ခင္ခJuly 18, 20131min1758
“မမေ့နိုင်ပါအတည် အလေးပြုပါသည်´´   လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ နှစ် ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)ပြောခဲ့တာနော်။ ဒါပေမယ့် အခုခေတ်အချိန်အခါ လုပ်ဆောင်နေကြပုံကိုများ သူထပြောလေသလား ထင်ရလောက်အောင် အကျုံးဝင်နေစဲ မိန်ခွန်းများကို ပြန်လည်ရှာဖွေတင်ပြလိုပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ ကောက်နုတ် ရလျှင် – “လူမျိုးရေးတရားဟောလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကြီး စိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုးကိုချစ်ခင်သော်လည်း တခြား လူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်စေအောင် ဆောက်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲဖြစ်ရမယ်´´   ၁၉၄၆ ခုနှစ် ဇန်နာဝါရီလ ၂၃ ရက် ဖဆပလပြည်လုံးကျွတ်ညီလာခံတွင်တင်သွင်းခဲ့သောအဆိုမှ ကောက်နုတ် […]


Zaw ThantJuly 16, 201350min67143
..ဂေဇက် ရွာသူ ရွာသား အားလုံး မင်္ဂလာ ပါဗျား.. ဒီတစ်ခါတော့ နိုင်ငံရေး အင်အားစုတွေကို ကိုယ်မြင်သလို တံဆိပ်တပ် ဘောင်ခတ် စွပ်စွဲ ထားတဲ့ စာစုလေး တင်ချင်ပါတယ်.. အမှန်တော့ ဒီတစ်ခါတင်ဖို့ ရည်ရွယ်ထားတဲ့ စာစု ကသက်သက်ရှိတယ်.. ယုံကြည်မှု၊ ဘာသာရေး နဲ့ သိပ္ပံ အကြောင်းစဉ်းစားမိတာ ဟိုတစ်စ ဒီတစ်စ ရေးဖို့ပဲ.. ဒါပေမယ့် တစ်လုံးမှလည်းစမရေးရသေး၊ ရေးရမှာလည်း ဟိုတစ်စဒီတစ်စ ဆိုတော့ ဒီတစ်ပါတ်ရေးဖို့ကို လက်လျှော့လိုက်တယ်.. အဲ့ဒီ့အစား ဒီနှစ်ဆန်းပိုင်းလောက်တုန်းက လက်ဆော့ထားတဲ့ အခုစာစုကိုပဲ တင်ချင်တယ်.. လွန်ခဲ့တဲ့ လေးငါးလ ကရေးမိတာဆိုတော့ အပြောင်းလဲမြန်နေတဲ့ ကိုယ့်နိုင်ငံ၊ ပြည်သူတွေနဲ့ အခုအချိန်ကိုက်ပါတော့မလား လို့တော့ စဉ်းစားမိပါတယ်.. ဒါပေမယ့် သိပ်လည်း ဒိတ်မအောက်သေးပါဘူး လို့ယူဆတာရယ်.. ရွာသူ […]


သတင်းတစ်ခု Mizzima  မှာဖတ်လိုက်ရတယ် အဲဒါက စေတနာအရဆောက်ပေးတယ်မထင်ဘူးဗျ၊ ဒေသအစိုးရ တော့ လုပ်စားကွက်ထွင်တယ်ထင်တာဘဲဗျာ။ ဖတ်ခဲ့ရတဲ့ သတင်းလေးက ဒီလိုပါ။ “အစိုးရက ကွန်ဒိုဆောက်ပေးမည်ကို မိတ္ထီလာဒုက္ခသည်အချို့ မလိုလား ခိုင်ခိုင် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၃ ခုနှစ် ဝ၈ နာရီ ၃၄ မိနစ် အမြင်မတူသော လုပ်အုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်မဲ့သွားခဲ့ရသည့် မိတ္ထီလာမြို့မှဒေသခံများကို မန္တလေးတိုင်းအစိုးရက ကွန်ဒိုတိုက်ခန်းများ ဆောက်ပေးရန် စီစဉ်နေသော်လည်း အဆိုပါ ဒေသခံအချို့က ကွန်ဒိုများကို မလိုချင်ကြောင်း မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သော မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မိတ္ထီလာမြို့ပေါ်တွင် လူအုပ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နေအိမ်များကိုမီးရှို့ကြသဖြင့် အိမ်အလုံးပေါင်း ၁၂၀ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ […]


