ပညာရေးနှင့် အတွေ့အကြုံ

thit minFebruary 4, 20121min46577

ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။

 လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————

 “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို

၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​

ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​

တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ

ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​

၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP ရဲ့​

 ၄.၁၃ ရာခိုင်နှုန်း​ ရရှိတဲ့​ ပညာ​ရေး​ကဏ္ဍအတွက် ၈.၂၆ ရာခိုင်နှုန်း​ကျော်​လောက် အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလို ရာခိုင်နှုန်း​အား​ဖြင့်​ တိုး​ပြီး​ရရှိလာမယ့်​ ​ငွေပမာဏ ကိန်း​ဂဏန်း​တွေကို​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။”

———————–

ဒါက သတင်းအရပေါ့နော်။ (2011) အေဒီဘီရဲ့ ဒေတာတွေနဲ့ ငွေဖောင်းပွနှုန်းနဲ့ညှိပြီး တွက်ချက်ကြည့်လိုက်တော့

 မြန်မာ့ ဂျီဒီပီက ၂၆ ဘီလီယံဒေါ်လာ(၂၆၁၂၈ မီလီယံပါ)ကျော်ရှိတော့ ပညာရေးအတွက် ၈.၂၆ ရာနှုန်းဆိုရင်

၂ ဘီလီယံဒေါ်လာ (၂၁၆၂ မီလီယံပေါ့နော်) လောက်သုံးမယ်လို့ ယူဆရပါတယ်။

 ( ငွေလဲနှုန်းကို ကျပ် ၈၀၀= ၁ ဒေါ်လာနဲ့တွက်ပါတယ်)

ကျနော်ကတော့ ပညာရေးနဲ့ပါတ်သက်ပြီး ကျောင်းပညာရေးတခုထဲ သုံးတာထက် ပိုစေချင်တယ်။

ပညာရေးလို့ဆိုလိုက်ရင် ကျောင်းပညာရေး (အတန်းပညာရေး) တခုထဲတော့မဟုတ်ပါဘူး။

၁။ အခြေခံပညာရေး ( မူကြို၊သူငယ်တန်းမှ ဆယ်တန်းထိ)

၂။ အဆင့်မြင့်ပညာရေး (တက္ကသိုလ်ဘွဲ့ရ၊ဘွဲ့လွန်အတန်းများ)

၃။ အသက်မွေးဝမ်းကြောင်း ကျောင်းများ၊

၄။ ကာလတို၊ကာလရှည် လေ့ကျင့်ရေးသင်တန်းများ၊

၅။ သက်ကြီးပညာရေးကျောင်း/သင်တန်းများ၊

၆။ဘာသာရေး ဆိုင်ရာပညာရေးကျောင်းများ၊

ကျောင်းသင်တန်းလို သတ်သတ်မှတ်မှတ်မရှိပေမဲ့ ပညာ ကတော့ ပညာဘဲဖြစ်တဲ့ အရာတခုကို

ဆက်ပြီးထဲ့ရရင်တော့

၇။ မိမိဘာသာလေ့လာသင်ကြားခြင်း (သို့)လုပ်ငန်းအတွေ့အကြုံ။ ဆိုပြီးခွဲခြားနိုင်ပါတယ်။

တစ်နဲ့နှစ်ကတော့

ပုံမှန်သင်နေတဲ့ သင်ရိုးညွန်းတမ်းပြုပြင်ရေးတွေလိုအပ်ပါလိမ့်မယ်။ သင်ကြား၊စာမေးပွဲစစ်၊စနစ်မှာ ပါဝင်ဆွေးနွေး

ကျောင်းသားကိုယ်တိုင်ရှေ့ထွက် ပြောဆိုတဲ့ ဦးဆောင် အဆင့်အထိ လုပ်ပေးရင်ကောင်းပါတယ်။ မေးခွန်းကို

ဆရာနဲ့ ကျောင်းသားအပြန်အလှန်မေးပြီး ဆွေးနွေးသင်ကြားနိုင်တဲ့ အဆင့်ကိုအလယ်တန်း

လောက်ကစပြီးလုပ်နိုင်ရင် ကောင်းပါတယ်။ တိုးမြင့်လာတဲ့ ဘတ်ဂျက်ကို သင်ထောက်ပစ္စည်းတွေဝယ်ဖို့နဲ့၊

