ムラカミJanuary 16, 201211min45042
သဂျီးနာမည် KAI နဲ့ ဇမ်ဗုဒ္ဓဘာသာ ဝါဒ ZEN ကိုတွဲရေးထားတယ်ဆိုပြီး ခေါင်းစဉ်ဖတ်ပြီး လန့်မသွားပါနဲ့ဗျာ..KAIZEN ဆိုတာ သည်လိုပါ...။ 改善(KAIZEN) ရယ်ပါ ။ သူ့ကို သည်လို အဓိပ္ပါယ်ဖွင့်ကြတယ်ခင်ဗျ။ 改(Kai) - change, alter, correct, rectify 善(Sen) - be good at, be apt to, be expert in သည်တော့ ခြုံငုံ ဘာသာပြန်လိုက်ရရင်ဖြင့် "ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပါယ် ထွက်မယ် ခင်ဗျ.. သည်တော့ ကျနော် ဆွေးနွေးချင်တာလေးက ..ကောင်းသောဘက်ကိုရောက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်က လို့ ဆိုနိုင်ပါတယ်ဗျာ ...။ အားလုံး သိကြတဲ့အတိုင်း […]


htet wayJanuary 15, 20121min29214
ကျွန်တော်က စာပေကိုချစ်သည်။ဘဝတစ်ခြမ်းကိုယ်လွမ်းစရာကဗျာဟုတင်စားမိသည်လေ။ ကဗျာကို ချစ်သူလို မက်မောခဲ့သည်။ကဗျာကို ချစ်တတ်သော ချစ်သူတစ်ယောက် ကံကောင်းစွာပဲ ရခဲ့ဖူးသည်။ကဗျာတွေရွတ်ပြခဲ့ ကြ၊လသာညတွေမှာ နှစ်ယောက်သားဆုံတွေ့ကာ ကဗျာတွေ ပြောဖြစ်ရင်းသူမက ဂစ်တာတီးလို့ သီချင်းဆိုပြခဲ့သည်။ဘဝဟာ အလှတရားနှင့် ကဗျာဆန်ခဲ့ ဖူးပါသည်။ အညာရွာမှာ ညာတာဝါတာမရှိ အချစ်ကြီးချစ်တတ်ပေမယ့် ညစ်တီးညစ်ပတ်တွေမရှိ…..။ ကွန်စစ်ကောင်းရဲ့ ကဗျာ တစ်စ သတိရမိသည်။သို့သော် အချစ်စစ်သည် ဆုံးစည်းရန်ခဲယဉ်းသည်ထင်ဝေးခဲ့ ကြရသည်။ဝေးတာမှ ရေခြားမြေခြား။ ချစ်ခြင်းတစ်စ ၊သမုဒယအပူ သူ့မှ သူဆိုတဲ့ အစွဲ….။ကျွန်တော်၏တဏှာ အစွဲကို တော်တော်ကြီး ပါးအောင်ပြုခဲ့ရသည်။ ဒီတော ကျားရဲပေါ၏….လာအချစ်မျှစ်ချိုးလိုက်ခဲ့။အချစ်သည် ကျားကို မကြောက်၊အန္တရာယ် ကိုပင်ရင်ဆိုင်ရဲသည်။အချစ်သည် တစ္ဆေမကြောက်မြွေမကြောက်ပါမောင်လာခဲ့ မည် လာခဲ့ မည်ဟု ကြွေးကြော်ခဲ့သည်လေ.အော် ငါငယ်ခိုက်ပေမို့ မိုက်မိတယ်ပဲပြောလေမလား။ မောင်မဝါရဘူးနော် သူပြောတဲ့ နေ့က ကောက်ရိုးနံ့သင်းတဲ့ တလင်းပြင်မှာ […]


black chawJanuary 15, 20122min64048
မမှီ နှင့် ကျွန်တော်က ရွာထဲမှာ သိတ်ရင်းရင်းနှီးနှီး ရှိသူတွေ မဟုတ်ကြပါ။ ရွာသူရွာသား ရေးဘော်ရေးဘက် တချို့ကို ကွန်းမန့်တွေ အပြန်အလှန်ပေးရင်း ရင်းနှီးနေခဲ့ပေမယ့် မမှီ နဲ့တော့ တကယ်ကို မရင်းနှီးခဲ့တာ သတိပြုမိပါသည်။ မှတ်မှတ်ရရ မမှီရဲ့ ပေါက်စီ ပို့စ်မှာမှ ကျွန်တော်ပေးတဲ့ ကွန်းမန့်ကို မမှီက ပြန်ရေးသောကွန်းမန့်လေးက ပထမဆုံး ခင်မင်မှုဟု ပြောလို့ရပါသည်။ ထို့နောက် ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပို့စ်မှာ တစ်ခါ၊ ထိုင်း ငပိထမင်းကြော်ပို့စ်မှာတစ်ခါ၊ Camel ဈေးမှာတစ်ခါ အပြန်အလှန်ကွန်းမန့်ပေးဘူးသည်ဟု အမှတ်ရမိပါသည်။ ဆိုရလျှင် မမှီ၏ အစ္စရေးရောက် ပို့စ်လေးတွေကို မှတ်မှတ်ရရ မှတ်မိနေခဲ့ပေမယ့် မမှီ ၏ အင်မတန်ဖတ်လို့ကောင်းသောပို့စ်လေးများကို အခုမှ ဖတ်ခွင့်ရခဲ့သည်ဟု ဆိုချင်ပါသည်။ မမှီ ၏ လိုဂိုမှာ ရေးထားသော […]


