KingJanuary 4, 20123min1639
သံလွင်ချောင်းခြား တို့နှစ်ဦးသား မေတ္တာပေါင်းကူး တံတားဖြူးလို့ မဝေးတော့ပါ မေတ္တာကမ္ဘာ ………….. ကြုံဆုံခွဲခွာ လူ့ဘဝမှာ တွေဆုံကြုံကွဲ ဖြစ်မြဲတိုင်းသာ မှတ်ယူထားက ရွှေစိတ်နှလုံး အစဉ်ငြိမ်းသည် …… သို့မဟုတ်က အပူရုပ်က လူလုံးကြွလာ မြင်သူစိတ်ဝမ်း မချမ်းမသာ ဖြစ်ရရှာမည် …….. သို့သော်ငြားလည်း သစ္စာရှိစွာ စောင့်နေမှာကို စိတ်တွင်စွဲမှတ် တွေးထင်မှတ်၍ ချစ်ခဲ့သမျှ ထိုကာလကို ပြန်မြင်ယောင်ရင်း ကြည်နူးလှည့်ပါ ချစ်ရသူရာ …… <3 !!!!!!!!!!!!!!!!! KING !!!!!!!!!!!!!!!!!


alinsettJanuary 4, 20121min1063
( ကျေးဇူးတင်လွှာ ) DROWNING RUTH ( သို ့မဟုတ်) ဆောင်းညရှိုက်သံ စာအုပ်နှင့် ပသက်သက်သော ဆောင်းပါး (၃)ပုဒ် ရေးခွင့်ပြုခဲ့သူ မြန်မာဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် အား ကျေးဇူးတင်ပါသည်။ ကျွန်တော်..ခံစား ရေးသားခဲ့သော ဆောင်းပါးများကို တင်ပြခွင့်ပြုခဲ့သော… www.mandalaygazett.com ၏ အယ်ဒီတာ ဦးခိုင် နှင့် ကျွန်တော် ရေးသမျှကို ဖတ်ရှု / ခံစား / ဝေဖန်ပေးကြသော ရွာသူ ရွာသားများ..၊ စာဖတ်သူများ အားလုံ့းကို လည်း ကျေးဇူး တင်ရှိပါသည်။ ကျွန်တော့်ကို မူရင်းစာအုပ် ပေးဖတ်ခဲ့သော ကျွန်တော့် စာပေမိတ်ဆွေ နှင့် ကျွန်တော် လိုအပ်သော အချက်အလက်များကို ကူညီပေးသော မိတ်ဆွေများ အားလုံးကိုလည်းကျေးဇူးတင်ပါသည် ။ […]


KingJanuary 3, 20121min1809
ချစ်သူရေ…. ကြာတော့ကြာခဲ့ပါပြီ… ဒါပေမဲ့ မေ့ပစ်လို့မရတဲ့…..ငါတို့အချစ်တွေ ပတ်သက်ခွင့်မရှိတဲ့…..အနေအထား ရက်စက်ဖူးတဲ့..ကံတရားရယ်လို့ အတိတ်ကို…ပြန်မတမ်းတချင်ဘူး…. မပြောဝံ့တဲ့ …… ငါရဲ့ …. ကတိစကားတွေကိုပေါ့ အသစ်ရှာသွားတဲ့….မင်း…အတွက်…. မြေမြုပ်သဂြိုလ်ဖို့…..ခိုင်မာခဲ့ပြီလေ… ရင်ခုန်ဖူးတဲ့…..ငါ…ကိုယ်တိုင်တောင် ကြောက်တတ်နေခဲ့ပြီ……. နောင်…မင်းကိုတွေ့ရင်…. ဘယ်ဘက်ရင်အုံပြန်မခုန်ပါစေနဲ့လို့….. မင်းကို…အပြစ်မမြင်တဲ့..ငါ…. အချစ်များစွာနဲ့ပေါ့။         ။


