kaiJuly 6, 20164min85318
‘Welcome to Jupiter!’ NASA’s Juno space probe arrives at giant planet By Amanda Barnett, CNN Updated 11:02 PM ET, Tue July 5, 2016 Jet Propulsion Lab, California (CNN)NASA says it has received a signal from 540 million miles across the solar system, confirming its Juno spacecraft has successfully started orbiting Jupiter, the largest planet in […]


kaiJuly 6, 20161min6294
ပုံနှိပ်သတင်းစာမှာ လစဉ်ပုံမှန်ပါနေတဲ့ အတိုင်း.. Photo Essay ဘယ်သူလုပ်ပေးနိုင်လည်း သိချင်လို့ပါ…။ ရွာသူားဓာတ်ဆြာများထဲက ဦးစားပေးပေါ့..။ တလတခါမို့.. အချင်းချင်းညှိပြီး တလှည့်စီရေးပေးမယ်ဆိုလည်းဖြစ်ပါတယ်။ စာကတော့ သိပ်မလို.. ဓာတ်ပုံရိုက်တဲ့.. ပညာပိုင်းဆိုင်ရာ”အချက်အလက်”တချို့သာလိုပါတယ်။ လုပ်ပေးနိုင်တဲ့.. တခြား ဓာတ်ပုံဆရာအသိတွေထဲကရှိရင်လည်း  မိတ်ဆက်ပေးစေလိုပါတယ်။ ကိုယ်ပိုင်ဘစ်ဇနက်ရှိရင် ကြော်ငြာအနေနဲ့ အက်ဆေးနောက်ဆုံးမှာ မိတ်ဆက် အီးမေးလ်ထည့်ပေးပါမယ်။ အမေရိကားက မြန်မာပြည်ကို Photo Tourism သွားချင်သူတွေကို မိတ်ဆက်ပေးပါမယ်။ ကားငှား.. လူတွေကိုရင်တွေကို.. Setup လုပ်ပြီးရင်.. မြန်မာပြည်အနှံ ့ဓာတ်ပုံရိုက်ခရီးထွက်ကြရင်း.. ဘစ်ဇနက်လုပ်နိုင်သပေါ့…။ အဲ.. အပိုဆုအနေနဲ့.. အမေရိကားကို Photo Tours လာချင်သူများရှိရင်လည်းပြောပါ။ လိုက်ပို့ပေးပါ့မယ်..။ စီစဉ်ပါမယ်..။ လောလောဆယ်တော့.. ရရက်နေ့ကစလို့.. မိုင်.. ၃ထောင်ခရီး.. ပြည်နယ်၉ခုကိုပါတ်ထွက်ပါမယ်..။


kaiJune 20, 20161min76518
“နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။” ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း(၁) ပုဒ်မ ၁၃ တွင်ဤသို့ဆိုထားသည်။ မဆလ လက်ထက်ကပြုစုခဲ့၍ နဝတ၊နအဖလက်ထက်က အကြိမ်ကြိမ်ဖြည့်စွက် ပြင်ဆင်ထားခဲ့သော အဆိုပါဥပဒေသည်မြန်မာ့အခြေခံဥပဒေကားမဟုတ်။ သို့ဆိုသော် ပြည်ထောင်စုလွှတ်တော်၏ ၅၀%+၁နှင့်ပင်ပြင်နိုင်သောဥပဒေဖြစ်နေကာ လူထုရွေးကောက်ထားသော လွှတ်တော်နှင့်အစိုးရအနေဖြင့် ၂၁ရာစုနှင့်လိုက်လျှောညီထွေဖြစ်ရန်ပြင်ဆင်ပေးရမည့် သမိုင်းပေးတာဝန်ရှိသည်ဟုဆိုပါမည်။ ဦးနေဝင်း၏ဥပဒေ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကျွမ်းကျင်သူဥပဒေပညာရှင်ဆိုသူများက ဦးနေဝင်း၏တိုက်ရိုက်ကြီးကြပ်မှုဖြင့် လူဦးရေ သန်း၁၂၀ဝကျော်စီရှိသော ချိုင်းနားပြည်နှင့် အိနိ္ဒယနိုင်ငံ၊ လူဦးရေ သန်း၁၆ဝရှိသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ လူဦးရေ ၆ရသန်းရှိသော ထိုင်းနိုင်ငံ စသည့်အိမ်နီးချင်းနိုင်ငံများနှင့် ကပ်လျက်တည်ရှိနေရသော (နှစ်၁၀၀ဝမျှသက်တန်းရှိမြန်မာ့အင်ပါယာ)နိုင်ငံတော်အားနိုင်ငံခြားသားများ၏ ဝါးမျိုခြင်းမခံရအောင်၊ လူမျိုးမပျောက်အောင် အမျိုးသားလုံခြုံရေးရှူထောင့်မှကြည့်၍ စီစဉ်ရေးဆွဲခဲ့သည်ဆိုပါသည်။ အဆိုပါဥပဒေတွင် တိုင်းရင်းသား၊နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားဟူ၍ အဆင့်အတန်း များခွဲခြားထားကာ Divide and rule […]


