Zaw WonnaMarch 17, 20121min1634
တွေ့ရပြန်ပြီ။ အခုတလောမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်နေတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ တော်တော်များများ တွေ့လာရပါတယ်။ Facebook ထဲမှာလည်း အတော်များများ တွေ့မိပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံရေးပါတီက၊ ဒါမှမဟုတ် ဘယ်သူ့ လက်ကိုင်တုတ်လဲ ဆိုတာကိုတော့ မသိပါ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကိုတော့ သတိထားမိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လို ဆိုတာကိုလည်း အတိအကျ မသိပေမယ့် ဒီလို ဝေဖန်တိုက်ခိုက်ခြင်းအားဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ ထမြောက်အောင်မြင်မယ်လို့ ထင်ထားပုံ ရပါတယ်။ ဒါပေမယ့် သူတို့ မတွက်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံလူထု လူတန်းစား အသီးသီးက ဘာကြောင့် ထောက်ခံကြတယ် ဆိုတာပါ။ နိုင်ငံခြားမှာနေ၊ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီးမှ မြန်မာ့နိုင်ငံရေးအတွက် ဆောင်ရွက်နေတဲ့ သူ့ကို […]


kaiMarch 16, 20121min1906
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက် PDF Wednesday, 14 March 2012 23:03 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ မူဝါဒ သဘောတရားများကို မတ်လ ၁၄ ရက်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောမှုကို ရုပ်မြင်သံကြားမှတစ်ဆင့် စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့သူများ ရှိခဲ့ကြောင်းလည်း သိရသည်။ ဟောပြောချက်အပြည့်အစုံမှာ ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ သာမက နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး […]


ကထူးဆန္းMarch 14, 20121min32623
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ တစ်ရက်နေ့ ကျင်းပတော့မှာပါ ။ အကယ်၍ သင့် မြို့နယ်သည်ကြားဖြတ် ရွေးကောက်ပွဲ တွင် ပါဝင်ဆင်နွဲရမည့် မြို့နယ် ဖြစ်ပါက (၁) သင့်မြို့နယ် ရွေးကောက်ပွဲ ပါဝင်ခြင်း ရှိမရှိ သင်သိပါသလား ။မည်ကဲ့သို့ သင်သိပါသလဲ။ (၂) သင်သိပါက ရှိပါက သင်မြို့နယ်မှ မည်သည့် ပါတီတို့ မှ မည်သူတို့ ဝင်ရောက် အရွေးခံ ကြမည်ကိုသင်သိပါသလား ။ (၃) သင့်ထံသို့ မည်သည့် ပါတီ မည်သူ မည်ဝါက ဝင်ရောက် အရွေးခံမည်ကို တစ်နည်းနည်းဖြင့် အသိပေး အကြောင်းကြားမှု့ ရှိပါသလား။ (၄) သင့်ထံသို့ (သို့) သင် နေသော ရပ်ကွက် မြိုနယ် သို့ ကိုယ်စားလှယ်လောင်းများ လာရောက်စည်းရုံးဟောပြောမှု့များရှိပါသလား […]


BurmaMarch 14, 20121min32816
♦ “နိုင်ငံတစ်နိုင်ငံမှာ လူနဲ့မူ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးကြတယ်။ ကျွန်မ ပြောမယ်နော် ၊ မူက အရေးကြီးတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ မူက လူတွေကို ထိန်းထားလို့ရတယ်။ မူမကောင်းရင် တော့ ကောင်းတဲ့သူတွေတောင် ပျက်စီးကုန်မယ်” ဒေါ်အောင်ဆန်းစုကြည် (နွားထိုးကြီးမြို့နယ် လူထုဟောပြောပွဲ) မူကောင်းလို့ကောင်းကြေးဆို လူဦးရေးအများဆုံး ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဘာတွေဖြစ်နေကြလဲ? .. ပညာတတ်တွေ တအားပေါတဲ့နိုင်ငံမှာ ဘာတွေဖြစ်နေကြလဲ? မူကောင်းကြေးဆိုရင် ဘာ ဆိုရှယ်လစ် ၊ ဘာကွန်မြူနစ် ၊ ဘာ ဒီမိုကရေစီမှမလိုဘူးလို့ထင်တယ်။ ဂေါတမ ဘုရားရှင်ဟောထားတဲ့ “ကိုယ်ချင်းစာတရား” ဆိုတာလေးတစ်ခုတည်း မူအနေနဲ့ထားပြီး လိုက်နာပြီးနေထိုင်ကြည့်လိုက်။ သားပုမြင်တာကတော့ မူကောင်းဖို့ လိုသလို အဓိက ပဓာနကျတာ မူထက် လူက ပိုပြီးအဓိကကျတယ်။ အဲ့ဒိ […]


kaiMarch 8, 20121min1816
သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                    သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                   အိတ်ဖွင့်ပေးစာ သမ္မတကြီးခဗျင်္ာ- ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါ သည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ေြကာင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေအများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို […]


