ကေကျုတို့ ရှစ်လေးလုံးပါတီကို ရွေးကော်က ကန့်ကွက်သူရှိလို့ နံမယ်ပြောင်းခိုင်းလိုက်တယ်။ မူလတင်တဲ့နံမယ်က ရှစ်လေးလုံးပါတီ နောက်တော့ ရှစ်လေးလုံးနံမယ်ကို တပါတီတစုတဖွဲ့အတွက် မသုံးရလို့ ပြည်တွင်းပြည်ပကနေ ကန့်ကွက်လို့ ရွေးကော်က ခေါ်တွေ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလိုက်ရတယ်။ ယနေ့ဆိုလျင် ပါတီတည်ထောင်ခွင့် တင်ထားတာ ခြောက်လပြည့်တော့မည်။ ပြစ်ချက်မရှိတဲ့ နိုင်ငံရေးပါတီလောင်းတခုကို ဟန့်တားပိတ်ပင်တာ ဥပဒေနဲ့ မညီပါ။ ကန့်ကွက်သူ နှစ်ရာကျော်ကြောင်း သတင်းများအရ သိရတယ်။ ကန့်ကွက်သူရှိတိုင်း လုပ်ကြေးဆို ရွေးကော်လူဂျီးများ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုလိမ့်မယ်။ တုန်ချိတုန်ချိ ငှက်အဆိုးရ လက်ထက်မှာ သိပ်မမျှှော်လင့် စကောင်းပေမဲ့ ဒီလောက်ထိတော့ မျက်နှာလွဲခဲပစ် မလုပ်သင့်ဘူး။ ကိုယ်နိုင်တုံး ဖိထောင်းရင် ကိုယ်ခံရတဲ့ အလှည့်ရောက်တဲ့အခါ အကျနာလိမ့်မယ်။ ဖဆပလ လက်ထက်မှာ ဦးနုအစိုးရ လူအများစု ထောက်ခံတယ်ဆိုပြီး အတိုက်အခံကို […]


kaiJune 6, 20181min148212
◆ New York မှာ ကျင်းပခဲ့တဲ့ မြန်မာအဖွဲ့အစည်းတွေပူးပေါင်းကျင်းပခဲ့တဲ့ NHFMM ရန်ပုံငွေပွဲ မျက်နှာဖုံးသတင်း။ ◆ Florida ပြည်နယ်။ Jacksonville က မြန်မာသင်္ကြန်မျက်နှာဖုံးသတင်း။ ◆ U.S. က အမေများနေ့အခမ်းအနားတွေ။ ◆ မောင်စွမ်းရည်ရဲ့ အမေ-အမေ-အမေ။ ◆ တေးသံရှင်အောင်ရင်နဲ့ အမေးအဖြေ။ ◆ တိမ်မည်းရဲ့ SCAMS နှင့်ကာကွယ်ရန်နည်းလမ်းများ။ ◆ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ခါးနာရောဂါများ။ ◆ ေ ဒါက်တာတင်လတ်ရဲ့ Sleep Apnea ဆောင်းပါး။ ◆ မောင်မိုးညိုရဲ့ အမေရိကန်ဗီဇာအမျိုးမျိုးကိုင်ဆောင်ထားသူများ သတင်းဆောင်းပါး။ ◆ လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျော်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ ဟင်းချက်နည်း။ အလှပန်း။ သုတ၊ ရသ […]


kaiMay 23, 20183min5754
Grammar ဆိုတာ မလေ့လာလို့မရပါဘူး။ ဒါပေမယ့် လေ့လာရတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းလေးတွေ၊ မှတ်သားဖွယ်ရာတွေ များလွန်းတော့ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ ယခုလမှာ grammar rules တွေကို အသုံးချပြီးဝါကျ လေးတွေရေးတတ်အောင်လေ့ကျင့်ကြရအောင်။ ဦးစွာပထမ ဝါကျလေးမျိုးသားရှိကြောင်း နားလည်ဖို့လိုပါတယ်။ Simple sentence Compound sentence Complex sentence Compound complex sentence Simple sentence ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ ဝါကျမျိုးကို ဆိုလိုပါတယ်။ ဥပမာ- Tom and Henry are brothers. Sally can read and write in Spanish. အထက်ဖော်ပြပါ ဝါကျနှစ်ခုမှာ ပထမဝါကျ၌ Tom နှင့် […]


