petitelapineDecember 16, 20101min35256
ခုတလော Mandalay Gazette  မှာ စာဖတ်ရတာ တော်တော်ပျင်းစရာကောင်းလာတယ်..အရင်ကလောက် သတင်းတွေ မမြိုင်တော့သလိုပဲ..ထင်တာတော့ copy တွေ ပျောက်သွားလို့ ထင်တယ်..အဲဒါ တစ်ခုက ကောင်းလည်း ကောင်းတယ်..မကောင်းလည်း မကောင်းဘူး ဘာလို့လည်းဆိုတော့ တစ်ချို့ သတင်းတွေ မဖတ်ရတော့ဘူးလေ..ဖြစ်နိုင်ရင် copy တွေလည်း ပြန်တင်ပေးစေချင်ပါတယ်.အမှတ်ပေးတာ မပေးတာတော့ Admin တွေရဲ့ အပိုင်းပေါ့နော်..ကျွန်မတို့ကတော့ သတင်းတွေ(ဖြစ်နိုင်ရင် အရေးပါတာတွေ) ဖတ်ချင်ပါတယ်..အမှတ်ရရင်ပြီးရောဆိုပြီး ဘာမှ မဟုတ်တာတွေ တင်နေတာကတော့ စာဖတ်သူကို အချိန်ပုတ်စေပါတယ်..ကျွန်မ အကုန်လုံးကို မဆိုလိုဘူးနော်..တကယ်ဖတ်လို့ကောင်းတဲ့ ကိုယ်တိုင်ရေး post တွေလည်း ရှိပါတယ်..ဒီတော့ Admin တွေအနေနဲ့ နည်းနည်းစဉ်းစားဖို့ ကောင်းပါပြီ


petitelapineAugust 23, 20101min580
မြန်မာပြည်အနှံ ပြေးဆွဲလျက်ရှိသော အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို ယခုလ ၂ဝ ရက်တွင် စတင်လွှင့်တင်မည် ဖြစ်ကြောင်း ထိုဝက်ဘ်ဆိုက်ကို စီမံခန့်ခွဲသည့် Vertex Vacation ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ www.easyticket.asia လိပ်စာဖြင့် လွှင့်တင်မည် ဖြစ်သော အဆိုပါ ဝက်ဘ်ဆိုက်ကို အဝေးပြေးယာဉ်လိုင်း ၂ဝ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူ ဒေါ်မေသူက “စတင်ခါစမှာတော့ အွန်လိုင်းမှာ ကိုယ်တိုင်ဝယ်လို့ မရသေးဘူး။ ကုမ္ပဏီနဲ့ ဆက်သွယ်ထားတဲ့ အင်တာနက်ဆိုင်တွေမှာပဲ ဝယ်ယူလို့ရမယ်။ Easyticket Logo ရှိတဲ့ အင်တာနက်ဆိုင်တွေမှာ ကိုယ်သွားချင်တဲ့ မြို့ကိုပြောပြီး လက်မှတ်ဖြတ်ရမယ့် သဘောပါ။ နောက်ဆိုရင်တော့ ကြိုတင်ငွေပေးကတ်တွေနဲ့ ကိုယ်တိုင်ဝယ်လို့ ရအောင် စီစဉ်သွားပါမယ်” ဟုပြောသည်။ […]


petitelapineAugust 19, 20101min932
ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေကြောင်း လိုင်းတချို့ အလွန်အမင်း အရှုံးပေါ်နေသဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် မပေးဆောင် နိုင်ကြကြောင်း သတင်းရရှိသည်။ အခွန်မဆောင် နိုင်သဖြင့် လေယာဉ်ပြုပြင်ရန် အပိုပစ္စည်း တင်သွင်းခွင့် အပိတ်ခံရသော အဲပုဂံ၊ ရန်ကုန် အဲယားဝေးနှင့် အဲ မန္တလေး လေကြောင်းလိုင်း ၃ ခုအနက် အဲပုဂံ တခုသာ အကြွေးကျန်များ သွားရောက် ပေးဆောင်နိုင်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဆောင်စရာရှိတာ အားလုံးဆောင်ပြီးပါပြီ။ အရင်တုန်းက လေကြောင်းလိုင်းတွေက ရှုံးတယ်ဆိုပြီး အခွန်မဆောင်ဘဲ နေကြတာ။ အခွန်ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ရှုံးရှုံးမြတ်မြတ် ပေးရမှာပဲဆိုပြီး တောင်းတာ။ အခုတော့ အားလုံးဆောင်ပြီးပြီ” ဟု အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။ လိုအပ်သည့် လေယာဉ်အပိုပစ္စည်း […]