KingJanuary 3, 20121min1738
ဆိုင်းမဆင့် ဗုံမဆင့် မိုးတွေရွာ မင်းကို လွမ်းမောမိတယ်ကွာ ဆောင်းတွင်းမှာ မိုးတွေသည်း ချစ်လိုက်ရတာ အရမ်းကိုပဲ မြေသင်းရနံ့လေး မွှေးလိုက်တာ သတိရလိုက်တာ အရမ်းပဲဗျာ မကြာခင်မှာ မိုးလည်းတိတ် မင်းကိုလွမ်းတဲ့စိတ်နဲ့ အိပ် အိပ်ယာထဲလည်း အိပ်လို့မပျော် ကွန်ပျူတာလေး ဖွင့်မယ်နော် အင်တာနက်လည်း လိုင်းလည်းတက် MG Page ကိုဆက် ရွာထဲမှာလည်း လိုက်လို့အော် ရွာဆော်တွေနဲ့ ပျော် အပျင်းအပြေ ထိုင်းရင်းဖတ် မိုးလင်းပြန်ပြီ ဒီတစ်ရက် မျက်စိပါဝါတွေပါတက် …. 😛


black chawJanuary 3, 20122min40227
ကျွန်တော် ရွာမှာ ပို့စ် စတင်တာ AUG 3, 2011 မှာ ဖြစ်ပါသည်။ ဒီနေ့က ဘလက်ချောရဲ့ ရွာသက်တမ်း ငါးလပြည့်တဲ့ နေ့ပါဗျာ။ “SKY NET ကို ကျေးဇူးတင်” ဆိုသည့် ပို့စ် ဖြင့်ယောင်ချာချာ ဝင်လာခဲ့တာ ဖြစ်ပါသည်။ အခုနောက်ပိုင်း တံခါးစောင့်ကြီး အဖြစ်လူသိလာခဲ့ပေမယ့် ကျွန်တော့် ပို့စ်လေးတွေကို မဖတ်ဘူးခဲ့ကြမှာ သေချာပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူများ ပြန်ဖတ်လို့ရအောင် လင့်လေးတွေ နှင့်တကွ ဖေါ်ပြပေးလိုက်ပါသည်။ တခြားလူတွေ လိုပါပဲ။ ရွာထဲ စဝင်လာတော့ လူသစ်ဆိုပြီး မလေးမခန့်လုပ်တာတွေလည်း ကြုံခဲ့ဖြတ်ခဲ့ရပါသည်။ အဲဒီအတွက် ဘာမှပြောစရာမရှိပါ။ ဒါ သဘာဝပါပဲ။ ကျွန်တော် ဖတ်စေချင်တာလေးတွေကို စုစည်းပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးကြပါလို့။ သဘောထားမကြီးတာလား မေးခွန်းဘောင်ကျော်သွားတာလား (၂၉-၈-၂၀၁၁ […]


black chawJanuary 2, 20123min25115
ကိုသစ်မင်းက ရွာထဲကို ဝင်လာတော့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့ပါတယ်။ ပြီးတော့မှ ကဗျာလေးတွေရေးပြီး ကဗျာနဲ့ပဲ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တာပါ။ ပြီးမှ စကားပြေအရေးအဖွဲ့လေးတွေ နဲ့ ဂျပန်ဝတ္ထုတိုလေးတွေ ဘာသာပြန်တဲ့ ဘက်ကို လှည့်လာပြန်ပါတယ်။ ဂျပန်ဘာသာပြန် ဝတ္ထုလေးတွေကို ကြည့်ရအောင်ပါ။ မော်ဒယ် https://myanmargazette.net/77851/creative-writing ဆိုတဲ့ ပို့စ်လေးကတော့ ဂျပန်ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိမ်လခပင် မပေးနိုင်သော အလုပ်ရှာနေဆဲ ဒုက္ခရောက်နေသော လူတစ်ယောက် သတ္တုပုံးတစ်လုံးကို ခလုတ်တိုက်မိပြီး အိမ်ယူသွားရာက သံလွင်ဂြိုဟ်သို့ရောက်သွားကာ မော်ဒယ်အလုပ်ကို ရရှိသွားပုံကို ရေးဖွဲ့ထားပါသည်။ ဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အရသာခံနိုင်ကြမည့် ဘာသာပြန်လက်ရာလေးဖြစ်ပါသည်။ ဘာရေးရေး ရွှေ ဖြစ်နေသော ကိုသစ်မင်း၏ လက်ရာကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါသည် ခင်ဗျား။ ကိုသစ်မင်းက မော်ဒယ်ဖြစ်သွားပုံကို အခုလိုရေးဖွဲ့ […]


    “မန္တလေး ရှေးရှေးက စားသောက်ဆိုင်”   “မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့ မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ ပါလာပါတယ်။ အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့ သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့ နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။ အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ အမှတ်ရနိုင်ပါစေ………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-1-12)      