လက်ရှိ ဆရာ/မ တွေကိုမွမ်းမံသင်တန်း ပေးဖို့လိုပါတယ်။ အကောင်းဆုံးမွန်းမံသင်တန်းကတော့

ပြည်တွင်းသဘာရင့်ဆရာ/မ များနဲ့ နိုင်ငံခြားတိုင်းပြည်က ဆရာ/မတွေကိုခေါ်ပြီးစုပေါင်းထားတဲ့ သင်တန်းမျိုးလို့

ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တီးချားထရိန်နင် ဆိုပြီး ဂျပန်ကိုလာသင်ကြတဲ့ ဆရာ/မ များစွာတွေ့ဘူးပါတယ်။

အားရစရာမကောင်းပါဘူး။ ခေတ်စနစ်အရ ပြည်တွင်းမှာဘဲ ခေါ်ယူသင် သင့်တယ်လို့မြင်ပါတယ်။ ဘာလို့လဲ

ဆိုတော့ လက်တွေ့မြန်မာကျောင်းသားများကို သင်ပြ သင်တန်းပေးနိုင်လို့ပါဘဲ။

အမှတ်စဉ်သုံးမှာဆိုရင်

ပရိုက်ဗိတ်ကျောင်းတွေ ပိုမိုရှိသင့်တာမို့ ပညာရေးလုပ်ငန်းရင်းနှီးမြုပ်နှံလိုသူများ လာရင် အစိုးရဘက်

ဂျက်တောင် မလိုလှဘူးလို့မြင်ပါတယ်။ ရှိလဲရှိနေပြီမို့ လုပ်ပိုင်ခွင့်တွေပိုမိုပေးသင့်ပါတယ်။ အလားတူပါဘဲ။

အမှတ်စဉ်လေး ကလဲ

စက်ချုပ်သင်တန်း(လက်ရှိရှိနေတဲ့)မျိုးအပါအဝင် အခြားလက်တွေ့ လုပ်နိုင်တဲ့

ပညာရပ်တွေကိုသင်ရမှာပါ။ ယေဘုယျသဘောဆန်တဲ့ စာရင်းကိုင်သင်တန်း။အတွင်းရေးမှူးသင် တန်း၊

ကွန်ပြူတာသင်တန်းတွေအပြင် “အခြေခံရေးတတ်ဖတ်တတ်သူများ”အတွက် လက်တွေ့ လုပ်ငန်းလုပ်နိုင် မဲ့

ကျောင်းမျိုးတွေလိုပါတယ်။ စားသောက်ရေးဆိုင်ရာ၊စက်မှုဆိုင်ရာတွေများစွာရှိပါတယ်။ အစိုးရက

“မ တည်ပေးနိုင်ရင်” မြန်သွားမှာပါ။ အစပထမမှာတော့ အမြတ်အစွန်းထက် လူများများကိုသင်နိုင်ဖို့ဘဲ

လုပ်ရပါလိမ့်မယ်။ “အရေအတွက်” ကိုဘဲ စရမှာပါ။ နောက်မှ အရည်အချင်းကိုလိုက်ရပါလိမ့်မယ်။ အဲဒီအတွက်

အစပိုင်းမှာ အစိုးရက စွဲဆောင်မှု=အင်ဇဲန်းတစ်(ဗ)ပေးရပါမယ်။

 အမှတ်စဉ်ငါးကတော့

အရွယ်ရောက်တဲ့အထိ စာမတတ်သူ၊(သို့)အတန်းပညာမရှိသူများအတွက် ဖြည့်စွက်ပညာရေးပါ။

လုပ်သားကောလိပ်လိုအဆင့်မြင့်တွေလဲလိုသလို၊ အလုပ်ပိတ်ရက်နဲ့ ညပိုင်းသင်တန်းတွေလိုပါတယ်။