Zaw ThantJuly 11, 20132min65467
..မင်္ဂလာပါ Mandalay Gazette အဖွဲ့သားများခင်ဗျား… မင်္ဂလာပါ လို့သာ နှုတ်ခွန်းဆက်လိုက်ရတယ် ကိုယ့်စိတ်ထဲမှာ Foreigner ကြီးစကားမပီမသနဲ့ Min Galar Par လို့ပြောသလိုဖြစ်နေတယ်.. မြန်မာအချင်းချင်း အဲ့လိုနှုတ်ဆက်တာမှ သိပ်မရှိတော့ပဲ.. ထားပါတော့ တခြားလို formal နှုတ်ဆက်စရာမှ မရှိတာ.. Gazette ကို အမတစ်ယောက်ဖိတ်ခေါ်လို့ရောက်လာပြီး အခု လတ်တလောက ရေးထားတဲ့ Post တစ်ပုဒ်နဲ့ စဖွင့်ချင်ပါတယ်.. ဟို ရောက် လိုက် ဒီ ရောက် လိုက် ရေးထားတာမိုလို့ နည်းနည်းတော့ သည်းခံဖတ်ကြပေါ့လေ.. အမြင်မတူတာ၊ တူတာရှိရင်လို့ ဝင်ဆွေးနွေးကြရင်လည်း အများကြီးကျေးဇူးတင်ပါတယ်.. . . . (၁) .. ကိစ္စတစ်ခု ဒါမှမဟုတ် ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုပါတော့.. အကြောင်းရင်းရှာကြရင် ဘယ်လိုရှာကြလဲ.. […]


WowJune 26, 20131min55341
– ဘာသာရေးအဓိကရုန်းမှာ လူသတ် အိမ်မီးရှို့သူတွေ ဘာလို့ လွတ်နေသေးတာလဲ…. – သတင်းထောက်တွေ ကင်မရာရိုက်ခွဲတာတွေ ဘယ်သူတွေလဲ… – ကလားတွေ ဘုန်းကြီးတွေသတ်ကုန်ပြီလို့အော်နေသူတွေ ရွှေဝါရောင်အရေးအခင်းတုံးက ဘုန်းကြီးတွေ တန်းစီပြီး လူညွန့်တုံးပစ်တာကော.. ကလားတွေပဲလား…. – မလေးမှာ ကလားတွေ မြန်မာတွေကို ဝိုင်းသတ်နေပါပြီပြောပြီး တာဝန်အရှိဆုံး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သံရုံးတို့က ဘာတစ်ခုမှ action မယူခဲ့ပဲ.. ဒေါ်စုဘာလုပ်နေလဲလို့ ဝိုင်းအော်တာ ဘယ်သူတွေလဲ…. – မြန်မာသံရုံးက အသိအမှတ် မပြုပေးလို့ သဂြိုလ်ခွင့်တောင်မရခဲ့တဲ့ ဇတ်နာတာတွေကို ရူးချင်ယောင်ဆောင်နေတာ ဘယ်သူတွေလဲ… – မလေးကမြန်မာတွေ သေရေးရှင်ရေးကျ ရေငုံနှုတ်ပိတ်နေတဲ့ သမ္မတရုံး၊ အခု Time မဂ္ဂဇင်းကို အူးဇင်းဝီသူရ ကိစ္စကျ ချက်ချင်း ထကန့်ကွက်တာဘာလို့လဲ…. နောက်ဆုံး…. – […]


ခင္ခJune 26, 20131min38230
“ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ်´´   အင်တာနေရှင်နယ်ဘာသာသင် ကျောင်းတစ်ခုရဲ့ မုန့်ဈေးတန်း(ကန်တင်း)မှာရှိတဲ့ ရေခဲမုန့်၊ အအေးရောင်းတဲ့ ဆိုင်တစ်မှာဖြစ်ပါတယ်။ ကျောင်းသားလေးများ ညနေကျောင်းဆင်းချိန်မှာ အိမ်မပြန်မှီ ဖယ်ရီကားမထွက်မှီ မုန့်လာဝယ်စားကြတဲ့အခါ ကျောင်းသား – “အန်တီ သားကို စတော်ဘယ်ရီ ရေခဲမုန့်တစ်ခုပေးပါ´´ ဈေးသည် – “အေးရမယ်သား´´ ကျောင်းသား – “အန်တီ ရေခဲမုန့်အလုံးကို ဝေဖာ ကတော့ပေါ်မှာ အန်ကိုက်လေးဖြစ်အောင် သေချာ တင်ပေးပါနော်´´ ဈေးသည် – “အေးပါသားရယ် သေချာကွက်တိ တင်ပေးလိုက်မယ်´´ ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ “ဂျပန်လူမျိုးလို့ မပြောရဘူး တိကျသေချာ စနစ်ရှိတာ ကြိုက်လိုက်တာ ဒါကြောင့်လည်း ဂျပန်နိုင်ငံထုတ် ပစ္စည်းတွေက သူနေရာနဲ့သူ အံဝင်ဂွင်ကျထွင်ကျတာနေမှာ´´   နောက်တစ်ယောက်လာဝယ်တော့ ကျောင်းသား – “အန်တီ […]


မိုခ်ိဳJune 20, 20131min30722
ကျမ က သရဏဂုံ တည်ဆဲ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် ဘုရား ၊ တရား ၊ သံဃာ ရတနာ ၃ ပါး ကို ကိုး ကွယ် ဆည်း ကပ် ပါတယ်။ အဲ လို ကိုး ကွယ် တဲ့ နေရာ မှာ မြတ်စွာ ဘုရား ရှင် ကို ရင် ထဲ က လာ တဲ့ ယုံ ကြည် မှု မျိုး နဲ့ ကို ကိုး ကွယ် ပါတယ်။ တန်ခိုး ရှင် ၊ ဖန်ဆင်း ရှင် တစ်ယောက် လို […]