KingJanuary 1, 20121min1638
ရင်ဘတ်က အောင့်လာ လွမ်းဆွတ် ဝေဒနာကို မဖြေသာ ရင်မှာပိုက်လို့ တိုးတိတ်ကာလွမ်း ဟိုးအတိတ်က အနမ်း ….. <3 မေ့မရလို့ တမ်းတ လွမ်းရတဲ့ ငါ့ဘဝ လှမ်းခွင့်ကမသာ မင်းဘက်က ဆွေမျိုးကြောင့်ပါ အခုတော့ငါ ….. မင်းဘဝချမ်းသာဖို့အရေး နှလုံးသားကိုစတေးလို့ လမ်းခင်းပေးလိုက်ပါ့မယ် …. ကြမ္မာရဟတ် တစ်ပတ်လည်လို့ ပြန်ဆုံတွေ့ခဲ့ရင် အရင်အတိုင်းပဲ ချစ်မြဲ ချစ်နေတဲ့ ငါ …. <3 … ( ! _ ! )  : : : : : KING : : : : :


black chawDecember 31, 20112min36421
ကိုသစ်မင်းက ကားမောင်းသလို ဂီယာတစ်ချက်ခြင်းချိန်းပြီး ရွာကိုဝင်လာခဲ့တာပါ။ ပထမ ဂီယာမှာ အရှိန်လေးယူတဲ့အနေနဲ့ ဟာသလေးတွေနဲ့ ရွာကို ဝင်ရောက်လာတဲ့သူပါ။ ဒုတိယဂီယာမှာ အရှိန်နည်းနည်းတင်ပြီး ကဗျာလေးတွေ ရေးလာပါတယ်။ တတိယ ဂီယာကျတော့ ရသစာစုလေးတွေ ဘာသာပြန်ဝတ္ထုလေးတွေ ရေးပြီး အရှိန်နည်းနည်း ထပ်မြှင့်ပါတယ်။ ဒီလောက်မှာတင် ရွာမှာ ကိုသစ်မင်း အခိုင်အမာ နေရာတစ်ခုရခဲ့ပြီဖြစ်ပါတယ်။ နံပတ်လေး ဂီယာကျတော့ စီးပွားရေး၊ နို်င်ငံရေး အမြင်လေးတွေ ရေးပြီး အရှိန်ထပ်မြှင့်ပါတယ်။ အခုနောက်ဆုံးဂီယာကျတော့မှ ဂဇက်ဆီမီနာကို ဦးဆောင်ဆွေးနွေးပြီး ဟိုက်စပိဒ် နဲ့ကို မောင်းနေခဲ့ပြီဖြစ်ပါတယ်ဗျာ။ အဲဒီတော့ ပထမ ဂီယာ ရဲ့ ဟာသပို့စ်လေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေဗျာ။ “ဟာသလေးတွေပါ အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ” https://myanmargazette.net/62696/society-lifestyle ဟာသလေးတွေက ရယ်ရတယ်ဗျာ။ ကောလိပ်ကျောင်းသားထံမှ မိဘများသို့ ပေးစာ ဆိုရင် တော်တော်ရယ်ရပါတယ်။ […]


alinsettDecember 30, 20111min1648
ဝေဖန်ရေးသည် ခက်ခဲ..နက်နဲသော ပညာရပ်တစ်ခုပြဖစ်ပါသည်။ အထူးသဖြင့် စာပေဝေဖန်ရေး.( အနုပညာဝေဖန်ရေး ) သည်..အလွန် နက်ရှိုင်းသော../ အလွန် သိမ်မွေ ့သော.. အရာ ဖြစ်သည် ။ စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး.. ဝေဖန်ရပါသည်။ စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန် ့သော/ ဆန်းကြယ်သော..) ကြောင့် ဖြစ်ပါသည်။ မော်ဒန် အနုပညာကို ဂန္ထဝင် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။… ဂန္ထဝင် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။ ( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထဝင် ဝေဖန်ရေး အစဉ်အလာများဖြင့် တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ ) သူ ့ဘက် ကမ်းက မီး…ဘယ်လောက် […]


