ဘဝရဲ့ ထူးခြားတဲ့ အမှတ်တရလေးမို့ ရွာထဲမှာ လာကြွားရင်း မှတ်တမ်းတင်ပါသည်။ (မပျက်စေနဲ့နော် သဂျီး… ပျက်ရင် ပြန်လျော်ရမယ်.. ဟွန်း)             ဒါလေးကိုလည်း ဒေါင်းထားတယ်..


ဇီဇီSeptember 15, 20152min404122
ဒီနေ့ ထွက်လာတဲ့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း ပါ။ Credit: NLD အောင်နိုင်ရေးလှုပ်ရှားမှု ~~~~~~~~~~~~~~~~~ . . . ကဲကဲ။ ဘာမှ မပြောပဲ မဲပေးခိုင်းတယ်တို့ ဘာတို့ ပြောနေတဲ့၊ ပြောနေတာတွေ ကို ထောက်ခံတဲ့ သူတွေ ဖတ်ကြ။ ဖတ်ကြ။ မျက်စိကြီးမှိတ်ပြီးတော့ မဖတ်ကြနဲ့ ၊ မမြင်ပဲ နေမယ်။ ဟေးဟေးဟေးးး . .  ဒါဖတ်ပြီးရင်လည်း ဒီထဲက ဟာလေး ကောက်သင်းကောက်ပြီး အပြစ်ရှာကြတာပေါ့နော်။  ပျော်စရာကြီးပါ။ . :mrgreenn: ~~~~~~~~~~~~~~~~~~~ . . . ပြောင်းလဲချိန်တန်ပြီ ……………………. ၁။ တိုုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး… ၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် […]


padonmarAugust 10, 20151min46815
ပဏ္ဍိတာရာမ၊ရွှေတောင်ကုန်း ဆရာတော်ကြီးသက်တော်(၉၄) နစ်ပြည့်ဝိဇာတမင်္ဂလာအတွက် ရည်မှန်းပူဇော်ပါသည်။ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာကို ကလျာဏမိတ္တဖြစ်တဲ့ သူငယ်ချင်း ကြောင့် စပြီး ရောက်ခဲ့ဖူးတာ အခုဆို ရနှစ်နီးပါ ရှိသွားပါပြီ။ လေးနှစ်ဆက်တိုက်လည်း သင်္ကြန် တရားစခန်းတွေ ဝင်ဖြစ်ခဲ့ပါတယ်။အခုတော့ တရားစခန်းမှာ အားမထုတ်နိုင်တာ ကြာပါပြီ။ ရန်ကုန် ရွှေတောင်ကုန်းမှာ ရှိတဲ့ ကျောင်းကိုတော့ အိမ်နီးချင်းဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ကပ္ပိယ ဒေါက်တာဝင်းနိုင်ထွန်း အကျိုးဆောင်မှုကြောင့် ဆွမ်းအလှူများ အကြောင်းသင့်တိုင်း လှူဖြစ်ပြီး ရောက်မိပါတယ်။ အလှူလုပ်ဖြစ်တိုင်း ဆရာတော်ကြီးက တရားဟောပေးလို့ နီးနီးစပ်စပ် ဖူးတွေ့ရပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ကိုယ့်ကို မမှတ်မိပါဘူး။ ဒါလည်း မဆန်းပါဘူး။ကိုယ်က ကျောင်းကို အလှူရှိမှ ရောက်တဲ့ အပြင် မှတ်မိလောက်စရာ ဘာမှလည်း ထူးခြားစွမ်းဆောင်ရည် ရှိတာ မှ […]


ခင္ခJune 19, 20151min2308
ဒီနေ့ အမေစု (၇၀)ပြည့်ခဲ့ပြီ ဒီကာလမှာ အချိန်သိပ်မရှိတော့ဘူး ဒီမိုကရေစီ စစ်စစ်ရဖို့ ဒီအမေနဲ့ ဒီရထားကို ဒီလူတွေအမှီလိုက်ပါမှ ဒီတစ်သက်စိတ်အေးရလိမ့်မယ်ကွယ်။