ဂျပန်မှာ အိုဗာစတေးနေမှုနဲ့ လက်ထိပ်ခတ်အဖမ်းခံခဲ့ရတဲ့ လူတယောက်ဟာ အဖမ်းခံရတဲ့နေ့မှာဘဲ

အမေရိ ကန်ဗီဇာ ပေါက်ပါတယ်။ လက်ထိတ်နဲ့ လေယာဉ်ပေါ်တက်ရပါတယ်။အပေါ်ရောက်တော့မှ

လက်ထိပ်ဖြုတ်ပေး ပါတယ်။ သူ အမေရိကန်ကိုရောက်ပြီး ကားဘော်ဒီရုံမှာအလုပ်လုပ်ပါတယ်တဲ့။

နောက်တော့ အဲဒီလုပ်ငန်းနဲ့ပါတ် သက်တဲ့ သင်တန်းတွေကို အားရက်တွေမှာတက်တယ်။

အဲဒီလိုနဲ့ ပိုကောင်းတဲ့အလုပ်နေရာကိုလဲရလာတယ်။ နောက်တော့ ကားဘော်ဒီပညာကို

တော်တော်လဲတတ်သွား၊ ငွေချေးခွင့်လဲရချိန်မှာကိုယ်ပိုင်ဘော်ဒီရုံထောင်တာ ခု သူဌေးဖြစ်နေပါပြီတဲ့။

လွန်ခဲ့တဲ့ ၁၅ နှစ်က သူထွက်သွားတာပါ။ အဲဒီမှာ သူသင်တန်းတက်နိုင်လိုက်တာက အရေးပါ

တယ်လို့ပြောပါတယ်။ အရင်းအနှီးရရှိမှုကတော့ ဒုတိယအရေးပါတယ်ပေါ့ဗျာတဲ့။ ဟုတ်ပါပြီ။

အရင်းအနှီးမရလို့ သူဌေး မဖြစ်ရင်တောင် ပညာရပ်တခု ကို သေသေချာချာတတ်လို့ စားဝတ်နေ

ရေးတော့ပြေလည်ရုံဘယ်ကတော့မလဲနော်။

အမှတ်စဉ် ၆ ကိုပြောမယ်ဆိုရင်

Madrasah (မာဒရာရှာ)ဆိုတာဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့ ဘာသာရေးကလွှမ်းမိုးထားတဲ့ ပညာရေးစနစ်ပါ။

မြန်မာပြည်မှာ ဟိုး အရင်က ဘုရင့်သားတွေတောင်တက်ခဲ့ရတဲ့ (မောင်လွင်=မင်းတုန်းမင်း)ပညာရေးမျိုးပါ။

ဘာသာရေး ပညာရေးဆိုပေမဲ့ Madrasah ဟာ တက္ကသိုလ်လယ်ဗယ်အထိကို ယူထားတာပါ။

ပေါ့သေးသေးမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးနွယ်တဲ့ ပညာရေးဆိုတော့ ခေတ်နဲ့ တော့ ကိုက်ညီမှု

မရှိတာတွေပါတတ်တာတော့ ရှိပါတယ်။ သူ့ရဲ့အားသာချက်ကဆင်းရဲသားများကိုအခမဲ့သင်ကြားပေးခြင်းဖြစ်

လေတော့ (Non-educated Society) ဇီးရိုး လူ့အဖွဲ့အစည်းကိုတော့ပ ပျောက်စေတာမို့ပစ်ပယ်သင့်တယ်လို့

မမြင်မိပါဘူး။

သီးခြားဖော်ပြထားတဲ့ အမှတ်စဉ် (၇)ကတော့

ကျနော် အားအရဆုံး ပညာရေးပါ။ သူက Informal=အင်ဖော်မယ်(ပုံစံကိုက်မဟုတ်) ပညာရေးမျိုးလို့ဆိုရမှာပါ။

အလုပ်ကသင်သွားတာပေါ့ဆိုတာမျိုးပါဘဲ။ ဘာအတန်းမှမတတ်ဘဲ ယုတ်စွအဆုံး စာတောင်မရေးတတ်ဘဲ

ပိုက်ဆံအရှာကောင်းသော လူများ ပါဝင်ပါတယ်။ ကျနော့အမြင်အရတော့ သူတို့က တကဲ့လူတော်တွေပါ။

