ムラカミDecember 23, 20113min41234
ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..   ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ် ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း ……. စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား….. သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ…. လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..   ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက် စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….   မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ … […]


တိုင်းပြည်ကို လူမဆန်စွာ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သည့် ချစ်လှစွာသော မဟာခေါင်းဆောင် ကြောင်ကြီး သေလေပြီ။ လူမဆန်ဆို ၎င်းသည်ကြောင်တကောင် ဖြစ်သောကြောင့်တည်း။ သူ့လက်ထက်တွင် လူ့အခွင့်အရေး မပြောနှင့် ကြောင်များမှလွဲ၍ အခြားတိရိစာ္ဆန်များလည်း အခွင့်အရေးမရပေ။ လူများကဲ့သို့ အဖိနှိပ် အခံရဆုံးကား ခွေးများဖြစ်သည်။ တိုင်းပြည်တွင် ခွေးအရိပ်အယောင် ခွေးသံမကြားရ၊ ယုတ်စွအဆုံး ဟဲ့သောက်ခွေး၊ ခွေးမသား စသော အသုံးအနှုန်းများကိုပင် ပြင်းထန်စွာ တားမြစ်ထားသည်။ လူများကိုလည်း ကြောင်နှင့်တူစေရန် လေ့ကျင့်ပေးထား၍ တိုင်းပြည်ရှိလူအားလုံး အူကြောင်ကြောင် ဖြစ်နေပြီး ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်သည်။ ရာထူးမြင့်လေ ပိုကြောင်လေဖြစ်သည်။ ထိပ်ပိုင်း အရာရှိကြီးများကား ကြောင်သည့်အပြင် ဖားလည်းဖားကြသောကြောင့် ကြောင်ဖားများဟု အမည်တွင်သည်။ 🙄 ကြောင်ကြီး ဘုန်းတန်ခိုး နေလတောက်ပချိန်တွင် လက်ညှိုးညွှန်ရာ ငါးကြော် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ […]


စဆရ ႀကီးDecember 21, 20111min40122
ခေါင်းစဉ်ဖတ်ပြီး စဉ်းစားရကျပ်သွားလေမလားမသိ။ တစ်ခမ်းမွှေးဆိုသည်မှာ နှစ်ခမ်းမွှေး မဟုတ်ခြင်းကြောင့် တစ်ခမ်းမွှေးဟုသာ ဆိုလိုရင်းဖြစ်သည်။ မျက်နှာပေါ်တွင် နှုတ်ခမ်းတစ်ခမ်းထဲသာ ကပ်ပြီးပေါက်နေခြင်းကြောင့် တစ်ခမ်းမွှေးထားရခြင်းဖြစ်ကြောင်း သိစေအပ်ပေသည်။ ဇာတ်ကြောင်းရယ်ကို ပြန်ပြောင်းကာ လှန်ရမယ်ဆိုလျင်ဖြင့် ကျွန်ုပ်၏ အုပ်ထိန်းသူ မိန်းမချောလေးသည်ကား အိနိ္ဒယသွေး အနည်းငယ်မျှပါလာသောကြောင့် ရင်ဘတ်အမွှေးများပါလျင် သဘောကျကြောင်း၊ တစ်ခမ်းမွှေးခန့်ခန့်ညားညားနှင့် ယောကျာ်းများကို လွန်စွာမှ နှစ်သက်လှကြောင်း မကြာခဏပြောဆိုခြင်းကြောင့်လည်းကောင်း သျှမ်းကြီးကျွန်တော်မျိုးမှာ ပြောင်စပ်စပ်မျက်နှာကို ခန့်ညားစေခြင်းအလို့ငှာ တစ်ခမ်းမွှေးကို တယုတယ မွေးမြူခြင်း ပြုရတော့သည်။ ရင်ဘတ်မွှေးကိုတော့မူကား အဘယ်သို့မျှ မတတ်နိုင်သောကြောင့် မထားနိုင်ပေ။ ရှိစေတော့၊ သူအလွယ်တကူမြင်နိုင်သည့် မျက်နှာတွင်ပဲ ထားတော့မယ်ဟု စိတ်ကို ဒုန်းဒုန်းချကာ မရိတ်မသင်ဘဲထားတော့သည်။ တစ်ဖြည်းဖြည်းနှင့် ထူလာသော ကိုယ့်တစ်ခမ်းမွှေးကိုယ်ပြန်ကြည့်ကာ လွန်စွာမှပင် နှစ်ထောင်းအားရခြင်းလဲ ဖြစ်မိပြန်သေးသည်။ အလုပ်မှ ကုလားကြီး၏ တစ်ခမ်းမွှေးအထူကြီးကိုကြည့်ကာ ငါလဲတစ်နေ့တော့ […]