kaiMay 12, 20161min49014
ကမာ္ဘ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day (May 3) တွင် ယခုနှစ်အတွက် ဆောင်ပုဒ်- “သတင်းအချက်အလက်များရယူနိုင်ခြင်းနှင့် လူ့အခြေခံလွတ်လပ်ခွင့်များဟူသည် သင့်အခွင့်အရေးဖြစ်သည်” “Access to information and fundamental freedoms: This is your right!” မြန်မာတို့သည် လွန်ခဲ့သောရာစုနှစ်တဝက်မကအချိန်တွင် မိမိအစိုးရဘာလုပ်နေမှန်းမသိ၊ ဘာတောင်းရမှန်းမသိ၊ ဘာမှမရဖြစ်ခဲ့ကြရဖူးသည်။ လူ့အခြေခံလွတ်လပ်ခွင့်များဟူသည်လည်း မသိ/မရှိခဲ့။ ယခု ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်ကား မြန်မာတို့အတိုးချယူကြ နှိုက်ကြနှင့် လှုပ်ရှားလွန်းနေဟန်ပင်ရှိလေသည်။ ရုတ်တရက်ပွင့်လင်းလာသော အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တို့လည်း ပွင့်လင်းမြင်သာဖြစ်ကုန်သည်။ ဝန်ကြီးဌာနပင်မတည်ရသေး၊ သတင်းများမီဒီယာများသို့ရောက်နေ၏။ ဝန်ကြီးဖြစ်မည့်သူစာရင်းမှာ လွှတ်တော်သို့သမ္မတကပို့၍ အတည်ပြုချက်ပင်မယူရသေး ပေါက်ကြားနေလေသည်။ စစ်တိုက်ကြ၍ သွေးသံရဲရဲသေသူစစ်သားများပုံ၊ စစ်ရေးအချက်အလက်များသည်လည်း FB(Facebook) ပေါ်ချက်ချင်းတက်နေသည်။ တကယ်တော့ ဆိုရှယ်မီဒီယာတို့အစွမ်းဖြင့် ကမ္ဘာလူယဉ်ကျေးမှုသည်လည်း လူမှုတော်လှန်ရေးတရပ်သို့ ဦးတည်ပြောင်းညှိနေဟန်ရှိသည်။ […]


kaiApril 21, 20161min49516
“လူ(၄)မျိုး” (၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား) (၂) အခြားသူ၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား) (၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်) (၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ) ကမ္ဘာလောကတွင် လူ(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင်ပြသည်၊၊ အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု ဗုဒ္ဓဟောသည်။ ထိုထိုအဓိပ္ပါယ်အရ ပရဟိတ၊ အခြားသူ၏အကျိုးကိုသာ ပြုသောသူသည် ဘုရားကြိုက်သောအမြတ်ဆုံးမဟုတ်သည်မှာထင်ရှား၏။ အလှုဒါန ကိုယ့်အိမ်ကစ But if any prouide not for his owne, & specially for those of his owne house, hee hath denied the faith, and is worse then an […]


kaiApril 16, 20162min5126109
အဲဒီမျိုးစေ့တွေ.. တကယ်ဝယ်ပြီး… မြန်မာပြည်လာဖြစ်ရင်.. တကယ်စိုက်မယ့်သူတွေကို.. လက်ဆောင်ပေးချင်လို့…။ လက်ဆောင်တွေထဲ.. သစ်စေ့.. မျိုးစေ့..တွေပေးချင်တာ…။ နောင်.. ၅-၁၀-၁၀ဝ နှစ်တွေကြာတော့… ဤသစ်သီးဝလံ.. ပန်းမာန်ကို… ဤသူ မြန်မာပြည်သို့… တင်သွင်းခဲ့သည်ဖြစ်ချင်လို့..။ ဆိုတော့… ရွာထဲ.. သစ်မွေးပင်စိုက်စားတဲ့တယောက်လည်း.. ရှိဖူးတယ်မှတ်မိတယ်..၊ အဲဒီလိုစီးပွားဖြစ်လုပ်ချင်သူတွေကို.. ပိုလို့အားပေးချင်ပါတယ်..။ တကယ်လိုချင်သူတွေ.. တကယ်လိုချင်တဲ့မျိုးစေ့လေးများရှိရင်..  စာရင်းပေးကြပါလေ…။ ရချင်ရ.. မရချင်မရ..။ ============== Arugula (Organic) 450-500 Seeds. Oregano (Common Italian) 750-800 Seeds Parsley (Dark Green Italian) 450-500 Seeds Fenugeek (Trigonella) 100-150 Seeds Anise (Pimpinella) 90-110 Seeds Basil (Italian Large Leaf) […]