hmeeJanuary 14, 20124min45644
ရွာလမ်းမ။ green house အတွင်းပိုင်း။ Green House ဌက်ပျောခင်း ခြင်ထောင်ထောင်ထားတဲ့ပုံ။ အပင်အောက်ခြေမှာ ရေပေးတဲ့ပိုက်။ ဌက်ပျောစိုက်ခင်း အတွင်းဖက်။ ပန်းပင်အောက်မှာ ပိုက်လေးတွေသွယ်ထားသလို စိုက်ခင်းတွေမှာလည်း ဒီလိုပဲ သွယ်ထားတာ။ စတော်ဘယ်ရီပင်လေး။ စိုက်ခင်း ရေပေးနေတဲ့ပုံ။ အစ္စရေးစိုက်ပျိုးရေးခြံတွေကို အလည်သွားတုန်းက ဓါတ်ပုံတွေ ရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ အဖေကို ပြဖို့ အတွက် ရည်ရွယ်ပြီး ရိုက်လာတာပါ။ အဖေကလည်း တောင်သူလယ်သမားကိုး။ အဖေတို့ လုပ်ကိုင်နေတာနဲ့ ခေတ်မှီတဲ့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင် ဘယ်လိုကွာတယ် ဆိုတာရယ်၊ လယ်လုပ်နေတဲ့ လယ်သမားဆိုပေမဲ့ ဘယ်လောက် အဆင့်အတန်းမြင့်မြင့်နေနိုင်တယ် ဆိုတာကို ပြချင်တာပါ။ ကျွန်မတို့ တိုင်းပြည်လို ရေမြေအခံကောင်းကောင်း မရှိပေမဲ့ သဲမြေမှာ သဘာဝကို အန်တုပြီး အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာ […]


YingLampJanuary 14, 20121min44646
လုပ်ဖြစ်အောင်လုပ်မည်။ (အမြေ ှာက် ၁ဝ သိန်း) ======================================= ၁။ ရန်ကုန် ခရီးစဉ် ) ရွှေတိဂုံရင်ပြင်တော်ပေါ ်မှာ စိတ်ရှိသလောက်နေမယ် .. *10 ) လှည်းတန်းမှာ မာလာငါးကင်. ပြောင်းဖူးပြုတ်. မြေပဲပြုတ်. မုန် ့လင်မယား. မုန် ့ရေပါး စားမယ် .. *5 ) မန္တလေး ကြာဇံချက် ဆိုင်က ထမင်းသုပ် .ငါးဖယ်သုပ်. အသဲကြော် ကို ကြာဇံဟင်းခါးလေးနဲ ့ ဆွဲမယ် .. *4 ) ရသာ က ဖက်ထုပ်ဆီချက် နဲ ့ ဖာလူဒါ စားမယ် … *3 ) အိုင်တီ က ပူတင်း. ပေါ့စိမ် […]


Wai PhyoeJanuary 14, 20121min38111
ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။ ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက် ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့ တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။) (ရမည်းသင်းခရိုင် စံပြကျေးရွာ […]


