထွန်းသန့်ကျော်(ခ)ကျော်ကျော် […]


moonpoemApril 4, 20111min31930
အရင်တစ်ပတ်က ကျွန်မကိုယ်တိုင် ရေးသားခဲ့သော သီချင်းများနဲ ့ရန်ဖြစ်ခြင်း ခေါင်းစဉ် (မလွမ်းရဲသေးဘူးမောင်ရယ်) ကိုTag လုပ်ထားသောပိုစ့်ကို ယခု မနောဖြူလေးမှ အဆိုတော်တွေ ဘာတွေဆက်ဆိုဦးမလဲ ခေါင်းစဉ်ပဲ အမည်ပြောင်းကာ ကူးချထားသည်ကို တွေ ့လိုက်ရပါသည်။ အလွဲသုံးစားလုပ်ခံလို်က်ရသည့် အတွက် စိတိ်မကောင်းပါ။ အယ်ဒီတာအနေဖြင့် တာဝန်ရှိသလောက် ဖြေရှင်းပေးစေလိုပါသည်။ မနောဖြူကိုယ်တိုင်မှလည်း ပိုစ့်တင်ပြီး ကူးချထားတာဝန်ခံကြောင်း သိက္ခာ ရှိရှိနှင့် တောင်းပန်စေလိုပါသည်။ ရွာသူရွာသား အချင်းချင်း ကူးချတာခံလိုက်ရတာ စိတ်မကောင်းပါ


https://myanmargazette.net/wp-admin/media-upload.php?post_id=44291&type=image&TB_iframe=1 ဓါတ်ပုံတင်ပေးလိုက်ပါတယ်၊ ကွန်နက်ရှင်မကောင်းဖြစ်နေသည့်အတွက် ပုံမပေါ်လျှင်လည်းသည်းခံ ခွင့်လွှတ်ပေးပါရှင့်၊ သံတွဲမြို့မှပြည်သူများမှာကြီးစွာသောဒုက္ခရောက်နေကြပါတယ်၊ ကပ်ဖားရဲ့နောက်ဆက်တွဲ ဒုက္ခပေးမှုကြောင့် ယ္ခုအခါ အဆိုးဆုံးအခြေအနေသို့ပြောင်းလဲသွားရပါပြီရှင်၊ သံတွဲမြို့တွင်ခေတ်အဆက်ဆက်မှ နေထိုင်ကြပါသော.အစ္စလာမ် ဘာသာဝင်များအား ခရီးသွားလာခွင့် (ဗီစာ) ကို မည် သူတစ်ဦး တစ်ယောက်မှ မပေးတော့ဘဲ လုံးဝပိတ်လိုက်ကြောင်းသတင်းဆိုးတင်ပြလိုပါတယ်၊ ယ္ခုသော် မကျန်းမမာ နေမကောင်းဖြစ်သူများ မှာ အသက်ပင်အသေခံကြရတော့မည့်အခြေအနေ ကဒ်ဆိုး ကျရောက် ခြင်းခံနေကြရပါကြောင်း အများပြည်သူများသိရှိရလေအောင် တင်ပြရခြင်းဖြစ်ပါတယ်၊ ဤကဲ့သို့ဖြစ်ရခြင်းမှာ လ.ဝ.က ခရိုင်မှုးက ၎င်းအား အင်တာနက်ပေါ်သို့တင်ခြင်းအတွက် လက်စားချေ လိုက်သည့်သဘော မျိုးဟု သိရှိရပါသည်၊ လ.ဝ.က ခရိုင်မှုး နှင့် ပူးပေါင်းကြံစည်သူမှာ အများသိကြသည့် “ကပ်ဖား ထွန်းသန့်ကျော်” ဖြစ်ပါသည်၊ ကျမ အားသွေး ဆောင်ဖျားယောင်းသိမ်းသွင်းခဲ့သူလည်းဖြစ်ပါသည်၊ ၎င်း၏ စီးပွါးရေးလုပ်ငန်းများ ဖြစ်သော ရဲအောင်လံကားဂိတ်၊ […]


