Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kaiMarch 27, 20101min3274
မြန်မာပြည်တွင်းက အသံတွေကို မြန်မာပြည်ပြင်ပရောက်နေသူတွေ နားထောင်စေချင်မိပါတယ်။ အသံတွေဆိုရာမှာ နိုင်ငံရေးလုပ်နေသူတွေရဲ့အသံတွေထက် သာမန်လူထုအသံဖြစ်စေချင်တာပါ။ အဲဒီတော့..မီဒီယာတခုအနေနဲ့ မြန်မာလူထုကို မေးခွန်းလေးတွေ မေးထားချင်ပါတယ်။ ပြည်တွင်းကလူတွေအဓိကထားဖြေစေချင်တာပါပဲ။ ပြသနာတခုက အခုလ၂၉ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်(ဒီချုပ်)က အပြီးသတ်ဆုံးဖြတ်ရမယ်ဆိုပါတယ်။ သာဂိတို့ ဒေါ်ဘုမတို့ ဘကြီးအောင်တို့ အသံတွေ ၊သာမန်တောနေရွာနေ လူထုကြီးရဲ့အသံတွေနားထောင်ဖို ့ဒီချုပ်အနေနဲ့ အချိန်လောက်လောက်ငှငှ မရထားပါ။ မြို့နေ ရစ်ချက်၊ စီးပွားရေးသမားကြီး ဦးဝမ်ချုး၊ အနုပညာရှင် ကလျာလှနေခြည်တို့အသံနားထောင်ဖ်ု့ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အကျယ်ချုပ်ကျနေဆဲပါ။ အချိန်မလောက်ချက်က အခုမေးခွန်းတွေတောင် သေသေချာချာ စဉ်းစားဖို့ အချိန်မရှိပါဘူး။ အဲဒီလောက်ဖြစ်နေတာပါ။ သေရေးရှင်ရေး ကိစ္စတခုကို အချိန်တိုတိုနဲ့ ဆုံးဖြတ်ရင် မှားတတ်ပါတယ်..။ ဒီတော့ အခုလိုအချိန်မှာ…မေးမဲ့မေးခွန်းတွေက… ကိုသာဂိခင်ဗျား… ရွေးကောက်ပွဲဟာ ဖြစ်ကိုဖြစ်လာမှာပါ။ ရွေးကောက်ပွဲမှာ အဓိက အုပ်စု၃ခုပဲရှိပါမယ်။ လက်ရှိအစိုးရ၊ တတိယအင်အားစု၊ […]


koaungMarch 27, 20101min3486
အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့   ပါတီမှတ်ပုံတင်ရေး မတင်ရေးဟာ  ပြည်သူတွေကြားမှာစိတ်ဝင်စားနေကြတဲ့ ကိစ္စရပ်လေးတခု ဖြစ်နေပါတယ်။ NLD ကတော့ အန်တီစု ရဲ့ သဘောထားအတိုင်း လာမဲ့ ၂၉ ရက်နေ့ကျမှ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင် နဲ့ ဈေးတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ဝင်ပြိုင်ရင် ဒို့ကတော့ NLD ကိုပဲ မဲပေးမှာပဲတော်ရေ့ ဆိုတဲ့ ဈေးသည်တွေရဲ့ အသံ အိမ်ရှင်မတွေရဲ့ အသံ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြန်ရင်လည်း လူ ၅ ယောက်ထိုင်နေတဲ့ ဝိုင်းမှာဆိုရင် လူ ၄ ယောက်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမယ်ဆိုတဲ့အကြောင်း နဲ့ ၁၉၉ဝ မှာတုန်းကလဲ NLD ကိုပဲ မဲပေးခဲ့တယ်ဆိုပဲ။ အခု ရွေးကောက်ပွဲမှာ NLD […]


koaungMarch 24, 20101min2144
မတ်လ ၂၉ ရက်နေ့မှာ  NLD  ဗဟိုကော်မတီအဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်ဖို့/မတင်ဖို့၊ ရွေးကောက်ပွဲ ဝင်/မဝင် ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့လူငယ်အမြင်နဲ့ ပြောချင်တာ တခုကတော့၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်အခါကလည်း ဦးတင်ဦးနဲ့ အန်တီစုကို ပါတီကထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲဝင်ကြရတာ၊ အဲဒီအချိန် နိုင်ခဲ့တုန်းကလည်း အန်တီစုဟာ ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ အလားတူ ဦးဝင်းတင် ဟာလည်း ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျနေသူများလို့ဆိုတဲ့အတွက် လက်ရှိထောင်ထဲမှာ ပြစ်ဒဏ်ခံနေရသူများသာ အကျုံးဝင်ပြီး ထောင်ကလွတ်တဲ့လူတွေနဲ့ မပတ်သက်နိုင်ဘူးဟု ယူဆရပါတယ်၊ အန်တီစုလည်း ထောင်ကလွတ်လာရင် ပါတီထဲပြန်ဝင်လို့ရတာပဲမဟုတ်လား၊ အခု ဦးဝင်းတင်တို့ သဘောထားက ရွေးကောက်ပွဲမဝင်ဘူးပြောနေတော့ သူကိုယ်တိုင်ဝင်အရွေးခံရင်လည်း အသက်အရွယ်နဲ့နိုင်မဲ့ အခြေအနေမရှိတော့၊ သူ့နောက်လိုက် သူ့သဘောထားကို လက်ခံတဲ့လူကလည်း မြန်မာတစ်ပြည်လုံးအတိုင်းအတာ မပြောနဲ့ ရန်ကုန်မြို့မှာတောင် လူ (၁၀၀၀) ရှိမယ် […]