လင်းဝေJanuary 13, 20121min59552
သိပ်ပြီး အထိတ်တလန့်ဖြစ်မသွားကြပါနဲ့။ မြန်မာ့လေကြောင်းက လေယာဉ်အပိုင်းစီးခံရလို့ ဆိုပြီး အလန့်တကြားတွေဖြစ်ကုန်မှာ စိုးလို့ပါ။ လေယာဉ်ကို အပိုင်စီးခံရပေမယ့် ရန်ကုန်လေယာဉ်ကွင်းကို ချောချောမောမော ပြန်ဆင်းသက်ပြီး ဒီအတိုင်းပြီးသွားပါတယ်။ ဖြစ်တာကတော့ ရက်နည်းနည်းတောင် ကြာပါပြီ။ မပြောပဲထားမလို့ပဲ။ ဒီလိုမျိုးတွေကို မပြောပဲထားရင် ပိုဆိုးလာတတ်လို့ နည်းနည်းပြောပါရစေ။ ဖြစ်တာကတော့ ၂၀၁၂ ဇန်နဝါရီလ ၂ ရက်နေ့ကပါ။ လေယာဉ်ခရီးစဉ်ကတော့ မြိတ်-ရန်ကုန် ခရီးစဉ်ပါ။ ခရီးစဉ်အမှတ် UB-351 ။ ပုံမှန်ပျံသန်းမှု လမ်းကြောင်းကတော့ မြိတ်-ရန်ကုန် တိုက်ရိုက်ဖြစ်ပါတယ်။ အဲဒီ ဇန်နဝါရီလ ၂ရက်နေ့က ပန်ကာတပ် ATR-72 လေယာဉ် က အဲဒီခရီးစဉ်ကိုပြေးဆွဲပေးပါတယ်။ ဒါပေမယ့် တိုက်ရိုက် ရန်ကုန်ကို ပျံမှာ မဟုတ်ပါဘူးတဲ့။ ရန်ကုန်ကနေ မြိတ်ကို တိုက်ရိုက်ပျံသန်းပြီး မြိတ်ကနေ ရန်ကုန်အပျံမှာ မော်လမြိုင်ကို […]


KingJanuary 12, 20121min31218
<3 ကောင်မလေးရယ်… <3 မထင်မှတ်ဘဲ…ဝင်ရောက်တဲ့…အချစ်ဆိုတာလား… မရည်ရွယ်ဘဲကြည့်မိ… နှလုံးသားရဲ့……စည်းချက်မညီ့တညီ…ရင်ခုန်သံ… မညီမညာတဲ့….နင့်စကား..အတီအတာ..ကိုလည်း ခုံမင်နေမိပြီ……. မရေရာတဲ့ဘဝလား… မသေချာပေမဲ့ အခု..ငါ…ချစ်မိနေပြီ….. အတီအတာစကားလေးပြောတတ်သူ…..ကို ရင်မှာအမြဲတွေးပေးမိတယ် ဒီတစ်ခါ….အချစ်ရဲ့..ကွန်ယက်အလယ်……. ငါ..ဒီလိုနဲ့ပဲ့……တစ်ဝဲလည်လည်…… အော်……ချစ်မိခဲ့တဲ့… <3 ကောင်မလေးရယ်… <3 ။          ။  !!!!!!!!!!! KING !!!!!!!!!!!


KingJanuary 12, 20125min1629
ဒီနေ့တော့ ကျွန်တော်တို့တွေ ပင်းတယ ဂူဘက်ဆက်သွားကြရအောင်ဗျာ ပတ်ဆင့်က Installer မရှိသေးတော့ ရိုက်မရသေးဘူး လမ်းဘေးတစ်ချက်က သစ်ပင်ကြီးများနှင့်အမှတ်တရ သစ်ပင်ကြီးများသို့ အမှတ်တရ (ပင်းတယ လှိုဏ်ဂူ မရောက်ခင်လမ်းဘေးဝဲယာက သစ်ပင်ကြီးတွေပေ့ါ) ထင်ရှူးတောတန်း တောင်တန်းကြီးတွေနဲ့ ဝိုင်းလို့ကာစီးထားတဲ့ …….. ပင်းတယလှိုဏ်ဂူသို့ အတက် လမ်းဘေးဝဲယာမှာ ရှိတဲ့ ထင်ရှူးပင်တွေကို ထော်လာဂျီပေါ်ကနေ လှမ်းရိုက်ထားတာ (မှတ်ချက်။ ကားအပေါ်မတတ်သောကြောင့်ဖြစ်၏) မုဒ်ဦး အမှတ်တရ သုဓနု မင်းသားက ပင့်ကူကြီးကို ပစ်ခွင်းပြီး ဒွေးမယ်နော်ကို ကယ်တင်ခဲ့တာပေါ့ ပင်းတယ မြို့အလှ တောင်စောင်းက ရိုက်ထားတာပါ (ပုတ်တလုတ် ရေကန်ကိုလည်း မြင်တွေ့ကြမှာပေါ့) လှိုဏ်ဂူအဝင် ဓါတ်လှေကားထိပ်က အမှတ်တရ များပြားလှသော ရုပ်ပွားတော်များ ဆင်ချည်တိုင် ။  မြင်းချည်တိုင်တွေတဲ့ ကျောက်စက်တိုင်ကတော့ ရေတွဲရွှဲလျှက်ပေါ့ ခေါင်းမှာဆီမရှိတာနဲ့ […]