ဆပ်ပြာလုပ်ငန်းနဲ့ ချမ်းသာနေတဲ့ သူတယောက်ကို ဆာဗေးလုပ်ဖူးပါတယ်။မြောက်ဥက္ကလာကပါ။သူ့ဘဝမှာ

ပီမိုးနင်းရဲ့ ဆပ်ပြာချက်နည်းတအုပ်ကိုဘဲ ဖတ်ဖူးတာပါတဲ့။ဒါနဲ့ ဆပ်ပြာချက်တယ်။အိမ်ကဒန်အိုးနဲ့ပါတဲ့။

နောက်တော့ ကောင်းကောင်းကျွမ်းကျင်သွားလို့ တခါချက် အတောင့် ၂ဝ လောက်ကိုအရပ်ထဲလည်ရောင်းရင်း

ပိုကောင်းတဲ့ ဆပ်ပြာကိုချက်တတ်လာပြီး ချမ်းသာသွားပါတယ်။

အတန်းပညာသင်ခြင်းဆိုတာကြီးကို အစွဲအလန်းကြီးမှုကိုလည်း ချိန်ဆစေချင်ပါတယ်။

ဘွဲ့ တခုရရင် လူရိုသေ ရှင်ရိုသေဖြစ်တယ်လို့ပြောလေ့ရှိပါတယ်။ ဟုတ်ကဲ့ အလုပ်လက်မဲ့လဲ

ဖြစ်စရာ အကြောင်းများစွာရှိနိုင်ပါတယ်။ ဘွဲ့လေးတခုရလိုက်တော့ ဝပ်လျှော့မှာပညာသင်အလုပ်

သမားအနေနဲ့ ဝင်ဖို့ခက်နေတတ်ပါတယ်။ “နတ်အိုးကွဲ” ဆိုတဲ့ စကားလေးကြားဘူးမှာပါ။

နတ်ကိုယုံကြည်လို့ ပူဇော်ထားတဲ့ နတ်အိုး(ပန်းထိုးတဲ့အိုး)များကွဲရင် ထားရသိပ်ခက်ပါတယ်တဲ့။

အမှိုက်ပုံထဲပစ်ရင်လဲ ကိုယ်တော်တွေ၊အမေတွေ စိတ်ဆိုးပြီး နတ်ကိုင်မှာစိုးရသေးတယ်။

ကောင်းကောင်းမွန်မွန် တနေရာမှာ ထားရအောင်လဲ အကွဲကြီး။

အဲဒီ တော့ ခြံစည်းရိုးချိတ်ထားတတ်တာ မြင်ဘူးကြလားမသိဘူး။ ထားစရာနေရာမရှိတာလေ။

တကယ် ပညာတတ်တယ်ဆိုရင်ထိုက်တန်တဲ့ နေရာကို ရမှာပါ။ မရသေးတာ ဝမ်းစာမပြည့်သေးလို့

ပါဘဲ။ ဆိုတော့ကာ

 ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်၊ဦးတည်ချက်ကို နဲနဲပြောပြချင်ပါတယ်။

၁။ အသက်မွေးဝမ်းကြောင်း နိုင်ဖို့ပါ။

ပညာတတ်ရင်လုပ်ကိုင်စားသောက်နိုင်မယ်ဆိုတဲ့ အသိနဲ့သင်ကြပါတယ်တဲ့။ဒါဆိုရင် လုပ်ကိုင်စားသောက်

နိုင်တယ်လို့ “သေခြာ” တဲ့ ပညာမျိုး မသင်သင့်ဘူးလားဗျာ။

 

၂။ အမှန်အမှားခွဲခြား ဆုံးဖြတ်နိုင်ဖို့ပညာကိုသင်ရပါတယ်တဲ့။

အကောင်းပြောလို့ပြောမှန်းမသိ၊ဆင်ခြင်တုံတရားမရှိသူ ဘယ်နှစ်ဘွဲ့ဘဲရရပါ၊ ပညာတတ်မမည်ပါဘူး။