petitelapineAugust 19, 20101min1264
ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်းအိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များကတွေ.ရှိခဲ့ကြောင်း သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်…. သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါ တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ.အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ.လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။ ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိူးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်စေနိုင်တယ်လို.သုတေသီပညာရှင်ကဆိုပါတယ်… အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။ အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ.လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. … တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းပညာရှင်တွေကဆိုပါတယ်။သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော. လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို. အကြံပြူလိုက်ပါရစေ………….


petitelapineAugust 17, 20101min450
၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကို ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်မှ စုံစမ်းသိရှိ ရသည်။ ယခု အချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို တရားဝင် သတ်မှတ် ထားခြင်းမရှိသေး သော်လည်း ရွေးကောက်ပွဲကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်မှု များပြားသော ပွင့်လင်းရာသီ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ “ရွေးကောက်ပွဲ ကျင်းပမယ့် ပွင့်လင်းရာသီ ရောက်ရင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ကန့်သတ်တဲ့ ညွှန်ကြားချက်တွေ ထွက်လာမယ်” ဟု နေပြည်တော် အခြေစိုက် စစ်တပ် အရာရှိတဦးက ပြောသည်။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များကို […]


petitelapineAugust 7, 20101min863
ကြွက်ဝမ်းဖြူများ အ ုပ်စုလိုက် ပြောင်းရွှေ့ခြင်းသည် အစာရေစာ ရှားပါးခြင်းကြောင့်ဖြစ်ပြီး စွတ်စိုအေးမြသည့် လာနီညာ ရာသီဥတု ဖြစ်လာနိုင်ခြေ ရှိသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာနီညာရာသီဥတု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိနေ၍ ရေကြီးခြင်၊ မြေပြိုခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြီးခဲ့သည့် ဇူလိုင် ၁ရ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ရာသီဥတုရှုထောင့်မှနေ၍ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ မိုးဦးအစတွင် ရိုးမအတွင်းရှိ ဝါးပန်းပွင့်ခြင်း၊ ဝါးသုဉ်းခြင်း၊ […]


petitelapineAugust 7, 20101min671
ကြွက်ဝမ်းဖြူများ အ ုပ်စုလိုက် ပြောင်းရွှေ့ခြင်းသည် အစာရေစာ ရှားပါးခြင်းကြောင့်ဖြစ်ပြီး စွတ်စိုအေးမြသည့် လာနီညာ ရာသီဥတု ဖြစ်လာနိုင်ခြေ ရှိသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာနီညာရာသီဥတု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိနေ၍ ရေကြီးခြင်၊ မြေပြိုခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြီးခဲ့သည့် ဇူလိုင် ၁ရ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ရာသီဥတုရှုထောင့်မှနေ၍ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ မိုးဦးအစတွင် ရိုးမအတွင်းရှိ ဝါးပန်းပွင့်ခြင်း၊ ဝါးသုဉ်းခြင်း၊ […]


petitelapineAugust 7, 20101min663
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်တွင် လွန်ခဲ့သည့် ရက် ၂ဝ အတွင်း လူဦးရေ ၁ဝဝဝ ကျော် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လလယ်မှ စတင်ကာ တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ပင်းပက်နှင့် အေးသာယာ ကျေးရွာများမှ ဆင်တုပ်ကွေးရောဂါသည် ၁ဝဝဝ ကျော် စဝ်စံထွန်း ဆေးရုံကြီးနှင့် ပြင်ပဆေးခန်းများသို့ လာရောက်ကုသခဲ့ကြောင်း ဆေးရုံနှင့် နီးစပ်သူများအဆိုအရ သိရခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ လလယ်လောက်က စဖြစ်ပါတယ်။ ခြင်ကိုက်ခံရလို့ ဖြစ်တာပါ။ ခြင်ကနေတဆင့် ကူးစက်တာပါ။ အခုလက်ရှိမှာ တရက်တရက်ကို လူ ၃ဝ-၄ဝ လောက်တော့ ဆေးခန်းလာပြကြတယ်။ ကူးစက်တာမြန်တော့ ရောဂါခံရသူ မနည်းတော့ဘူးဗျ။ ဆေးရုံနဲ့ ဆေးခန်းတိုင်းမှာ ကုနေရတယ်” ဟု  တောင်ကြီးမြို့ရှိ ထွန်းဆေးခန်းမှ ဒေါက်တာ ဝေလင်းထွန်းက မဇ္ဈိမကို […]