၁၃-၂-၂၀၁၅ ရက်နေ့ဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့ပါ။ ဗိုလ်ချုပ်ရဲ့မွေးရာဇာတိ နတ်မောက်မြို့မှာ ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သလို၊ မြန်မာပြည် တနှံတလျားမှာလည်း အမှတ်တရပွဲတွေ အသီးသီးကျင်းပကြမှာ မလွဲပါပဲ။ (နှစ်ပေါင်း ၅ဝ ကျော် ဗိုလ်ချုပ်အကြောင်းကို မပေါ်လွင်စေချင်တဲ့ သူတွေကဆင်းသက်လာတဲ့ အစိုးမရသူများကတော့ အထူးတလည်ပွဲလမ်းလုပ်မယ် (ကျနော့်အထင်)မကြားမိပေမယ့် ရန်ကုန်မှာ လမ်းပိတ်ပြီး ရာပြည့်ပွဲလုပ်မယ်ဆို ခွင့်မပြုလို့ တနေရာမှာ ဖတ်လိုက်မိသလားလို့ … …) ဗိုလ်ချုပ်ရာပြည့်ပွဲမှာ တပြည်လုံး ဂုဏ်ယူဆင်နွှဲကြမှာ ဖြစ်သလို ဒီနှစ် ၁၃-၂-၂၀၁၅ ရက်နေ့မှာဆိုရင် ဗိုလ်ချုပ်နောက်ဆုံးခေါင်းချသွားရာ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သာမန်နေ့တွေထက် ပိုများတဲ့ လူသူလေးပါး အမှတ်တရ လာရောက်ကြမှာ အမှန်ပါပဲ။ လူကြီး၊ လူငယ် […]


kaiJanuary 17, 20151min1053
HOMAGE TO OUR FATHER ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ် အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ရှင်သူတို ့လွမ်း၊ တမ်းတဆွေးမြဲ သူ ့သွေးနံ ့က၊ ပျံ ့သင်းထုံဆဲ သူ ့ဂုဏ်ရည်နဲ ့၊ တစ်ပြည်လုံးစွဲ မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ မကျဆုံးသော၊ နှလုံးသားထဲ တရားမွန်လတ်၊ သေအောင်သတ်လည်း သတ်တိုင်းမသေ အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ——————- ———————– ———————- ေ အ ာ င် ေ ဝ း ဒီဇင်ဘာ ၂၂- ၂၀၁၄။     မှတ်ချက်။  ။ […]


မစုဥာဏ္December 8, 20141min39222
လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် … ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။ ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။ ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။ အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ […]


ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]


အဘ ဘုတ္ကလံုNovember 13, 20131min1716
NLD အဖွဲ့ကို..တရုတ်နိုင်ငံမှ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး. အကြောင်း မရှိအကြောင်းရှာကာ..ဝေဘန်မှုများဖြစ်ပေါ်နေပါတယ်။ ကုလားနှင့် တံဆိပ်ကပ်မရတော့..တရုတ်နှင့်တံဆိပ်ထပ်ကပ်ရန်.. အကြံယုတ်ကို..တဖြည်းဖြည့်သိလာရတယ်။ တော်တော် အောက်တန်းကျပါတယ်.။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ မတ်လ (၁၇) ရက်နေ့က.. လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင်တရုတ်နိုင်ငံ နှင့်ပတ်သက်သော သူ့သဘောထားကို..ပြည်သူများအားပြောခဲ့သောစကားရှိပါတယ်။ “ ကျွန်မတို့ နိုင်ငံဟာ ပထဝီအနေအထားအရ .တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်းနားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။ ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ” ဒီလိုပြတ်သားသောစကားမျိုးကို .. အရင်ကစစ်အာဏာရှင်ခေါင်းဆောင်များ.. မပြောရဲကြသလို.. လက်ရှိအစိုးရခေါင်းဆောင်များလည်း လုံးဝ မပြောရဲခဲ့ပါဘူး။ “တရုတ်ကို ကြောက်ရတယ်”..ဆိုတဲ့စကားတော့ထွက်လာပါတယ်.။ မြန်မာနိုင်ငံတော်အလံနှင့် အချုပ်အခြာအာဏာ ၊အစိုးရအပါအဝင်.. နိုင်ငံသူနိုင်ငံသားများကို သိက္ခာကျအရှက်ရစေသော.. စကားမျိုးကိုတော့..သူတို့ နှုတ်မှ […]