ဇီဇီJune 19, 20135min39614
ကိုထွန်းဝေ ရဲ့ သူနဲ့ပတ်သက်ပြီး ပြုစုထားတဲ့ မှတ်တမ်းလေးရဲ့ တစ်စိတ်တစ်ဒေသ ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒေါ်အောင်ဆန်းစုကြည် ၏ အထ္ထုပ္ပတ္တိ အကျဉ်း အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့်အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။ မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ […]


ဇီဇီJune 6, 20132min63617
ဒီ ဂျွန်လ အတွက်က သူ့ အတွက် ရည်ရွယ်ပြီးပဲ ပို့(စ) တွေ ရှယ် ပါမယ်။ ဒါက ကဗျာ ဆရာ ခရမ်းပြာထက်လူရဲ့ ကဗျာ အပိုင်း ၆ ပိုင်းပါ။ သူ့ ကို ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာ၊ စိတ်နှစ်ပြီး ရေးထားတဲ့ကဗျာ တွေမို့ သေချာဖတ်ကြည့်ရင် ခံစားလို့ ရနိုင်မဲ့ ကဗျာတွေမို့ ကြိုက်လွန်းလို့ ရှယ်ပါတယ်။ ကျနော်က သံမဏီနှင်းဆီ (၂) နဲ့ (၆) ကို အကြိုက်ဆုံးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ  နေပါဦးလား……. ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့ နေပါဦးလား……. တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။ နေပါဦးလား…….. ထောင်ချောက်တွေ […]


johnnydeerJune 5, 20131min41628
ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။ အဲ့တော့ ဝိုင်းအော်ကြတယ်…အိမ်ရှေ့အထိ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတယ်…အစိုးရလုပ်ရပ်မှန်တယ်… ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်လာရင်တော့ တို့နိုင်ငံမှာ ဗုဒ္ဒဘာသာတော့ ပျောက်ပြီ…ဆိုတဲ့အထိ ပြောလာကြတယ်…NLD ကို ဘယ်လိုမှ အားကိုးလို့မရတော့ဘူး…ဒေါ်အောင်ဆန်းစုကြည် လဲ အလကားပဲ…ဆိုတဲ့ အတွေးဝင်လာတဲ့အထိ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲနိုင်ခဲ့တယ်…သူတို့ရဲ့ ရည်ရွယ်ချက် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပါတယ် လို့ပြောလို့ရပါတယ်…. အမှန်တော့ ဘရိန်းဝပ်ချ် အလုပ်ခံရခြင်းသက်သက်ပါပဲ… ဘရိန်းဝပ်ချ် သဘောကိုက အလုပ်ခံရတဲ့သူက သူ အလုပ်ခံထားရမှန်းမသိအောင် စဉ်းစားတွေးခေါ်မှုကို လမ်းကြောင်းပြောင်းပေးထားခံရခြင်းတစ်မျိုးနဲ့ သွပ်သွင်းခံထားရခြင်းပါပဲ….အရင်တုန်းကလဲ ဒီလိုပါပဲ…အဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေကို […]


ဇီဇီJune 2, 20131min55566
ဒါက ကိုအောင်ခိုင်ရဲ့ အတွေးနဲ့ အရေးပါ။ စိတ်သဘောချင်းတူလို့ ရှယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~   ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။ ကဲ ကို ကဲ လွန်း တယ် ….တဲ့လား။ ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။ နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄ဝ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချိီးကျူးပါ..သူများကိုတော့ […]


kaiMay 28, 201310min25914
Lone Wolf Terrorism အကြောင်း သိကောင်းစရာ (၂၀၁၃) ခုနှစ်၊ မေလ (၂၂) ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အကြမ်းဖက်လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်သူနှစ်ယောက်မှာ တဦးအပါအဝင်ဖြစ်တဲ့ နိုက်ဂျီးရီးယား နွယ်ဖွား Michael Adebolajo ဆိုသူက အကြမ်းဖက်မှုကို ကျူးလွန်ရုံတင်မကပဲ သတ်ဖြတ်ရာမှ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာများကို ကိုင်စွဲပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းချောက်တဲ့ စကားတွေပါ ပြောကြားသွားခဲ့ပါတယ်။ အကြမ်းဖက်မှုရဲ့ အတိမ်အနက်၊ အကြမ်းဖက်မှု လုပ်ဆောင်ပုံ၊ အသုံးပြုစကားလုံးများရဲ့ အလားအလာ စတာတွေက နိုင်ငံတော်အဆင့် ခြိမ်းချောက်မှု ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ညတွင်းချင်း ကျင်းပပြီး၊ အကြမ်းဖက်မှုကို တုံ့ပြန်ခဲ့ကြပါတယ်။ ပြည်ပရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကလဲ နောက်တနေ့မှာ ကျင်းပတဲ့ မြွေဟောက်အရေးပေါ် အစည်းအဝေးကို […]