Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


shwepyiayeNovember 19, 20101min3596
အမေရေ . . . ကျွန်တော် အခုတလော မျက်ရည်တွေ ခဏခဏ ဝဲမိတယ် အမေ။ အဖွား ဆုံးတုန်းကတောင်မှ မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ဆိုင်ကယ်မှောက် ၊ ရန်ဖြစ် နဖူးကွဲ ဒူးပြဲ ဖူးယောင် အဲဒီလို နာကျင် ခံစားရတုန်းကလည်း မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ရည်ရွယ်ချက်တွေ တစ်ခုလုံး ပျက်ဆီးပြီး ဘဝလမ်းမှာ ကျွန်တော် ယောင်ဝါးဝါး ဖြစ်နေခဲ့တုန်းကတောင်မှ ကျွန်တော် မျက်ရည်မဝဲခဲ့တဲ့ ကျွန်တော် ၊ အခု ကျွန်တော် ခဏခဏ မျက်ရည်တွေ ဝဲ ဝဲ နေမိတယ် အမေ. . .ကျွန်တော် မျက်ရည် ခဏခဏ ဝဲနေခဲ့ရတာ အမေရဲ့ စကားသံတွေကြောင့်ပါ […]


Good IdeaNovember 19, 20101min65219
search 123 ရေးထားတဲ့စာက နအဖ စစ်အစိုးရခေါင်းဆောင်တွေ သူတို့ ဘက်တော်သားတွေ ဒေါ်စုကို အမြဲနှိမ့်ချ နာမည်ဖျက်နေတဲ့ လက်သုံးစကား ဖြစ်နေတယ်ဗျ။ ကုလားဖြူမယား။ ကိုယ့်တိုင်းပြည်ကို မချစ်လို့မှ နိုင်ငံခြားသား ယူထားတယ်။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တာ မဟုတ်ဘူး။ သူ့လင်အမျိုး အင်္ဂလိပ်တွေ ကောင်းစားဖို့လုပ်နေတာ။ တိုင်းပြည်အာဏာရသွားရင် သူ့လင်အမျိုး အင်္ဂလိပ်တွေကို တိုင်းပြည်ထိုးအပ်လိုက်ပြီးဟိုက ကြိုက်သလို ကြိုးကိုင် ချယ်လှယ်မှာ။ ကိုလိုနီ နယ်ချဲ့လက်သစ်တွေ ဘာညာပေါ့လေ။ နအဖက ဒေါ်စုကို အမြဲတမ်း အဲ့လို ပြောနေခဲ့တာပါ။ ကျနော်ပြောတာ ဟုတ်သလား မဟုတ်သလား မိတ်ဆွေများ စဉ်းစားကြည့်ကြပါ။ တကယ်တော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် မြန်မာပြည် ဒီမိုကရေစီရေးကို တကယ်ထောက်ခံပြီး စေတနာကောင်းနဲ့ အလုပ်လုပ်နေရင် ကျနော်တို့ […]


ဂ်စ္စူNovember 18, 20101min1940
IT shar site က ခုလေးပဲ တွေ ့လိုက်တာပါဗျာ ဘယ်သူဆိုထားတဲ့ သီချင်းလဲ တော့ သိပါဘူး.။ ပြည်သူတွေအတွက် အမေဒေါ်စုပြန်လာပြီ တဲ့။ ဘာရယ်တော့ ဟုတ်ဘူး..နားထောင်ချင်ရင်တော့ ဒေါင်းလိုက်ပါဦးဗျာ။ Download from wikiupload.com