kaiMarch 19, 20161min99134
ကိုးနဝင်းရုပ်သေး ၂၀၁၆၊ မတ်လ ၁၅ရက်နေ့တွင် ဦးထင်ကျော် (ထ+က=ကိုး) သည် ကိုယ်စားလှယ်မဲပေါင်း (၃၆ဝ = ကိုး)ဖြင့်ရွေးချယ်ခံရကာ မြန်မာပြည်အတွက်တရားဝင် ကိုးယောက်မြောက်သမ္မတဖြစ်လာပေသည်။ ပြီးခဲ့သောနှစ် နိုဝင်ဘာလကတည်းက ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာသမ္မတ၏အထက်တွင်နေကာအုပ်ချုပ်မည်ဟု ကမ္ဘာ့မီဒီယာတို့အားတရားဝင်ပြောထားပေရာ ယခုသမ္မတသည်ဒေါ်အောင်ဆန်းစုကြည်စိတ်ကြိုက်ရွေးချယ်ထားသော ရုပ်သေးသမ္မတသာလျှင်ဖြစ်ပေလိမ့်မည်။ ဤသို့ကြားသိဖူးပါသည်။ မြန်မာသမ္မတအား မြန်မာလူထုမှတိုက်ရိုက်ရွေးကောက်သည်မဟုတ်သလို ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်နေရန်လည်းမလိုသဖြင့် သမ္မတတွင် မူလကျောထောက်နောက်ခံအင်အားစုရှိရန်မလိုသည်ကိုတွေ့ရမည်။ လွှတ်တော်အမတ်တို့မှ (အခြေခံဥပဒေပုဒ်မ ၅၉ နှင့်ကိုက်ညီပါသည်ဆိုသော) အလိုရှိရာသူကို တိုက်ရိုက်တင်ပေးကြရသည်။ လွှတ်တော်တရပ်ရပ်တွင်ပါတီတခုတည်းမှ၅၀%အထက်ကိုယ်စားလှယ်အင်အားနှင့်အားကောင်းနေပါလျှင် ထိုပါတီမှတင်သည့်သူသည် ဒုသမ္မတဖြစ်လာလိမ့်မည်။ သမ္မတဖြစ်မည့်သူ၏ လူထုနှင့်ထိတွေ့မှုရှိထားရန်မလိုသည့် အခြေအနေကိုအခြေခံဥပဒေမှပင် ခွင့်ပြုထားပေသည်။ သမ္မတဖြစ်မည့်သူသည် လူထုကိုမဲဆွယ်စည်းရုံး၍ ထိတွေ့ဆက်ဆံရန်မဆိုထားနှင့် လူထုမှာ မည်သူဖြစ်မည်ဟုသိပင်မသိခဲ့ကြရပေ၊ သိရန်လည်းမလိုပေ၊ အဆိုပါမိုးကျရွှေကိုယ်ရွေးဟန်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏အငွေ့အသက်လွှမ်းမိုးလွန်းလှသည်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်ကိုယ်စားလှယ်တို့ တင်ပေးလိုက်သော ဒုသမ္မတ ၃ယောက်မှ သမ္မတတဦးရွေးကောက်တင်မြှောက်ရပေရာ ထိုရွေးကြဟန်မှာလည်း […]