အမှန်ကိုသိနိုင် တွေးနိုင် ဆုံးဖြတ်နိုင်မှုနဲ့သာတိုင်းတာပါတယ်။

 

၃။ ယဉ်ကျေးမှုကူးလူးဆက်နွယ်မှုနှင့် တဦးယဉ်ကျေးမှု တဦးလေးစားရေးအတွက်သင်ကြားခြင်းပါ။

လူသားအမျိုးမျိုးရဲ့ ယဉ်ကျေးမှုတွေဟာမတူညီကြပါဘူး။တမျိုးသားနဲ့တမျိုးသားလေးစားဖို့လိုပါတယ်။

လူသားစည်းလုံးညီညွတ်ရေးကမှ ငြိမ်းချမ်းရေးကို ဦးတည်ပြီး လူ့ဘောင်ကို ကောင်းစွာထိန်းသိမ်းနိုင်မှာပါ။

 

၄။အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ပညာကိုသင်ပါတယ်။

ပညာတတ်တဲ့သူဟာ ကိုယ်ကိုယ့်ကိုတန်ဖိုးထားရပါမယ်။ လူ့တန်ဖိုးဟာ ရွှေငွေ မဟုတ်ပါဘူး၊အကျင့်သီလပါ။

ကိုယ်ကျင့်တရားပါ။ ဘယ်လိုကိုယ်ကျင့်တရားထိန်းသိမ်းသင့်တယ်ဆိုတဲ့

“အသိတရား”အတွက်ပညာကိုသင်ပါတယ်။

 

၅။ ကိုယ်ပိုင်လွတ်လပ်စွာတွေးတောနိုင်ခြင်းအတွက်ပညာကိုသင်ပါတယ်။

“ကာလာမသုတ်” ကို ကိုးကားနိုင်ပါတယ်။ စာအုပ်ထဲရေးထားလို့ယုံစရာမလိုပါဘူး။

 သူများပြောတိုင်းမယုံဘဲကိုယ့်အတွေးအခေါ်နဲ့ စဉ်းစားနိုင်ဖို့ ပညာကိုသင်ပါတယ်။

(ရွာထဲက ရွှေဆရာ ကိုစာမိ ကိုရွှေအတုရောင်းလို့ဘယ်ရတော့မလဲဗျာ။

သူ့မှာ ရွှေနဲ့ပါတ်သက်ရင် ကိုယ်ပိုင် အတွေးအခေါ်ရှိနေလို့ သူ့ကို စကားနဲ့”ချုပ်”ပြီး နှပ်လို့မရတော့ပါဘူး။)

 

၆။ ကိုယ့်အကျိုးစီးပွါးကိုလုပ်ကိုင်ရင်းအများအကျိုးစီးပွါးကိုဆောင်ရွက်နိုင်ဖို့ပညာကိုသင်ပါတယ်။

ဒါက အက်ဒမ်စမစ်ဆိုတဲ့ ၁၇၇၆ ခုနှစ်က ဆရာကြီးရဲ့ “ကိုယ်ပျောက်လက်” အယူအဆပါ။

ကားဝပ်လျှော့ကအလုပ်သမားဟာ သူ့စီးပွါးရေးအတွက်ဘဲ အလုပ်လုပ်တာပါ။အဲဒီအတွက်ဘဲ

ကား ပညာကိုသင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့စားဝတ်နေရေးအတွက် ကားပြင်စားရင်း တခြားသူတွေရဲ့

သွားရေးလာရေး၊ကုန်စည်စီးဆင်းရေး၊စားဝတ်နေရေးတွေကိုပါ တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီးတော့

အကျိုးပြုနေပါတယ်တဲ့။ အဲဒီအတွက်ပညာသင်ပါတယ်။

 
 အဲဒီ အချက် ၆ ချက်ကို ကြည့်လိုက်တော့ ပညာသင်ခြင်းဟာ မိမိရဲ့ လူမှုဖွံ့ဖြိုးမှုနဲ့ လောကလူသားအားလုံးရဲ့

