maungmoenyoNovember 20, 20121min57824
(၂၀၁၄) မြန်မာကအာဆီယံ ဥက္ကဌရာထူးရယူချိန်မှ လာရောက်မယ်လို့တွက်ဆကြသူတွေအားလုံးကို အံ့အားသင့်စေမဲ့ အမေရိကားပြည်ထောင်စုသမ္မတအိုဘားမားရဲ့ ပထမဆုံးမြန်မာခရီးစဉ်ဟာ တိုတောင်းလှပေမဲ့ နှစ်နိုင်ငံ ရဲ့ နောက်ဆက်တွဲ ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမှန်တကယ်ဘဲမြန်ဆန်သွားစေပါတယ်။ သေချာတာကတော့ မြန်မာနဲ့ geopolitics အရ ရော၊ စစ်ရေးနိုင်ငံရေးဆက်ဆံမှုမှာ ကနဦးလမ်းခင်းပြီးဖြစ်တဲ့ အင်အားကြီး တရုတ်နဲ့ ရုရှ နိုင်ငံများကတော့  မျက်စေ့ဒေါက်ထောက်ကြည့်နေမယ်ဆိုတာမလွဲပါဘူး။ ဒုတိယသက်တမ်းရဲ့ ကနဥိးပြည်ပခြေလှမ်းလည်းဖြစ်၊ နကိုကတည်းက နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံမှာ အာဏာရှင်စနစ်ကိုတည်ငြိမ်တဲ့ နည်းလမ်းနဲ့လျင်မြန်စွာအသွင်ကူးပြောင်းယူနေတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ဖြစ်စဉ်ကိုလည်း၊ ကွင်းဆင်းလေ့လာချင်တဲ့ အာသီသရှိတာကြောင့်လည်းပါလိမ့်မယ် လို့ယူဆရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲမှာ နိုင်ငံတကာကဩချရလောက်တဲ့ ကြိုတင်မဲပေးစနစ်ဘုံးဘောလအောနဲ့ တက်လာတဲ့အစိုးရမို့ အများက ရစရာမရှိအောင်ဝိုင်းဝေဖန်တိုက်ခိုက်ခြင်းခံရတဲ့  အခြေအနေအသိုက်အမြုံကနေ၊ ပေါ်ထွက်လာတဲ့အစိုးရမို့ ဒိလောက်ကြီးမြန်ဆန်မဲ့ပြုပြင်ပြောင်းလဲမှုရှိလာလိမ့်မယ်လို့ ဘယ်သူကမမှမထင်ခဲ့ပါဘူး။ ဒေသတွင်းအာဆီံယံနိုင်ငံများသာမက၊ အနောက်နိုင်ငံများကပါ အံ့ဩလောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကိုဇောက်ချလုပ်လာတဲ့ သမ္မတဥိးသိန်းစိန်ရဲ့ […]


thit minNovember 20, 201222min65425
ကိုယ်ဟာကိုကြည့်ရင်း သဘောကျတာနဲ့ အားလုံးကြည့်လို့ရအောင် စုထားပေးတာပါလို့။ ဓာတ်ပုံများကို http://8888linker.blogspot.jp/ နှင့်  http://www.thithtoolwin.com/ http://www.yeyintnge.com/2012/11/blog-post_273.html တို့မှ ရယူပါသည်။ ဘလော့ဂ်၊ဝက်ဆိုဒ် ပိုင်ရှင်များနှင့်တကွ သက်ဆိုင်ရာဓာတ်ပုံများ၏မူလ ပိုင်ရှင်များအားအထူး ကျေးဇူးတင်ရှိပါကြောင်း။   http://www.yeyintnge.com/2012/11/blog-post_5603.html____________________________________________________________ ဖုတ်ပူမီးတိုက် ရန်ကုန် (ကာတွန်း – ဝလုံး)   လာပါပြီ……………….. The Beast Historic record        အမေ့အိမ်               ပြောစရာတွေအများကြီးရှိပုံပေါက်တယ်။   (အမေစုခြံထဲကလုံခြုံရေး) အင်းလျားကန်ပါးရှောက်ကာသွား (အမေစုခြံထဲကလုံခြုံရေး) တယောက်ထဲလားမေးတော့ ဒီမှာတအုပ်ကြီးပါ ((အမေစုခြံထဲကလုံခြုံရေး))   အမေ့ခြံထဲမှာ ရာသီအလိုက် ဖူးပွင့်တဲ့   အိမ်တလုံးနှင့်လူတယောက်ဆီသမိုင်းဝင်ပထမဆုံးသွားရောက်ဂါရဝပြုတဲ့အမေရိကန်သမ္မတ  Credit […]