kaiMarch 6, 20161min134951
သမ္မတ ဦးထင်ကျော် တစ်ပြေးနေပါသည်။ ဦးထင်ကျော် ကိုယ်ရေးအကျဉ်း ~~~~~~ ။~~~~~ ကွမ်းခြံကုန်းမြိ ု့သား,၁၉၉ဝ ရွှေးကောက်ခံ ကိုယ်စားလှယ်, စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သား, ၁၉၄၆ ဇူလိုင်လ ၂ဝရက်နေ့ မွှေးဖွားသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း, ဒေါ်အောင်ဆန်းစုကြည် တို့မှယုံကြည်စိတ်ချရဆုံး ဖြစ်သည်,ဒေါ်အောင်ဆန်းစုကြည်ထက်အသက် တစ်နှစ်ငယ်သော်လည်း ,မက်သဒစ်ကျောင်း (ဒဂုံ၁) တွင်အမေစု နှင့်အတူပညာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၆၂ခုတွင် စီးပွားရေးတက္ကသိုလ်တက်ရောက်ခဲ့ ပြီးမဟာစီးပွားရေးဘွဲ့ကို ရရှီခဲ့သည်။ ရန်ကုန်ကွန်ပြူတာဌာန၏ ပထမဆုံး နိုင်ငံခြား ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂တွင်အစိုးရဝန်ထမ်းအဖြစ်မှနှုတ်ထွက်ပြီး အမေစု ဦးဆောင်သောNLDသို့ဝင်ရောက် လုပ်ဆောင်ခဲ့သည်။ ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကို ရေးသားဖော်ပြခဲ့သည်။ NLD၏ နံမည်ကြီးခေါင်းဆောင် ဦးလွင်၏သမီး ရန်ကုန်တိုင်း သုံခွမြိ ု […]


kaiFebruary 22, 20161min49115
“ရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ဝါဇိတ်-ဂါဆရိုင်းတွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့အနန္တောအနန္တငါးပါး ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။” – မေတ္တာရှင်(ရွှေပြည်သာ) မဟာဆရာ ဗြဟ္မဏ လူသားဟူသည် မွေးဖွားလာသည်နှင့် ပညာကြိုးအကုန်အလိုလို တတ်ကျွမ်းနားလည်နေနိုင်ခြင်းမရှိ၊ လေ့လာဆန်းစစ်သင်ပေး/သင်ယူကြရသည်။ ရှေးအိနိ္ဒယအခါကမူ မဟာဆရာတန်းဝင် ဗြဟ္မဏ တို့သည် လူ့ဘဝရေးရာကို နိမိတ်ဖတ်၊လမ်းညွှန်သည်။ ဝေဒ၊ ဗေဒင်တို့ဖြင့် မင်းနှင့်အုပ်ချုပ်သူများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။ သို့နှင့်အမြတ်ဆုံးဇာတိနွယ်ဖြစ်ကာ ပူဇော်မှုအထူထူးကို ခံယူကြရပေသည်။ ခေတ်တို့ပြောင်းခဲ့သောအခါ လူသားတို့တွင် ပညာ/ဆရာစုံခဲ့သည်။ […]


kaiJanuary 17, 20161min47314
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” – သခင်အောင်ဆန်း။ လူမျိုးဟူသည် မျိုးနွယ်များ၊ ဗီဇများ၊ သွေးများ ရောထွေးယှက်နွယ်စီးဆင်း မြစ်ရေအလျဉ်ကဲ့သို့ ပြောင်းလဲနေပါ၏။  ထို့ကြောင့် လူသားတွင် ဗီဇသွေးသန့်လူမျိုး၊ တိုင်းရင်းသားစစ်စစ်ဟူသည် ထင်ရှားမရှိနိုင်။ ယခင်နှစ်၅၀၀(နှစ်ငါးရာ) ကအမေရိကန်လူမျိုးသည် ယခုအမေရိကန်နှင့်များစွာခြားနားခဲ့ပြီ။ ထိုနည်းတူ ယခုခေတ် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်ဗီဇတို့သည်လည်း ယခင်နှစ် ၁၀ဝ မှ မျိုးရိုးဗီဇနှင့် များစွားခြားနားနေလိမ့်မည်။ လူသား၏မူလ Homo sapiens ဘုံပင်မအမျိုးရိုးကြီးနှင့် လူမဟုတ်သော Neanderthal ပင်မမျိုးရိုးကြီးတို့ပင် ရောနှောနေခြင်းရှိနေနိုင်သည်ကို မျိုးရိုးဗီဇစစ်ဆေးချက်များအရတွေ့နေကြရပြီ။ ဝံသာနုရက္ခိတနှင့် စစ်ပဋိပက္ခ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် မြန်မာ ၆၉နှစ်ပြည့်ပြည်ထောင်စုနေ့လာဦးမည်။ လာသာလာစေဦး မြန်မာတိုင်းရင်းသားတို့အဆက်ဆက်ကား နှစ်ထောင်ချီကြာသည့်နယ်မြေလု ပြည်တွင်းစစ်ကြီးများဆင်နွှဲရဆဲ။ […]