koaungMarch 24, 20101min2443
အခုဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်ရေး၊ မတင်ရေးဆိုတဲ့အပေါ်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအကြားသဘောထားအမျိုးမျိုးကွဲလွဲနေပြီး သုံးသပ်ချက်အမျိုးမျိုးထွက်နေပါတယ်။ NLD ကတော့ လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို မဲစနစ်နဲ့ပဲ ဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။ တချို့ကလည်း ၁၉၉ဝကရွေးကောက်ပွဲရလာဒ်ကိုပဲ တရားသေဆုပ်ကိုင်ထားဖို့ဖိအားပေးနေပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLD ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့  ဒေါက်တာ သန်းငြိမ်းတို့  ဦး ခင်မောင်ဆွေတို့ အုပ်စုက တော့ အများဆန္ဒနဲ့ရွေးချယ်ဆုံးဖြတ်တဲ့လမ်းဟာမှန်ကန်ပြီးသဘာဝကျတယ် ဆိုပေမဲ့နိုင်ငံရေးအဖွဲ့အစည်း တစ်ခုအနေနဲ့ဆက်ပြီးရပ်တည်မယ ်မရပ်တည်ဘူး၊ ဆက်လုပ်မယ် မလုပ်ချင်ဘူးဆန္ဒနဲ့ပါတ်သက်ပြီး ဒါဟာအခြေခံလူ့အခွင့်အရေးနဲ့ပါတ်သက်နေပါတယ်။ မလုပ်ချင်တဲ့လူကို အတင်းလုပ်ရမယ်လို့ပြောလို့မရသလို ကိုယ်မလုပ်ချင်တာနဲ့ပဲကျန်တဲ့လူတွေမလုပ်ရဘူးဆိုတာကတော့ကန့်သတ်လို့မရပါကြောင်းဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ရဘူး ညွှန်ကြားပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပါတီဆက်လက် ပေါ်ပေါက်နေစေရေးအတွက် မှတ်ပုံတင်ကို တင်ရမယ်ဆိုတဲ့သဘောပါပဲ။ ဒါမှလဲ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လုပ်ကိုင်နိုင်မှာပဲမဟုတ်လား။ ဒါပေမဲ့ NLD ရဲ့ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ […]


koaungMarch 23, 20101min1860
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ၁/၂၀၁ဝ ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၂/၂၀၁ဝ ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၃/၂၀၁ဝ ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ၄/၂၀၁ဝ ကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅/၂၀၁ဝ ကိုလည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်ခဲ့ပြီးသည့်နောက်ပိုင်းမှာ နိုင်ငံရေးအသိုင်းအဝိုင်းများ၊ အလွှာအသီးသီးမှ ပြည်သူများ နှင့် ပြည်ပအတိုက်အခံအင်အားစုများမှ ရွေးကောက်ပွဲဥပဒေများအပေါ် ထင်မြင်ချက်အမျိုးမျိုး၊ ဝေဖန်ချက်အဖုံဖုံ ဝေဖန်ပြောဆိုသံများကြားသိနေရပါတယ်။ အထူးသဖြင့် ယခုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် တည်ဆဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အနေဖြင့် အတော်လေးအကြပ်ရိုက်သွားရသည့် အခြေအေနဖြစ်သွားရပါတယ်။ ပြည်ပနိုင်ငံအချို့ ကလည်း ရွေးကောက်ပွဲဥပဒေများအပေါ် ဝေဖန်ချက်အမျိုးမျိုး ပေးနေကြပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ဆိုင်းပြင်းနေသည့် နိုင်ငံရေးပါတီအချို့ ကလည်း မည်သည့်ကြေငြာချက်မှ မထုတ်ပြန် ခင်ကတည်းက […]


kaiMarch 21, 20101min5719
အောက်က ဆောင်းပါးကို မိုးမခ ကနေ ကူးယူပါတယ်။ မြန်မာပြည်အတွက် အလွန်အရေးကြီးနေတဲ့ ဒီအချိန်မျိုးမှာ မန္တလေးဂေဇက်ကလည်း ၂၀၁ဝ ရွေးကောက်ပွဲအတွက် သီးခြားကဏ္ဍဖွင့်ထားပါတယ်။ ဥိးဝင်းတင်ရဲ့ ”ဘာလဲဟဲ့ လု့ငရဲ“ စာအုပ် စာမျက်နှာ ၃၁၄ မှာမတ်လ ၄ရက်နေ့ကပဲ လူထုဦးစိန်ဝင်းနဲ့တွေ့တယ်ပါတာမို ့ ဆောင်းပါးပါ လုထုဦးစိန်ဝင်းရဲ့ စကားတွေဟာ ဥိးဝင်းတင်ရဲ့ အာဘော်တချို ့ကိုလည်းထင်ဟတ်နေမယ် ထင်မိပါတယ်။ “မတ် ၄ ရက်က လူထုစိန်ဝင်းအိမ် ရောက်တယ်။ သူက တပည့်၊သားမြေးပေါသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ဧည့်ပြတ်ဧည့်ငတ်သူ မဟုတ်ပါ။ ဒါပေမဲ့ သူ့မှာ ငယ်ပေါင်းကြီးဖော်လို စကားပြောနိုင်မယ့်သူ နည်းနေပါပြီ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက် ခင်မင်ရင်းနှီးခဲ့သူတွေဖြစ်ပါတယ်။ သူ့မှာ ကျွန်တော်တို့လို လူတွေနည်းနည်းပဲ ကျန်ပါတော့တယ်။ […]