ကြောင်ဝတုတ်November 19, 20121min93834
မနက်မိုးလင်းတော့ နံနက်စာအဆာပြေလေးစားမယ်ဆိုပြီး လမ်းထပ်ကအသုပ်ဆိုင်လေးသွားတော့… အသုပ်ဆိုင်မှာ ကြားရတာက “အိုဘားမား”တဲ့… ရုံးသွားဖို့ ကားငှားတော့လဲ… တက္ကစီပေါ်မှာ “အိုဘားမား”တဲ့… ရုံးရောက်လို့ တနင်္လာနေ့အစည်းအဝေးလုပ်တော့လဲ… လမ်းပိတ်တဲ့အကြောင်းကနေ “အိုဘားမား”တဲ့… အဲလိုနဲ့… ဂျီတော့မှာ သူငယ်ချင်းတွေနဲ့တွေ့တော့လဲ… အိုဘားမားတဲ့… ဂျီတော့စတေ့တပ် မတ်စိတွေမှာလဲ… အိုဘားမားတဲ့ ရုံးက ကားဒရိုင်ဘာတွေကလဲ… အိုဘားမားတဲ့… ရုံးဝန်ထမ်းတွေကလဲ… အိုဘားမားတဲ့… ဓမ္မစေတီလမ်းမှာနေတဲ့သူငယ်ချင်းတွေကလဲ… အိုဘားမားတဲ့… ပြည်လမ်းပေါ်က မိတ်ဆွေတွေကလဲ… အိုဘားမားတဲ့… အခုနေ့လည် ထမင်းစားတော့လဲ ထမင်းဝိုင်းမှာ အိုဘားမားတဲ့… ဒီနေ့ကိုတောင် အိုဘားမားနေ့လို့ပြောရမလိုဖြစ်နေပြီ… ဂရုချက်ထဲသူ သူငယ်ချင်တစ်ယောက်ကတော့ နင့်လိုအရက်သမားကြီးက အိုဘားမားကို ဘယ်စိတ်ဝင်စားမတဲ့တုန်းဆိုပဲ… ဒီနေ့နေ့တစ်ဝက်လုံး… အိုဘားမားတဲ့… နေရာတကာ… အိုဘားမားတဲ့… ဖေ့ဘွတ်ပေါ်မှာလဲ အိုဘားမားကြိုတဲ့ ကျောင်းစိမ်းဝတ်ကလေးတွေ… ဂျာနယ်တွေမှာလဲ အိုဘားမားပဲတဲ့… အင်တာနက်မှာလဲ အိုဘားမားတဲ့… လူတွေပါးစပ်ဖျားမှာလဲ အိုဘားမားတဲ့… […]


Mr. MarGaNovember 19, 20121min4237
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ …………………………………………………………………………….. (အိမ်ဖြူတော်သတင်းဌာန) အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြေ ာပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဝတ်စုံဖြူတွေ၊ ဝတ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ […]


မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ… အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။ မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ…. လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်… ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။ မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ရောက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာအိနိ္ဒယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။ ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။  


