အမေစုရဲ့ (၆၇)နှစ်မြောက်မွေးနေ့ဟာ အင်မတန်ထူးခြားပြီး၊အင်မတန်စိတ်ချမ်းမြေ့ ကြည်နူးစရာအလွန်ကောင်းပါပေတယ်…အမေ့ရဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ အပြုံးတွေက လောကကြီးတစ်ခုလုံးကို ပို၍ပင်အေးမြစေတယ်လို့ထင်မှတ်မိပါတယ်… ကျနော်တို့အားလုံးရဲ့ လွတ်မြောက်ရေးမိခင်ကြီး အသက်ရာကျော်ရှည်ပါစေ… ဓါတ်ပုံ…ဒီမိုဝေယံ မှ ပြန်လည်မျှဝေပါသည်။ အားလုံးကိုအစဉ်အမြဲလေးစားခင်မြင်တတ်သော.. အညတရ(မောင်သုည)…  


    ဓါတ်ပုံ…ဒီမိုဝေယံ မှရယူပါသည်။ သူကြီး၏ ပိုစ့်အား ကူညီအားဖြည့်ခြင်းဖြစ်ပါသည်။ ဇွဲ၊စိတ်ဓါတ်ခိုင်မာစွာနဲ့ ယုံကြည်ချက်အတွက် မိမိရဲ့မိသားစုဘဝကို မြန်မာပြည်သူများအတွက် ရဲရဲဝင့်ဝင့် စွင့်လွှတ်ခဲ့သူ၊။။ မာန်မာန မထား သဘောကြီးတဲ့သူ…အမှန်တရားအတွက် အသက်ပင်စွန့်ဝင်သူ….မြန်မာပြည်သူအများ ထာဝရ လေးစားထိုက်တဲ့သူ….ရှေ့ဆောင်လမ်းပြ မြန်မာပြည်အတွက် အမှောင်ကိုခွင်း အလင်းတွေကို ပေးမဲ့သူ…ကိုယ်ကျိုးမဖက် အများအတွက် ပေးဆပ်တတ်သူ…မြန်မာ့ခေါင်းဆောင်သာမက ကမ္ဘာ့ ခေါင်းဆောင်ဖြစ်ထိုက်သူ… ကမ္ဘာမှာ မြန်မာဆိုတာ ထင်ပေါ်ကျော်ကြားအောင် စွမ်းဆောင်မည့်သူ…အမေ အသက်ရာကျော်ရှည်ပါစေ… စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည်စုံပါစေ…  


kaiJune 17, 201225min61421
ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်…. လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘဝပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ဝတ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ […]


အဇဋာJune 10, 20121min34621
အကယ်၍လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်သွားရင် ဘယ်လောက်လုပ်ပေးနိုင်မလဲ? ဖွဲ့စည်းပုံပြင်မယ်ကိစ္စ ဘယ်အတိုင်းအတာထိ အချိန်ယူမှာလဲ? ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ပမီဒီယာမှာတစ်ခုမှာ ဖြေကြားထားချက်အရ အစိုးရအဖွဲ့ဝင်တစ်နေရာရာကို ရရှိခဲ့ရင်ကော လုပ်ပိုင်ခွင့်က ဘယ်အတိုင်းအတာထိရှိမှာလဲ? ၈၈ ကျောင်းသားတွေကိုကော  ပြည်သူတွေ ဘယ်လောက်ယုံကြည်လို့ရမလဲ? ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွားရင်…ပါတီမထောင်ဘူး၊ Power Politic မလုပ်ဘူးလို့ကြွေးကြော်ထားတဲ့ ၈၈ ကျောင်းသားတွေက လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ Institutionalization ကို ပီပြင်အောင်လုပ်နိုင်မှာလား? ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားရင်ပြည်သူတွေက သူလုပ်ခဲ့တဲ့ လွှတ်တော်ပြင်ပက နိုင်ငံရေးလိုမျိုး အပြည့်အဝထောက်ခံဖို့ ဖြစ်နိုင်မလား? အထက်ပါ အကြောင်းအရာတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ မစခင်(Sunday, 25 March 2012 at 15:00 )က မြန်မာနိုင်ငံနဲ့ အတိုက်အခံအင်အားစုဘက်ကို ကျွန်တော့်ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ကြည့်ခဲ့တဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ ခု ဒီမေးခွန်းတွေကို ဖြေဖို့ အချိန်စောသေးသလား၊ လွန်နေပြီလားဆိုရင်တော့ […]


