kaiNovember 26, 20121min41420
အိပ်မက်တို့ လာချေပြီ နိုဝင်ဘာ ၁၉ရက်နေ့တွင် ယူအက်စ်သမ္မတ အိုဘားမားသည် နှစ်၁၀၀ဝကျော်ယဉ်ကျေးမှုထဲအိပ်ပျော်နားခိုနေကြသည့်မြန်မာအမျိုးသားတို့၏ မြို့ဟောင်းရန်ကုန်သို့သွားရောက်ခဲ့သည်။ အဆိုပါ၆နာရီခရီးစဉ်အတွင်း တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄)အိမ်ဝတွင် မြန်မာသစ်၏ဒီမိုကရေစီမိခင်ကိုလည်းထွေးပွေ့နှုတ်ဆက်ခဲ့လေသည်။ ထို့နောက် မြန်မာ့ဘူမိနက်သန်ပညာမြေ ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်းခြွေခဲ့ပါသည်။ လင်းယုန်ဘာကြောင့်ဝဲရတယ် အဝေးမှလေပြော ထွေရောနေခြင်းနှင့်မဟုတ်၊ လူကိုယ်တိုင်ချင်းနင်းဝင်ရောက်လာသော အမေရိကန်တို့ မြန်မာပြည် ဘာလာလုပ်ကြသနည်း? ပကတိအခြေအနေကြည့်လျှင် အိုဘားမားသည် ဒုတိယလေးနှစ်သမ္မတသက်တမ်းကိုသိမ်းပိုက်ပြီးဖြစ်သဖြင့် သူ၏ နောက်ဆုံးသမ္မတသက်ဖြစ်ကာ နောင်၂၀၁၆နှစ်အခါဒီမိုကရက်တစ်ပါတီမှ သမ္မလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာရှိသည့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်အတူ လေယဉ်တစင်းထဲလာရောက်/ထွက်ပြန်ခဲ့သဖြင့် အမေရိကား၏ မြန်မာပြည်အပေါ် စိတ်ဝင်စားနေမှုမှာ မဟာဗျူဟာအဆင့်ရှိနေသည်ဟုထင်မိသည်။ ပြီးခဲ့သောနှစ်များကလည်း မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုများဆုံးဖြတ်ချက်ချကြရာတွင် အမေရိကား၏နိုင်ငံရေးပါတီကြီး၂ခုမှနိုင်ငံရေးသမားများအတွင်း သဘောတူညီမှုများရှိနေခဲ့သဖြင့် ယခုခေတ်အမေရိကနိုင်ငံရေးတွင်အလွန်ထူးခြားသည့်ဖြစ်စဉ်ဖြစ်ခဲ့ရသည်။ အီရန်သို့ စီးပွားရေးပိတ်ဆို့မှုများပြင်းထန်စွာတိုးမြှင့်ပြုလုပ်နေချိန် မြန်မာနိုင်ငံသို့တားမြစ်ထားမှုများကိုလျှော့ချရုံမက ကူညီပံ့ပိုးမှုများပေးလာခြင်း၊ ဘန်ဂါဇီ(Benghazi)တွင်အမေရိကန်များလုပ်ကြံခံရမှုကို ဝါးတားဂိတ်ပုံစံထောက်ပြစိစစ်လာသော စီနိတ်တာဂျွန်မက်ခ်ကိန်း၏ မြန်မာပြည်ဖက်မျှော်မြင်မှုများကို အုပ်ကိုင်လာခြင်းတို့သည် ဒီမိုကရက်ပါတီကြီး၏ […]


ကပၸိယ သာဒင္​September 30, 20121min81847
ဒီပို့စ်ကိုရေးဖို့ တော်တော်စဉ်းစားခဲ့ရပါတယ်  ။ ဦးကြီးမိုက်ရဲ ့ ပို ့စ်မှာ စိတ်ခံစားမှုတစ်ခုနဲ့ ဝင်ပြောခဲ့ပေမဲ့ကိုယ်တိုင်ရေးဖို့ လက်တွန် ့မိပြန်ပါတယ်လေ ။ အဓိက ကတော့ ဒေါသအလျောက်အဂတိ လိုက်စားမိမှာစိုးရိမ်လို့ပါ ။ ဒါကြောင့် အတန်ငယ် နောက်ကျမိပါတယ် ။ ဘယ်ကျောင်း ၊ ဘယ်သူ ရယ်လို့ နာမည်မတတ်တော့ပါ ။ သိပြီးသားဖြစ်တာကြောင် ့ရယ် ၊ ကျောင်းတော်တော်များများနဲ့ ကျောင်းသားမိဘတွေရဲ ့ အဖြစ်တွေက အတူတူ နီးပါးဆိုတော့ ကျွန်တော့် ဘက်က အမြင်နဲ့ ဖြစ်ရပ်ကိုပဲ တင်ပြသွားပါရစေ …..။ လိုရင်းက စရရင်တော့ …..လွန်ခဲ့တဲ့ (  ) နှစ်ကပေါ ့ ။ ကျွန်တော့် ကလေးက မူကြိုအရွယ်ပဲရှိပါသေးတယ် ၊ ဒါပေမဲ့ […]