kaiMay 22, 20181min2580
သမိုင်းမှတ်တမ်းမြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် ပျူတို့မြို့ပြခေတ် အေဒီ၄ရာစုမှစတွက်သော် သက်တမ်း၁၆၀ဝနှစ်ကျော်ရှိသည့် မြန်မာ့မြေနေလူဦးရေသည် ယခုနှစ်တွင် ၅၃သန်းမျှရှိနေပြီဖြစ်ပါသည်။ လွန်ခဲ့သောနှစ်၁၀၀ဝခန့်က ပထမမြန်မာနိုင်ငံတော်တွင် ပေါင်းလူဦးရေ ၁သိန်း(သာ)ရှိခဲ့သည်ဆိုငြားအံ့။ အလွန်အပြစ်ကင်းကင်း သက်တမ်းပြည့်နေ မွေးဖွားတိုးတက်နှုန်းနှင့်ဆိုပါလျှင်) ကမ္ဘာ့လူဦးရေတိုးနှုန်းပျမ်းမျှ ၁.၂ နှင့် ဖေါ်မြူလာတွင်းထည့်တွက်ကြည့်လျှင် ယခုရာစုနှစ်ဦးတွင်လူသန်း၁၅ဝထက်မနည်းရှိနေရပါလိ့မ်မည်။ သို့ဆိုပါသော် ရှိရမည့်ထဲ လူသန်းပေါင်းများစွာ ဘယ်ဆီလေလွင့် ရောက်ကုန်ပါသနည်း။ “ဂိမာန် ဝဿန် ဟေမာန်” မြန်မာပြည်တွင် နွေ၊မိုး၊ဆောင်း ရာသီ၃ပါးရှိကာ အီကွေတာနှင့်နီးသဖြင့် နွေတွင် ခြစ်ခြစ်တောက်ပူပြင်းသည်။ နွေခေါင်ခေါင်တွင်ခရမ်းလွန်အန္တရာယ်ရှိစကေး(Ultraviolet index 11+) ဖြင့် ဖြာကျနေသော နေရောင်ခြည်သည် သက်ရှိဆဲလ်များကိုလောင်မီးကျသွားလောက်သည်။ မိုင်၁၂၀ဝ ပင်လယ်ကမ်းနှင့်ဆက်စပ်ပင်လယ်ပြင်ကြီးရှိငြား ဖမ်းလာသမျှ သားငါးတို့နေ့မကူးနိုင်၊ ပုပ်သိုးရိကျကုန်သည်။ လူသားတို့စွမ်းအားဖြင့် တည်ဆောက်ထားသော ပစ္စည်းဟူသမျှ နေရောင်အောက်တွင်ကျွတ်ရွပျော်ကျ၍ သက်တမ်းတိုစေသည်။ ထို့အတူ မိုးရာသီ၏မုတ်သုန်မိုးကြီးသည် သွန်ချသလိုရွာကာ ရှိသမျှပျိုးပင်ပျိုးပေါက် […]


