kaiNovember 13, 20102min3784
Photo: Mandalay Gazette အီလဲဗန်းမီဒီယာ(ဗမာပြည်)က ကူးတင်လိုက်တာပါ..။ ခွင့်မတောင်းထားပါဘူး.။( တလက်စထဲ .. ခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်..) ယူအက်စ်က မီဒီယာတွေ ၊တီဗီတွေကယူအက်စ်မှာနေတဲ့ မြန်မာတွေရှာပြီး အင်တာဗျူးတာ၊ သတင်းမေးတာလုပ်လာရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း တိတိကျကျဖြေနိုင်ဖို့အတွက်ရည်ရွယ် ကူးတင်ပါတယ်။ ဒါတွေကို အခြေခံပြီး ဖြေကြစေလိုတာပါပဲ..။ အချက်အလက်တွေမမှားရအောင်ပေါ့..။ စာထဲမှာ မှတ်ချက်သဘောထားတွေပါ ပါတာမို ့.. အဲဒါတွေပါ ဖတ်ကြစေလိုပါတယါ..။ လူထုဦးစိန်ဝင်းရဲ့ မှတ်ချက်ဟာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန်ကျမှ ဒီချုပ်ရုံးမှာ စပီကာနဲ့ စကားပြောမယ်ဆိုပါတယ်။ ် နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိတဲ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး နေ့လယ် ၁၂ နာရီဖြစ်ပါတယ်..။ပြောစရာတွေလည်း အများကြီးရှိတယ်ဆိုပါတယ်..။အောက်မှာ ဒီနေ့ပြောစကားတင်ပေးထားပါတယ်..။ တွေ့ချင်သူတွေ သူဘာပြောတယ်ဆိုတာ နားထောင်ချင်သူတွေ […]


shwepyiayeNovember 13, 20101min2432
လွတ်လပ်မှုတေးတွေသီဘို့ အမေ့အပြုံးတွေ ပျံသန်းလာပြီ….. နိုးထကြလော့ …. သင်တို့ကောင်းကင်ယံမှာ အတောင်ပံတွေဖြန့်ရင်း အမေ့စကားသံတွေ နားဆင်ကြလော့ …. အမှန်တရားတို့ ချီတက်လာတော့မည်.. စည်းလုံးကြပါလော့ …. အမေ့သားတို့လျှောက်ရမဲ့ လမ်းတွေကို အလင်းပြပေးလှည့်ပါလေ… သားတို့တွေမျက်ရည်ဝဲကာ ပျော်လို့နေပါတယ်… မနက်ဖြန်တွေ အဓိပ္ပါယ်မမဲ့စေဘို့ သားတို့ကြိုးစားပါ့မယ်…. အမေ…. အဟုန်ငယ်


KyaemonNovember 13, 201050min2250
Myanmar Frees Democracy Leader Aung San Suu Kyi – WSJ.com http://online.wsj.com/article/SB10001424052748703560504575612092676657372.html?mod=WSJ_hp_LEFTTopStories Myanmar’s government released pro-democracy icon Aung San Suu Kyi after more than seven years of house arrest, offering a glimmer of hope for opposition groups that have been trying to unseat the country’s harsh military regime for decades. Ms. Suu Kyi’s release isn’t likely […]


MandalayTharNovember 13, 20101min2382
မနက်ဖြန် နေ့လည် (၁၂)နာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှ နေပြီး တတိုင်းပြည်လုံးသို့ သူကို ချစ်သော မြန်မာပြည်သားများသာမက တကမ္ဘာလုံးသို့ မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း မိမိ လွတ်မြောက်လာစဉ်က ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့မှမဟုတ်သော မြန်မာနိုင်ငံ အခြားသော ဒေသများမှ ပြည်သူများ၊ အမိမြန်မာပြည်မှ အကြောင်းကြောင်းကြောင့် ခွဲခွာနေရသော သူမကို အလွန်ချစ်မြတ်နိုးသော မြန်မာပြည်သားများနှင့် တကမ္ဘာလုံးမှ သူမ၏  မိန်ခွန်းကို နားထောင်ရန် အလွန်တောင်းတလျှက် စောင့်မျှော်လျှက်ရှိနေပါသည်။ သို့သော် မည်သို့  မည်ပုံ မည်ကဲ့သို့ Live ကို နားထောင်ရမည်ကို မသိဖြစ်နေသော်ကြောင့် သိရှိသူများ၊ သိလိုကြသူများကို  သိသော်သူများက လမ်းညွှန်ပြောကြား ရေးသားပေးကြပါရန် တောင်းခံအပ်ပါသည်။