ကိုချစ်ရင်ထူးရေ… “ဒီမိုကရေစီ” ဆိုတာဘာလဲသိချင်ရင် အလွယ်ဆုံးနည်းလေး ပေးချင်ပါတယ်။ ဗိုလ်ချုပ် ရဲ့ ၁၉၄ရ ဇူလိုင် ၁၃ မိန့်ခွန်း မှာပါတဲ့ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးတွေနေရာမှာ ဒီမိုကရေစီ လို့ အစားထိုးပြီး ဖတ်လိုက်ပါဗျာ။ မြင်သာအောင် ကျွန်တော် စာလုံးအမည်းနဲ့ ပြပေးထားပါတယ်။ (((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် […]


အထူးသတင်း…………. ယမန်နေ့ ညနေ 3း30 ဝန်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင် စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊ ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည် ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည် လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။ ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု […]


[polldaddy poll=5837369] ဟုတ်ကဲ့ပါ အစက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပို့စ်တင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး သူကြီးတင်တဲ့ Myanmar Leaked Documents မှာ ဝင်မန့်မလို့ရေးရင်းနဲ့ အတော်ကြီးရှည်လာတာကြောင့် ကိုယ်တိုင်ပို့စ်တင်ဖြစ်သွားတာပါ အဲဒီပို့စ်မှာ ရေးထားပုံအရ ရွာသားတွေအနေနဲ့ ဒီအစိုးရလက်ထက်မှာ ဆန်ရှင်တွေ မရုပ်သိ်မ်းသင့်ဘူးလို့ ဆိုချင်ကြတာလားဗျာ ဪ အခုတောင် ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒီလောက်များနေတာ ကျွန်တော့်အနေနဲ့ကတာ့ အမေရိကန်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိ်မ်းပေးစေချင်ပြီဗျာ တခြားနိုင်ငံတွနဲ့ယှဉ်ရင် အရာရာမှာ နောက်ကျကျန်ခဲ့ရတဲ့ အဖြစ်တွေကနေ လွတ်မြောက်ချင်ပြီဗျာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်လာမှ အလုပ်လက်မဲ့ ဦးရေတွေ လျှော့ပါးလာလိမ့်မယ် ဘွဲ့ရ ပညာတတ်တွေ ဘဝအခြေအနေ မြင့်မားလာလိမ့်မယ် အဲဒါမှ မြန်မာပြည်သူတွေအနေနဲ့ ပညာရေးကို ပြန်လည်စိတ်ဝင်စားလာကြလိမ့်မယ် ကျောင်းသားတွေအနေနဲ့လဲ အမှန်တကယ် […]


kaiMarch 7, 20121min47310
ခုတလော မြန်မာအစိုးရဖက်က.. ရုံးတွင်းစာတွေ ပေါက်ထွက်နေတာတွေ့ရပါတယ်..။ အောက်ကစာက တခုပေါ့.. အဲဒီစာတွေကို ဧရာဝတီဘလော့င်္ဂကတွေ့တာပါ။ Swe Swe Kyi/Facebook လို့ရေးထားပေမဲ့ ဖေ့စ်ဘုတ်မှာတော့ ရှာမတွေ့ပါဘူး..။ “အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ” ဆိုတဲ့စာကို ဘယ်သူရေးသလည်းမသိပါဘူး.. Swe Swe Kyi/Facebook လို့ထင်ပါတယ်.. အဲဒီကို ခရက်ဒစ်အပြည့်ပေးပါတယ်နော..။ မှတ်တမ်းကျန်ရစ်အောင် မူရင်းအတိုင်းကူးထားလိုက်တာဖြစ်ပါကြောင်း…။ အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ – Swe Swe Kyi/Facebook မြန်မာအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) ကို ပြန်ရုတ်သိမ်းရေးအတွက် သိန်းစိန်အစိုးရက နည်းမျိုးစုံ ကျင့်သုံးနေတယ်။ ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးကနေ အမေရိကန်ဘက်က ဆန်ရှင်ရုတ်သိမ်းရေး လွယ်လွယ် လုပ်မပေးဘူးဆိုတာ သိန်းစိန်အစိုးရ သိလာတယ်။ ဒီမှာတင်သိန်းစိန်အစိုးရက အောက်လမ်းနည်းတွေသုံးလာတယ်။ […]