KingDecember 20, 20111min33324
အခုတစ်လော ဖတ်ရတာတွေက ဗဟုသုတတွေ အများကြီးပေးနိုင်သလို အယူဝါဒ မတူညီမှုတွေကြောင့် ဆူညံနေတဲ့ ကိစ္စတွေလည်း ရှိနေပြန်တော့ ဂေဇတ်ရွာကြီးဟာ ရွာကဘုရားပွဲ တမျှ စည်ကားနေလိုက်တာဗျာ… ဘုရားပွဲ ဆိုတော့ ဂေါပကအဖွဲ့ရဲ့ အလှူငွေ ထည့်ဝင်မှု သာဓု ခေါ်ဆိုပုံ၊ မုန့်တန်းတွေက မုန့်ရောင်းသူတွေအသံ၊ မုန့်ဆိုင်က ညှော်နံ့၊ မျက်လှည့်ပွဲက ဖိတ်ခေါ်သံ၊ ဇာတ်ပွဲဆီက တေးသံသာ ပြောရရင်တော့ စုံလို့ပေ့ါဗျာ … ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်ထဲရှိတာတွေ ထုတ်ရေးလိုက်တယ်ဗျ … ဖတ်ရမှာ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်ပုဒ် ပြောင်းလိုက်ကြပါဗျ … ကဲ စပြီဗျာ ကွိကွိ။ ဗျို့ ကိုကွကွ ဘယ်ရောက်နေလဲဗျို့ ကွကွ။ ဗျာ …ဗျ ကိုကွိလား …. လာလေဗျာ . …. […]


KyaemonDecember 18, 201122min50336
    “တရုတ်ကြီး အဟုတ်တီး ခံရတော့မည်လော….. knock-out” ဆိုပြီး စာရေးသူ တဦး က ပုံတွေနဲ့ရေးတင်ခဲ့တာကို အောက်ပါလင့်မှာ ကြည့်နိုင် https://myanmargazette.net/82126/economic-news-international-news-news-industry-people-in-the-news-us-news-news/world-news ” ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်” ဆိုပြီးတော့လဲ “တရုတ်ထီး တေပါစေ၊ တရုတ်မ နေပါစေ ” လို့လဲ ဆိုပြန်ခဲ့တယ် “တရုတ်  မကြိုက်သူ ……ကြီး” လို့လည်ကောင်း၊ “တရုတ်(ထီး)ဆန့်ကျင်သမား …..ကြီး”  လို့ လည်ကောင်း မိမိကိုမိမိ သမုတ် ပြန်တယ်   “မြန်မာပြည်ဆင်းရဲခြင်းအကြောင်း China factor” ခေါင်းစဉ်နဲ့ တရုပ်ကြီး ကြောင့်ဆိုပြီး ထင်ကြေးနဲ့ အချောက်တိုက် အပြစ်ဖို့ ခဲ့သေးတယ်၊ https://myanmargazette.net/78073/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news အထောက်အထား မပြနိုင်ဘဲနဲ့အလကားနေရင်း အိမ်နီးချင်းနိုင်ငံနဲ့ရန်တွေ့ရအောင်လှုံ့ဆော်ခဲ့ပြန်တယ်    ဖားတုလို့ခရုခုန်….. အမေရိကန်ကိုတုလို့တရုတ်ကြီးက […]


ムラカミDecember 17, 20116min35229
သည်တပုဒ်တော့ ခေါ်ဖီ ဖေ့စ့် … တင်မယ်နော. …. ဖိုတို ဂလပ်ဖီ ဆိုတာ မလွယ်တဲ့အကြောင်းရယ်ပါ …. တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်…. အာဟိ … ကဲ စလိုက်ကြရအောင်…   ၁. ဖိုက်ဒီ ပါခည…     ၂. အသာလုပ်ပါ အမေရယ်.. ဒါ … အန်တီဝေဝေ ..ဖြစ်မယ်ဂျ… ခစ်ခစ်..     ၃. အဲ့သလို စိတ်ကြီးထှာ..     ၄. အသာလုပ်ပါ ဆြာ ရွှေတိုက်စိုး ….       ၅. တလုံးလောက် စွန့်ပါလားဟင်င်င်…     ၆. ဂီ့လို ပဲ low angle သိပ်ကြိုက်တဲ့ […]