လူမှုဖွံ့ဖြိုးမှုအထိ ဆက်နွယ်နေတာတွေ့ရပါတယ်။

ထပ်ပြီးသတိပေးချင်ပါသေးတယ်။ အတွေ့အကြုံလဲပညာလို့ ခေါ်ပါတယ်။ မုဆိုးပညာနဲ့မှ ကျားကိုဖမ်းလို့ရမှာပါ။

———————–

ယနေ့ပညာရေးဆိုတာနဲ့ ကျောင်းပြေးတတ်ဖို့စဉ်းစားကြလို့ ပြောပြချင်တာပါ။ တကယ်က ဘယ်လိုနည်းနဲ့ဘဲ

လူ့အရင်းအမြစ်ကိုမြှင့်တင် မြှင့်တင် မြင့်ဘို့က လိုရင်းပါ။ မြန်မာနိုင်ငံမှာ ငုတ်လျှိုးလုပ်အားတွေအများကြီးရှိနေလို့

ဆင်းရဲရတာပါ။ အိမ်မှာကုန်စုံဆိုင်ရှိတယ်။ ကလေး ၂ ယောက်ကြီးပြင်းလာတော့ မိဘရဲ့ကုန်စုံဆိုင်ဘဲ

ဆက်ရောင်းတယ်။ ကျန်းကျန်းမာမာရှိနေတဲ့ မိဘတွေကလဲ အိမ်မှာအေးအေးဆေးဆေးနားပါတော့တယ်။

သားသမီး၂ယောက်က လဲ ၂ ယောက်လုံးကုန်စုံဘဲရောင်းတယ်ဆိုရင် အဲဒါ အနဲဆုံးတော့ လူ ၁(သို့)၂

ယောက်လောက် ငုတ်လျှိုး လုပ်သား ဖြစ်နေပါပြီ။ ဘွဲ့ရပြီး ယောင်ခြောက်ဆယ်တွေဆိုတာလဲ အဲဒီအထဲ

ထဲ့ရမှာပါဘဲ။ လုပ်ခွင့်မှမသာတာ၊ လုပ်စရာမရှိတဲ့အခြေအနေတွေကလဲ တကြောင်းပေါ့နော်။ ကိုယ်ကိုယ်တိုင်လဲ

အားထုတ်ရှာဖွေရမယ်ဆိုတဲ့ အသိလဲ လိုပါလိမ့်မယ်။

———————–

ဒါဆို လိုအပ်ချက်အရ

အစိုးရပိုင်းကအနေအထား (System and Budget)အပြင်  ကိုယ်တိုင်ဘယ်လိုပညာမျိုးကိုသင်သင့်တယ်ဆိုတဲ့

ရွေးချယ်မှုတွေလဲ လိုလာပါပြီ။ အတန်းမဟုတ်သော ပညာရပ်များကိုသင်ကြားရယူနိုင်ခြင်းမျိုးကလဲ

မိမိဘဝကိုရောတိုင်းပြည်လုပ်အား၊တနည်းအားဖြင့်တိုင်းပြည်ဝင်ငွေတိုးစေပါတယ်။ ကိုယ့်ကိုကိုယ် (ပညာ)

ဝမ်းစာဖြည့်နိုင်ခွင့်ရှိနိုင်မဲ့ စားဝတ်နေရေးအလုပ်မျိုးကို ရွေးချယ်လုပ်နိုင်ရင် အရမ်းကောင်းပါ တယ်။

ကြိုးစားရှာဖွေပြီး အတွေ့အကြုံပညာနဲ့ ဘဝကိုမြှင့်တင်နိုင်ပါစေ။

~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်။

မောင်သစ်မင်း (^^)