koyin sithuDecember 30, 20111min28319
နောက်ဆုံးစွမ်းအင်တစ်မျိုးနဲ့ မီးတွေ စီးသွားတဲ့မြစ်ကြီးကို ကျွန်တော် မော့သောက်ပစ်ခဲ့သည်။ နှင်တံတစ်ချောင်းရဲ့ ခွန်အားတွေရော ဘယ်အချိန်မှာအနည်ထိုင်မလဲ။ တစ်ခါတစ်လေကျတော့ ကျွန်တော်လည်း မှားဦးမည်။ မီးလောင်ပြင်မှာ ပျောက်သွားတဲ့ ဗီသိုဘင်ရဲ့ နားရွက်တစ်စုံကို ဘယ်သူတွေ့မိသေးလဲ။ မိုနာလီဇာ၏ အပြုံးတွင် ဒေါ်လာတစ်ချို့ကို ကျွန်တော်မြင်ရ၏။ ဆောင်းရာသီညနေနှင့် ခရစ်စမတ်ပန်းသီးများ ရောင်းရန်ရှိသည်။ ကမာ္ဘကြီးရဲ့ တိုးတက်မှုဆိုတာမှာ အမှန်တရားဟာ နည်းသထက်နည်းလာပြီ။ ကျွန်တော်လေတွေကို အန်ချလိုက်ခြင်းဟာ မြင့်မိုးရ်အောင်ရဲ့ “အမဲလိုက်အက” ကို ဂုဏ်ပြုလိုက်တာဖြစ်သည်။ အပျိုရည်ပျက်သွားတဲ့ လရောင်မှာ မြေခွေးတစ်ကောင်ရဲ့ ဒိန်ခဲချင်ခြင်းတွေကို ကျွန်တော်တွေ့ရသည်။ မိန်းမတွေဟာ နားမလည်ဘူးလို့ ရုတ်တရက် သဘောပေါက်သွားတာနဲ့ စတင်နားလည်တော့တာပါပဲတဲ့။ အယူအဆ (Concept) ပိုင်းဆိုင်ရာမှာ အရမ်းချို့ယွင်း ညံ့ဖျင်းနေတာမျိုးကို ကျွန်တော် စိတ်သိပ်မရှည်ချင်ဘူး။ Lady First ဆိုတဲ့ အနောက်တိုင်းသားတွေကိုလည်း သောက်မြင်ကတ်သည်။ […]


thit minDecember 29, 20111min34828
အားလုံးအတွက်ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ(^^) သူကြီးဦးခိုင်မှအစပြု၍မန်းဂေဇက်ဝင်မိသားစုအားလုံးနဲ့ ဝင်ဖတ်သူတွေပါမကျန်နှစ်သစ်မှာ စိတ်သစ်လူသစ်တွေနဲ့ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဒီနေ့ ၂၉ ရက်နေ့မှာဘဲ နှစ်သစ်ကူးဆုတောင်းကို ကြိုပြီးဆုတောင်းလိုက်ပါတယ်။ ကျနော် တို့တွေ ဘဝအမျိုးမျိုး စိတ်အမျိုးမျိုးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကို ပိုကောင်းသော နှစ်သစ်ဖြစ်သွားအောင် ပြုပြင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကြိုးစားရမယ်လို့ယုံကြည်ပါတယ်။ ကိုယ့်ကိုကိုယ်ကောင်းအောင် နေတယ်ဆိုတယ်ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ ငါ ငါ ဆိုတဲ့ မာန ဟာ လူ တယောက်ကိုရုပ်ဆိုးအကျည်းတန်လှပါတယ်။ နှိမ့်ချတတ်ခြင်းဟာ မင်္ဂလာတပါးဆိုတဲ့အတိုင်း မာနကင်းတဲ့သူဟာ ရုပ်မလှပေမဲ့စိတ်လှပါတယ်။ ကျနော် တချိန်က မာနကြီးတဲ့ လူတယောက်ဖြစ်ခဲ့ဘူးပါတယ်။ကိုယ်နဲနဲသိတာ တတ်တာလေးကို နွားခြေရာကွက်ထဲက ရေကို ပင်လယ်ထင်တဲ့ဖားသူငယ်လို ခြေသလုံးက သွေးနားထင်ကိုရောက်ခဲ့တာမျိုးပါ။ ကိုယ့်ထက် ဂုဏ်အားဖြင့်အသက်အားဖြင့်ကြီးသူများကိုလည်း နှုတ်နဲ့ စော်ကားမော်ကားပြောဘူးပါတယ်။ ဘာသိလို့လဲ၊ ငါ့လောက်သိလို့လားပေါ့ အဲဒီလို ပုံစံမျိုးတွေပါ။ ခုနေပြန်ကြည့်လိုက်ရင်တော်တော်ရှက်ဘို့ကောင်းလှပါတယ်။ အဲဒီလိုအပြောခံရသူတွေက ဘာမှပြန်မပြောတာကိုတောင် ငါဟုတ်လှပြီလို့ […]