kaiMay 15, 20181min7359
ပြီးခဲ့တဲ့ရက်များအတွင်းက လူမှုကွန်ယက်တွေမှာပြန့်နှံ့ခဲ့တဲ့ အမေရိကနိုင်ငံရောက်အခြေချနေထိုင်တဲ့ လူငယ် နှစ်ဦးရဲ့စကားပြော ခန်းဗီဒီယိုဖိုင်တခုကိုအမှတ်မထင်ကြည့်ရှုမိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ဆွေးနွေးချက်ကိုအတိုချုပ် ပြောရရင်တော့ အမေရိကမှာ ပြောင်းရွှေ့အခြေချနေထိုင်ကြရတဲ့ဘဝဟာ အလွန်ကြမ်းတမ်း ကြောင်းဆိုတဲ့အ ချက်ပါဘဲ။ ဒါဟာငြင်းစရာမလိုတဲ့အချက်ဆိုတာကို စာဖတ်ပရိတ်နားလည်ထားပြီးသားပါ။ ဒီဗီဒီယိုဖိုင်ဟာရုတ်တရက်ကြည့်ရင်ဟုတ်တာတွေပြောနေတာဘဲလို့ယေဘူယျထင်စရာရှိစေမဲ့ စိုးရိမ်စရာ/အထင်လွဲစရာ သတင်း မှားဖြစ်နေတာမို့ မောင်မိုးညိုအနေနဲ့စိုးရိမ်မိရာက ဒီဆောင်းပါးရေးဖြစ်တာပါ။ သူတို့လေးတွေရဲ့ဆွေးနွေးချက် အကြောင်းရင်းခံကတော့၊ ဘာလုပ်လုပ်၊ ဘာဝယ်ဝယ်ဝယ်၊ ဘာသုံးသုံးအကြွေးတွေချည့်ပါဘဲဆိုပြီးငြီးတွားရင်း၊ “အကြွေး”စနစ်ကိုအပြစ်ပုံချကြတဲ့အကြောင်းပါ။ အထူးသဖြင့် ဗီဒီယိုပါဆယ်ကျော် သက်ရွယ်လူငယ်တွေဖြစ်နေ တာမို့၊ ပြောင်းရွှေ့အခြေချသူမြန်မာလူငယ်တွေကြားမှာ၊ မှားယွင်းတဲ့အယူအဆ၊ ထိုးဖေါက်ဝင်ရောက် နေရာ ယူနေပြီဆိုတဲ့လက္ခဏာတွေ ဝမ်းနည်းဖွယ်တွေ့နေရပါတယ်။ အဲ့ဒီအပြန်အလှန်ပြောဆိုကြတဲ့စကားဝိုင်းမှာ “အကြွေး”ဆိုတဲ့ဝေါဟာရကိုအလေးထားပြောသွားတာ ကိုတွေ့ ရပါတယ်။ အမေရိကနိုင်ငံအပါအဝင် တိုးတက်တဲ့နိုင်ငံကြီးငယ်မဟူမှာ credit ဆိုတဲ့ စနစ်ကိုစတင် အသုံးပြုခဲ့၊ ပြုနေကြတာနှစ်ပရိစ္ဆေဒအတော်ကြာပါပြီ။ သမိုင်းနဲ့ချီပြောရရင်ပထမနဲ့ဒုတိယကမ္ဘာစစ်ကာလထဲက ဒီအယူ အဆသစ် စတင်ပေါ်ထွန်းခဲ့ခြင်းပါ။ စီးပွားပျက်ကပ်တွေကြောင့်လူ့ဘဝကနေနေ့ချင်းညချင်းဒုက္ခအတိရောက်ကြ သူတွေသိန်းသန်းနဲ့ချီတဲ့အဖြစ်တွေကိုကာကွယ်နိုင်မဲ့အစီအမံတွေကိုကြံစည်တီထွင်ရာကနေ၊ လူတိုင်းကြုံတွေ့ရ […]


kaiMay 8, 20181min150515
U.S. ပြည်နယ်အသီးသီးက မြန်မာသင်္ကြန်ပွဲတော်သတင်းနှင့်ဓာတ်ပုံများ။ မောင်စွမ်းရည်ရဲ့ “မန်းတက္ကသိုလ်ကလောင်ရှင်အသင်း-၂” ဆောင်းပါး။ ငြိမ်းမင်း(၇၉မြို့ပြ) ရဲ့” မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး” မောင်လူပေရဲ့ “လူဝလေးရဲ့သမိုင်းဝင်”ဆောင်းပါး။ မောင်မိုးညိုရဲ့ “Credit ကို အကြွေးဟု ဆိုကြသူတွေ “ဆောင်းပါး။ တေးသံရှင်ဖြိုးကြီးနဲ့အမေးအဖြေ။ “မေအလှပန်း” Hnin Nandar မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ “ဒူးနာရောဂါများ” ဆေးပညာဆောင်းပါး။ KZ ရဲ့”အေးမွေ့ချို ” Smoothie လုပ်နည်း။ လစဉ်ဖော်ပြနေကျဆရာမျိုးကျေ်မြင့်ရဲ့ “အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော်” အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဆောင်းပါး။ ဗေဒင်။ ကမ္ဘာ့အရေး။ မြန်မာ့အရေး။ ဓာတ်ပုံဝေဝေဆာဆာဖြင့် မေလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာဆိုင်များနှင့် မြန်မာဘုန်းကြီးကျောင်းများမှာ အခမဲ့ ရယူပါ။