————————————–

တချိန်ကမြန်မာ့ဂုဏ်ဆောင် တန်းဝင် သုတေသန စာစောင်ကြီး။

77 comments

  • ဆရာသစ်ရေ …
    “နောက်ကျ အပေါက်ဝ” ဆိုတော့ ကျွန်တော် အပေါက်ဝ ရောက်သွားပြီပေါ့နော် … 😀
    ကျွန်တော် ပါဝင် ဆွေးနွေးချင်တာလေးကတော့ “အတွေ့အကြုံ” ပါပဲ။
    လူတစ်ယောက်ဟာ ကိုယ်တိုင် တွေ့ကြုံရတဲ့ အတွေ့အကြုံတွေနဲ့ ပြည့်စုံဖို့ဆိုရင် လူ့သက်တမ်း တစ်ခုကျော်မက အချိန်တွေ လိုအပ်တယ်လို့ ကြားခဲ့ဖူးပါတယ်။ ဒီစကားအရ ကျွန်တော်တို့တွေ ပြည့်စုံ လုံလောက်တဲ့ အတွေ့အကြုံပေါင်း များစွာနဲ့ ကိုယ်တိုင် ကြုံတွေ့၊ သိရဖို့ဆိုတာ မလွယ်လှဘူးပေါ့ဗျာ။ ကိုယ်တိုင် တွေ့ကြုံရတာ မဟုတ်ပေမယ့် အခြားသူတွေ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေကတော့ဖြင့် စာအုပ်၊ စာပေတွေထဲမှာ အများကြီး ရှိတယ်တဲ့။ ဒါဖြင့် အတွေ့အကြုံတွေကို စာအုပ်တွေထဲကလည်း အများကြီး ယူရပါမယ်တဲ့။
    အတွေ့အကြုံဟာလည်း ဆရာသစ် ပြောထားသလို ပညာပဲ ဆိုတော့ ကျွန်တော်က စာအုပ်၊ စာပေ ဖတ်ရှုတတ်ခြင်းကိုလည်း ပညာစာရင်းထဲ ထည့်သွင်း စေချင်ပါတယ်။ စာအုပ်၊ စာပေ ဖတ်တဲ့နေရာမှာ ဇာတ်လမ်းသွား ဖတ်ခြင်းမျိုးထက် စာအုပ်ထဲကပေးတဲ့ အတွေ့အကြုံ၊ အတွေးအကြံနဲ့ စာရေးသူရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို လှမ်းပြီးတော့ ဖတ်တတ်အောင်လို့ စာအုပ်၊ စာပေ ဖတ်တတ်အောင် သင်ပေးတဲ့ သင်ခန်းစာတွေကို အတန်းပညာရပ် ထဲမှာ ထည့်သွင်းသွားစေချင်ပါတယ်။ ပြီးတော့ စာဖတ်ချင်စိတ်ကို နှိုးဆွပေးတဲ့ ဟောပြောခြင်းတွေကိုလည်း အတန်းပညာထဲမှာ အချိန်တစ်ချိန်ယူပြီး ထည့်သွင်းစေချင်ပါတယ်။ ဒါကတော့ ကျွန်တော် ပါဝင် ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးပါပဲ ဆရာသစ် ခင်ဗျာ … ။