ဂ်စ္စူJune 5, 20121min50343
ပုံကတော့ ကွန်နက်ရှင် မကောင်းလို ့ သဂျီးကွန်းမန် ့က မ.လာတာ   နိုဗယ်ဆုများရှင် အန်တီကြီး ထင်ပေါ်ထိုက်တဲ့ အန်တီကြီး နာမည်ကောင်းနဲ ့  အန်တီကြီး ကောင်းသတင်းများနဲ ့ အန်တီကြီး ကျော်ကြားခြင်းများနဲ  ့ အန်တီကြီး စာနာတတ်တဲ့ အန်တီကြီး ကြင်နာတတ်တဲ့ အန်တီကြီး ဂရုဏာရှင် အန်တီကြီး ပညာတွေတတ်တဲ့ အန်တီကြီး အနစ်နာခံပေးခဲ့တဲ့ အန်တီကြီး ကိုယ်ကျိုးမငဲ့တဲ့ အန်တီကြီး အများအကျိုးသယ်မဲ့ အန်တီကြီး မြန်မာကို ကမ္ဘာသိစေမဲ့ အန်တီကြီး ကမ္ဘာကို ငြိမ်းချမ်းစေမဲ့ အန်တီကြီး ပြည်သူတွေနဲ ့ တစ်သားတည်းရှိတဲ့ အန်တီကြီး အမှန်တရားအတွက် ကျည်ဆန်ပုန်းတွေ မကြောက်တဲ့ အန်တီကြီး လွတ်လပ်မှုအတွက် အန္တရာယ်အလုံးစုံ မကြောက်တဲ့ အန်တီကြီး တရားမျှတမှုအတွက် ကိုယ်ကျိုးစွန် […]


          မနေ့ကဇွန်လ(၂)ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုသည် ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်ရှိခဲ့ပါသည်။မဲဆောက်မြို့ရှိမြန်မာနိုင်ငံသားများမှ တစ်ခဲနက်ကြိုဆိုနုတ်ဆက်ကြပါသည်။ထိုမှတစ်ဆင့် မယ်လဒုက္ခသည်စခန်းအားသွားရောက်ကြည့်ရူမည်ဟုသိရပါသည်။ ဓါတ်ပုံများကို….ဒီမိုဝေယံနှင့် ရဲရင်ငယ်မှ ပြန်လည်ရယူ၍ဖေါ်ပြပါသည်။  


မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အေးချမ်းတည်ငြိမ်သော ရုပ်ပုံလွှာ…   ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျမ်းပသော ကမ္ဘာ့စီပွါးရေး ဖိုရမ် သို့ တက်ရောက်လာသည့်  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်…။ ဓါတ်ပုံ…ဒီမိုဝေယံမှ ပြန်လည်မျှဝေပါသည်။။။။။      


ဒေါ်အောင်ဆန်းစုကြည်ဘန်ကောက်လေဆိပ်သို့ရောက်ရှိစဉ်…   လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄)နှစ်တာအတွင်း ပထမဦးဆုံးခရီးစဉ်အဖြစ် ထိုင်နိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပါတယ်။ သူရဲ့လုံခြုံရေးအတွက် ထိုင်းအထူးရဲတပ်ဖွဲ့မှ တာဝန်ယူထားပါတယ်။မဟာချိုင်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများကိုလည်း အားမငယ်ကြဖို့၊စည်းကမ်းရှိကြဖို့မှာကြားသွားပါတယ်။လုံခြုံရေးကိုတော့ အထူးဂရိုက်ဖို့လိုအပ်ပါလိမ့်မည်။။ဇွန်လ(၁)နေ့တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီပွါးရေးညီလာခံမှာ မိန့်ခွန်းပြောကြားမှာလည်းဖြစ်ပါတယ်။ထိုင်းပြည်သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံးပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာပါကြောင်းနဲ့ ထိုင်းနိုင်ငံသာမကပဲ ဒေသတွင်းအရေးကြီးတဲ့ ခရီးစဉ်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံရဲ့ အထက်လွတ်တော်အမတ်ဟောင်းဖြစ်တဲ့ ခရိုင်ဆက်က ပြောကြားသွားပါတယ်။ ဇွန်လ(၂)နေ့မှာ မယ်လ ဒုက္ခသည် စခန်းသို့သွားရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်။။။ ဓါတ်ပုံများကို…MyanmarCelebrity.com မှ ရရှိပါသည်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ရး၄၅အချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွါလာခဲ့ပါတယ်။(၂၄)နှစ်တာကာလအတွင်းမှာ သူရဲ့ပထမဦးဆုံးသောပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ထိုင်းနိုင်င်္ငမှာ ကျင်းပမည့် ကမ္ဘာ့စီပွါးရေးညီလာခံမှာ မိန့်ခွန်းတက်ရောက်ပြောကြားရန်အတွက် ထွက်ခွါလာခြင်းလည်းဖြစ်ပါတယ်။လာမည့်ဇွန်လမှာတော့ ဥရောပခရီးစဉ်များကိုစတင်မှာဖြစ်ပါတယ်။ မူရင်းလင့်…ဒီမိုဝေယံမှပြန်လည်မျှဝေခြင်းဖြစ်ပါသည်။  