kaiJanuary 31, 20112min9997600
Reasons to join Mandalay Gazette … Join a supportive community of writers Publish your work immediately Earn on your articles Compete for increased earnings in Marketplace Rules for Writers << Must Read! ပွိုင့်ပေးစံနစ်  (Jan 22 2011) Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်) Number of points for each post: […]


petitelapineDecember 16, 20101min35256
ခုတလော Mandalay Gazette  မှာ စာဖတ်ရတာ တော်တော်ပျင်းစရာကောင်းလာတယ်..အရင်ကလောက် သတင်းတွေ မမြိုင်တော့သလိုပဲ..ထင်တာတော့ copy တွေ ပျောက်သွားလို့ ထင်တယ်..အဲဒါ တစ်ခုက ကောင်းလည်း ကောင်းတယ်..မကောင်းလည်း မကောင်းဘူး ဘာလို့လည်းဆိုတော့ တစ်ချို့ သတင်းတွေ မဖတ်ရတော့ဘူးလေ..ဖြစ်နိုင်ရင် copy တွေလည်း ပြန်တင်ပေးစေချင်ပါတယ်.အမှတ်ပေးတာ မပေးတာတော့ Admin တွေရဲ့ အပိုင်းပေါ့နော်..ကျွန်မတို့ကတော့ သတင်းတွေ(ဖြစ်နိုင်ရင် အရေးပါတာတွေ) ဖတ်ချင်ပါတယ်..အမှတ်ရရင်ပြီးရောဆိုပြီး ဘာမှ မဟုတ်တာတွေ တင်နေတာကတော့ စာဖတ်သူကို အချိန်ပုတ်စေပါတယ်..ကျွန်မ အကုန်လုံးကို မဆိုလိုဘူးနော်..တကယ်ဖတ်လို့ကောင်းတဲ့ ကိုယ်တိုင်ရေး post တွေလည်း ရှိပါတယ်..ဒီတော့ Admin တွေအနေနဲ့ နည်းနည်းစဉ်းစားဖို့ ကောင်းပါပြီ


fattyDecember 1, 20101min16712
ဆရာတို့ခင်ဗျား … mandalay တွင် ရေးထားသော အသံလွှင့်အတွေ့အကြုံများကို Malaysia တွင် ထုတ်နေသော Lifestyle & Art journal မှ ဝယ်ယူနေပါသဖြင့် …. ခွင့်တောင်းခြင်း ပြုပါသည်။ အချက်အလက်များကို style တမျိုးနှင့် ရေးသားပေးရမည်ဖြစ်သဖြင့် ဒီမှာ တင်ထားသော post နှင့် ထပ်တူတော့ မဖြစ်ပါခင်ဗျား။ မည်သို့ပင်ဆိုစေ .. ဒီမှာ အရင်ရေးသားထားပြီးဖြစ်ပါရျ် ခွင့်ပြုချက်တောင်းခံပါသည်။