kaiSeptember 12, 20131min29927
၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် . . .   Tuesday, 30 July 2013 15:20 Written by အယ်ဒီတာအဖွဲ့ ယခုတစ်ပတ်ထုတ် The Messenger Journal အတွဲ (၄)၊ အမှတ် (၁၀) တွင် “၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ်…” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ဦးမင်းဇင်နှင့် အင်တာဗျူးပါ အမေးအဖြေ အချို့အား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။ မေး ။ အခုပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မှာ ဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့ အနေနဲ့ အခုလို အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ […]


ခင္ခJuly 18, 20131min1478
“မမေ့နိုင်ပါအတည် အလေးပြုပါသည်´´   လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ နှစ် ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)ပြောခဲ့တာနော်။ ဒါပေမယ့် အခုခေတ်အချိန်အခါ လုပ်ဆောင်နေကြပုံကိုများ သူထပြောလေသလား ထင်ရလောက်အောင် အကျုံးဝင်နေစဲ မိန်ခွန်းများကို ပြန်လည်ရှာဖွေတင်ပြလိုပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ ကောက်နုတ် ရလျှင် – “လူမျိုးရေးတရားဟောလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကြီး စိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုးကိုချစ်ခင်သော်လည်း တခြား လူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်စေအောင် ဆောက်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲဖြစ်ရမယ်´´   ၁၉၄၆ ခုနှစ် ဇန်နာဝါရီလ ၂၃ ရက် ဖဆပလပြည်လုံးကျွတ်ညီလာခံတွင်တင်သွင်းခဲ့သောအဆိုမှ ကောက်နုတ် […]


ဇီဇီJune 19, 20135min34214
ကိုထွန်းဝေ ရဲ့ သူနဲ့ပတ်သက်ပြီး ပြုစုထားတဲ့ မှတ်တမ်းလေးရဲ့ တစ်စိတ်တစ်ဒေသ ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒေါ်အောင်ဆန်းစုကြည် ၏ အထ္ထုပ္ပတ္တိ အကျဉ်း အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့်အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။ မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ […]


ဇီဇီJune 6, 20132min55417
ဒီ ဂျွန်လ အတွက်က သူ့ အတွက် ရည်ရွယ်ပြီးပဲ ပို့(စ) တွေ ရှယ် ပါမယ်။ ဒါက ကဗျာ ဆရာ ခရမ်းပြာထက်လူရဲ့ ကဗျာ အပိုင်း ၆ ပိုင်းပါ။ သူ့ ကို ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာ၊ စိတ်နှစ်ပြီး ရေးထားတဲ့ကဗျာ တွေမို့ သေချာဖတ်ကြည့်ရင် ခံစားလို့ ရနိုင်မဲ့ ကဗျာတွေမို့ ကြိုက်လွန်းလို့ ရှယ်ပါတယ်။ ကျနော်က သံမဏီနှင်းဆီ (၂) နဲ့ (၆) ကို အကြိုက်ဆုံးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ  နေပါဦးလား……. ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့ နေပါဦးလား……. တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။ နေပါဦးလား…….. ထောင်ချောက်တွေ […]