“We’ve seen nationalism distorted into nativism, forgotten the dynamism that immigration has always brought to America,” George W. Bush (October 19, 2017) ထရမ့်ခေတ် လူဖြူကြီးစိုးရေးဖြစ်လာမှုကို သမ္မတဟောင်းဘုရှ်က အထက်ပါအတိုင်းဖွင့်ပြောလာရသည်။ ကွန်ဆာဗေးတစ်တို့၏အမျိုးသားရေးဟူသည် အစိုးရပေါ်လစီတွင်သွား၍တုတ်စည်းမိသည်ရှိသော် အမေရိကားပြည်တည်ထောင်ထားခြင်း၏ မူလရည်ရွယ်ချက် ကမ္ဘာသစ်နှင့်အမေရိကန်အိပ်မက်တို့ကိုပင် ပျက်ပြယ်ထိခိုက်စေလေသည်။ တကယ်တော့ ရှေးရိုးစွဲတို့၏ အမျိုးသားရေးဟူသည် တံခါးပိတ်ဝါဒဆီသို့သာ ဦးတည်စေ၍ အမေရိကနိုင်ငံကဲ့သို့ ရှေ့မှတွက်လျှင် ၁ဝထဲပါသည့် တိုင်းပြည်မျိုးသည်ပင် ခံနိုင်ခြင်းမရှိရာတည်း။ သို့ဆိုသော် မြန်မာပြည်ကဲ့သို့ နောက်မှတွက်လျှင် ၁ဝထဲဝင်သည့်နိုင်ငံအတွက်ကား ဆိုဖွယ်မရှိ။ ချိုင်းနားသည် ဆိုရှယ်လစ်ဝါဒနှင့် သူ၏ခေတ်သစ်ထောင်ကာ ကမ္ဘာကိုအုပ်စိုးမည်ဟု ယခုအောက်တိုဘာကွန်ဂရက်မှ ကြွေးကြော်နေပြီ၊ ဂျပန်သည် သူ၏ဖက်ဆစ်ဂျပန်စစ်အင်အားနိုင်ငံအဖြစ်ကို […]