kaiJune 9, 20121min61210
အဖမြန်မာပြည်၏နိုင်ငံရေးသည် လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ရွေ့လျှားတက်ရောက်လာပြီဖြစ်ပေရာ ပါတီစုံစနစ်ဖြစ်သည်နှင့်အညီ လက်ဝဲလော၊လက်ယာလော၊အလယ်လော၊ ခွဲခြားကွဲပြားကြရမည့်အချိန်ရောက်လာပြီဟု ထင်ပါသည်။ လက်ရှိမြန်မာ့နိုင်ငံရေးဦးဆောင်ပါတီကြီး ၂ခုနှင့် သူ၏ခေါင်းဆောင်များတို့၏စိတ်သဘောမှတ်ချက်နှင့် တည်နေရာတို့ကို သတ်မှတ်ပေးသင့်သည့်အချိန်ဟု ပြောလိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်ညွှန်းတည်နေရာကို ရှာလိုပါသည်။ ဝဲယာ အပေါ်အောက် ပြင်သစ်တော်လှန်ရေး(၁၇၈၉)သည်ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်တို့ ထုတ်လုပ်ခဲ့ရာ စက်ရုံကြီးဖြစ်သည်နှင့်အညီ လက်ဝဲ[လစ်ဘရယ်(လွတ်ကင်းစွဲ)နှင့် လက်ယာ[ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)]တို့၏ မူလအခြေခံစတည်ရာလည်းဖြစ်ခဲ့သည်။ လက်ဝ၊ဲလက်ယာဟူသည် ထိုစဉ်က ပြင်သစ်ပါလီမန်တွင် သမ္မတ၏လက်ဝဲဖက်နှင့်လက်ယာဖက်ခွဲထိုင်သူများကိုကြည့်ပြီး ခေါ်ခြင်းဖြစ်၏။ လွယ်ကူရှင်းလင်းသော စာတတန်းဖြင့်ခြုံရေးပြရလျှင် (Far left-Left-Center left-Center-Center right-Right-Far right) One-Dimension သာဖြစ်သည်။  ယခုခေတ်ကမ္ဘာအနှံ့အသုံးပြုခေတ်စားလာနေသော လစ်ဘရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်မှကြည့်ပြောပါလျှင် လက်ဝဲစွန်းယိမ်းလွန်သွားလျှင် ကွန်မြူနစ်ဖြစ်၍လက်ယာစွန်းနင်းလျှင်ကား ဖက်ဆစ်ဟုဆိုကြပါသည်။ ရှုပ်ထွေးသော ညွှန်းဆိုဟန်(Two-Dimension) ဖြင့်ပြပါမူ လက်ဝဲလက်ယာတွင် အပေါ်(Authoritarian)အောက်(libertarian)ဟူ၍လည်းရှိသည်။ ချန်ခဲ့ပါဦးမည်။ ပုံမှန်အားဖြင့် နိုင်ငံရေးစနစ်တွင် လက်ဝဲဖက်၌ progressives, social liberals, greens, […]


natureMay 12, 20121min127641
  ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။ အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ဝယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။   ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။   ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄ဝ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅ဝသိန်း […]


kaiApril 11, 20121min206134
လူမျိုးရေးနဲ့မြန်မာပြည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။ ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။ မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။ ကုလားမြန်မာအဓိကရုဏ်း ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။ အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။ ၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ […]


