“ဝါး လောက်မယ်မထင်´´ အခု ၂၀၁၃ မြန်မာ ပေါ့နော် ပြူတင်းပေါက်ကနေ ဟိုအဝေးကို ကျွန်တော်လှမ်းကြည့်မိတယ် ခပ်လှမ်းလှမ်းမှာ မြင်ရတာ ၂၀၁၄ မြန်မာ ပါဘဲ။ သူကတော့ အခု ၂၀၁၃ မြန်မာ နဲ့ သိပ်ပြီးကွာလှတယ်ဟုတ်ဘူး။ သူထက် ထက်ပြီးဝေးနေတဲ့နေရာမှာတော့ ခပ်ရေးရေး မှုန်ဝါးဝါး မပိမပြင် မပြတ်မသား လှမ်းမြင်နေရတာ ကတော့ ၂၀၁၅ မြန်မာ ပါ။ သိပ်ပြီး မပီမပြင် မသဲမကွဲလို့ ကျွန်တော်အမြင်အာရုံတွေ အစုအစည်းဆုံး နဲ့ ထပ်လှမ်းကြည့်သော်လည်း ၂၀၁၅ မြန်မာကတော့ ဝါးနေလျှက်ပါဘဲဗျာ။ အဲဒီမှာ ကျွန်တော် သိလိုက်တဲ့အသိကတော့ ကျွန်တော် မျက်မှန်ဆိုင်မှာ မျက်မှန်ပါဝါပြန်စမ်းသင့်ပြီ ငါအမြင်မကြည်သာ မျက်မှန်ကြောင့်နေမှာပါ ၂၀၁၅ မြန်မာ ကတော့ ဝါး လောက်မယ်မထင်။ […]