petitelapineJuly 27, 20101min1366
ကြက်ဥနှင့်ကြက် ဘယ်သူက အရင်စဖြစ်သလဲဆိုသည့် ပုစ္ဆာအတွက်အဖြေကို ဗြိတိန်မှသိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ရှက်ဖီးနှင့် ဝါးလ်ဝစ်ခ်တက္ကသိုလ်မှ ပညာရှင်များသည် စူပါကွန်ပျူတာသုံးပြီး တိရစ္ဆာန်များက ဥခွံကို ဖန်တီးပုံကို မူလက ရှာဖွေလေ့ာလာခဲ့ရာမှ အမှတ်မထင် ယင်းအယူအဆကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ကြက်ဥက စဖြစ်သလားလို့ အရင်က သံသယ ရှိခဲ့ကြပါတယ်။ဒါပေမဲ့ ကြက်က စဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပ္ပံနည်းကျ သက်သေပြနိုင်ပါပြီ”ဟု ရှက်ဖီးလ်တက္ကသိုလ်မှ ဒေါက်တာကောလင်းဖရီးမင်းန်က ဗြိတိသျှသတင်းစာ တစ်စောင်ဖြစ်သော မက်ထရိုသို့ ပြောကြားခဲ့သည်။ သုတေသန ပညာရှင်များသည် HECToR ဟု အမည်ရသည့်  စူပါကွန်ပျူတာဖြင့် ယခင်ကတည်းက အခြားပညာရှင်များ တွေ့ရှိထားသည့် ဥဖန်တီးပေးနိုင်သော ပရိုတိန်းတစ်မျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြခြင်းဖြစ်သည်။ ကြက်များက ဥ ဖန်တီးရန် လိုအပ်သော ဓာတ်သတ္တိများကို […]


petitelapineJuly 27, 20101min19820
တရုတ်နိုင်ငံမှာ အသက်ရှင်လျှက်ရှိတဲ့ နွားတစ်ကောင်ဟာ တိုးရစ်တွေကို ဖျော်ဖြေဖို့အတွက် ကျားတွေရဲ့ စား သောက်ခြင်းကို ခံခဲ့ရပါတယ် ။ မျက်မြင်သက်သေတစ်ဦးက အဲဒီတိုးရစ်ဟာ ကျားစာအတွက် နွားတစ်ကောင်ကို ဒေါ်လာ ၂၀ဝ ပေးပြီး ဝယ်ခဲ့တယ်လို့ ဆိုပါတယ် ။ လူလူခြင်း နှိပ်စက်တဲ့ ခေတ် ၊ လူက တိရိစ္ဆာန်ကို နှိပ်စက်တဲ့ ခေတ်ကြီး ကုန်ဆုံး သွားပြီလို့ ကြွေးကြော် နေတဲ့အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ အလွန်ကို ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ် ။ တရုတ်နိုင်ငံရဲ့ ယဉ် ကျေး မှု နဲ့ ဓလေ့စရိုက်တွေကို မဝေဖန်လိုပေမယ့် ကိုယ့်ရဲ့ အာသီသ ၊ ကိုယ့်ရဲ့ စိတ်အပန်းဖြေဖို့အတွက် နွား တစ်ကောင်လုံးကို ဝယ်ပြီး ကျားတွေရှေ့ကို […]