နေပြည်တော်မှာ Lady Su မဲဆွယ်ဖို့ အခက်အခဲတွေ ဟောပြောမဲဆွယ်မယ့်ကွင်းပြင်နေရာအတွက် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် လယ်သမားတွေက လယ်ကွင်းတွေသုံးခွင့်ပေးကြ၊ ရွာသူရွာသားတွေ၊ အလုပ်သမားတွေနဲ့ အစိုးရဝန်ထမ်းတွေပါမကျန် တခဲနက် ကြိုဆိုအားပေး ထောက်ခံခဲ့ကြပါတယ်.. နေပြည်တော်ဇမ္ဘူသီရိမြို့နယ်မှာ Lady Su ရဲ့ မဲဆွယ်တရားပွဲကို ကိုယ်တိုင် သွားရောက် ကြိုဆို အားပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ ဂေဇတ်မိသားစုဝင်များအတွက် ပြန်လည်ဝေငှလိုက်ပါကြောင်း အန်တီစု တရားဟောတုန်း ရိုက်ထားတဲ့ movie လေးတွေကတော့ ဒီ connection နဲ့  တင်ဖို့ လုံးဝ မဖြစ်နိုင်တာသိလို့ စိတ်လျှော့ထားလိုက်ရပါတယ်လို့သာ


asiamastersMarch 6, 20121min21310
  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ အင်အားကြီးမားလာတဲ့နိုင်ငံရေးစနစ်ကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါ တယ်။ ဆိုဗီယက်ရုရုား ဦးဆောင်တဲ့ ကွန်မြူနစ်စနစ်ဟာ အလွန်လွှမ်းမိုးလာခဲ့တယ်။ အစောပိုင်းမှာ တရုတ်နဲ့ ရုရှားဟာ ကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီး သဘောတရားရေးရာတူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝသဘောထားကွဲခဲ့ပါတယ်။ အိန္ဒိယမှာလည်း ကွန်မြူနစ်စနစ်ကခေါင်းထောင်လာခဲ့ပါတယ်။ ဒီလိုကွန်မြူနစ်စနစ်ကို ဦးစီးဦးရွက်ပြုလာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ်လွှမ်းမိုးဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့ အမေရိကန်နိုင်ငံဟာ ရေနံရဖို့နဲ့ ဩဇာအာဏာ လွှမ်းမိုးနိုင်ဖို့ လုပ်သလိုမျိုးပေါ့။ ကွန်မြူနစ်စနစ်အကြောင်းကို နဲနဲပြောမှရမယ်။ တကယ်တော့ ကွန်မြူနစ်စနစ်ဟာ ဥရောပမှာ စပြီးပေါ်ခဲ့တဲ့ Political Theory တစ်ခုဖြစ်ပါတယ်။ စပြီးပေါ်လာတာကတော့ Political Theorist တွေဖြစ်တဲ့ ကာလ်းမာခ်နဲ့ အိန်ဂျယ်တို့ရဲ့ Communist Manifesto ကွန်မြူနစ် အရင်းကျမ်းစခဲ့ပါတယ်။ […]


kaiMarch 6, 20123min126555
https://myanmargazette.net/105553/ ကိုပေါက်၏ပို့စ်မှ.. ထုတ်နှုတ်ယူလာခြင်းဖြစ်ပါသည်။ ကန်ပိန်းထောက်ပံ့ငွေတွင်ပါဝင်လိုသူများ ဆက်သွယ်ကြ/ရေးကြစေလိုပါကြောင်း… kai says: ဒေါ်စုက.. အခုမှလူထုကြားထဲပြန်ဆင်းရတော့… ဒီလိုဖြစ်နေတယ်ပေါ့..။ ပါတီရံပုံငွေရအောင်.. သူဌေးတွေကို.. ထမင်းတူတူစားဖို့ဖိတ်ပြီး.. တဝိုင်း.. ကျပ်ဘယ်လောက်ဆိုသတ်မှတ်..ခုံရောင်းသင့်တယ်..။ ယူအက်စ်မှာ.. တလောကတင်.. သမ္မတအိုဘားမားတော့.. ဟောလိဝုဒ်လာပြီး အဲလိုလုပ်သွားတာ.. ဒေါ်လာသန်းချီရသွားတယ်..။ မဲဆွယ်တာမှာ.. လူထုအင်အားထက်.. ငွေအင်အားတောင့်အောင်.. လုပ်သင့်တယ်ထင်မိပါတယ်..။ ပါတီအတွက်.. ကန်င်ပိန်းလုပ်နေသူတွေသတိထားမိအောင်ပါ…။ = President Obama Attends Latest Hollywood Fundraisers: George Clooney, Jack Black By NIKKI FINKE | Wednesday February 15, 2012 @ 8:00pm PST Here’s the White House press corp […]