ပြန်ကြားရေးဝံဂျီး အသစ်လဲပြီဆိုသောသတင်း စာနယ်ဇင်း မီဒီယာလောကတွင် ပျံ့နှံ့လျက်ရှိသည်။ အကြောင်းအရင်း တိတိကျကျ မည်သူမျှ မသိကြသော်လည်း မျက်စိကြီး နားကြီး လဗျွတ်ကြီး အတ္တကြီး အသိုင်းအဝန်းမှ ထွက်လာသော သတင်းအရ ယခင်ဝန်ဂျီး ဦးကြော်စမ်းတယောက် အကျွတ်တရားရကာ ဇိမ်ဖုံးဂျီး အပြီးအတိုင် ဝတ်သွားပြီဆိုသည် ။ ၎င်း၏ ဥပဇ္ဇါယ်ဆြာမှာ အမေလိကံနိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် သီတင်းသုံးနေသော မွမ်းဒါလေ့ဃေစပ် အယ်ဒီတာချုပ် ဂျာပွန်ဇိမ်ဖုံးဂျီး ကိုဘေးနွားကင်ဥကိုင် ဖြစ်၏။ သူ၏ တရားမှာ “အချိန်ရှိခိုက် လုံ့လစိုက် အိပ်၊စား၊ကာမ နိဗ္ဗာန်ထိုက်” ဟူသော ဇိမ်တရားပင်ဖြစ်သည်။ ဦးကြော်စမ်း တယောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ပီပီ နေညိုချိန်ရောက်တိုင်း ထန်းရည်နှင့် အညာနွားကင်ကို သုံးဆောင်ရင်း လူ့သဘာဝသစ္စာ ဇိမ်တရားကို ထန်းရည်သမားများအား ဟောကြားတတ်နေပေပြီ။ တအေ့အေ့ လေချဉ်တက်သံ […]


phone_kyawDecember 15, 20111min48251
စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေဖြစ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး။ ချွေးထွက်တာကိုလည်း မသိဘူး။ ကုလားထိုင်နဲ ့စားပွဲပေါ်မှာ စာဖတ်လိုက်။ တောင်တွေးမြောက်တွေးနဲ ့စာရေးလိုက်။ ပြီးရင် သူတို ့စိတ်ကူးယဉ်တာတွေကို စာဖတ်သူကလိုက်ပြီး ဖတ်ရသေးတယ်။ စာရေးဆရာဆိုတာ လက်ကြောမတင်းလို ့စာရေးစားတာလို ့ကျနော်ပြောတယ်။ စာပေဟောပြောပွဲမှာလည်း ဘာတွေပြောမှန်းမသိ။ လက်တွေ ့မရှိတဲ့ စာရေးဆရာတွေက စာဖတ်ပါ စာပေမြှင့်မှလူမျိူးတင့်မည်ဘာညာဆိုပြီး ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ ့။ စာဖတ်ပြီး အလုပ်မလုပ်ရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဒီခေတ်မှာ စာဖတ်ဖို ့နေနေသာသာ တနေကုန်တနေခန်း အလုပ်လုပ်ရတာ စာဖတ်ဖို ့နေနေသာသာ ဖင်တောင်မကုတ်အားဘူး။ စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။ သူတို ့ရေးတာကိုများ သူတို ့လူတွေပဲ ချီးကျူးကြ မြှောက်ပင့်ကြနဲ ့။ ဘယ်မီဒီယာပဲဖြစ်ဖြစ် သူတို […]