ဗိုလ်ချုပ် အောင်ဆန်း ဘဝဇာတ်လမ်း ကဗျာ တောက မိရွှေတုတ် သီကုံးသည်။   ရှေ့သို့ ဂျာနယ် ၁၉၆၅-ခုနှစ် ၊ ဇူလိုင်လ ၊ စာ – ၂၄ မှ ၂၉ အထိ ၊ တန်ဖိုး – ၂၅ ပြား ။ ( ၆၄ )နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ   ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အား ဦးညွှတ် အလေးပြုလျက် … ဟောဒီလမှာ ၊ အာဇာနည်မျိုး ၊ အညွန့်ကျိုးလို့ ၊ ဆဲ့ကိုး ဇူလိုင် ၊ တိုင်ပလားဆို ၊ ရွှေတုတ် ငိုရ ၊ ဗိုလ်ချုပ် အောင်ဆန်း […]


မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ပိတောက်တွေပွင့်ပြန်ပါပြီ။ အမေစုရွေးကောက်ပွဲဝင်ဖို့ အချိန်တုံးကလည်း အမေခြံထဲက ပိတောက်ပင်ကြီးမှာ ပိတောက်တွေပွင့်ပါတယ်။ အတိတ်ကောင်းနိမိတ်ကောင်း လို့မြန်မာလူမျိုးများကယူဆကြပါတယ်။တကယ်လည်း မြန်မာလူမျိုးတို့ရဲ့ တန်ဖိုးထားသော မင်္ဂလာပန်းလည်းဖြစ်ပါတယ်။ လွန်ခဲ့သော (၂၂)နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သတိရမိပါတယ်။ ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။ မူရင်းလင့်က…ဒီမိုဝေယံကရပါသည်။ ရွာထဲမှာ မအိက ပိတောက်တစ်ခိုင်တင်ထားတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့တင်ပေးလိုက်တာပါ။ အလှထူးပါဘိ လတန်းခူးရယ်မှ ထိန်ထိန်ဝါ… ဘယ်နှယ့်ကြောင့် ကဆုန်မှာ ထိန်ထိန်ဝါ… သင်္ကြန်မှာ မိုးကမရွာ…ကဆုန်မှာမှ ကိုရွှေမိုးကရွာ… သကြားမင်းတောင် ဆင်းလို့ကြိုတာ မေလ(၂)ရက်နေ့မှာပါ။ ကြိုက်ကြိုက်မကြိုက် ကိုက်ကိုက်မကိုက်ကိုက် ကာရံလည်း လိုက်လိုက်မလိုက်လိုက် ကိုယ်ဘာသာကိုယ် ရေးချင်သလိုရေးလိုက်တဲ့… ကဗျာတပိုဒ်… ဆြာ့၊ဆြာ၊ဆြာကြီးများအား လေးစားခင်မင်လျှက်… ဇော်မင်း…  


အခုပဲ…နေ့သစ်မှာဖတ်လိုက်ရလို့…ရွာသူရွာသားများလည်းဖတ်ကြည့်စေချင်တဲ့ဆန္ဒကြောင့်ဖေါ်ပြပေးလိုက်ပါတယ်။ လင့်...့http://www.naytthit.net/?p=26697… အောက်တွင်ဖေါ်ပြထားသော ကွန်မန့်လေးတွေပါဖတ်ကြည့်စေချင်ပါတယ်။ပြီးတော့မှ ဝိုင်းပြီးပွါးကြတာပေါ့ဗျာ…။ ဂေဇက်မှ ဆြာ့၊ဆြာ၊ဆြာကြီးများလည်း ဝင်ရောက်ဆွေးနွေးလို့ရအောင် နေရာလေးပြပေးတာပါ။ ကဲ…ရွာသားတို့ရေ…ဒိုူ့လူလေးများ ဆိုသလေး…. လွှတ်တော်ထဲကို ဝင်ရင်…လူပျက်တွေတွဲလို့..(အဲမဟုတ်ပါဘူး) အမတ်တွေနဲ့တွဲလို.. အနဲအုပ်က တစ်ရာနှစ်ရာ မဗေဒါတစ်ပင်ထဲ ပန်းပန်လျှက်ပါပဲ…