saundNovember 13, 20101min2411
မနက်မိုးလင်းတော့ ကိုယ့်ဘလော့ကို အရင် ဖတ်ရပါတယ်။ နောက် မန်းတလေးရတနာပုံ နဲ ့ ပျူနိုင်ငံ ကို ကြည့်ပါတယ်။ ပြုံးပျော် နေတဲ့ ချောမောလှပတဲ့ ကြက်သရေ အပေါင်းနဲ ့ ခညောင်းတဲ့ မစု ပုံကို ကြည့်ပြီ လွတ်လွပ်ခြင်း အရသာကို ခံစား လိုက်ရပါတယ်။ ကျမ အမ တယောက်က ဒေါ်အောင်ဆန်းစုကြည် နဲ ့ ရုပ်ဆင်ဆင် တူလို ့ မစုဘဲ ခေါ်လိုက်တယ်။ (ဒါပေမဲ့ ကျမ အမက အသားညိုပါတယ် း-) ကြက်သရေ အပေါင်းနဲ ့ခညောင်းတဲ့ မစု… ချောလွန်းလှလွန်းယဉ်လွန်း ပါတဲ့ မစု… လေးစားရသော မစု … ပြည်သူတွေ အတွက် အရာရာကို စွန် […]


mGNovember 13, 20101min58321
၁၄.၁၁.၂၀၁ဝ (တနင်္ဂနွေနေ့)  <မနက်ဖြန်> တွင် အမျိုးသားဒီမိုခရေစီ ရုံးချုပ်(ရွှေဂုံတိုင်) တွင်မြန်မာစံတော်ချိန် နေ့လည် (၁၂းဝ၀)နာရီ တိတိတွင် နိုင်ငံ့အာဇာနည်မျိုးဆက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မှ ပြည်သူများအတွက် ၁၉၈၈၊၁၉၉၆ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သော မိန့်ခွန်းပြောပွဲများထပ်ပိုမိုအင်အားတောင့်တင်းသည့် ပြည်သူများ၏ အသွေး၊အသားများနှင့် ရင်းနှီး တန်ဖိုးထားကာ စိတ်ထဲတွင် အလေးအနက်ထား မဲပေးထားခြင်းခံရသူ တယောက်ကဖြစ် ပြည်သူများသို့ မိန့်ခွန်းပြောမည်။ ထိုကဲ့သို့ မိန့်ခွန်းပြောတော အချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်များမှ ပြည်သူ့လုံခြုံရေးအတွက် အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးသွားရန် ပြင်စဉ်မှုများပြုလုပ်ထားကြသည်။ ထိုမိန့်ခွန်းပြောပွဲကို အာဏာပိုင်များမှ စုံထောက်များ (ဆဆဆ)၊ကြံ့ဖွံ့အရာရှိများ (လူကြမ်း)၊အရန်မီးသတ်(ပြည်သူ့ချဉ်ဖပ်) စသော အဖွဲ့များမှာလည်း အရပ်ဝတ်များဖြစ် လူအုပ်ကြားတွင် အယောင်ဆောင်ကာဝင်ရောက်နေရန်အတွက် နေပြည်တော်မှ ယနေ့ည (ရး၄၃ မိနစ်)တွင် ကြေးနန်းဖြစ် လျှို့ဝှက်သတင်းရောက်ရှိလာသည် (မြို့နယ်အာဏာပိုင် တဦးထံမှသိရသည်။) […]


mandalay1875November 13, 20101min1730
ဒေါ်အောင်ဆန်းစုကြည်ရဲ ့ဓါတ်ပုံကို ကင်မရာဖုံးနဲ ့ရိုက်ပြီး နီးရာ အင်တာနက်ကဖေးကနေ နိုင်ငံတကာက မြင်ရအောင် တပြိုင်နက်ထဲ/ဝိုင်းပြီး အမြန်ဆုံး တင်တဲ့အလုပ်က ဘာမှအခက်အခဲရှိမယ်မထင်ပါဘူး။