ခင္ခNovember 12, 20121min37515
မရောက်မချင်း သွားကြပါစို့။ “ဖေကြီးရာ ဖေကြီးရောက်ချင်တဲ့နေရာ ခုထိမရောက်သေးဘူးလားဟင်´´ “သားရယ် ဒီတောင်ကိုကျော်ရင်တော့ ရောက်မှာပါတယ်ကွာ´´ ´´ဖေကြီးကလည်း ဒီတောင်ကျော်ရင်ရောက်မှာပါနဲ့ဘဲ ဖြတ်လာခဲ့ရတဲ့ တောင်တွေ တောတွေ မနည်းတော့ ဘူးနော်´´ “အေးပါသားရယ် ဒီတစ်ခါတော့ တကယ်ရောက်လောက်ပါပြီ´´ “ဖေကြီးရာ ပေါ့ပေါ့ပါးပါးဆိုပြီး စီးလာတဲ့ကင်းဘတ်ဖိနပ်တောင် ခြေလှမ်းတိုင်း တဖြေးဖြေးသံဖိနပ်လား အောင့်မေ့ရလောက်အောင် ခြေတွေလည်း လေးသွဲ့လို့ လူလည်းမောပါပေါ့ဗျာ´´ “ဒါပေမယ့်လည်း သားရယ်အားတင်းပြီး လျောက်စမ်းပါ ရောက်မှာပါကွာ´´ “ဖေကြီးရာ လျောက်ရင်းနဲ့ မိုးချုပ်သွားလို့ ဖေကြီးပြောတဲ့ဆီမရောက်သေးရင် ဘယ်နဲ့လုပ်မလဲဟင်´´ “မိုးမချုပ်ခင်တော့ရောက်နိုင်ပါတယ်သားရယ်၊ အကယ်လို့မရောက်ရင်လည်း လုံခြုံတဲ့နေရာရှာပြီး အိပ်ရ မှာပေါ့ သားရယ်´´ “ဘာလို့လုံခြုံတဲ့နေရာရှာရတာလဲ ဖေကြီး´´ “လုံခြုံတဲ့နေရာမဟုတ်ရင် ညဖက်ကျ ကျားတွေ ခြင်္သေ့တွေ ဂုတ်လာဆွဲမှာပေါ့´´ “ဖေကြီးရေ အဲဒါဆို သားကြောက်တယ်နော်၊ ဖေကြီးအိပ်နေတဲ့ အချိန် လာပြီးဂုတ်ဆွဲခေါ်ရင် […]


kaiNovember 10, 20123min350645
ရခိုင်ပဋိပက္ခ နိုင်ငံခြားသံရုံး(၉)ရုံး ပူးတွဲထုတ်ပြန်ကြေညာချက် (နိုဝင်ဘာ ၉) ရခိုင်ပြည်နယ်တွင် ယ္ခုနောက်ဆုံး ထပ်မံ ဖြစ်ပွါးခဲ့သော အကြမ်းဖက်မှုများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းအတွက် မိမိတို့ သံရုံးများအနေဖြင့် လွန်စွာ စိတ်ထိခိုက်ရပါသည်။ အဆိုပါ အကြမ်းဖက်မှုများက ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများ၏ ပိုင်ဆိုင်မှုနှင့် အသက်အိုးအိမ်များ ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ ရခိုင်အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်သွားအောင် သက်ဆိုင်သူအားလုံး လက်တွဲဆောင်ရွက်ကြဖို့ မိမိတို့သံရုံးများက တိုက်တွန ်းလိုက်ပါသည်။ ရခိုင်ပြည်နယ်တွင်း လုံခြုံအေးချမ်း တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မြန်မာအစိုးရက ဆောင်ရွက်နေခြင်းကို မိမိတို့နိုင်ငံများက ထောက်ခံအားပေးသည်။ ထိုသို့ တရားဥပဒေစိုးမိုးရေးနှင့်အညီ ဆောင်ရွက်ကြရာတွင် တာဝန်ခံမှု ထင်သာမြင်သာရှိမှု အပြည့်အဝရှိရန်လည်း လိုအပ်သည်။ ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းထူထောင်ထားခြင်းကို ကြိုဆိုပါသည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ […]


ac051126October 20, 20121min2515
ရှုခင်းသာ အပန်းဖြေဥယျဉ် ရှုခင်းသာ အပန်းဖြေဥယျာဉ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် အကြောင်းပြချက်ဖြင့် ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ (မီဒီယာဝမ်း ကုမ္ပဏီ) နှင့် ညှိနှိုင်း၍ လုပ်ငန်းများ ဆောင်ရွက်စေရန် ရန်ကုန်မြို ့တော် စည်ပင်သာယာရေး ကော်မတီ အကြီးအကဲများ၏ အစီအမံဖြင့် လုပ်ဆောင်စေခဲ့ ပါသည်။ ယင်းသို ့စီမံဆောင်ရွက်ရာတွင် မီဒီယာဝမ်းကုမ္ပဏီနှင့် ကစားကွင်းငွေရလုပ်ငန်း (ကစားနည်း) ကန်ထရိုက် ဒေါ်မေသန်းနွယ် (ဒဂုံမြို ့နယ် လွှတ်တော်ကိုယ်စားလှယ်) တို ့နှစ်ဦး သဘောတူညှိနှိုင်း၍ နစ်နာမှု ရှိသည်များအတွက် နစ်နာမှုငွေကြေးတန်ဖိုးအား ပြေလည်အောင် လိုက်လျောဆောင်ရွက်ပေးခဲ့သော်လည်း ကျနော်/ကျမ တို ့၏ ဌာနဝင်ငွေရ ဆိုင်ခန်းများ၏ နစ်နာမှုများအား လျစ်လျူရှုချန်လှပ်ခဲ့ပါသည်။ ကျနော်/ကျမ တို ့၏ ဌာနဝင်ငွေရဆိုင်ခန်းများသည် (၁၉၉၆) ခုနှစ် […]