alinsettJanuary 12, 20121min1467
ပြင်သစ် ပန်းချီကျော်ကြီး မိုးနေး ( CLAUDE MONET ) – 1840- 1926 ရဲ ့ IMPRESSION SUNRISE လို ့အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဝါဒ တစ်ခု ရှိပါတယ်။ မော်ဒန် ပန်းချီ ( မော်ဒန်အနုပညာသမိုင်း ) မှာ ထည် ့မပြောလို ့မဖြစ်တဲ့ အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) ပါပဲ..။ အဟောင်းတွေနဲ ့ အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို ့ ဆိုရမှာပါ။ အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ […]


black chawJanuary 12, 20124min42031
ကျွန်တော် ရွာသူရွာသားတွေရဲ့ ပို့စ်လေးတွေအကြောင်းကို အပင်ပန်းခံတူးဆွဖေါ်ပြပေးနေတာဟာ ကျွန်တော် တတ်နိုင်တာလေးနဲ့ လက်ဆောင်လေးတွေပေးနေတယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။ သူကတော့ တော်လို့ ငါကတော့ ညံ့လို့ ဆိုတဲ့ သဘောတွေ မပါပါဘူး။ ကျွန်တော် ရေးတင်လိုက်တဲ့ ပို့စ်လေးတစ်ခုက ရွာသူရွာသားတစ်ယောက်အတွက် အမှတ်တရ တော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ အပြည့်ထည့်လိုက်ချင်ပေမယ့် ဆရာမကြီးပို့စ်တွေက ပို့စ်တစ်ခုသီးခြားတင်မှ အဆင်ပြေနိုင်မှာကြောင့် အပိုင်း ၂ ကို ဆရာမကြီး အတွက် သီးသန့်တင်လိုက်ဖြစ်ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက်လည်း ပို့စ်လေးတွေ ပြန်ရှာပြီး လင့်လေးတွေထည့်ပေးထားပါတယ်ခင်ဗျာ။ ဆရာမကြီး TTNU ကတော့ မန်းဂဇက်မှာ BEST TEACHER စီးရီးနဲ့ အခိုင်အမာနေရာတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးက အင်္ဂလိပ်စာ သင်ခန်းစာလေးတွေပေးရင်း ဘဝအတွေ့အကြုံတွေလည်းရေးရင်း […]


KingJanuary 11, 20123min33717
အခုရက်ပိုင်း လေးပေါက် ရန်ကုန်လာပြီး ရန်ကုန်မှာရှိတဲ့ ရွာထဲကလူတွေနဲ့ တွေ့ဆုံပွဲ လုပ်ပေမယ့် … ခရီး သွားရမယ့်အကြောင်း ရှိနေပြန်တော့ မတွေ့ဖြစ်ပြန်ဘူးဗျ … ရွာထဲက ဓါတ်ပုံဆရာတွေကို အားကျတာရော … မဝေတို့ မမှီတို့လို ခရီးသွား ဆောင်းပါး၊ အစရှိသဖြင့် ရွာထဲ ရွာထဲက ဆရာ့ ဆရာ များရဲ့ ပို့စ်တွေ ကိုဖတ် မိရင်း မရိုက်တတ် ရိုက်တတ်တဲ့ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးတွေကို မဝံ့မရဲ တင်ပြလိုက်ပါတယ် … ဟူးးးး Connection ကောင်းပါစေ … (မှတ်ချက်။ ပတ်ဆင့်ရေးမရသောကြောင့် ပတ်ဆင့်များအား အသံထွက်အတိုင်း ရေးသားခြင်းဖြစ်သောကြောင့် နားလည်ပေးနိုင်ပါရန်) အောင်ပန်းမြို့ ချယ်ရီပျော်ပွဲစားရုံမှာ ကုံလုံ ဆရာတော်ဘုရားရဲ့ကျောင်းဆီသို့ သွားရောက်ဖို့ ဗိုက်ဖြည့်နေကြပုံ … ကျွန်တော်ပုံတော့ […]


fattyJanuary 11, 20121min50042
သူကြီးခင်ဗျား ……… မေးစရာလေးရှိလို့မေးမြန်းလိုက်ရပါသည်။ မန်းလေးဂေဇက်မှာရေးနေရင်း တချို့အခန်းကဏ္ဏလေးများကိုစိတ်ကူးရပြီးဖန်တီးချင်ပါသည်။ ဥပမာ အင်တာဗျူးကဏ္ဏအတွက် လူပုဂိ္ဂုလ်များကိုသွားပြီးမေးမြန်းပြောဆိုရာတွင် မန်းလေးဂေဇက်တွင်သုံးရန်ဟုပြောပြီး အင်တာဗျူးချင်ပါသည။ သူကြီး၏မူပိုင်ဖြစ်ပြီး ကျနော်တို့အားလည်းတရားဝင်ခန့်ထားခြင်းမဟုတ်သဖြင့် ဂေဇက်နာမည်ကိုသုံးခွင့်ရှိမရှိမေးလိုပါသည်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။