Good IdeaNovember 18, 20101min2482
DASSK ဘယ်နေရာမှာပဲဖြစ်ဖြစ် ဦးဆောင်နေတဲ့ ခေါင်းဆောင်တဦးအတွက် နှလုံးရည် ပြည့်ဝဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ လက်ရုံးရည် မည်မျှပင် ပြည့်ဝနေပါစေ နှလုံးရည်မရှိတဲ့ ခေါင်းဆောင်ဟာ အမြော်အမြင်မရှိ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ ့အတွက် သူဦးဆောင်တဲ့အဖွဲ့ဟာ အောင်မြင်ဖို့ မလွယ်ပါဘူး။ အောင်မြင်ခဲ့ရင်လည်း တာရှည်မခံပါဘူး။ လူအများကိုလည်း အကျိုးမဖြစ်ထွန်းစေပါဘူး။ နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကတော့ အမြော်အမြင်ရှိတယ်။ စဉ်းစား ချင့်ချိန်တတ်တယ်။ မာန၊ အာဃာတ မထားတတ်ဘူး။ အများကောင်းကျိုးကို ရှေ့ရှုလုပ်ဆောင်တတ်ပါတယ်။ ဒါကြောင့် နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ဦးဆောင်တဲ့အခါ ငြိမ်းချမ်းစွာ အောင်မြင်ပါတယ်။ လူအများ အကျိုးဖြစ်ထွန်းပါတယ်။ ဒီကနေ့လို ရုပ်ဝတ္ထုတွေ အပြိုင်အဆိုင်တိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေ နိမ့်ဆင်းလာနေတဲ့ ကာလမှာ နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်တွေ ကမ္ဘာကြီးမှာ လိုအပ်လာနေပါပြီ။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကရော နှလုံးရည် […]


timothyNovember 18, 20101min2110
ရောင်းရင်းပြည်သူလူထုအပေါင်းတို့ရေ။ သန်းရွှေက မိန်းမရွှင်များတောင်မစဉ်းစား၊မတွေးဝံ့၊မလုပ်အပ်တဲ့အောက်လမ်းပညာနဲည်းပေါင်းစုံနဲ့ အန်တီစုကိုအန္ဒရာယ်ပေးဘို့၊ပြန်ဖမ်းဘို့လုပ်နေတယ်ဆိုတာအားလုံးအသိဘဲဗျာ။ ဘာမှထိန်ဝှက်ထားစရာမလိုပါဘူးဗျာ။ အန်တီစုပြောတာမှတ်မိကြရဲ့မဟုတ်လား။ ဒီမိုကရေစီရချင်ရင်ပြောနေလို့မရဘူး၊လူတိုင်းလူတိုင်းကိုယ်တိုင်ဝင်လုပ်မှဒီမိုကရေစီဆိုတာကိုရနိုင်မယ်၊ အန်တီစုတယောက်ထဲဒီမိုကရေစီရအောင်လုပ်လို့မရဘူး။ လူထုအင်အားကိုသုံးရမယ်။ ဒီအင်အားနဲ့အန်တီစုကိုကာကွယ်မယ်။ ဒီလိုအင်အားမျိုး၊လူ၁၀ဝစတေးပြီးကာကွယ်ခဲ့လို့ ဒေပယင်းလုပ်ကြံမှုကြီး မအောင်မြင်ခဲ့ဘူးဆိုတာက လူထုအားရဲ့စွမ်ပကားကိုကောင်းကောင်းသက်သေထူပါတယ်။ လူအင်အား၁၀၀၀-၁၀၀၀ဝ သာအဲဒီတုံးကရှိခဲ့စမ်းပါဗျာ၊ကြံ့ဖွတ်အဲဒီတုံးက အန်တီစုနားက ၁ဝမိုင်ဝန်းကျင်နားကပ်ဘို့နေနေသာသာဗျာ၊ ဟိုလူဒီလူအနီးအနားကလူတွေတယောက်တချက်ဝိုင်းသမယုံနဲ့တင် အန်တီစုတောင်သိလိုက်ဖို့အခွင့်အရေးမရှိနိုင်ဘူး၊ဒုစရိုက်တစု လူမသိသူမသိကိစ္စအချောဘဲ။လုပ်ရမယ်ဗျ၊ လူထုကိုဒေါသထွက်အောင်၊ငါတို့ခေါင်းဆောင်၊ငါတို့အမေကို ကိုယ်ထိလက်ရောက်အသက်ဘေးအန္ဒရာယ်ထိအောင်လုပ်တဲ့ ဒုစရိုက်တွေနောက်ဒါမျိုးမဖွယ်မရာမလုပ်ရဲအောင်၊ မှတ်လောက်အောင်ကိုလုပ်မှ၊ဒါမှနောက်ကိုလူထုအင်အားဆို၊ကြောက်ပါပြီဗျလို့ငယ်သံပါအောငိအော်၊ပြောက်ချီးပါအောင်ဆုံးမရမယ်။ ဘယ့်နဲ့ဗျာ၊လက်နက်အားကိုးနဲ့လူထုကြီးကိုကြောက်လန့်တကြားမူးယစ်ဆေးဝါးများသုံးပြီးသတ်ဖြတ်နေတာ၊ လူထုကသဘောကောင်းပြီးဘာမှပြန်မလုပ်ခဲ့ဘူး။ အခုတော့ဒို့ချစ်တဲ့အမေကိုထိရဲထိကြည့်စမ်းပါလေ။ လူထုအင်အားကြီးနဲ့ နင်တို့အရိုင်းအစိုင်း ပြည်သူလူထုကိုစော်ကားချင်တိုင်းစော်ကားနေတဲ့ဒုစရိုက်အပေါင်း သေဘို့သာပြင်ပေတော့။ မြန်မာတတိုင်ပြည်လုံး၊မြို့တိုင်း၊ရွာတိုင်း၊လမ်းတိုင်းမှာလူထုအင်အားအပြည့်ထွက်ပြီးနင်တို့မိစ္ဆာတွေကိုမောင်းထုတ်ဘို့ ငါတို့အမေအတွက်ငါတို့အဆင်သင့်ဘဲဟေ့။ ်ု