maungmoenyoOctober 18, 20121min2264
ပါတီတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်နောက်လိုက်နေသော ပြည်ခိုင်ဖြိုးပါတီဝင်အမတ်မင်းများ(ဝါ) လူထုဆန္ဒကိုဘေးချိတ်ပြီးကိုယ်ထင်ရာစိုင်းနေသော ပြည်ခိုင်ဖြိုးပါတီအမတ်များအကြောင်း (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၄) ကခွင့်ပြုချက်အရ၊ နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများဟာ အရွေးချယ်ခန့်အပ်ခံရချိန်ကစပြီး သက်ဆိုင်ရာပါတီများမှာပါဝင်ဆောင်ရွက်ကူညီခြင်းအလျင်း မပြုလုပ်ရဘူးဆိုတဲ့ ပညတ်ချက်ရှိနေပါတယ်။ ဒါပေမဲ့ပါတီမှာတော့ ရာထူးနေရာမယူထားရဘူးဆိုတဲ့ ပညတ်ချက်ကိုမထားဘူးလို့ယူဆရမဲ့ပုံပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့တနင်္လာနေ့ ပြည်ခိုင်ဖြိုး အမည်ခံ ကြံ့ဖွံ့ပါတီ ဗယိုညီလာခံမှာ ကိုယစားလှယ်များကို သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဒေါက်တာမောက်ခမ်း တို့ကလိုက်လံနှုတ်ဆက်နေတာတွေ့တော့၊ အခြေခံဥပဒေရဲ့ ပညတ်ချက်က ဘယ်အတိုင်းတာအထိလဲဆိုတဲ့ မေးစရာဖြစ်လာပါတယ်။ တဖက်ကကြည့်ပြန်ရင်လဲ ဒီမိုကရေစီထွန်းကားပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ကိုယ့်ပါတီရဲ့ affiliation ကိုဖေါ်ပြလေ့ရှိကြတာတွေ့ရပါတယ်။ ဒါဟာလက်တွေ့သဘာဝလဲကျ၊ ဖြစ်လဲဖြစ်သင့်တာပါ။ ဒါပေမဲ့ transparent လို့ဆိုထားတဲ့နိုင်ငံရေးလမ်းစဉ်သစ်ကြီးမှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ဆိုလိုရင်းကိုဘာမှန်းတောင်မသိနိုင်လောက်အောင်ယေဘူယျကျတဲ့ပြဌာန်းချက်ကြောင့်၊ လူထုကမျက်စိလည်ခြင်းမကလည်နေရပါပြီ။ ကြံ့ဖွံ့ပါတီအနေနဲ့ ဒီလိုညီလာခံကိုကျင်းပရတာက ပါတီတွင်းလက်ရှိဖြစ်ပေါ်နေတဲ့၊ အမှန်တော့ပါတီဝင်များက သက်ဆိုင်ရာ အုပ်ချုပ်ရေး အခင်းအကျင်းတွေမှာ မဖုံးနိုင်မဖိနိုင်တဲ့ […]


