etoneFebruary 13, 201217min60582
  မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။ ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း […]


ムラカミFebruary 13, 20124min81127
ခေါင်းစဉ်ဖတ်ပီး ရည်းစားဆယ်ယောက် ထားဖို့ ကြံနေတယ် မထင်လိုက်ပါနဲ့ခညာ ….။ Lust Caution ထဲက တီလုပ်မင်းတမီးလေး Tang Wei ကို ရည်စူးတယ် လို့လည်း မထင်လိုက်ကြပါနဲ့..။ (ဖန်ပင်းပင်း ပဲ ကြိုက်ပါတယ် ဆို ..) အင်ဖိုဂရပ်ဖစ်မှာတွေ့တဲ့ ၂၀၁၂မှာ ရောင်းအားကောင်းစေဖို့ နည်း ၁ဝနည်း ကို မျှဝေချင်လို့ပါ (သူကအွန်လိုင်း အခြေပြု ရေးထားပေမယ့် …. နည်းနည်း ဗမာမှုပြုပြီး ရေးကြည့် အဲ့လေ ရွှီးပါ့မယ်ဗျ..)   ၁။ ခွဲခြမ်း စိတ်ဖြာပါ …။       တခြားမကြည့်နဲ့ သဂျီးကို ကြည့် …။ ဂူဂဲလ် အနဲလတစ် ဆိုတာကြီးထည့်ပြီး သူ့ဆိုက် ကို တနေ့ […]


နွယ်ပင်February 8, 20124min50132
အိချောပိုရဲ့ ပွဲတက်ဖက်ရှင် စိုးပြည့်သဇင်ရဲ့ ပွဲတက်ဖက်ရှင် ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင် ခင်လေးနွယ်ရဲ့ ပွဲတက်ဖက်ရှင် သန္တာဗို နှင့် ချောရတနာတို့ရဲ့ ပွဲတက်ဖက်ရှင် ဂျင်းနီရဲ့ ပွဲတက်ဖက်ရှင် သဇင်ရဲ့ ပွဲတက်ဖက်ရှင် ခိုင်နှင်းဝေရဲ့ ပွဲတက်ဖက်ရှင် Melody ရဲ့ ပွဲတက်ဖက်ရှင် ချမ်းမီမီကိုရဲ့ ပွဲတက်ဖက်ရှင် ဖူးစုံရဲ့ ပွဲတက်ဖက်ရှင် ပုလဲဝင်းရဲ့ ပွဲတက်ဖက်ရှင် မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင် နန်းဆုရတီစိုးရဲ့ ပွဲတက်ဖက်ရှင် ခရစ္စတီးနားတို့ ညီအစ်မ ရဲ့ ပွဲတက်ဖက်ရှင် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဖက်ရှင် အေးမြတ်သူရဲ့ ပွဲတက်ဖက်ရှင် ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ ပွဲတက်ဖက်ရှင် မိုးယုစံရဲ့ ပွဲတက်ဖက်ရှင် အကယ်ဒမီဆုရှင် သက်မွန်မြင့်ရဲ့ ပွဲတက်ဖက်ရှင်


2 နံနက်ခင်းအရုဏ်တက် ဝင်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း 3 နံနက်ခင်း တကယ် မပျင်းအားပါဘု  အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။ ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။ 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။  ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သု့ိပါသော် အသံတိတ်ရယ်နဲ့၊  မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို  ပြိုကျနေခြင်း။ 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘဝင်အေးတယ်  မြင်ကွင်းကလှ။ 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။ လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။ 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ  မြင်းပေါ်တင်  ။ စေတီက […]


kyawkyaw11February 4, 20121min41916
အစိုးရဝန်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့  စစ်တပ်အရာရှိတစ်ဦးဆီက သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ တိုးတိပ်စွာသိရပါသည် ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ   ငထွား


kyawkyaw11February 4, 20121min1380
သံတွဲ ဂျိတ္တော မှ ဆရာတော်ကြီး ဘဒ္ဒန္တကုသလမဟာထေရ်မြတ် ၏ ဈာပနပွဲတော်ကို လာမည့် လပြည့်နေ့နှင့် လပြည့်ကျော်(1)ရက်နေ့များမှာ စီကားသိုက်မြိုက်စွာကျင်းပတော့မှာပါ တိုင်းကျော်ဇာတ်သဘင်အဖွဲ့က မိုးအလင်း(2)ည ကပြမှာဖြစ်ပြီး နွားပြိုင်ပွဲ၊ ချောတိုင်တက်၊ ခြင်းခတ်နှင့် အခြားအားကစားပွဲတော်များကျင်းပနေပါပြီ ရွာသားများ ကြွရောက်လှည့်ပါ   ဂျိတ္တောသားငထွား


thit minFebruary 4, 20121min63277
ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။  လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————  “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP […]


black chawFebruary 3, 20121min110720
ကိုဖက်တီး ရေးသည့် သူကြီးသို့ https://myanmargazette.net/92781/mandalay-gazette-2/editors-choice ဆိုသည့် ပို့စ်လေးနှင့် ကိုဇော်မင်း ရေးသည့် ဂေဇက်ဘာလဲ … ဘယ်တော့လဲ https://myanmargazette.net/97198/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news ဆိုသည့်ပို့စ်လေးကို ဖတ်မိရာမှ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ ကိုဖက်တီးက သူကြီးကို ဒီလိုမေးထားပါတယ်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။ သူကြီးထံမှ မန်းဂဇက် အတွက် တရားဝင် အထောက်အထားတစ်ခုခု ထုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါသည်။ ကိုဇော်မင်း က ဒီလို ထပ်ရေးပါသည်။ […]