petitelapineJuly 18, 20101min851
This,too,will pass. စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်တော်တို့ မျဉ်းသားမိတတ်ကြသည်။ အကယ်၍ ကိုယ့်ဘဝ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသ အတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သော စာပိုဒ်မျိုးအရေးအသားမျိုး တွေ့လျှင်မှု ဝမ်းသာ၍ မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲ့သည်နှစ်နှစ်ခြိုက်ခြိုက် စာပိုဒ်မျိုးကို ကျွန်တော်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။ တကယ် အံဝင်ခွင်ကျ အနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ လုံးဝမနေနိုင်။ သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသော စကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်း ကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ်သည်။ စကားတစ်ခုကို ကိုးကားဖန်များသည့်အခါ ရိုးသွားသည် ၊ […]


petitelapineJuly 18, 20101min590
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသော ကလေးငယ်အများစုသည် အွန်လိုင်းကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းများအပြင် မိမိတို့၏ကစားကွင်း တစ်ခုသဖွယ် သဘောဆောင်ကာ ကစားနေခြင်းကို မိဘများက စိုးရိမ် စိတ်ဖြစ်လာကြကြောင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများရှိ မြန်မာမိသားစု များထံမှ စုံစမ်းသိရှိရပါသည်။ ၁၉၉၅ ခုနှစ်အစောပိုင်းမှပင် စတင်ကာမြန်မာအများစုသည် ပေါ်လီဒီပလိုမာများရယူကာ စင်ကာပူတွင် ပညာသင်ကြားခြင်းမှ အမြဲတမ်း နေထိုင်ခွင့်များ ရရှိလာခဲ့ကြသည်။ ယင်းအချိန်မှပင် စင်ကာပူ၏ ပီအာ အဖြစ်နေထိုင်ခဲ့ကြပြီး မိမိတို့၏သားသမီးများကိုလည်း စင်ကာပူရှိအခြေခံ ပညာကျောင်းများတွင် ပညာသင်ယူ စေခဲ့ကြသည်ဟု သိရှိရပါသည်။ ‘ စင်ကာပူမှာ အခုပီအာဖြစ်ပြီး ရောက်နေခဲ့တာ ခြောက်နှစ်လောက် ရှိခဲ့ပြီ။ ပြီးတော့ ကလေးကိုလည်း ဒီမှာပဲကျွန်မတို့နဲ့အတူ ကျောင်းထားပေးတယ်။ နည်းပညာဖွံ့ဖြိုးမှု မြင့်မားနေတဲ့ ပြည်ပနိုင်ငံတွေက ၁ဝ နှစ်အောက် ကလေးတစ်ယောက်အတွက် မိဘတွေ အရမ်းကိုဂရုစိုက်ကြရတယ်။ […]


petitelapineJuly 18, 20101min1175
နှစ်ပေါင်း ၂ဝ လုံးလုံး ၁ဝ တန်းနဲ့အထက် လူငယ်လေးတွေနဲ့ လူကြီးကလေးတွေကို အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာလုပ်ခဲ့ရာမှာ တော်တော်စိတ်တိုရတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အားလုံးလောက်နီးပါးလို့ ဆိုရလောက်အောင်ကို လူငယ်လေးတွေဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကို ကြိုက်တယ်ဆိုတာ ရေရေရာရာ မသိတဲ့ကိစ္စဖြစ်ပါတယ်။ စကားပြောသင်တန်းဆိုတော့ စကားများများ ပြောခိုင်းရပါတယ်။ စကားပြောဖို့ အစပျိုးတဲ့အနေနဲ့ အလွယ်ဆုံးဖြစ်တဲ့ ‘ဘဝရည်မှန်းချက်ဘာလဲ’ ဆိုတဲ့အကြောင်း ပြောစေပါတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါ ကြိုက်နှစ်သက်တာကို ပြောရမှာဆိုတော့ ဘာမှ ခက်ခဲစရာမရှိဘူး။ အလွယ်ဆုံးအကြောင်း အရာဖြစ်တယ်လို့ သဘောထားပြီး ပြောစေတာပါ။ ဒါပေမယ့် ဒီအလွယ်ဆုံးက သူတို့အတွက် အခက်ခဲဆုံးအရာ ဖြစ်နေတာကို တွေ့ရပါတယ်။ အားလုံးလောက်နီးပါးမှာ ဘဝရည်မှန်းချက် (Ambition or Goal) ရယ်လို့ တိတိကျကျ ရေရေရာရာ […]