naywoon niNovember 27, 20101min1349
အက်ဒမင်သို့အိတ်ဖွင့်ပေးစာပါ..အိတ်ပိတ်ပြီးလဲပေးလို့မှမရဘဲကိုး….. အခြားတစ်နေရာမှာလည်းကော်မန့်နဲ့မေးထားပါတယ်..။ဒါကြောင့်ဒီပို့စ်အတွက်ပွိုင့်မထည့်တွက်ပါနဲ့..။ ကျွန်တော်ဒီဆိုဒ်မှာပျော်နေတာကအခြားဆိုဒ်တွေနဲ့မတူ လို့ဗျ….(၁)တင်သမျှပို့တွေကိုမေးလ်ထဲလှမ်းမပို့ဘူး.. (၂)ကွန့်မန့်တစ်ခုသွားပေးရင်အဲဒိပို့စ်မှာနောက်လူလာမန့်ရင်အကြောင်းမကြားဘူး..။ (၃)ပရိုဖိုင်မှာပြင်ဆင်လို့မရဘူး (၄)အဲဒါကြောင့်လာရောက်လည်ပတ်ပါသည်..တ်ု့ဘာညာလာမရေးနိုင်ဘူး…။ အဲဒါကြောင့်မေးလ်ထဲမှာရှုပ်ပွမနေဘူးပေါ့ဗျာ (၅)ကိုယ်တင်တဲ့ပို့စ်ကိုဘယ်လောက်ကြည့်သွားတယ်ဆိုတာပြပေးတယ်……… အရင်ကမူလစာမျက်နှာမှာပါပေါ်တယ်…အခုပျောက်သွားတင်္ယဗျ..အဲဒါပြန်လုပ် ပေးနိုင်ရင်ကောင်းမယ်…။ဘာလို့လဲဆိုတော့ဘယ်ဟာအရင်ဖတ်သင့်လဲ ဘယ်ဟာလူစိတ်ဝင်စားသလဲတစ်ခါထဲရွေးချယ်သွားလို့ရလို့ပါ……….။ (၆)ဒီရွာ(ခင်ဗျားတို့ခေါ်သလိုခေါ်ကြည့်တာနော်)ထဲမှာရှိတဲ့သူတွေဟာသိပ်ငယ်လွန်း မနေကြဘူး…တစ်ခုခုမှာကျွမ်းကျင်သူတွေလို့ယုံကြည်တယ်လေ………အခြားဆိုဒ် တွေမှာဆိုရင်ကလေးတွေများတယ်…ဒီမှာတော့-25ထက်ငယ်တဲ့သူပါမယ်မထင် ပါဘူး..။အဲဒိတော့တွေးခေါ်ဆင်ခြင်မှုရှိတဲ့အရွယ်တွေချည့်ပဲလို့ယူလို့ရပြီးကိုယ် ပြောချင်တာ..ကိုယ်ယုံကြည်ရာချပြဆွေးနွေးလို့ရနိုင်မယ်ထင်လို့ပါ..။ဆွေးနွေးလို့ လည်းရပါတယ်……..။ကျေးဇူးပါပဲ (ရ)ကျွန်တော်ပြောလွန်းလို့ကျွန်တော်သူငယ်ချင်းတွေလည်းဝင်လာနေပါတယ်..။ သူတို့ကတော့စာဖတ်သူပေါ့…။ရေးချင်တဲ့သူကိုလည်းရေးဖို့အားပေးနေပါတယ်..။ (၈)နောက်တစ်ခုကတော့ကျွန်တော်မေးစရာလေးရှိလို့ဗျ…ကျွန်တော်ဝတ္ထုတင်ချင်တယ် အဲဒါရမရ…Categories-မှာshot story..လို့ပဲတွေ့ပြီးstoryတို့novelတို့မပါလို့ မေးတာပါ..။အချစ်အကြောင်းလည်းမရေးတတ်ပါဘူး..။အခုကျွန်တော်ရေးနေတဲ့ အကြောင်းအရာကကျွန်တော်ပြောချင်တာတွေများနေလို့ဖောင်းဖြစ်နေတယ်လို့ ယူဆမိလို့အဲ..မနေ့ကတင်တဲ့လောင်းကစားအကြောင်းနောက်ခံကားချပ်လေးကို ကျွန်တော်တွေ့ကြုံခဲ့တဲ့နေရာကာအပိုင်းအခြား(1985-2010)လောက်ပေါ့ဗျာ ဝတ္ထုအနေနဲ့ရေးကြည့်ချင်တယ်..။လောင်းကစားအကြောင်းဆိုပေမဲ့ကျွန်တော်ပြ ချင်တာကများနေတယ်..။ဝန်တမ်းလည်းပါမယ်ဗျာ..ဈေးသည်လည်းပါမယ်နောက် ရွာသားတွေအကြောင်းလဲပါမယ်..။အဲဒိတော့တော်တော်ရှည်ရှည်လေး ရေးမှလိပ်ပတ်လည်မှာဆိုတော့ရေးလိုရမရ…ရရင်ဘယ်Categoriesမှာဘာတပ် ရမလဲလို့ပါ…။