ဂ်စ္စူNovember 18, 20102min2150
ရ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။ ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။ အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ […]


ၾကယ္ေလးNovember 16, 20101min2081
အမေ သားတို့ဘဝ လုံခြုံသွားပြီ အမေ ရှေ့ဆက်ပြီးရင်ဆိုင်ရမယ့် … လမ်း။ လျှောက်လှမ်းရမယ့် … လမ်း။ တွေ့ကြုံရမယ့် … လမ်း။ အဲဒီလမ်းတွေကို “အမေ” နွေးထွေးစွာ ဦးဆောင်လမ်းပြပေးပါဦး … အမေ။ သားတို့ လမ်းပေါ်မှာ လမ်းမပျောက်ချင်ပါဘူး … အမေ။ လမ်းသိပါလျှက်နဲ့ လမ်းမပျောက်ချင်ပါဘူး … အမေ။ လမ်းရှိပါလျှက်နဲ့ လမ်းမလျှောက်ဝံ့တဲ့ဘဝကို မလိုချင်ပါဘူး … အမေ။ အမေ့ရဲ့ အင်အား၊ အမေ့ရဲ့ စွမ်းအား၊ အမေ့ရဲ့ ပါဝါ၊ အမေ့ရဲ့ လမ်းညွှန်မှု၊ အမေ့ရဲ့ ဦးဆောင်မှု၊ အမေ့ရဲ့ လမ်းပြမှုတို့နဲ့ သားတို့ ဆက်လက် ချီတက်ချင်ပါတယ် … အမေ။ နိုင်ငံရေးသမားမဟုတ်တဲ့ နိုင်ငံ့အရေးပေးဆပ်နေတဲ့ ကျော်သူနဲ့ သွေးသောက်များ (၁၃ […]


ၾကယ္ေလးNovember 16, 20101min3225
ရွေးကောက်ပွဲ မဲရလဒ်အပေါ်မှာ ပြည်သူတွေ ဟိုပြောဒီပြော … ဟိုတွေးဒီတွေးတွေးနေကြချိန်မှာ … ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေလွတ်လာတယ် . .. ပြည်သူတွေရဲ့ အာရုံစိုက်မှုတွေ က ရွေးကောက်ပွဲရလာဒ်ထက် ဒေါ်အောင်ဆန်းစုကြည် ဆီကို အစုလိုက် အပြုံလိုက်ရောက်သွား တယ်… ဘယ်သူမှ အဲဒီ အကြောင်းပြောသံမကြားရတော့ဘူး … ဒီကိစ္စက တိုက်ဆိုင်မှု တစ်ခု မဟုတ်လောက်ဘူးလို့ထင်မိတယ် … ဘာအကြောင်းပြချက်မှ မရှိတဲ့ ခံစားမှု သက်သက်ပါပဲ …. တိုက်ဆိုင်မှု မဟုတ်တဲ့ တိုက်ဆိုင်သယောင်ယောင် ပြဿနာ တစ်ခုဆိုရင်လည်း … အခု ကျွန်တော် တို့တွေ့နေရတဲ့ မျက်နှာတွေ ဟာ မျက်နှာဖုံးတွေပဲ ဖြစ်မယ်လို့ထင်မိတယ်…. ။ တကယ် မူရင်းမျက်နှာ နဲ့ ရလာဒ်တွေက နောက်မှာ ဖြစ်လိမယ့်မယ်။ […]