kaiApril 30, 20182min3852
ယခုလမှာ နှစ်သစ်ကူးနဲ့လည်းကြုံနေတော့ ဒုက္ခရောက်နေချိန်မှာ ကယ်တင်နိုင်မယ့် Structure လေးတွေကို လေ့လာကြရအောင်။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ အမှားအယွင်း တစ်ခုခုလုပ်မိပြီဆိုပါစို့။ ဒုက္ခတွေ့ပြီပေါ့၊ ကဲ ဒီဒုက္ခကို ဘယ်လို ကျော်လွှားရမလဲလို့ စဉ်းစားတဲ့အခါ – have, make, Get ဆိုတဲ့ ဝေါဟာရလေးသုံးခုကို သတိရလိုက်ပါ။ အောက်ဖော်ပြပါ Structure လေးကိုလည်း သတိရလိုက်ပါလေ။ Subject + have / make /+object + base from ဥပမာ- The boss made me do this the boss had me do it ကောင်းတော့ မကောင်းဘူးပေါ့ ။ ဒါပေမယ့် […]


kaiApril 29, 20181min4655
နိုင်ငံရေးစနစ်မျိုးစုံ၊ တိုင်းရင်းသားစုံခဲ့သော မြန်မာပြည် ကိုယ့်လှေကိုယ်ထိုးရင်း သွားခဲ့ကြသည်မှာ နှစ်၇ဝကျော်ပြီ။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းမှာ တနေ့တလံနှင့်ပုဂံဘယ်မရွေ့နေပါငြားပြောင်းပြန်ကြီးလျှောက်မိရက်သားနှင့်ဝေးသထက်ဝေးသွားပုံရလေသည်။ ဘာနိုင်ငံရေးစနစ်နှင့်အုပ်ချုပ်ချုပ်၊ ဘယ်ခေါင်းဆောင်မျိုးတက်တက် ဆွဲစေ့ကာညီညာ စည်းရုံးနိုင်မည့်ပုံမပေါ်သေး။ သို့ဆိုသော် ရှေးရိုးရာနှင့်ယဉ်ကျေးမှုတို့ကို စိစစ်ဝေဖန်ကာ သစ်လွင်ခေတ်မှီအောင်လုပ်သောတော်လှန်ရေးတခုလိုပြီလားဟူ၍ … ပြတိုက်ဝင်ဥပဒေများ မြန်မာ့ဥပဒေအများစုတို့သည် အင်္ဂလိပ်၏ကိုလိုနီခေတ်မှဥပဒေများဖြစ်ကြသည်။ အင်္ဂလိပ်ပြည်မှတိုက်ရိုက်ကော်ပီများပင်မဟုတ်၊ အိနိ္ဒယပြည်နယ်ကိုလိုနီအမှုတွဲနှင့်ရခဲ့ကာ မူလကျောရိုးအခိုင်အခန့်လည်းမရှိခဲ့။ ခေတ်နှင့်မလျှော်ညီ ထင်သည်များကို တတ်နိုင်သလောက်ဖာထေးပြုပြင်ခဲ့သော်လည်း စစ်အာဏာရှင်ကြီးများ၏တဦးတည်းသဘောနှင့်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များထုံမွှန်းလွန်းရသည်။ အထင်ရှားဆုံးဥပမာပြုရလျှင် ဦးနေဝင်း၏ ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေဖြစ်ပါသည်။ ဥပဒေပါ အမြင့်ဆုံးဒဏ်ကြေးများပင်ကျပ်ငွေထောင်ဂဏန်းနှင့် ယခုခေတ်အတွက်ရယ်စရာပါ။ ပြည်သူတင်မြှောက်ထားသော အစိုးရသည်တရားဥပဒေစိုးမိုးရေးချည်းလှိမ့်အော်နေ၍ကားမရ၊ စိုးမိုးရမည့်ဥပဒေသည် နေ့စဉ်အသစ်ထွက်နေသည့် လူ့အသုံးအဆောင်၊ ယာဉ်ယန္ဒယား၊ လူမျိုးသစ်၊ နိုင်ငံသစ်၊ နိုင်ငံရေးစနစ်၊သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာ၊ မျိုးရိုးဗီဇ၊ သဘာဝဂေဟ စသည်အားလုံးနှင့် သဟဇာတရှိရန် ပြင်ဆင်နေဖို့လည်းလိုပါသည်။ ယခုအမေရိကပြည်တွင်ပင်လျှင် ဖေ့စ်ဘုတ် စီအီးအိုမတ်ခ်ဇက်ကာဘတ်ကို ဥပဒေပြုသူများက ကွန်ဂရက်၊ […]


