.Global မဂ္ဂဇင်း စက်တင်ဘာ၊ ၂၀၁၅ ခု နောက်ကျောဖုံးတစ်မျက်နှာလုံး ယူထားပြီး ထုတ်ဝေတိုက်က စာအုပ်ကြော်ငြာပေးထားပါတယ်။ ထွက်ပြီလို့ ရေးထားပေမယ့် ထွက်ဖို့က ၂ပတ်လောက်တော့ စောင့်ရဦးမယ် ထင်ပါတယ်။ ထုတ်ဝေတိုက်က သေချာ လုပ်ပေးထားလို့ ကျေးဇူးသိပ်တင်တဲ့အကြောင်း မှတ်တမ်းတင်ချင်ပါတယ်။ .ပြီးတော့ ဒီစာအုပ်ဟာ သာမန် အိမ်ထောင်ရေးဇာတ်လမ်း မဟုတ်ဘဲ ကမာ္ဘ့ဇာတ်ခုံပေါ်မှာ ဘေးပန်းကိစ္စအဖြစ် ပါဝင်ပြသခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း။ တစ်နည်းအားဖြင့် ဖတ်ရှုပြီးတဲ့အခါ အများကြီး တွေးစရာတွေ ရပါတယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ မျိုးစောင့်ဥပဒေ ကိစ္စအပေါ် အများကြီးတွေးစရာတွေ ပေးပါတယ်။ .အမြန်ဆုံးထွက်နိုင်ဖို့ကို စိတ်မောနေရသလို ထုတ်ဝေတိုက်ကို ကျေးဇူးတင်တဲ့အကြောင်းရယ်၊ မူရင်းစာရေးဆရာ ဘက်တီ မာမွတ်ဒီ နဲ့တကွ အားပေးကြမယ့် ပရိသတ်အပေါင်းကိုလည်း ကြိုတင်ကျေးဇူးတင်ရှိပါကြောင်း။ ။