အမေရိက (၄နှစ်တကြိမ်)နှင့်မြန်မာ(၅နှစ်တကြိမ်) နှစ်၂၀မှ တကြိမ်ကြုံနိုင်သော အထွေထွေရွေးကောက်ပွဲကြီး၂ခု လတိုက်ရက်ကပ်ပြီးစီးခဲ့သည်။နှစ်နိုင်ငံလုံးအတွက် ယခုစာရေးသည့်အချိန်အထိ အပြီးသတ်တွက်ချက်မှုများမပြီးသေး၊ တရားဝင်ယတိပြတ်မကျေညာနိုင်သေး။ ၁၁ သမ္မတ/၂ အတိုင်ပင်ခံထပ်တင်မြှောက်ရဦးမယ့် မြန်မာ၂၁ရာစုမြန်မာနိုင်ငံ၏ တတိယအကြိမ်ရွေးကောက်ပွဲကြီး နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပခဲ့သည်။ပထမတခါ (၂၀၁၀) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်မပြိုင်နေခဲ့၍ ပြည်ခိုင်ဖြိုးမှ ဦးသိန်းစိန်အစိုးရဖွဲ့နိုင်ခဲ့ပါသည်။ဒုတိယတခါ(၂၀၁၅)တွင် သောင်ပြိုကမ်းပြိုနိုင်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါသည်။တတိယ (၂၀၂၀ )တွင်လည်း တဝုန်းဝုန်တဝေါဝေါ တောင်ကျရေဆင်းနိုင်ပြန်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါဦးမည်။ သမ္မတ,မဖြစ်နိုင်သောဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထပ်မံတင်မြှောက်ရပါဦးမည်။ NLD သည်၂၀ရာစုနှောင်း ၁၉၉၀ ရွေးကောက်ပွဲတွင်လည်းဤသို့နှယ် နိုင်ဖူးသည်။ ၁၉၉၀ရွေးကောက်ပွဲနှစ်က NLD ၏ပြိုင်ဖက်ပါတီကြီးမှာ ထိုစဥ်က မဆလ တဖြစ်လဲတစညဖြစ်၏။ ထိုစဥ်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ -မဆလ ဟူသည် ၁၉၆၂မှစတင်အခြေတည်ထားသည့် နိုင်ငံတနိုင်ငံလုံးအတွက်တခုတည်းသောပါတီ။ အခြေခံအဆောက်အအုံ ငွေအရင်းအမြစ်၊ လူအင်အားသာမက ထိုစဥ်ကအာဏာရ စစ်အစိုးရ နဝတနှင့်လည်း ဆရာတပည့်တသားတည်း။သို့သော် […]