kaiApril 23, 20181min133612
– မြန်မာနိုင်ငံ သမ္မတသစ် ဦးဝင်းမြင့်၏ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းကျိန်သတင်း။ – မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမျက်နှာဖုံးသတင်း။ – Burmese American Medical Association ၏နှစ်ပတ်လည်ညစာစားပွဲသတင်း။ – မောင်စွမ်းရည်၏”မန်းတက္ကသိုလ်ကလောင်ရှင်များအသင်းဆောင်းပါး။” – အကယ်ဒမီမေဝင်းမောင်နှင့်တွေ့ဆုံခြင်း။ – ဧပြီအလှပန်း မေလင်းဖြူ။ – မသန္တာအောင်(ဆေးပညာဘွဲ့)၏ အရိုးပွ၊ အရိုးကျိုးရောဂါ။ – ဒေါက်တာအောင်ဇော်ထိုက်၏ တိရစ္ဆာန်မှကူးစက်သောရောဂါများ။ – ဆရာထွန်း(တဆ-၂၂၂၁)- ဆေးဖက်ဝင်ကမ်းဇော်ဆီ။ – ဆရာမျိုးမြင့်ကေ ျာ်ရဲ့ အင်္ဂင်္လိပ်စာသင်္ခန်းစာဆောင်းပါး။ – မောင်မိုးညိုရဲ့ယာဉ်တိုက်မှုဖြစ်ခဲ့သော် အသိပညာပေးဆောင်းပါး။ – တိမ်မည်းရဲ့ အဝေးရောက်အလုပ်ခွင် ဆောင်းပါး။ လစဉ်ဖော်ပြနေကျ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံအက်ဆေး၊ ဗေဒင်၊ ဟင်းချက်နည်း သုတ၊ ရသစုံလင်စွာဖြင့် သင်္ကြန်အကြို ၂၀၁၈ခုနှစ်၊ ဧပြီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ နီးစပ်ရာမြန်မာစတိုးဆိုင်များ၊ […]


kaiApril 14, 20181min4593
ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့… တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။ ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။ (ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား.. ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား.. မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။ ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။ ဖြစ်ချင်တာဖြစ်ကြစေ… အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။ ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 😛


Mon LayApril 11, 20181min37723
သင်္ကြန်ရောက်တော့မယ်နော်….ဂဇက်ကလူတွေအပေါင်းမြန်မာ့နှစ်သစ်မှာ ပျော်ရွှင်မှုတွေအတိဖြစ်ပြီး ကံကောင်းခြင်းတွေနဲ့ကြုံကြပါစေလု့ိ မွန်လေး ဆုတောင်းပေးလိုက်ပါတယ်။


“ဟိတ်ကောင် ငကြောင်ကြီး။” ရွာလူရှုပ်လူပွေကြီး ဥငယ်လိမ္မာ၏ အသံဖြစ်သည်။ “ဂျာဂျ” ကြောင်ကြီးမှ ပြန်ထူးသံ ဖြစ်သည်။ “ဟိတ်ကောင် မင်းလိုကောင်ကို လူမထင်ဘူးကွ။ လူလို့လည်း မသတ်မှတ်ဘူး။” ဥငယ်လိမ္မာကား လွန်စွာ စိတ်ဆိုး ဒေါသထွက်နေပုံ ရသည်။ ခြစ်ဆရာ ကြောင်ကြီး အပြုံးမပျက် “ဟုတ်ကဲ့ အဖေ။” “ဘာကွ မင်းငါ့ကို အဲလို မခေါ်နက်။” ဥငယ်လိမ္မာ ပို၍ဒေါဖေါင်းလာသည်။ “ဟုတ်ကဲ့ မကြိုက် နောင်မခေါ်ပါဘူး။ အနော် ပြောချင်တာ အနော်ကလည်း ဥငယ်လိမ္မာကို လူလို့ မသတ်မှတ်တာကြာပြီ။ အခုမှ မုန့်ဗူး။” ရုပ်ရည် သနားကမားနှင့် ကြောင်ကြီးမှ အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “ဘာ…………………….စ်။ မင်းငါ့ကို ဘယ်လိုပြောတယ်။ ပြန်ပြောစမ်း။” သူများသားသမီးကို မှိုချိုးမျှစ်ချိုး ပြောပြီး သူ့အလှည့်ကျ မခံနိုင်သော […]