    အံစာတုံး

  • ba gyi

    February 20, 2012 at 2:15 pm

    လေးစားရသောကိုသစ်ကြီးရေ၊ ပညာရေးဆိုတာ၊စတင်မွေးဖွားလာချိန်မှစပြီး၊သေဆုံးချိန်အထိပါသွားတာကိုထင်သာမြင်သာ ရှိအောင် ရှင်းလင်းပြလိုက်တာများ၊တစ်ကယ်ကိုပညာရှင်တစ်ဦးပီသပါပေတယ်ခင်ဗျား။
    ပြည့်စုံပြီးရှင်လင်းသည့် ပို့စ်နှင့်၊ကွန်မန့်များအကြားမှာ ခရီးရောက်မဆိုက် ကလေးဝင်မန့်ခွင့်ရတာ ကို၊ဝမ်း သာပီတိဖြစ်ရပါသည်။
    ကျနော်ဖြည့်စွက်ချင်တာကလေးကပါးပါးလေးပါပဲ ၊ အဓိကကျတဲ့ အခြေခံအဆင့်၊ အလယ်တန်း အဆင့်မှ ဆယ် တန်းထိကိုပြောချင်တာပါ၊စာသင်တယ်ဆိုတာစိတ်ကိုသင်တယ် လိုအခြေခံအဆင့်မှာခံယူသင့်ပြီး၊ သင်ကြားသူတွေဟာကလေးတွေရဲ့စိတ်ကိုဖတ်တတ်တဲ့ အလေ့အကျင့်ရှိဘို့နဲ့ ဖတ်လို့ရနိုင်တဲ့ သင်ထောက် ကူပစ္စည်းတွေ ပေါ်မူတည်ပြီး၊ကလေးတွေရဲ့ ဗီဇမျိုးစေ့အပေါ်မှတ်တမ်းတင်တဲ့ စံနစ်မျိုးကို၊ သင်ကြားရေး မှာထည့်သွင်းသင့်ပါတယ်။ မူကြိုအဆင့်ကိုပြောတာပါ။
    မူလတန်းရောက်လာတဲ့အခါကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ဓါတ်ခွန်အားပေးပြီး၊လုပ်ချင်တဲ့အရာကိုလုပ်ရဲ ကိုင်ရဲရှိစေတဲ့ သင်ကြားရေးစံနစ်ကိုရောက်စေဘို့ဦးတည်တဲ့ သင်ရိုးညွှန်း တန်းတွေ ထည့်သွင်း သင့်ပါ တယ်။
    အလယ်တန်းရောက်တဲ့အခါကိုယ်လုပ်ချင်တာကို လက်တွေ့ဆာင်ရွက်ဘို့ လေ့ကျင့်ပေးတဲ့၊လက်တွေ့ဆန်
    သောသင်ထောက်ကူပစ္စည်းတွေ၊စီမံခန့်ခွဲမှုလက်တွေ့သင်တန်းလေ့ကျင့်မှုတွေ၊ဖြစ်တတ်သောအခက်အခဲ ၊ပြဿနာဖြေရှင်းမှုတွေကိုဆရာတပည့်များအကြားလက်တွေ့အပြန်အလှန်မေးခွန်းထုတ်၊အဖြေရှာ၊မှတ် တမ်းတင်စံနစ်မျိုးတွေစတင်သင့်ပြီး၊
    ဆယ်တန်းရောက်တဲ့အခါမှာ၊ သီအိုရီရော၊လက်တွေ့ပါပါဝင်သောပရိုဂရမ်တွေကိုပညာရှင်ဆန်ဆန်တွေး တွးခေါ်၊ စမ်းစစ်၊ ကျမ်းပြုနိုင်သော အဆင့်၊အဖြေရှာနိုင်သော အဆင့် ့ရောက်ပြီး၊ ဝါသ နာပါရာ၊ ဗီဇပါ ရာဘာသာရပ်အပေါ်စိတ်ကြိုက်ထူးချွန်အောင်လိုက်စား၊သင်ယူဆောင်ရွက်ဘို့အသင့်ဖြစ်နေသင့်ပါပြီ။ သည်လိုရည်ရွယ်ချမှတ်နိုင်ရင်၊ရေရှည်မှာကလေးတွေကိုဖွံ့ဖြိုးတိုးတက်စေမည့်ပညာရေးဖြစ်လာနိုင်မှာလို့ယုံကြည်ပါတယ်၊သည်အခြေခံပေါ်မူတည်ပြီးလက်တွေ့ဆောင်ရွက်ဘို့ကိုတွက်ချက်၊ဘတ်ဂျက်ချသင့်သလို၊
    သင်ရိုးညွှန်းတန်းချမှတ်ခြင်း၊ကျောင်းများဖွင့်ခွင့်ပေးခြင်းတို့ကိုဆောင်ရွက်သင့်ပါတယ်၊ဆရာတွေကိုလေ့ ့ကျင့်ရွေးချယ်၊သင်တန်းပေးသင့်ပါတယ်။

  • Swal Taw Ywet

    July 4, 2012 at 9:35 pm

    Dear Brother, SaYar Ko Thit Min,
    Now I am starting to establish a small Technical Training School at Yangon.
    I really want to show you how your idea is important and good.
    Please re-write in our MG as possible as you can.
    We all are waiting for your valuable posts.
    Please…
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

Leave a Reply