***New Version (still working) *** ++++++++++++++++++++++++++++++++++ ဂေဇက်မှာ မန်ဘာဝင်ထားသူပေါင်း ၇၀၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ အခု ကျနော် တင်ထားတဲ့ ပို့စ်ထဲမှာ ဂေဇက် မန်ဘာ ၁၃ဝ လောက်ပဲ ရှိနေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျနော် သိသလောက် တွေ့မိသလောက်သာ စာရင်း ပြုစုထားခြင်း ဖြစ်လို့ပါပဲ။ ဒီစာရင်းထဲ မပါတဲ့သူများလည်း အောက်က ကွန်မန့်ထဲမှာ ပြောထားခဲ့နိုင်ပါတယ်။ ကျနော် ထပ်ပြီး ဖြည့်ပေးသွားပါ့မယ်။ (အနည်းဆုံး ပို့စ် (၁) ပုဒ် တင်ပြီးသူ ဖြစ်ပါက ပိုကောင်းပါမည်။) ပြီးတော့လည်း ကျနော့်အနေနဲ့ အမျိုးမျိုး ပြောင်းလဲလို့ ရနိုင်တဲ့ နာမည်ကို မြင်ရုံနဲ့ သူ့ရဲ့ မန်ဘာလင့်ခ် ကို ရှာဖွေဖို့ […]


kaiFebruary 20, 20121min100522
နေပြည်တော်၌ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဥပဒေကြမ်းတွင် မြန်မာပြည်၏ပညာရေး အသုံးစရိတ်ပိုင်းကို ၂၀၁၁-၂၀၁၃ အတွက်ကျပ် ၆၁၇၂၁၄.၀၁ဝ သန်း (GDP၏ ၈.၂၆%)နှင့် ( ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့် )တိုးတက်လျာထားလိုက်ကြောင်း သိရသည်။ သတင်းကောင်း တခုဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅ဝ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀ဝ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း Organisation for Economic Co-operation and Development(OECD) ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ တိုင်းပြည်တွင် ပညာတတ်များသည်နှင့်အမျှ တိုင်းပြည်ကုန်ထုတ်လုပ်မှုနှင့်အထွေထွေမြင့်မားမှုတို့တွင်လည်း အချိုးညီတိုးတက်နေကြောင်းကိန်းဂဏန်းများကိုကြည့်၍သိနိုင်ပါမည်။ မြန်မာ့ပညာရေး၏သမိုင်း မြန်မာတို့သည် ပညာရေးနှင့်ပါတ်သက်ပြီး အကြောင်းမလှကံဆိုးသူများဖြစ်သည်ဟု ပြောချင်သည်။ အင်္ဂလိပ်လက်အောက်ကိုလိုနီပညာရေးစံနစ်မှသည် ယခုခေတ်အထိ အကြိမ်မရေမတွက်နိုင်သော ပညာရေးပြုပြင်ပြောင်းလဲမှုစာလုံးကြီးများအောက်တွင် လိမ်ဖယ် […]


kyawkyaw11February 4, 20121min47416
အစိုးရဝန်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့  စစ်တပ်အရာရှိတစ်ဦးဆီက သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ တိုးတိပ်စွာသိရပါသည် ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ   ငထွား


kyawkyaw11February 4, 20121min1480
သံတွဲ ဂျိတ္တော မှ ဆရာတော်ကြီး ဘဒ္ဒန္တကုသလမဟာထေရ်မြတ် ၏ ဈာပနပွဲတော်ကို လာမည့် လပြည့်နေ့နှင့် လပြည့်ကျော်(1)ရက်နေ့များမှာ စီကားသိုက်မြိုက်စွာကျင်းပတော့မှာပါ တိုင်းကျော်ဇာတ်သဘင်အဖွဲ့က မိုးအလင်း(2)ည ကပြမှာဖြစ်ပြီး နွားပြိုင်ပွဲ၊ ချောတိုင်တက်၊ ခြင်းခတ်နှင့် အခြားအားကစားပွဲတော်များကျင်းပနေပါပြီ ရွာသားများ ကြွရောက်လှည့်ပါ   ဂျိတ္တောသားငထွား


kyawkyaw11January 31, 20121min2184
ကျွန်တော်တို့ သံတွဲမှာ ဒီနှစ်ဆရာတော်တိုက်တိုက်ဆိုင်ဆိုင်ပြန်လွန်တော်မူသွားကြပါပြီ ကျီးကန်းရဲဆရာ်တော်၊ ဂျိတ္တောဆရာတော်၊ နန်းချောင်းဆရာတော်၊ ဇီးဖြူကုန်းဆရာတော် အံတော်ဆရာတော်၊ ကုလားပုန်းဆရာတော်၊ ပွဲတော်တွေကိုတော့ ရက်တွေမတိုက်အောင်စီစဉ်ပြီးကျင်းပတော့မည်လို့သိရပါတယ် ဒီဆရာတော်တွေအတွက် အလှူတော်တွေပါဝင်ပေးကြပါလို့ ဂျိတ္တောသားငထွား


SandyJanuary 25, 20121min2026
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