kaiOctober 16, 201235min2727
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၆) တိုက်ရိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ သမိုင်းကြောင်းနဲ့ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံတခုချင်းရဲ့ မဟာဗျူဟာ တုန့်ပြန်ချက်များ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဘေဂျင်းရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာနဲ့အမျှ တောင်တရုတ်ပင်လယ်အရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ နယ်မြေပိုင်နက်အဆိုပြုချက်များကာကွယ်ရေးနဲ့ အင်အားကြီးအိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးတို့အကြားက ချိန်ခွင်လျှာညှိယူမှုတွေကို ပြုလုပ်လာကြရပါတယ်။ ဒီချိန်ခွင်လျှာညှိယူရမှုဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အတွက် အလွန်ပဲ ခဲယဉ်းလှပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့အကြားမှာ (၂၀၀၉) ခုနှစ်ကစပြီး တင်းမာမှုတွေ ရှိနေပေမယ့် ဟနွိုင်းအနေနဲ့ အချုပ်အခြာဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မထိခိုက်သွားအောင် သံတမန်ဆက်ဆံရေးကို စနစ်တကျ စီမံခန့်ခွဲခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်၊ အလယ်ပိုင်းကစပြီး […]


kaiOctober 13, 201220min1962
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၅) Beijing’s Policy Dilemma တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အရေးကြီးတဲ့ ပင်လယ်ရေကြောင်းတွေမှာ choke points တွေ ရှိနေပါတယ်။ အဆိုးဆုံးတခုကတော့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ မလက္ကာရေလက်ကြားကို တရက်ပိတ်ဆို့လိုက်တာနဲ့ တရုတ်နိုင်ငံထဲမှာ အဓိကရုဏ်းဖြစ်သွားနိုင်ကြောင်း တရုတ်တပ်မတော်မှ အရာရှိတဦးက ခန့်မှန်းထားဖူးပါတယ်။ ဒါကြောင့် မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး တရုတ်နိုင်ငံထဲကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ သယ်ယူ နိုင်မယ့် ပိုက်လိုင်းတွေကို မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နိုင်ရေးက တရုတ်နိုင်ငံရဲ့ အရေးကြီးသော မူဝါဒရေးရာ မဟာဗျူဟာတခုဖြစ်ပါတယ်။ တခြား choke points တွေကတော့ တောင်ရုတ်ပင်လယ်ထဲမှာရှိတဲ့ Lombok ၊ Makassar နဲ့Sunda Straits ရေလက်ကြားတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေသအချို့ဟာ တောင်တရုတ်ပင်လယ်ထဲက […]


kaiOctober 4, 20121min40366
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၄) မဟာဗျူဟာအကျိုးဆက်များ (strategic implications) တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ မရနိုင်ပဲ၊ နိုင်ငံတနိုင်ငံ (သို့မဟုတ်) နိုင်ငံအများစုက စစ်ရေးဖြေရှင်းမှု နည်းလမ်းကိုသာ အသုံးပြုလာခဲ့မယ်ဆိုရင် ဒေသတွင်းသာမကပဲ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာအကျိုးဆက်များ ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မဟာဗျူဟာအကျိုးဆက်များ ဖြစ်ပွားလာနိုင်ချေရှိတဲ့ conflict scenarios တွေကို ဖော်ထုတ်ကြရာမှာ တရုတ်- အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု၊ အာဆီယံ-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ထိုင်ဝမ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိလာနိုင်ကြောင်း ယူဆထားကြပါတယ်။ (၁) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု (PRC-ASEAN Confrontation) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုဟာ အာဆီယံနိုင်ငံတွေက အစပျိုးတာ မဟုတ်ပဲ […]


ဘွားဒေါ်ဂျီးက  ဆရာလာလုပ်ဖို့ဆိုရင် မြန်မာပြည်ကို ပြန်လာခဲ့နဲ့တဲ့၊ အဲဒါ သဂျီးနဲ့ ကဘုံးကြော်တို့ကို သတိပေးတာလို့ အင်တာနက်မှာ ပြန့်နေတယ်။ သနားပါတီး…..  အဲဒါ သူတို့ဘက်ကနေ ဝိုင်းကူပြောပေးကြပါအုံး..။ :kwi: “မြန်မာနိုင်ငံကို ကယ်တင်မယ် ကယ်တင်ဖို့ ဆိုပြီးတော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူပြည်သားတွေနဲ့ ရုန်းပြီးမယ် ဆိုတဲ့စိတ်နဲ့ပဲ ပြန်လာခဲ့ပါလို့ ကျမပြောပါရစေ။” :chee: ဒေါ်အောင်ဆန်းစုကြည် (ဆန်ဖရန်စစ္စကို)