ဂ်စ္စူDecember 14, 20111min34625
ခပ်ပျင်းပျင်းရှိလှသော.ဝမ်းဒေး သ၌  လမ်းထိပ် လက်ဘက်ရည်ဆိုင်သို ့ ချီတက်သွားစဉ် လမ်းခုလပ်တွင် မျက်နှာချင်းဆိုင် လျှောက်လာသော  အမျိုးသမီးတစ်ဦး အား သတိထားမိလေသည်။ ထိုအမျိုးသမီးမှာ အသက်.၃ဝ ဝန်းကျင်ခန် ့တော့ ရှိမည်။ရန်ကုန်မြို ့၊နေ ့ခင်းကြောင်တောင်ကြီး.. ကျားလဲမလိုက်…ဘယ်သူမှလဲ မလိုက်ပဲ.. အရေးကြီးသုတ်ပြာနှင့်လျှောက်လာသည်မှာ မပြေးယုံတမယ်။ လျှောက်လာတာ နဲနဲနီးလာတော့…တစ်ချက်အကဲခက်ကြည့်ရာ..အမယ်…ဖင်က လိမ်ကျစ်လိမ်ကျစ်နဲ ့ဗျ အဲ..အနီးကပ်ရောက်လို ့ ထပ်ကြည့်လိုက်တော့..မျက်နှာက ရှုံ ့သလိုလို..မဲ့သလိုလို နဲ ့ ချွေးတွေလဲ ပြန်လို ့.ပတ်ဝန်းကျင်တောင်ဂရုမစိုက်အား..သုတ်ချေတင်နေ၏..။ ဟင်း..ဘာတွေရေးကြီးနေလဲ မသိပါဘူး..တော်တော်တော့ ကွိုင်တတ်နေတဲ့ ဒီဇိုင်းပဲဗျ အိမ်က ပြဿနာတွေကိုပဲ ပြန်ရှင်းပေးဖို ့လား၊အလုပ်အတွက်အရေးကြီးတာ ကျန်ခဲ့လို ့.ပြန်များ ယူသလား မပြောတတ်..သူမ ကြည့်ရသည်မှာ..တော်တော်တော့ အရေးကြီးနေတာ သေချာတယ်။ “သောက တော်တော်ကြီးနေပုံပဲဗျ.. ဧကန္တ […]


နေရာကား ငရဲပြည် ဆီပူဒယ်အိုးတမျှ အပူရှိန် ပြင်းလှပြီး ဖုံတသောသော ထလျက်ရှိသည့် လူသူကင်းဝေး ဖုတ်ကျက်တစ္ဆေများ ပျော်မွေ့ရာ ကြက်ပြေးမြို့တော်ရှိ (FOC ဖောက်သည်များသောကြောင့်) မြေအောက်လှိုဏ်ဂူ အစည်းအဝေးခန်းမ တခု၌ဖြစ်သည်။ လုံခြုံရေးအတွက် အစီအမံများ ချမှတ်ထားသည်မှာ ထူးကဲများပြားလှသဖြင့် လှိုင်ဂူအတွင်းရှိလူများအဖို့ ပို၍မလုံခြုံသလိုပင် ခံစားရပေသည်။ ဤကား အစောင့်များ သတိဝီရိယ အစဉ်နိုးကြားစေရန် ပြုလုပ်ထားသော တပ်ချောင်ကြုပ်ကြီး၏ ရွှေညဏ်တော် စူးရောက် မှုပေတည်း။။။။ 🙄 နံနက်၉နာရီ ၉မိနစ် ၉စက္ကန့်တွင် တပ်ချောင်ကြုပ်ကြီးမှ အစည်းအဝေး တက်ရောက်လာသည့် လူ၉ယောက်အား ကို၉ကျွန်းထွက် ကောက်ရိုးများ တပျတ်ပျတ် မြည်အောင် ၉ကြိမ်၉ခါ ဝါးစားစေခြင်းဖြင့် စစ် အုပ်ချုပ်ရေးမှ ဒီမိုကလေစီ အရက်သား အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရေး အစည်းဝေးပွဲ စတင်လိုက်သည်။ ၎င်းကိုယ်တိုင်မှာမူ […]


ムラカミDecember 9, 20111min44234
          ဂီ မဟာဖေ့စ်ဘုတ်တော်ကြီး … သုံးရင်းတွေ့လို့ ရှဲချင်နေတာ မနေ့ ကတည်ကပဲ... ဆြာစိုးစံဝင်းရဲ့ လက်ရာလေးပါ လူတကာ ရှဲနေကြလို့ ဘယ်သူစတင်မှန်းမသိလို့ ခရက်ဒစ်မပေးနိုင်တာ ခွင့်လွှတ်.... အစက ဖိုလမ်မှာ တင်မလို့ လုပ်သေးတယ် ...size limitation ကသေးတော့ ပုံကို ချုံ့ရင်း ချုံ့ရင်းနဲ့ စာသားတွေ ဖတ်မရတော့တဲ့အထိ ဖြစ်လာလို့.. သည်နေ့ ၁ပုဒ်စာ နေရာပေးပြီး.. တင်ပေးလိုက်ပါတယ်...     သည်လို ခေတ် စနစ်ကို သရော်ထားတဲ့ ပြောင်မြောက်တဲ့ သရော်ချက်လေးတွေ လိုအပ်နေတယ်လို့ ထင်ပါတယ်... ပြုံးမိ ရီမယ် မယ် မှတ်တယ် ... ဟုတ်ပါတယ်.. ဒါ ဟာသတော့ ဟာသပဲဗျ...... […]