KyaemonNovember 16, 201016min3240
CLICK VIDEO LINKS BELOW: BBC News – Aung San Suu Kyi aims for peaceful revolution http://www.bbc.co.uk/news/world-asia-pacific-11755169 Two days after being freed from house arrest, pro-democracy leader Aung San Suu Kyi has said that her aim is for a peaceful revolution in Burma. Speaking to the BBC at the headquarters of her National League for Democracy, […]


KyaemonNovember 16, 201064min2470
Suu Kyi Signals Shift in Sanctions Stance Suu Kyi Signals Shift in Stance on Sanctions – WSJ.com http://online.wsj.com/article/SB10001424052748703670004575616350526879676.html?mod=WSJ_hp_MIDDLENexttoWhatsNewsFifth A top item on the agenda of Myanmar democracy icon Aung San Suu Kyi after seven years of house arrest is her stance on Western sanctions against Myanmar’s military regime, and she has indicated she may be […]


timothyNovember 15, 20103min3463
်ရောင်းရင်းတို့ရေ၊ အန်တီစုလဲလွတ်ပြီ။ သန်းရွှေကလဲကမ္ဘာ့နိုင်ငံများကိုမျက်လှယ့်ပြလိုက်တာသူ့ရွေးကောက်ပွဲမဲခိုးလို့စွပ်စွဲတဲ့သီတင်းတွေအတော်ရှားသွားသား။ အန်တီစုကတော့လူထုတောင်းဆိုတဲ့ဒီမိုကရေစီကိုမရမချင်းကိုယ်စွမ်းရှိသမျှလုပ်ပေးမှာဘဲ။ ဒါပေမဲ့လူထုကြီးကလဲကိုယ်ကြိုးစွန့်ပြီးသူ့နောက်ကအတူလက်တွဲပြီးလိုက်နိုင်ဘို့အင်မတန်အရေးကြီးပါတယ်။ အန်တီစုခုလိုနိုင်ငံနဲ့လူမျိုးအတွက်အနစ်နာခံပြီးခေါင်းဆောင်ကောင်းပီသစွာလုပ်ပေးနေတာ ကျနော်တို့အားလုံးအတွက်ကောင်းပေမဲ့၊ဒါတွေဟာသန်းရွှေအတွက်အန်တီစုကိုနည်းမျိုးစုံနဲ့ပြန်ဖမ်းဘို့အချက်အလက်တွေဘဲ။ ဒါ့ကြောင့်လဲ ပြည်သူလူထုအနေနဲ့အန်တီစုကိုကျေးဇူးတင်ချစ်ကြည်ညိုတာမှန်ရင်ဘေးထိုင်မနေဘဲမိမိတို့တပ်အားသရွေ့လေးလုပ်ပေးကြစေလိုပါတယ်။ ကျနော်တို့သိကြတဲ့အတိုင်း သန်းရွှေကတော့ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး။တနည်းနည်းနဲ့အန္ဒရာယ်ပေးလိမ္မယ်။ပြန်ဖမ်းမယ်ဆိုတာလဲလူတိုင်းအသိပါ။ လူထုအားနဲ့လဲအန်တီစုနောက်ကနောက်မဆုတ်တမ်းလိုအပ်ရင်အသက်ပေးပြီးတိုက်ကြမယ်။ လူထုကြီးကအန်တီစုနဲ့အတူငြိမ်းချမ်းစွာဆန္ဒပြဘို့လိုနိုင်တယ်။ နောက်တခုက United Nations, ကုလသမဂ်ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘင်ကီမွန်းကိုကျတော်တို့လူထုအားနဲ့ မြန်မာနိုင်ငံရဲ့အရေးမှာဝင်ရောက်ကူညီဘို့စာဝိုင်းရေးနိုငိရင်သူအရေးပေးလာနိုင်တယ်။ လူ၁၀၀ဝ ရေးတာနဲ့စာရင်လူ၁၀၀၀၀၀ဝရေးနိုင်ရင်မကောင်းဘူးလား။ ကျနော်တို့ ရွေးကောက်ပွဲအတုမှာပြည်သူတရပ်လုံးမဲမပေးသပိတ်မှောက်တဲ့ကြားထဲက နည်းမျိုးစုံညစ်ပတ်မဲလိမ်ပြီးလူထုဆန္ဒကိုမရတဲ့စစ်အစိုးရရဲ့လိမ်မှုဟာထင်ရှားပါတယ်။ ၁၉၉ဝ တုံးကလဲပြည်သူတရပ်လုံးတခဲနက်ရွေးချယ်ပေးခဲ့တဲ့မဲကိုမလေးစားခဲ့ဘူး။ ဒါ့ကြောင့် ဘင်ကီမွန်းကိုစာရေးပြီးမြန်မာပြည်မှာ ၃ ပါတီ- NLD, သန်းရွှေ နဲ့ တိုင်းရင်းသားခေါင်းဆောင်မျးပါဝင်တဲ့- အမျိုးသားပြန်လည်ညီညွတ်ငြ်မ်းချမ်းရေးဆွေးနွေးပွဲကို ကမကထလုပ်ပြီး အထွေထွေအတွင်းရေးမှူးရဲ့ကောင်းမွန်သောရုံးအဖွဲ့ရဲ့အာဏာ ( Secretary General`s Good Office Authority), သုံးဘို့လူသန်းပေါင်းများစွာကစာ ရေးဘို့လိုပါတယ်။ http://etan.org/action/contact.htm အဲဒီ ဝက်ဆိုက်မှာ UNITED NATIONS Secretary General Ban Ki-moon […]