kaiJanuary 5, 20163min94555
Mizzima – News in Burmese လိပ်ကျွန်း လူသတ်မှု မြန်မာတွေ မကျူးလွန်ဘူးလို့ We Are Anonymous လို့ အမည်ခံထားတဲ့ ဟက်ကာအဖွဲ့က ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။ We Are Anonymous ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ၃ရ မိနစ်ကြာ ရုပ်သံဖိုင်ကို တင်ထားပြီး အမှုနဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေကို မျက်နှာဖုံးစွပ်ထားသူက ဖတ်ကြားနေတာ တွေ့ရပါတယ်။ ဒီအမှုအတွက် အမှုမှန်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရာရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လိပ်ကျွန်း လူသတ်မှု မြန်မာတွေ […]


kaiDecember 18, 20151min40012
ဒေါ်လာဘီလီယံများစွာရင်းနှီးဆောက်လုပ်ခဲ့သည့် နေပြည်တော်မြို့နှင့်အစိုးရအဖွဲ့ရုံးဌာန၊အိမ်တော်ကြီးများကို မူလတည်ဆောက်ခဲ့သူများမှ ဆယ်စုနှစ်တခုပြည့်အောင်ပင်မနေလိုက်ရပဲ လွှဲပေးကြရတော့မည်။ နိုင်ငံအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ” မြန်မာပြည်၏အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့်အမှန်တရားပင်ဖြစ်။ ” ဟု ဆိုလိုက်ကြောင်း မြေးဖြစ်သူ နေရွှေသွေးအောင်မှ တဆင့်ထုတ်ပြန်ကျေညာပြီးသည်နောက်ဝယ် အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးတော့မည်ဟု လက်ခံလျှက်”ဟင်း”ချမိပါ၏။ စွန့်လွှတ်ခြင်းသည်လည်း မြင့်မြတ်သော ကိစ္စတခုမဟုတ်လော။ သာဓု ၁ကြိမ်ခေါ်လိုက်ပါသည်။ ၂၀၁၆သည် မြန်မာပြည်သစ်၏ နိဒါန်းဖြစ်မည်။ ရွေးကောက်တင်မြောက်ခံလိုက်ရသော အစိုးရသစ်သည် လူထုအသံနားထောင်ရင်း အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုလုပ်ကြရပေလိမ့်မည်။ ဤတွင် မီဒီယာဟု ခေါ်သော ကြားခံနယ်ကဏ္ဍသည်လွန်စွာအရေးပါလာပါမည်။ သည်တွင်-သည်မှ-သည်သို့ဆိုမည်။ တွင်းနှင့်ဆည် ဖားကန့်ဒေသတွင်ကြောက်စရာ့တွင်းတူး၍ ကျောက်မျက်ရတနာရှာချက်များကိုတွေ့ကြရသည်။ စက်ယာဉ်ယန္တရားပေါင်း၂သောင်းမျှနှင့် လုပ်သားအင်အား ၁သိန်းကျော်တို့မှ နေ့မီးညမီးနှင့် တူးထုတ်နေကြခြင်းဖြစ်သည်။ ဒေါ်လာ သန်းချီတန်သော မွန်းစတားစက်ကြီးများသည် မြေတွင်းရောက်ကျောက်မျက်များကို အလုအယက်ကုပ်ယူနေကြသည်။ မြန်မာ့မြေရောက် မြေတူးမြေသယ်စက်ကြီးများ စက်အင်အားပမာဏမှာ ကမ္ဘာ့စံချိန်တန်းဝင်လောက်ပါပေသည်။ ကျောက်စိမ်းလုပ်ငန်းလည်ပါတ်ငွေပမာဏသည်လည်း […]


kaiNovember 19, 20151min63221
ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်ဦးစီးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယခုရွေးကောက်ပွဲမှာ အနိုင်ရရှိသဖြင့် ဝမ်းသာဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ….” မြန်မာနိုင်ငံတော်သီချင်း၏ ပထမခြေဆင်းပိုဒ်ဖြစ်သည်။ ဒုတိယသံပြိုင်မှာ “ကမ္ဘာမကြေ… မြန်မာပြည်…” ဖြစ်ပါသည်။ ယခုခေတ်တွင် ပထမခြေဆင်းကို ဖြုတ်ပယ်ကာ ဒုတိယနှင့်စကြ၍ မြန်မာတို့က “ကမ္ဘာမကြေသီချင်း”ဟု အတိုခေါ်သည်။ ယူအက်စ်၏ နိုင်ငံတော်သီချင်းမှာ “The Star Spangled Banner” သီချင်းဖြစ်လေသည်။ ပြင်သစ်ပြည်တွင် “La Marseillaise” နှင် ့ယူကေမှာမူ “God Save the Queen” ဟူ၏။ ယခု နိုဝင်ဘာ၏ “ဆယ့်သုံးနေ့-သောကြာ”ဝယ် လူသား ၁၂၉ […]