မောင်ဆန်းFebruary 3, 20121min125147
မနေ့က အင်တာနက်မှာ မိုးသီးဇွန် မြန်မာနိုင်ငံကို ပြန်မှာလား ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးလေး တစ်ခု ဖတ်ရတယ် အင်တာဗျူးထဲမှာ ကိုမိုးသီးဇွန် က ဒီအကြောင်းလေး တွေ ထည့်ပြောထားတယ် – { နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။ သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။ နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ […]


TTNUFebruary 3, 20121min96883
“ရောင်စုံ မုသားလေးများ” ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ “ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။ စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။ ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။ ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင် ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့ လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။ အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ […]


black chawFebruary 2, 20126min52544
မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။ နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။ ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။ ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။ သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို တိုက်တွန်းပါရစေ။ […]


kyawkyaw11January 31, 20121min1924
ကျွန်တော်တို့ သံတွဲမှာ ဒီနှစ်ဆရာတော်တိုက်တိုက်ဆိုင်ဆိုင်ပြန်လွန်တော်မူသွားကြပါပြီ ကျီးကန်းရဲဆရာ်တော်၊ ဂျိတ္တောဆရာတော်၊ နန်းချောင်းဆရာတော်၊ ဇီးဖြူကုန်းဆရာတော် အံတော်ဆရာတော်၊ ကုလားပုန်းဆရာတော်၊ ပွဲတော်တွေကိုတော့ ရက်တွေမတိုက်အောင်စီစဉ်ပြီးကျင်းပတော့မည်လို့သိရပါတယ် ဒီဆရာတော်တွေအတွက် အလှူတော်တွေပါဝင်ပေးကြပါလို့ ဂျိတ္တောသားငထွား


ba gyiJanuary 30, 20122min44417
စစ်ကိုင်း၊မုံရွာ ဘက်မှ မြန်မာ့အမွေအနှစ်များနှင့် ၊အံ့ဩဘွယ်ရာဖြစ်ရပ်များ။(ဒုတိယပိုင်း) ( ၇. ဝ၁. ၂၀၁၂ ) ရက်နေ့မှာ၊ဝန်ထမ်း ဆုပေးပွဲပြီးတော့၊ မုံရွာဘက်ခရီးဆက်ခဲ့ပါတယ်၊ လမ်းမှာမနေ့ကကျန်တဲ့စစ်ကောင်းကောင်းမှုတော်စေတီတော်ကြီးကိုဝင်ရောက် ဖူးမျှော် ကြည်ညိုခဲ့ပါတယ်၊ လက်ယာရစ်တစ်ပါတ်ပြည့် အောင် ပတ်လျှင် မိခင်ရဲ့နို့တစ်လုံးဘိုးကျေတယ်ဆိုတာလည်ူးကြားခဲ့ရပါတယ်။ အဲ့သည်ဘုရားပရဝုဏ် ထဲဝင်တော့၊ယူနီဖေါင်းဆင်တူရာ ဝတ်ထား တဲ့ လူငယ်အုပ်စုတွေ သုံးစုလောက်တွေ့ရပါတယ် ၊တစ်အုပ်စုအရောင်တစ်မျိုးနဲ့၊မိန်းကလေး၊ယောက်ကျားလေးတွေအများသားပဲ၊  တော်တော်ပျော်ပြီး အော်ကြ ဟစ်ကြ နောက်ကြပြောင်ကြပေါ့၊တစ်ဝင်းလုံး ဆူညံဘွတ် ကလောနေကြတာ၊မေးကြည့်တော့ မန္တလေး၊ဘက်က ဘော်ဒါဆောင်တွေ မှ ကျောင်းသားတွေတဲ့ဗျား။ စစ်ကိုင်း ကောင်းမှုတော်စေတီကြီး ကိုယခင် ဓါတ်ပုံတွေအရ ထုံးဖြူဖြူ သင်္ကန်းကပ်ထားတာတွေ့မြင်နေကျ ဆိုတော့ယခု ရွှေသင်္ကန်းကပ်ထားတော့ မြင်ကွင်း တစ်မျိုးကြီးတော့ဖြစ်သား၊ ဒါပေမည့်လည်း ကြည်ညိုစရာကောင်းပါတယ်ဗျား။ ထုံးဖြူဖြူမှ ရွှေရောင်အတိဖြင့် ကြည်ညိုလှသော၊ကောင်းမှုတော်စေတီတော်ကြီး။ ကောင်းမှုတော်ဘုရားကြီးကိုကြည်ညိုကြပြီး၊ခရီးဆက်ခဲ့ကြပါတယ်၊ မြင်းမူမြို့အဝင် ညောင်ပင်ဝန်း  ဆိုတဲ့ […]