timothyNovember 15, 20101min1980
အန်တီစုတော့လွတ်လာပြီ။ သန်းရွှေရဲ့မျက်စိအောက်မှာလူထုအတွက်ပြောဆိုလှုပ်ရှားရတာအန္ဒရာယ်ကိုအမြဲလွယ်ထားရမှာဘဲ။ အန်တီစုကလဲသူအချုပ်အနှောင်ကလွတ်တုံးလူထုလိုလားတဲ့ဒီမိုကရေစီရအောင်တပ်အားသရွေ့တော့လုပ်မယ်တဲ့။ သူတဦးတယောက်ထဲလုပ်လို့မရနိုင်ဘူး။လူထုကလက်တွဲပြီးညီညီညွတ်ညွတ်နဲ့အတူတကွလုပ်မှလွတ်လပ်ရေးဒီမိုကရေစီပန်းတိုင်ကိုရောက်မယ်။ ဒါကိုကျုပ်တို့ပြည်သူလူထုနားမလယ်ဘူး၊နားမထောင်ဘူး၊အန်တီစုကိုပုံပြင်ထဲက ရွှေခေါင်းပြောင်တို့၊super woman တို့နဲ့ယှဉ်ပြီးသူတဦးတည်းစွမ်းအားနဲ့ဒီမိုကရေစီရယူပေးနိုင်တယ်၊ငါတို့ပြည်သူလူထုကတော့ဘာမှမလုပ်နိုင်ဘူး၊ ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုသလို၁ဝ ဦး၁၂မျိုးကွဲပြီးနေမယ်ဆိုလို့ကတော့ အန်တီစုသာနောက်ထပ်၁ဝခါပြန်အဖမ်းခံရမယ်၊ကျုပ်တို့ဘယ်တော့မှလွတ်လပ်ရေးမရနိုင်ဘူးမှတ်ကြပါ။ ကျုပ်တို့အန်တီစုလိုလူထုခေါင်းဆောင်မျိုးရထားတာ ရှေးကကျုပ်တို့ကုသိုလ်ကောင်းမှုများကြောင့်၊ဒါကုသိုလ်ကံကောင်းလွန်းလို့ရတယ်မှတ်ပါ။ ဒီလိုအချိန်ကောင်းလေးရတုံးရခိုက်မှာသူမှာတဲ့အတိုင်းညီညီညွတ်ညွတ်လက်တွဲမြဖြုတ်တမ်း၊ လုပ်စရာရှိရင်လဲကိုယ်ကြိုးစွန့်ပြီးလုပ်နိုင်ရမယ်။ လူထုအားကိုကိုးကွယ်ယုံကြည်ပြီး အန်တီစုရဲ့လမ်းညွှန်မှုအတိုင်းတသွေမတိမ်းစုပေါင်းပြီးအားတက်သရောလက်တွဲပြီးအမိနိုင်ငံအတွက်လုပ်ပါ့မယ်လို့ အန်တီစုကိုကတိပေးသွေးသောက်ကြပါစို့။