ဂ်စ္စူNovember 13, 20102min3115
ဓာတ်ပုံ-ဧရာဝတီ ရုပ်သံဖိုင်ကို  ဒေါင်းမာန်ဟုန် ဆိုဒ်တွင်သွားကြည့်ပါ ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်…။Ref;ဆုံစည်းရာ နိုဝင်ဘာလ ၁၄ရက်နေ့ (မနက်ဖြန်) နေ့လည် ၁၂ နာရီတွင် Nld ရုံးချုပ်ရှေ့တွင် အသံချက်စက်နှင့် ပြောမည်ဖြစ်ကြောင်း အန်တီစု ကိုယ်တိုင် ပြောကြားသွားပါတယ်။Ref:ဒေါင်းမာန်ဟုန် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။ ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။ အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုုကိုု ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။—————ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် […]


အာဂNovember 13, 20101min2394
ယနေ့လွတ်မြောက်မယ်လို့ အများစုကယုံကြည်ထားထဲ့ မြန်မာဒီမိုကရေစီခေါင်ဆောင်ဒေါ်အောင် ဆန်းစုကြည်ကို ။ ယနေ့ ညနေ့ ၅ နာရီ ၁၅ မိနစ်က နအဖ အစိုးရကလွှတ်ပေးလိုက်ပြီးဖြစ ်ကြောင်းသိရှိခဲ့ရပါတယ်။ အန်တီစုရဲ့ နေအိမ် ပတ်ဝန်ကျင်မှာလည်း လူပေါင်းထောင်သောင်းများ စွာ စောင့်ဆိုင်း အော်ဟစ်ကြိုဆိုနေပြီး။ အန်တီစု ကားထွက်လို့မရအောင်လမ်းတွေလည်း ပိတ်နေ တယ်လို့လည်းသိရပါတယ်။ အချို လူထုကတော့ ရွှေဂုံတိုင် ရုံးချူပ်မှာ စောင့်ဆိုင်းနေပြီး ၊ အချို့ က အန်တီစုလွတ်လွတ်ချင်း ရွှေတိဂုံစေတီကို ဖူးမျှော်တတ်တာမို့ ဘုရားမှ စောင့်ဆိုင်းနေကျပါ တယ်။ NLD ဗဟိုကော်မတီ အဖွဲဝင်များဖြစ်တဲ့ ဦးတင်ဦး တို့ ဦးတင်ဦးတို့၊ဒေါက်တာ တင်မျိုးဝင်း တို့အပါအဝင် အဖွဲဝင်တော်တော်များများ သွားရောက်တွေ့ဆုံနေကြပါတယ်။ မည်သို့ပင်ဆိုစေကာ မှုတစ်တိုင်းပြည်လုံးက လူထုကလည်း ပျော်ရွှင်မှုတွေနဲ့ မင်္ဂလာရှိတဲ့ ဒီ […]


smytu1996November 13, 20101min2685
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ … ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ … ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ … ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ … ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ … 13/11/2010..5*23pm


စေနNovember 13, 20101min4227
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။ သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း ဝင်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။ from http://www.irrawaddyblog.com/2010/11/blog-post_5931.html


Good IdeaNovember 13, 20101min1820
DASSK or THAZINNI ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပါတော့မယ်။ သူမ လွတ်မယ့်သတင်းကြောင့် မြန်မာပြည်သားတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ပြည်သူတွေ ဝမ်းသာကြည်နူးနေကြပါပြီ။ သူမဟာ ဘာလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ လူထုက သတ်မှတ်ကြသလဲ။ တိုင်းပြည်နဲ့ လူထုအတွက် သူမဘာတွေ စွန့်လွှတ်ခဲ့ပြီးပြီလဲ။ လူထုခေါင်းဆောင်တယောက်အဖြစ် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပြီလဲဆိုတာ သိခွင့်ရမယ်ဆိုရင် သူမကို ပိုလို့ လေးစားချင်ခင်မိမယ်၊ အတုယူ အားကျမိမယ် မဟုတ်ဘူးလားဗျာ။ ဒါကြောင့် မဇ္ဈိမ သတင်းဌာနမှာ အပိုင်းလိုက်ခွဲပြီး တင်ဆက်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည်” သို့မဟုတ် “သဇင်နီ” အခန်းဆက် ဝတ္ထုကို PDF ဖိုင်ပြောင်းပြီး အပိုင်း ၁ ကနေ ၆၅ အထိ တစုတစည်းတည်း ဖတ်လို့ရအောင် […]